Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကံမမြို့၊ မြို့မဈေး၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းအခြေအနေ

        ကံမမြို့၊ မြို့မဈေး၌ ဖေဖော်ဝါရီလ(ဒုတိယ)ပတ်တွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာ ကျပ်(၂၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာ ကျပ်(၄၄၀၀)၊ ချင်း(၁)ပိဿာ ကျပ်(၂၈၀၀)၊ ငရုတ်သီး(ခြောက်) (၁)ပိဿာ ကျပ်(၂၂၀၀၀)၊ ငရုတ်သီး(အစို) (၁)ပိဿာ ကျပ်(၅၃၀၀)၊ အာလူး(၁)ပိဿာ ကျပ်(၂၄၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာ ကျပ်(၁၈၀၀)တို့ဖြစ်ပြီး ဖေဖော်ဝါရီလ(ပထမ)ပတ် နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်နီ(၁)ပိဿာကျပ်(၂၀၀)၊ ငရုတ်သီး(အစို)(၁)ပိဿာ ကျပ်(၂၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာ ကျပ်(၃၀၀)အသီးသီးဈေးလျော့ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှသိရှိရပါသည်။

          ကံမမြို့နယ် တောင်ချောင်းဘက်ရှိ ကျေးရွာများမှ ကံမမြို့၊ မြို့မဈေးအတွင်းသို့ ကြက်သွန်နီ၊ ငရုတ်နှင့် ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိပြီး ကြက်သွန်ဖြူနှင့် အာလူးတို့မှာ ပြည်မြို့မှ မှာယူရောင်းချ ရကြောင်း စားဖိုဆောင်သီးနှံရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများ၌စိုက်ပျိုးထွက်ရှိသည့် သီးနှံများ၏ဈေးနှုန်းဈေးကွက်အခြေအနေ

            မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာများကို (၃၁.၁.၂၀၂၃)ရက်နေ့အထိ စိုက်ပျိုးဧက (၆၃၀၂)ဧကရှိပြီး ရိတ်သိမ်းပြီးဧက (၁၃၀၈)ဧက၊ အထွက်တင်း မှာ(၉၈၁၀)တင်းဖြစ်ပြီး (၁)ဧကအထွက်နှုန်း (၇.၅)တင်းဖြစ်ကြောင်းသိရပါသည်။

       ဆောင်းမတ်ပဲသီးနှံမှာ (၃၁.၁.၂၀၂၃)ရက်နေ့အထိ စိုက်ပျိုးပြီးဧက (၇၂၁၇)ဧကဖြစ်ပြီး ဆောင်းမတ်ပဲသီးနှံများ စတင်ထွက်ပေါ်လျက်ရှိရာ ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် မတ်ပဲ(၃၀)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၈၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဖေဖော်ဝါရီလ(ပထမ)ပတ်တွင် (၃၀)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၆၀၀၀)အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရပါသည်။

          ကုလားပဲသီးနှံများကို (၃၀.၁.၂၀၂၃)ရက်နေ့အထိ စိုက်ပျိုးဧက (၈၀၈၉)စိုက်ပျိုးပြီးဖြစ်၍ ကုလားပဲသီးနှံများ စတင်ထွက်ပေါ်လျက်ရှိရာ ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် ကုလားပဲ(၃၀)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)ဈေးဖြစ်ပြီး ဖေဖော်ဝါရီလ(ပထမ)ပတ်တွင် (၃၀)ပိဿာဝင်(၁)အိတ်လျှင် ကျပ်(၉၄၅၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၄၅၀၀)အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ကံမမြို့ပေါ်ရှိကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မင်းတုန်းမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့်ဆီးသီး ဈေးနှုန်းဈေးကွက်အခြေအနေ

         မင်းတုန်းမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ကျောက်ကြီးကျေးရွာ၊ ကုန်းကျောက်ကြီး ကျေးရွာ၊ တောင်ပတ်ကျေးရွာ၊ ပဇင်းနားကျေးရွာများ၏ ခြံစည်းရိုးများတွင် အလေ့ကျပေါက်ရောက်သည့် ဆီးပင်များမှ ကြွေကျသည့်ဆီးသီးများကို ကောက်ယူ၍ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဇန်နဝါရီလ (စတုတ္ထ)ပတ်တွင် ဆီးသီး(၁)တင်းလျှင် ကျပ်(၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ (ပထမ)ပတ်တွင် ဆီးသီး(၁)တင်းလျှင် ကျပ်(၈၀၀၀)အထိဈေးမြင့်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိ ရပါသည်။

