Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ ( ၇ ) ရက်နေ့မှ ဒီဇင်ဘာလ ( ၁၃ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်မည်း၊ ရေတာရှည်မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၀၀၀ ၊ တောင်ငူ၊ ဘီးလင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီးကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၇၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ ၊ သီပေါ မှ နာနတ်သီး အလုံး ကြီး ကျပ် ၁၅၀၀ မှ ၁၃၀၀၊  အလုံးလတ် ကျပ် ၁၀၀၀  ၊ အလုံးသေး  ကျပ် ၈၀၀ မှ ၅၀၀၊ တိုက်ကြီး မှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးလတ် ကျပ် ၈၀၀၊ ပုပ္ပါး မှ ဩဇာသီး အလုံးကြီး တစ်ဖာ ၃၀ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် ၆၀ လုံးပါ ကျပ် ၁၀၀၀၀၊ အောင်ပန်း၊ မော်လမြိုင် မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၁၉၀၀၊ အလုံးသေး ကျပ် ၁၃၀၀ ၊ ရေနံချောင်း မှ ဇီးသီး(အချဉ်သီး) အလုံးကြီး၈ ပြည်ပါ တစ်ခြင်း ကျပ် ၁၂၀၀၀၊ ဆင်ဖြူကျွန်း မှ ဇီးသီး (အစေ့လွတ်)အလုံးကြီး၈ ပြည်ပါ တစ်ခြင်း ကျပ် ၁၄၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

                         

 

မင်္ဂလာတောင်ညွှန့်ကြက်/ဘဲဈေးဒိုင် ဈေးကွက်ဈေးနှုန်း

           ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၁၂.၂၀၂၂ ရက်နေ့ ၁၁:၃၀ နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့်အတူ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်း စုံစမ်းခဲ့ရာ ဈေးကွက်အတွက်လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကြက်/ဘဲ မွေးမြူရေးခြံများသို့သွားရောက်၍ ခြံဖမ်းစနစ် ဖြင့်လည်းကောင်း၊ အသီးသီးရောင်းဝယ် ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော ကြက်/ဘဲများကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိပါသည်။

          ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၀၀၀/၁၃၀၀၀) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၅၄၀၀/၅၅၀၀) ကျပ်၊ မွေးမြူရေးထီး/မ ၁ ပိဿာလျှင် (၆၅၀၀/၈၅၀၀) ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် (၈၅၀၀/၉၅၀၀) ကျပ်၊ ချယ်ရီ ဘယ်ရီ ၁ ပိဿာလျှင် (၈၅၀၀/၉၀၀၀) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင် ကုန်ချိန်ပျမ်းမျှစုစုပေါင်း (၆၈၆၀၀) ပိဿာခန့်ရောင်းချလျက်ရှိ‌ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်တည်ငြိမ်လျက်ရှိ

         တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါသည်။ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၁၀၂.၈၃)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၉၀၁၅) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

         ယခင်နှစ်ထက် ယခုနှစ်မှာ ရော်ဘာ ဈေးကောင်း ပိုရလျက် ရှိပြီး ယခုအပတ်တွင် ရော်ဘာစျေးနှုန်းမှာ  RSS-3 တစ်ပေါင်လျှင် (၁၂၄ဝိ/-) ခန့်၊ RSS-5 တစ်ပေါင် လျှင် (၁၁၄ဝိ/-)ခန့် ဈေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၇၃ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင်လျှင် (၆၃ဝိ/-)ကျပ်ပေါက်စျေးရှိကြောင်းစုံစမ်းသိရှိရပါသည်။

      တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့်တောင်သူများ တွက်ခြေကိုက်  လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ အရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ရာဘာကို ထားဝယ်မှ ရန်ကုန်သို့ လည်း ကောင်း၊ ထားဝယ်မှ မုဒုံသို့လည်းကောင်း တင်ပို့လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင် (၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်း ကုန်သည်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကျဆင်း၍ သီဟိုစေ့စျေးတည်ငြိမ်

          ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၄၀၀ဝိ/-) နှုန်းစျေးပေါက်နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး ယခုအပတ်တွင် သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြစ်ကြောင်း စုံစမ်းသိရှိ ရပါသည်။

