Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

           မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၇၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ သုံးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၅မှ ၃၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၃၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၂၇၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၉၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၇၃၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၁၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၅၈၅၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ခန့်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

 

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၇၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၀၁၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၈၄၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် မှ ငါးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး  သီဟိုဠ်စေ့စျေးကွက်

        ကွမ်းသီးနှင့် သီဟိုဠ်စေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ သီဟိုဠ်သီးများကို ဒေသအတွင်းစျေးများ တွင်ရောင်းချခြင်းများနှင့် သီဟိုဠ်စေ့များအား ခူးဆွတ်စုဆောင်း နေလှမ်းပြီးရောင်းချသည်များလည်း ရှိပါသည်။သီဟိုဠ်စေ့များမှ အဆန်များ ထုတ်ယူခြင်း လုပ်ငန်းအား လူအားဖြင့်အဆင့်ဆင့် ပြုလုပ်ပြီး လှော်၍ ရောင်းချသည်များကိုသာတွေ့ရှိရပါသည်။ပြည်တွင်းစျေးကွက်အနေဖြင့် သီဟိုဠ်စေ့အဆန် များကို မုန့်ဖုတ်ခြင်းလုပ်ငန်း၊ အစားအသောက်ဟင်းလျာများတွင် ထည့်သွင်း သုံးစွဲခြင်းများ ၊လှော်ပြီး ရောင်းချခြင်းများကို တွေ့ရပါသည်။

          သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး ယခု ​ဖေဖော်ဝါရီလတွင် သီဟိုဠ်စေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြစ်ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

           တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဇန်နဝါရီလ အထိ(၁၀)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၈.၈၆၇)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၀၇၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၃.၇၅၇)ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ် လာသန်း(၀.၁၂၂)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(-) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၂၂) ဆောင် ရွက်နိုင်ခဲ့သည့်အတွက် (၁၁)လတာကာလအတွင်း စုစုပေါင်းပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၈.၈၀၉)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၀၇၀)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (၁၃.၈၇၉)ဖြစ်၍ (၁)နှစ်စာလျာထားချက် အပေါ်(၁၉.၀၁၂)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ ဖေဖော်ဝါရီလ (၃)ရက်နေ့အထိ (၁၁)လတာ လျာထားချက်အပေါ် (၂၁.၆၈၆)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

             အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

         တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

         ကယားပြည်နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ (၃၀) ဆိုင်ရှိပြီး (၁၆) ဆိုင်မှာ နယ်မြေအခြေအနေအရ လက်တလောဖွင့်လှစ်ရောင်းချခြင်းမရှိသော်လည်း ကျန်စက်သုံးဆီအရောင်း ဆိုင်(၁၄) ဆိုင်အနေဖြင့် စက်သုံးဆီများကို ပြတ်လပ်မှုမရှိပဲ ပုံမှန်ဖွင့်လှစ်ရောင်းချနေလျက်ရှိပါသည်။

          စက်သုံးဆီဈေးနှုန်းများအနေဖြင့်လည်း ယခင်တစ်ပတ် (၁.၂.၂၀၂၃) ရက်နေ့တွင် ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၂၆၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၃၀) ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၄၃၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅၁၀) ကျပ်ရှိခဲ့ပြီး ယခုအပတ် (၈.၂.၂၀၂၃) ရက်နေ့တွင် ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၂၄၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၁၀) ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၄၅) ကျပ်ရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ကြည့်လျှင် ဓာတ်ဆီ (92) တစ်လီတာလျှင် (၁၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၀) ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာတို့တွင် (၁၆၅) ကျပ်ဖြင့်ကျဆင်းလာကြောင်းသိရှိရပါသည်။

DOCA(ကယား)

 

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၁၀.၂.၂၀၂၃)

     ၁၀.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့်  ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင် များတွင် ဈေးအေးနေကြောင်း သိရပါသည်။ စပါး/ဆန် ဈေးနှုန်းတက် ရခြင်းမှာ စပါး၊ ဆန်(အဟောင်း)များ လက်ကျန်မရှိသလောက် နည်းပါးလာခြင်း၊ စပါးထွက်ပေါ်ပြီး ယခု အချိန်သည် သိုလှောင်ထားရန် ရည်ရွယ်သူများက ဝယ်ယူသည့် အချိန်ဖြစ်ခြင်းကြောင့် စပါး/ဆန် ဈေးနှုန်း များ တက်ရခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၀၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၆၅,၀၀၀၊ ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၆၀၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၁၈၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၆၃၀၀၀၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်  ၅၆၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၁၀၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

 ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၁၀၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၅၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၅၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၈၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

       ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဖေဖော်ဝါရီလ(နောက်ဆုံး)ပတ်တွင် စစ် ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၇၈၅၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၅၀၀၊ ကချင်သို့ အိတ်ရေ ၈၀၀၀၊ စုစုပေါင်း အိတ်ရေ (၁၆၀၅၀၀)အိတ်၊ တန်အားဖြင့် (၈၀၂၅)စီးထွက်ခဲ့ပြီး၊ ယခု ဖေဖော်ဝါရီလ (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၁၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၁၄၀၀)အိတ်၊ တန်အားဖြင့် (၇၅၇၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၉၁၀၀) တန်အားဖြင့် (၄၅၅) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၉.၂.၂၀၂၃)

     ၉.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တစ်ပိုင်တစ်နိုင်စီးပွားရေးနှင့် “ထုံချွင်”ကြာညို့လုပ်ငန်း

      လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၅)ရှိ အသေးစား/အလတ်စား စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်နေသော “ထုံချွင်”ကြာညို့လုပ်ငန်းပိုင်ရှင်အား တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းလုပ်ငန်းသည်နှစ်(၅၀) ခန့်ကြာမြင့်နေပြီဖြစ်သော မိသားစုတစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။ ပဲပုပ်ကို အဓိကကုန်ကြမ်းအဖြစ်အသုံးပြုပြီး ကပ်စေးနှဲဖြင့်ရောနှော၍  စဉ့်အိုးထဲတွင် ရက်ကြာကြာစိမ်ထားပြီးနောက် အဆင့်ဆင့်ကြိုချက်ရကြောင်းသိရှိရပြီး ကုန်ကြမ်းများကိုလည်း သီပေါမြို့နှင့်နမ့်လန်မြို့များမှ အများဆုံးဝယ်ယူရကြောင်းသိရှိရပါသည်။ တစ်ရက်လျှင် မိုးပြဲဒယ်အိုး (၄)အိုးခန့်ကြိုချက်လျက်ရှိပြီး ပုလင်းအရေအတွက် (၆၀၀) ပုလင်းခန့်ရရှိကြောင်းသိရှိရပါသည်။ အလုပ်သမား(၆)ဦးနှင့် မိသားစုများစုပေါင်း၍ လုပ်ကိုင်လျက်ရှိသော တစ်ပိုင်တစ်နိုင်စီးပွားဖြစ် “ထုံချွင်”ကြာညို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အဓိကထား၍  ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၅၈၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၃၅၀ကျပ်၊ မနောသုခ တစ်ပြည် ၁၇၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၄၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၂၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၄၆၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၄၂၀၀ကျပ်မှ ၄၆၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၆၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၂၄၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၂၁၀ကျပ်မှ ၂၄၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၈၆၀၀ကျပ်မှ ၁၀၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၂၀၀ကျပ်မှ ၉၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

       စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဆန်ဈေးနှုန်းများ ယခင်လထက် ပိုမိုမြင့်တက်လျက်ရှိ

      ကျောက်မဲမြို့နယ်၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆန်ဆိုင်များမှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး လက်ရှိဆန်ဈေးနှုန်းအခြေအနေများကို စုံစမ်းမေးမြန်းခဲ့ရာတွင် ဆန်ကြမ်းတစ်အိတ်လျှင် ပျမ်းမျှအားဖြင့် (၇၀၀၀)ကျပ်ခန့် မြင့်တက်လျက်ရှိပြီး ဆန်ချောတစ်အိတ်လျှင် ပျမ်းမျှအားဖြင့် (၁၅၀၀၀)ကျပ်ခန့်အထိ မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ ဆန်အမျိုးအစားများအလိုက် ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(အသစ်) (၂၄) ပြည်တစ်အိတ်လျှင် (၈၂၀၀၀)ကျပ်၊ မနောသုခ (၂၄) ပြည်ပါတစ်အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ဒေသရှမ်းဆန် (၂၄) ပြည်ပါတစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ မဂျမ်းတော (၂၄) ပြည်ပါတစ်အိတ်လျှင် (၇၅၀၀၀)ကျပ်နှင့် မှော်ဘီစူပါ (၂၄) ပြည်ပါတစ်အိတ်လျှင်  (၆၀၀၀၀)ကျပ်တို့ဖြစ်ကြောင်းသိရှိရပြီး ဆန်ဈေးနှုန်းများသည် ယခင်လထက် သိသိသာသာမြင့်တက်လျက်ရှိကြောင်းကိုလည်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း