         ထို့ပြင်ဆီးသီးကောက်ယူသူများမှ ကောက်ယူရရှိသည့်ဆီးသီးများအား မင်းတုန်းမြို့၊ သရက်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ဆီးသီးကောက်ရာတွင် လူတစ်ဦးလျှင်(၁)နေ့(၁)တင်းမှ(၁)တင်းခွဲအထိ ကောက်ယူ ရရှိသဖြင့်ဆီးသီးဖိုး (၁)နေ့လျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ထိအပိုဝင်ငွေရရှိနေကြောင်း ကျောက်ကြီးကျေး ရွာနေ ဆီးသီးကောက်ယူသူ ဦးသန်းလှထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဓနုဖြူမြို့နယ်တွင် စီးပွားဖြစ် မှို စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိသားစု တပိုင်တနိုင် မှို စိုက်ပျိုးမှုလုပ်ငန်း လုပ်ကိုင်ကြသူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

      ဓနုဖြူမြို့နယ် အမှတ်(၁၂)ရပ်ကွက်နှင့် အမှတ်(၁၇) ရပ်ကွက်အကြား ရေကာတာအနီးတွင် စိုက်ပျိုးထားသော မှိုစိုက်ပျိုးရေးခြံသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ကွင်းဆင်း မေးမြန်းလေ့လာမှုများပြုလုပ်ခဲ့ကြသည်။ မှိုစိုက်ပျိုးရေးခြံ တာဝန်ခံဦးလှစိုးမှ မှိုစိုက်ပျိုးရာတွင် ပုံမှန်အပူချိန် ၂၅ဒီဂရီ ရရှိရန်လိုအပ်ကြောင်း၊ မှိုစိုက်ပျိုးမည်ဆိုလျှင် နွေ၊မိုး၊ ဆောင်း စိုက်ပျိုး၍ ရနိုင်ကြောင်း လိုအပ်သောအပူချိန်ကိုလည်းချိန်ညှိပေးရန် လိုအပ်ပါကြောင်း၊ မှိုစိုက်ပျိုးရာမှ လိုအပ်တာတွေကတော့ ဗေဒါ၊ စက္ကူချပ်၊ ကောက်ရိုးတို့ပဲဖြစ်ပါတယ်၊ အဓိကလိုအပ်တာကတော့ ဗေဒါပဲဖြစ်ပါတယ်၊ ဗေဒါဟာဆိုရင် မှိုဖြစ်ထွန်းမှုအတွက် အကောင်းဆုံးဓါတ်မြေဩဇာဖြစ်ကြောင်း သိရသည်။

   ယခုမှိုစိုက်ခင်းမှာတော့ မှိုမျိုးစေ့ ၁၅၀၀ စိုက်ပျိုးထားရှိပြီး စတင်စိုက်ပျိုးသည့်ရက်မှ ၁၅ရက် နှင့် ၂၀ ရက်အတွင်း တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်မက ခူးဆွတ်နိုင်ကြောင်း၊ မှိုစိုက်ရာတွင် အရင်းအနှီး တစ်သိန်းရင်းလျှင် အမြတ်အစွန်း ၂သိန်းကျော်ခန့် ကျန်ရှိကြောင်း တင်ပို့ရောင်းချရာတွင်လည်း မှိုအရွယ်အစား၊ အဖူးအပွင့် ပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း၊ ဒေသတွင်းသာမက ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း မှို ၁ပိဿာကို ငွေ ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ တစ်ရက် လျှင် ပျမ်းမျှ ၁၉၀၀၀၀ကျပ် ဝင်ငွေရရှိလျှက်ရှိကြောင်း၊ ယခုလိုမှို စိုက်ပျိုးမှုကြောင့် ပုံမှန်ဝင်ငွေ ရရှိပါတယ်ဟု မှိုစိုက်ပျိုးရေး ခြံပိုင်ရှင်၏ ပြောကြားချက်အရသိရပါသည်။