          ကွမ်းသီးစျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာပြောင်းလဲမှုမရှိ ကြောင်းကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ပြင်ဦးလွင် ပန်းပွဲတော်နှင့်ပန်းစျေးကွက်”

    ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့လေးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ပြည်တွင်း၊ပြည်ပခရီးသွားများ အမြဲမပြတ်လာရောက်လေ့လာလည်ပတ်လျက်ရှိပါသည်။မြို့နယ် အတွင်းရှိတောင်သူများသည် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ နှင့် နှစ်ရှည်သီးနှံ ပန်းမာလ်များ စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံးအတွက် ပန်းမန်များ အများဆုံး စိုက်ပျိုးတဲ့မြို့လေးဖြစ်ပါသည် ။ ၄င်းသီးနှံများအား မြန်မာနိုင်ငံအနှံ့မြို့ကြီးများသို့ တင်ပို့ရောင်းချသည့်အထဲတွင် ပန်းမန်ကတော့ အဓိကဒေသထွက်ကုန်တစ်မျိုးအနေဖြင့် တင်ပို့နေကြတာတွေ့ရှိရပါသည်။

       မြို့နယ်တွင် ပန်းစိုက်ဧက(၃၃၀၅)ဧကရှိပြီး  မိုးပန်း နှင့် ဆောင်းပန်းဟူ၍(၂)မျိုးခွဲ၍ စိုက်ပျိုး ကြပြီး မိုးပန်းစိုက်ဧက(၁၃၇၈)ဧက နှင့် ဆောင်းပန်းစိုက်ဧက(၁၉၂၇)တို့ဖြစ်ပါသည် ။ စိုက်ပျိုးသည့် ပန်းအမျိုးအစားများမှာ ဂန္ဓမာ(ကီလို)၊ အက်စတာ(မေမြို့ပန်း)၊ သစ္စာပန်း(ဟော်လန်)တို့ကို အဓိက ထားစိုက်ပျိုးပြီး ပန်းတိမ်ငို၊လီလီတို့ကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ယခု ဒီဇင်ဘာလအတွင်း ပန်းစျေးကွက်တွင် ပန်းအမျိုးအစားအလိုက် (အနိမ့်ဆုံးနှင့်အမြင့်ဆုံး)စျေးနှုန်းများမှာ ဂန္ဓမာ(ကီလို) လက်ဆုတ်စည်း တစ်စည်းလျှင်(၁၇၀၀-၂၅၀၀)ကျပ် ၊ အက်စတာ(မေမြို့ပန်း) လက်ဆုပ်စည်း တစ်စည်းလျှင်(၈၀၀-၁၂၀၀)ကျပ်၊ သစ္စာပန်း ၅ပင်စည်းတစ်စည်းလျှင်(၄၅၀-၆၅၀)ကျပ်စျေးနှုန်းဖြင့် ရောင်းဝယ်ကြပါသည်။

       ပန်းအမျိုးအစားအလိုက် တစ်ဧကအထွက်နှုန်းများမှာ ဂန္ဓမာ(ကီလို) လက်ဆုပ်စည်း အစည်းရေ(၄၀၀၀)စည်း၊အက်စတာ(မေမြို့ပန်း)လက်ဆုပ်စည်းအစည်းရေ(၅၀၀၀)စည်း၊သစ္စာပန်း ၅ပင်စည်းအစည်းရေ(၁၂၀၀၀)စည်းထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ ဂန္ဓမာ (ကီလို) (၃၇၀၀၀၀၀- ၄၂၀၀၀၀၀)ကျပ်၊ အက်စတာ(မေမြို့ပန်း)(၂၀၀၀၀၀၀-၂၅၀၀၀၀၀)ကျပ်၊ သစ္စာပန်း (ဟော်လန်) (၂၃၀၀၀၀၀-၂၉၀၀၀၀၀)ကျပ်အထိ ကုန်ကျစရိတ် ရှိပါသည်။

