Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၇၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၇၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

    ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

ရွှေဘိုမြို့၏ မန်ကျည်းသီးမှည့် ဈေးနှုန်းဈေးကွက်

      ဖေဖော်ဝါရီလ လဆန်းပိုင်းမှစ၍  ရွှေဘိုမြို့တွင် မန်ကျည်းသီးမှည့်အသစ်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် မန်ကျဉ်းသီးမှည့်အသစ် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၅၀၀)ကျပ်အထိပေါက်ဈေးရှိပြီး၊ ယခင်နှစ်က လက်ကျန်မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြင့်သာ  အရောင်းအဝယ်ဖြစ်နေကြောင်း မန်ကျည်းသီးမှည့်လက်ကား‌ရောင်းချသူတစ်ဦးထံမှသိရပါသည်။

        ရွှေဘိုမြို့တွင် မန်ကျည်းသီးမှည့်အသစ်များ နေ့စဉ် ပိဿာ ၅၀ ခန့်ဝင်ရောက်လျက်ရှိပြီး  တိုင်းရင်းဆေးဖော်မည့်လုပ်ငန်းရှင်များ၊ မန်ကျည်းဖျော်ရည်ရောင်းချသူများနှင့် စားသောက်ကုန် ပြုလုပ်ရောင်းချသည့်လုပ်ငန်းရှင်များက ဝယ်ယူလျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉ .၂.၂၀၂၃)

    ၁၉ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈ .၂.၂၀၂၃)

      ၁၈ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇ .၂.၂၀၂၃)

      ၁၇ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၈.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၄.၂.၂၀၂၃) ရက်နေ့တွင် ကျပ် (၂၇၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၄၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ (၁၅၀)အိတ်၊ နှမ်းဖြူ (၉၀)အိတ်၊ နှမ်းနီ (၁၂၅) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)အိတ်နှုန်းဖြင့် ပဲတီစိမ်းမှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၇၀၀၀)၊ မတ်ပဲ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၉၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ကုလားပဲ(HL) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၅၅၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၆၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၃၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး  (၁)အိတ် လျှင် ယခင်အပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၈၄၀၀၀) ဖြစ်၍ ကျပ်(၄၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၀၈၀၀) ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၆၆၅၀၀) ဖြစ်၍ ကျပ်(၅၇၀၀)စသည့်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ဘိုကိတ်ပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၆၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀) ဈေးလျော့ခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၈၀၀) အိတ်၊ ပဲစဉ်းငုံ(နီ) (၁၂၀၀) အိတ်၊ မတ်ပဲ(၁၁၀) အိတ်၊ ကုလားပဲ(HL) (၂၂၅)အိတ်၊ ကုလားပဲ(မြကြေး) (၁၂၀)အိတ်၊ ပဲကြီး (၂၈၀)အိတ် နှင့် ဘိုကိတ်ပြာ(၁၀၀) အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)  ယခင်အပတ်တွင် ကျပ်(၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်း လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၅၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် (၁၁၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ) (၂၇၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၁၇၅၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

      ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၁၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၁၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၅၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့နယ်ကုလားပဲစိုက်တောင်သူများ ဈေးကောင်းရရန် မျှော်လင့်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်တွင် မြောက်မှတောင်သို့ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချင်းတွင်းမြစ်၏ မြစ်ရေကြီးချိန် ရေဝင်ရောက်ရာ ကျေးရွာများ၌ မြစ်ရေကျချိန်တွင် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲ စသည့် အခြားပဲမျိုးစုံသီးနှံများကို စိုက်ပျိုး ကြပါသည်။

      ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်း ရှစ်အိမ်တန်းအုပ်စု၊ ကူတုတ်ကျေးရွာ နေ ကုလားပဲစိုက်တောင်သူ ဦးကျော်အောင်က ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင် ကုလားပဲကို စိုက်ပျိုးကြပြီး အဓိကစိုက်ပျိုးသည့် ကုလားပဲမှာ ဟော်လန်(ကုလားပဲဝါ)၊ V2 (ကုလားပဲဖြူ)နှင့် 929(ကုလားပဲဝါကြီး)များကို အများဆုံးစိုက်ပျိုးကြကြောင်းမိမိအနေဖြင့် ကုလားပဲ သီးနှံ (၁)ဧက စိုက်ပျိုးလျှင် ကုန်ကျမှုစရိတ်များမှာ မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများ စုစုပေါင်း ကျပ်(၃)သိန်းခန့် ယခင်နှစ်က ကုန်ကျခဲ့ပါကြောင်း၊အထွက်အနေဖြင့် ပိုးမွှားအန္တရာယ် ကင်းရှင်းပြီး အပင်အသေပျောက်နည်းလျှင် (၁)ဧက (၂၀)တင်းထွက် ရှိခဲ့ပါကြောင်း၊ ပိုးမွှားအန္တရာယ် ကျရောက်ပြီး အသေအပျောက်များလျှင် (၁)ဧက (၁၀/၁၅)တင်းခန့်သာ ထွက်ရှိခဲ့ကြောင်း စိုက်ပျိုး တောင်သူ၏ ပြောပြချက်အရသိရှိရပါသည်။

     ယခုနှစ်တွင် ရှစ်အိမ်တန်းကျေးရွာတစ်အုပ်စုလုံးမှာ ဧက(၁၀၀) ခန့် စိုက်ပျိုးကြကြောင်း မိမိ အနေဖြင့်လည်း ကုလားပဲသီးနှံအား (929) နှင့် (V2) ကို (၅) ဧက စိုက်ပျိုးထားပါကြောင်း၊ လက်ရှိ ကုလားပဲစိုက်ခင်းများ အနေဖြင့် လတ်တလောအခြေအနေအရ အထွက်နှုန်းကောင်းနိုင်ကြောင်း ဖေဖော်ဝါရီလကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ ပိုးမွှားအန္တရာယ်ကျရောက်ခြင်း၊ အပင် အသေအပျောက်မရှိခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့ကြောင့် ယခုနှစ်တွင် အထွက်ကောင်းနိုင်ကြောင်း အထွက်အနေဖြင့် (၂၅/၃၀) တင်းခန့် ထွက်ရှိနိုင်ကြောင်းခန့်မှန်းမိပါသည်။ ယခုနှစ် ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းမှာ ဈေးနှုန်းများအားလုံး ကြီးမြင့်နေ သဖြင့် (၁) ဧက ကုန်ကျစရိတ်မှာ ကျပ်(၆) သိန်းခန့် ကုန်ကျပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁) တင်းလျှင် ကျပ်(၆၀၀၀၀မှ ၆၂၀၀၀) ခန့် လက်ရှိအရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုလားပဲစိုက် တောင်သူ များအနေဖြင့် မကြာမီအချိန်တွင် ရိတ်သိမ်းတော့မည် ဖြစ်သည့်အတွက် ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူဦးအောင်ကျော်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

        နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

          တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

           တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း