   ဆက်လက်၍ ဌာနဆိုင်ရာများမှ စိုက်ပျိုးရေးနည်းစနစ်များကို ပညာပေးဆွေးနွေးရာ မှိုသီးနှံသည် မြန်မာလူမျိုးတို့နှစ်သက်စွာ စားသုံးသောသီးနှံဖြစ်ပြီး မှိုစိုက်ပျိုးခြင်းသည် မြန်မာ လူမျိုးတို့နှင့်မစိမ်းပါ။ သဘာဝအလျှောက် တောင်ဘို့များတွင်လည်းကောင်း၊ ကောက်ရိုးပြတ်ပုံ တို့တွင် မှိုများပွင့်ထွက်လာသည်ကို တွေ့ရလေ့ရှိပါသည်။ ယင်းကိုအခြေခံ၍ ကျေးလက်တော များတွင် ကောက်ရိုးပုံများကို သီးသန့်ပုံ၍ ရေလောင်းပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးခြင်း ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း မှိုသီးနှံသည် စိုက်ပျိုးရလွယ်၍ တစ်ပိုင်တနိုင်စိုက်ပျိုးပြီး ဝင်ငွေရှာဖွေ နိုင်ကြောင်းပြောကြားခဲ့ပါသည်။

       မှိုစိုက်ပျိုးရာတွင် အရည်အသွေးပြည့်ဝသော မှိုမျိုးထုတ်များရွေးချယ် ဝယ်ယူစိုက်ပျိုးမှ သာလျှင် အထွက်နှုန်းကောင်းပြီး အောင်မြင်မှုရရှိနိုင်ပေမည်။ မှိုမျိုးထုတ်များကိုဖြည်သောအခါ မှိုနံ့သင်းနေရမည်။ အချဉ်ထွက်နေသော မှိုမျိုးထုတ်များကိုအသုံးမပြုသင့်ပါ။ မှိုစိုက်ရာတွင် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ရှင်းသန့်ခြောက်သွေ့သော ကောက်ရိုးထုံး၊ ဗေဒါများကို စုဆောင်းပြီး ရေစိန်ရမည်။ ရေစိမ်ချိန် ရိုးပြတ်နှုတ်ပင် ၃နာရီကြာ၊ ကောက်ရိုးရေစိမ်ချိန် ၆နာရီကြာရမည်ဖြစ်ပြီး ရေစိမ်ပြီး ကုန်ကြမ်းများကို မှိုပုံမပြုလုပ်မီ ရေစစ်ပြီး အသင့်အနေအထားဖြစ်အောင် ပြုလုပ်ထားရမည်။ မှိုစိုက်ပျိုးရန်အတွက် ညီညာ၍ ရေမဝတ်သောနေရာကို ရွေးချယ်၍ အရိပ်ရပြီး လေဝင်၊ လေထွက် ကောင်းသောနေရာမျိုးတွင် ပိုမိုသင့်လျှော်သည်။ နွေရာသီဖြစ်ပါက အရိပ်ပြုလုပ်ပေးရမည်။ မှိုမျိုးထုတ်ကိုဖြည်၍ နှပ်စာများကို ခွက်တစ်ခုထဲတွင် ထည့်ကာ အလုံးအခဲ မကျန်အောင် ချေမွထားရမည်။ မှိုပုံအတွက် အာဟာရဓါတ် ထောက်ပံရန် အပူနှင့် အစိုဓါတ်ကို ထိန်းထားနိုင်ရန် နုပ်နုပ်စင်းအခြောက်ခံထားသည့် ဗေဒါ ၊ နေကြာ၊ လဲမှိုအူတိုင် (သို့မဟုတ်) အလေအလွင့်၊ ပဲပင်အမျိုးမျိုး၊ ငှက်ပျောအူ စသည့်တို့မှ တစ်မျိုးမျိုး (၂)ပြည်ခန့် နှင့် တိရိစ္ဆာန်ချေး (ဝက်၊ကြက်၊နွား၊ မြင်း၊ ကျွဲ) အခြောက်မှုန့် (၁)ပြည်၊ ဖွဲနု၊ နို့ဆီဗူး (၃)လုံးကို သမအောင်ရောစပ်ကာ ဖြည့်စွက်စာအဖြစ် ကျွေးမွေးရနိုင်ပါကြောင်း၊ ဇယားပုံစံခွက် ကောက်ရိုး၊ ဗေဒါများ ကိုအောက်ခြေအနံ (၁)ပေခွဲ၊ အပေါ်ဖက်အနံ (၁)ပေ၊ အမြင့်(၁)ပေခွဲ နှင့် အလျား (၄)ပေထုရှိသော ဇယားပုံစံခွက်ထဲသို့ ဖြန့်ခင်းရမည်။ ကောက်ရိုးများပေါ်တွင် ရေဖြန်းပြီး အထု (၃)လက်မခန့် အထိရှိအောင် တင်နင်းပေးရမည်။ မှိုမျိုးထုတ်ကို ဖြည်၍ နှပ်စာများကို ခွက်တစ်ခုထဲတွင်ထည့်ကာ အလုံးအခဲမကျန်အောင် ချေမွထားရမည်။ ဖြည့်စွက်စာများအပေါ်မှ အသင့်ချေမွထားသော မှိုများကို အတွင်းဘက် မရောက်လွန်း၊ အပြင်ဘက်ရောက်လွန်းခြင်း မရှိအောင် သတိပြု၍ ဖြူးထည့်ရန်ဖြစ်ပါကြောင်း၊ အထက်ပါအတိုင်း ကောက်ရိုးထုံးစီခြင်း၊ ရေဖြန်းနင်းခြင်း၊ ဖြည်စွက်စာနှင့် မှိုမျိုးထည့်ခြင်းတို့ကို ဆောင်းနှင့် မိုးရာသီတွင် (၅)လွှာမှ (၇)လွှာအထိ နွေတွင် (၃)လွှာမှ (၅)လွှာအထိပြုလုပ်ပါရန်၊ အပေါ်ဆုံးအလွှာတွင် ဖြည့်စွက်စာနှင့် မှိုများကို တစ်ပြင်လုံးဖြူးထည့်၍ အပေါ်မှ ကောက်ရိုးအကြေခပ်ပါးပါးအုပ်ပါရန်၊ ပလတ်စတစ်စ ကိုခေါင်မိုးပုံချိုး၍ လေလုံအောင်ဖုံး အုပ်ထားပါရန်၊ နေရောင်ခြည်တိုက်ရိုက်မကျစေရန်၊ ပလတ်စတစ် စပေါ်မှ သင့်တော်ရာပစ္စည်းတစ်ခုခုနှင့်ဖုံးအုပ်ပါ။ ရေလောင်းလျှင်ယူရီယားမြေဩဇာ စတီးဇွန်း (၂)ဇွန်းထည့်၍ ရေဖြန်းပုံးဖြင့် ၃ပုံးလောင်းပါ။စိုက်ပျိုးပြီး ၄-၅ ရက်သားတွင် ရေလောင်းနည်း အတိုင်းရေလောင်းပါ၊ (၇-၁၀) ရက်သားတွင် ဆန်ကွဲစေ့သဏ္ဍာန် မှိုသန္ဓေခဲလေးများကို မြင်ရပြီးနောက် နေ့စဉ်နေအေးသောအချိန်တွင် ပလတ်စတစ်ကို (၁၅)မိနစ် လှပ်ပေးရန်၊ မှိုသန္ဓေစ မြင်ရပြီး (၄-၅)ရက်အတွင်း ခူးဆွတ်နိုင်သော မှိုငုံကြီးများ အဆင့်သို့ရောက်ရှိမည်။ (၃) ရက်ခန့် ဆက်တိုက်နှုတ်ယူပြီး (၃-၅) ပိဿာအထိ ထွက်နိုင်ပါသည်။ ပထမအကြိမ်မှိုခူးပြီး အားကောင်းသည့် မှိုငုံမရှိတော့ပါက ကျန်မှိုငုံအားလုံးကိုပါ နှုတ်ယူပြီး ရေလောင်းလျှင် ဒုတိယအကြိမ် (၁-၂) ပိဿာအထိ မှိုထွက်နိုင်ပါကြောင်း၊ မှိုသီးနှံသည် စိုက်ပျိုးရလွယ်၍ ဈေးကွက်လည်းရရှိသဖြင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်းနှင့် ငွေနှင်းမှိုကိုလည်းစိုက်ပျိုး၍ တပိုင်တနိုင် စီးပွားဖြစ် စိုက်ပျိုး ၍ရနိုင်ကြောင်း ဈေးကွက်လည်းရှိကြောင်းကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖေါ်ဝါရီလ ( ၁ ) ရက်နေ့မှ ဖေဖေါ်ဝါရီလ( ၇ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ အင်းမနှင့် ခရမ်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ် ၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၅၀၀၀ မှ ၆၀၀၀)၊ ရေကြည်၊ ခရမ်းနှင့် အသုတ်မှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ် ၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၄၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၃၀၀၀၊ မှော်ဘီနှင့် တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၃၀၀ မှ ၄၀၀)၊ မြစ်သားမှ ပဲမြစ်အလုံးကြီးတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၅ ပိဿာပါ တစ်ခြင်းလျှင် ကျပ် ၃၀၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၁၈ ကျပ်သားပါ တစ်ဘူးလျှင် ကျပ် ၁၂၀၀၊ ဆင်ဖြူကျွန်းမှ  ဆီးသီး (စလေ) အလုံးကြီး ၈ ပြည်ပါ တစ်ခြင်းလျှင် ကျပ်  ၁၂၀၀၀၊ ပြည် မှ ဆီးသီး (အချဉ်သီး) အလုံးကြီး ၁၃ ပြည်ပါ သေတ္တာတစ်လုံးလျှင် ကျပ် ၁၃၀၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥအလုံးကြီး ၁ တွဲလျှင် ကျပ် ၇၀၀၊ တွံတေးမှ သခမသီးအလုံးကြီး ၂၀ လုံးမှ ၃၅ လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံးမှ ၄၅ လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၇၀၀၀၊ အလုံးသေး ၆၀ လုံးမှ ၈၀ လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၄၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၂၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ် ၉၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် (၂၅၀၀ မှ ၃၀၀၀)၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၂၀၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၇၀၀ မှ ၁၀၀၀) ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