     ပန်းစျေးကွက်အနေဖြင့် ရန်ကုန်သီရိမင်္ဂလာပန်းစျေး နှင့် မန္တလေးသီရိမန္တလာ ပန်းစျေးသို့ အဓိကတင်ပို့ပြီး အခြားပြည်တွင်းရှိ မြို့ကြီးများသို့လည်းတင်ပို့ရောင်းချကြပါသည် ။ နေ့စဉ်(၁၂)ဘီး ကားကြီးများဖြင့် တစ်လလျှင် ပန်းမန်တန်ချိန်(၁၉၈၀)တင်ပို့လျက်ရှိပြီး ပန်းထွက်ကာလ(၇)လ ဖြင့်တွက်လျှင် ပန်းမန်တန်ချိန်(၁၃၈၆၀)တန်အား နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိပါသည်။

  ပြင်ဦးလွင်မြို့တွင် နှစ်စဉ်ဒီဇင်ဘာလသို့ရောက်လျှင် ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်တွင် ပန်းပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလာသည့် အစဉ်အလာရှိပါသည်။ယခုနှစ်တွင်လည်း ပန်းပွဲတော်ကြီးကို ဒီဇင်ဘာလ(၁၅)ရက်နေ့မှ စတင်ကာ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ဒေသထွက် ပန်းမျိုးများအပြင် ပြည်ပနိုင်ငံများမှ ပန်းမန်မျိုးစိတ်ပေါင်းများစွာဖြင့် ခင်းကျင်းပြသသွားမည်ဖြစ် ကြောင်းသိရှိရ၍ ပြင်ဦးလွင်မြို့သည် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များဖြင့်စည်ကားနေပြီး ဒေသထွက်ပန်းမန်များ၊ဒေသထွက်ဝိုင်နှင့် ယိုစုံလုပ်ငန်းများ၊ဒေသထွက်ဆွယ်တာလုပ်ငန်းများရောင်းဝယ်မှုအားကောင်းတော့မည်ဖြစ်ကြောင်းကို ပြင်ဦးလွင်မြို့၏ ပန်းပွဲတော်ကြီးနှင့်အတူ လက်ရှိ ဖြစ်ပေါ်နေသောဒေသထွက်ပန်းစျေးကွက်အခြေအနေကို ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

နိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားဆီများရောင်းချပေးခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ နိုင်ငံဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားဆီများရောင်းချပေးခြင်းကို (၂၈.၁၁.၂၀၂၂)မှ (၇.၁၂.၂၀၂၂)ထိ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ရောင်းချပေးရာတွင် လူပျို/အပျို (၀.၅)ပိဿာ အိမ်ထောင်သည် (ကလေးမရှိ) (၁) ပိဿာ၊ အိမ်ထောင်သည် (ကလေး ၂ယောက်) (၁.၅)ပိဿာ၊ အိမ်ထောင်သည် (ကလေး ၂ယောက်အထက်) (၂) ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ ဌာန (၁၀၃) ဌာနအတွက် ဆီပိဿာပေါင်း (၂၆၆၇၅.၅)ပိဿာအား တစ်ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကရင်ပြည်နယ် ပဲပုပ်များ ရန်ကုန်မြို့သို့တင်ပို့ ဈေးကောင်းရလျက်ရှိ

    ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

    ပဲပုပ်ကုန်သည်များအနေဖြင့် ဒေသတွင်း ပဲပုပ်ဝယ်ယူရာတွင် တစ်ပိဿာလျှင် ပွဲရုံအထိုင်ဈေး ၂၂၅၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိပြီ အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင်၆၀ကျပ်နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ၂၃၁၀ကျပ်ဖြစ်ပြီး  ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ၂၃၈၀ ကျပ်ဖြင့်ရောင်းချရသောကြောင့် တစ်ပိဿာအမြတ် ၇၀ ကျပ်ရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရပါသည်။

    ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် ပဲပုပ်ဈေးမှာ တစ်ပိဿာလျှင် ၁၉၀၀ ကျပ်ဖြင့် ဈေးနှုန်းပိတ်ခဲ့ပြီး ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၃၈၀ ကျပ် ( ရန်ကုန်အထိုင်ဈေး) ဖြစ်ပေါ်ခဲ့ကြောင်းနှင့် စာရင်းဇယားများအရ ကရင်ပြည်နယ်တွင် ပဲပုပ် စိုက်ဧက ၁၁၄၀၃ ဧက ရှိ၍  ၁ ဧကအထွက်နှုန်း  ၁၆ တင်းရှိကာ စုစုပေါင်းအထွက်နှုန်း ၁၈၆၄၄၄ တင်းရှိကြောင်း သိရပါသည်။