                         

 

ပုသိမ်ဆန်စပါးစျေးကွက် ယခင်လထက် စျေးနှုန်းမြင့်တက် အရောင်းအ၀ယ်သွက်

       ပုသိမ်မြို့ ဆန်စပါးစျေးကွက်တွင် ယခင် ဇန်နဝါရီလ ဧရာ၀တီပေါ်ဆန်း စပါး တင်း(၁၀၀) ကျပ် သိန်း (၂၀) ၀န်းကျင်၊ ဆန်(၁)အိတ် ကျပ် (၆၇၀၀၀)ခန့်စျေးမှ စပါးစျေး (၁)သိန်း၀န်းကျင် မြင့်တက်၍ ယခု စပါးတင်း(၁၀၀) ကျပ်(၂၁)သိန်း၀န်းကျင်၊ ဆန်(၁)အိတ် ကျပ်(၃၀၀၀)ခန့် မြင့်တက်၍ ယခု ဆန်(၁)အိတ် ကျပ်(၇၀၀၀၀)၀န်းကျင် ဖြစ်သွားကြောင်း၊ ယခင်လ မနောသုခ၊ မျိုးပွား စပါးတင်း(၁၀၀) ကျပ် (၁၄)သိန်း ၀န်းကျင်၊ ဆန်(၁)အိတ် ကျပ်(၄၇၀၀၀) (၄၈၀၀၀) စျေးမှ စပါးစျေး (၁)သိန်း၀န်းကျင့် မြင့်တက်သွားပြီး စပါးတင်း(၁၀၀) ကျပ် (၁၅)သိန်း၀န်းကျင်၊ ဆန် (၁)အိတ်ကို ကျပ်(၅၀၀၀)ခန့် မြင့်တက်လျက် ဆန်(၁)အိတ် ကျပ်(၅၂၀၀၀) (၅၃၀၀၀) စျေးဖြင့် ရောင်း၀ယ်လျက်ရှိကြောင်း ဆန်စပါးစျေးကွက်မှ သိရသည်။