DOCA(ကရင်)

ဈေးကွက်အတွင်း လိမ္မော်သီးဈေးနှုန်းကျဆင်း

      လိမ္မော်သီးကို ကယားပြည်နယ်အတွင်းရှိ ဘောလခဲမြို့နယ် လွိုင်ဝိန်ကျေးရွာ၊ ဝမ်မလန်ကျေးရွာတို့တွင် လည်းကောင်း၊ ဖရူဆိုမြို့နယ် မူဆိုကျေးရွာတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာတို့တွင် မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဆောင်းဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဈေးကွက်အတွင်းရောင်းချသောလိမ္မော်သီးမှာ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ အောင်ပန်းနှင့် ကလော အစရှိသည့်ဒေသများမှ မှာယူတင်သွင်းကြပြီး ယခုဒီဇင်ဘာလတတိယပတ် ဈေးကွက်အတွင်း၌ လိမ္မော်သီးအလုံး သေးတစ်ပိဿာ (၁၅၀၀)ကျပ်၊ လိမ္မော်သီးအလုံးလတ်တစ်ပိဿာ (၂၀၀၀)ကျပ် ၊ အလုံးကြီးတစ် ပိဿာ (၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင် နိုဝင်ဘာလတတိယပတ်တွင် လိမ္မော်သီး အလုံးသေးတစ်ပိဿာ(၂၅၀၀)ကျပ်၊ လိမ္မော်သီးအလုံးလတ်တစ်ပိဿာ (၃၄၀၀)ကျပ်၊ လိမ္မော်သီး အလုံးကြီးတစ်ပိဿာ (၃၈၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခင်နိုဝင်ဘာလတတိယပတ်နှင့် ယခုဒီဇင်ဘာ လတတိယပတ် နှိုင်းယှဉ်လျှင် လိမ္မော်သီးအလုံးသေး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၁၄၀၀)ကျပ် ၊ အလုံးကြီးတစ်ပိဿာလျှင် (၁၃၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်း လိမ္မော်သီးများ အများအပြားဝင်ရောက်လာသောကြောင့်ဖြစ်သည်ဟု နောင်ယားဈေးတွင် လိမ္မော်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းဒေသထွက် ဂျင်းဈေးနှုန်းထပ်မံကျဆင်းလျှက် ရှိ

      ကယားပြည်နယ်ဒေသထွက်ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာတို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ဂျင်းတွင် ဂျင်းကြီးနှင့် ဂျင်းသေးဟူ၍ (၂)မျိုးရှိရာ ပြည်နယ်အတွင်းလူသုံးများသောကြောင့် အရောင်းသွက်သော ဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ ယခု ဒီဇင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဂျင်းကြီးတစ်ပိဿာဈေးနှုန်း မှာ(၁၅၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ(၂၈၀၀)ကျပ်နှုန်းသာရှိပြီး ယခင်နိုဝင်ဘာလ တတိယပတ်တွင် ဂျင်းကြီးတစ်ပိဿာဈေးနှုန်းမှာ (၁၈၀၀)ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ (၃၀၀၀)ကျပ်ဖြစ်ပြီး ယခု ဒီဇင်ဘာလတတိယပတ်နှင့် ယခင်နိုဝင်ဘာလတတိယအပတ်နှိုင်း ယှဉ်ကြည့်လျှင် ဂျင်းကြီးတစ်ပိဿာမှာ(၃၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာမှာ (၂၀၀)ကျပ်ခန့်ကျဆင်းသွားကြောင်း ဂျင်းဈေးနှုန်းကျဆင်းသွားရခြင်းမှာ ဈေးကွက်အတွင်းသို့ အခြားဒေသမှ ဂျင်းများလှိုင်လှိုင်ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ဂျင်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ၃၆၅၀ကျပ်၊ ဧည့်မထ တစ်ပြည်လျှင် ၂၂၈၀ကျပ်၊ မနောသုခ တစ်ပြည်လျှင် ၁၇၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) လက်လီဈေးမှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

        ကြက်ဥ လက်လီဈေးမှာ  တစ်လုံးလျှင် ၁၉၀ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၁၀၀ကျပ်မှ ၈၅၀၀ထိ၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ၁၂၅၀၀၀ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

        စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း