          စပါးစျေးနှုန်းများမှာ စပါးအရည်အသွေးပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုရှိသလို ဆန်စျေးလည်း ကွာခြားမှုရှိကြောင်း စျေးကွက်မှာ အရောင်းအ၀ယ်သွက်သည့်အတွက် စက်ပိုင်၊ ကုန်သည်များမှ စျေးပေး၀ယ်ယူလျက်ရှိပြီး ရန်ကုန်နှင့်အညာဒေသမှ ၀ယ်လိုအားရှိသည့်အတွက် စျေးနှုန်းမြင့်တက် အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဂျင်း (သွေးဂုံး) သားပေါက်များ ဈေးကောင်းရလျက်ရှိ

        ဂျင်း (သွေးဂုံး) ကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်းသည့် ကျေးရွာအများစုတွင် စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့်မွေးမြူလာပြီး ဂျင်း (သွေးဂုံး)သားပေါက်များ စျေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

       ဂျင်း(သွေးဂုံး)သားပေါက်တို့သည် ရေကန်တောင်ကျေးရွာတွင်အများဆုံး ထွက်လေ့ရှိပြီး ဂျင်းမွေးမြူခြင်း လုပ်ငန်းအတွက် သားပေါက်များ အများအပြားဝယ်ယူပြီး ပြန်လည် ရောင်းချလျက်ရှိကြောင်း ဂျင်းမွေးမြုသူထံမှသိရှိရသည်။

       ယခုနှစ်တွင် ဂျင်းသားပေါက်ရှားပါးခြင်းနှင့် အများအပြားဝယ်ယူခြင်းကြောင့်လည်း  ဈေးတက်သွားခြင်းဖြစ်ကြောင်း၊ ယခင်ကတစ်ခြင်းလျှင် ရွာပေါက်ဈေး ကျပ် ၂၀၀၀၀၀ (နှစ် သိန်း)ကျော် သာရှိပြီး ဂျင်းသားပေါက်အရနည်းခြင်း၊ စောင့်ဆိုင်းရခြင်းကြောင့် တစ်ဆင့်ခံ ရောင်းချသူတို့က ကျပ်၄၀၀၀၀၀(လေးသိန်း)ကျော်ဖြင့် ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း လည်း ဂျင်း မွေးမြူသူထံမှ သိရှိရပါသည်။

    ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းတွင် ဂျင်းသားပေါက်တစ်ခြင်းလျှင် ကျပ်၂၀၀၀၀၀(နှစ်သိန်း)နီးပါးအထိသာ ဈေးရှိခဲ့ပြီး ယနေ့ကျွန်းစုမြို့နယ်တွင် ဂျင်း (သွေးဂုံး) သားပေါက် (၂၅ကီလိုပါ) တစ်ခြင်းလျှင် ကျပ်၄၀၀၀၀၀(လေးသိန်း)ကျော်အထိ ဈေးပေါက်နေကြောင်း၊ ဂျင်း(သွေးဂုံး) သားပေါက် တစ်ကီလိုလျှင် ကျပ်၁၈၀၀၀(တစ်သောင်းရှစ်ထောင်)မှ ကျပ် ၃၀၀၀၀(သုံးသောင်း)ဝန်းကျင်ခန့် ရှိပြီး စျေးကွက်ဝင် ဂျင်း ဖြစ်ပါက တစ်ကီလိုလျှင် ကျပ် ၆၅၀၀(ခြောက်ထောင်ငါးရာ)ခန့်ရှိကြောင်း  ဂျင်းမွေးသူတို့ထံမှ သိရသည်။ ဂျင်း(သွေးဂုံး)က အသည်းနှင့် ကျောက်ကပ်အားဖြည့်ပြီး သွေးတွင်းအဆီများနေသူ၊ အစာအိမ်ရောဂါအခံရှိသူများ စားသုံးရန်ပိုမိုသင့်လျော်သောကြောင့်လည်း အိမ်နီးချင်းနိုင်ငံများမှ အများအပြား ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

        အဆိုပါ ဂျင်းတို့အား မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းသို့ အများဆုံးတင်ပို့ ရောင်းချလေ့ရှိကြောင်း မြိတ်မြို့ရှိ ရေထွက်ကုန်အဝယ်ဒိုင်တို့ထံမှ သိရသည်။

DOCA(တနင်္သာရီ)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၉၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

          ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

           အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဝဥစက်ရုံများ ပီလောပီနံ အခြောက်/အမှုန့်များထုတ်လုပ်ခြင်းဖြင့် ဝင်ငွေရရှိ

        ဝဥစက်ရုံများအနေဖြင့် ဝဥထွက်ပေါ်ချိန် စက်တင်ဘာလမှ ဒီဇင်ဘာလအထိပုံမှန်လည်ပတ် လျက်ရှိသည်။ ဝဥရာသီကုန်ဆုံးချိန်တွင်ဝဥစက်ရုံများ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းမဖြစ်စေရန် ပီလောပီနံ အခြောက် ( အကွင်း )/ အမှုန့်များဆက်လက်ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

        ပီလောပီနံဥများကို မွန်ပြည်နယ် မုဒုံ၊ တောင်ကလေး၊ ကျွန်းရွာ၊ သံဖြူဇရပ်၊ ဘုရားသုံးဆူမြို့များနှင့်ကရင်ပြည်နယ်တို့မှ ဝယ်ယူရရှိပြီး စက်ရုံအရောက်ဈေးနှုန်းပီလောပီနံအစို တစ်ပိဿာလျှင် (၃၇၀)ကျပ်ဖြင့် ဝယ်ယူရရှိကြောင်းသိရှိရပါသည်။ပီလောပီနံဥများကို ဝဥထုတ်လုပ်သကဲ့သို့ပင် ရေဆေးပြီး ဓားစက်ဖြင့် အကွင်းလိုက်လှီးကာစက်ဖြင့်အခြောက်ခံထုတ်လုပ်ရရှိသည်။ အချို့ကအမှုန့်ကြိတ်၍ ထုတ်လုပ်ကြသည်။ပီလောပီနံဥအစို တစ်ပိဿာလျှင် ပီလောပီနံကွင်း အခြောက် (၄၄)ကျပ်သား ထွက်ရှိကြောင်းသိရှိရပါသည်။ ပီလောပီနံ ကုန်ချော(အကွင်း/ အမှုန့်) များကို ဒေသတွင်းမှ အစာသွပ်စက်ရုံ၊ငါးစာ၊ ကြက်စာစက်ရုံများ၊ အစာတောင့်စက်ရုံများ၊ လောင်စာတောင့် စက်ရုံများမှစက်ရုံသို့ လာရောက်ဝယ်ယူကြကြောင်းသိရှိရသည်။ ပီလောပီနံကွင်းအခြောက် တစ်ပိဿာလျှင်စက်ရုံအထိုင်ဈေး (၈၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်တန်လျှင် (၅၁၀၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်းသိရှိရသည်။ ပြည်ပတင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပြီး FOBဈေးနှုန်း 1Kg လျှင် (၇)ဘတ်၊ တစ်တန်လျှင် ဘတ်(၇၀၀၀)ဖြင့် တင်ပို့ ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

 

ဈေးကွက်တည်ငြိမ် ကြက်/ဘဲဈေးဒိုင်ဈေးကွက်

      ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများ လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများသို့ ကြက်/ဘဲများကို နေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၇-၂-၂၀၂၃ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲ‌ဈေးဒိုင်သို့သွားရောက်၍ ဈေးကွက်/ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးမှလည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှလည်းကောင်း၊ ရန်ကုန်ကြက်/ဘဲဈေးဒိုင်သို့ အဆက်မပြတ်ဝင်ရောက်နေခြင်းကြောင့် ယခင်လများနည်းတူ ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

     ထိုသို့ ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၀၀ဝိ-၁၃၀၀ဝိ) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၆၀၀ဝိ-၆၁၀ဝိ) ကျပ်၊ မွေးမြူရေးကြက် (အထီး/အမ) ၁ ပိဿာလျှင် (၆၅၀ဝိ-၈၅၀ဝိ) ကျပ်၊ တောဘဲ-ဓါတ်ဘဲ ၁ ပိဿာလျှင် (၇၅၀ဝိ-၇၆၀ဝိ) နှင့် ချယ်ရီဘယ်ရီဘဲ ၁ ပိဿာလျှင် (၉၀၀ဝိ/-) ကျပ်တို့ဖြင့် အသီးသီးရောင်းချလျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း