စစ်တွေမြို့ မြို့မဈေး၌အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးအနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးများ အနည်းငယ်ကျဆင်းလာ ကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။
ဖေဖော်ဝါရီလ ပထမအပတ်တွင် ပေါ်ဆန်း(အသစ်)ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၄၀၀၀ မှ ၆၅၀၀၀)၊ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၂၀၀၀ မှ ၅၃၀၀၀)၊ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်(၅၀၀၀၀ မှ ၅၁၀၀၀)၊ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ်(၂၀၀၀၀ မှ ၂၁၀၀၀)၊ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ်(၇၅၀၀၀ မှ ၇၆၀၀၀)လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ဆိုင်ခန်းဈေးသည်များနှင့် ပွဲရုံဈေးသည်တစ်ဦးထံမှ သိရပါသည်။
ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ပေါ်ဆန်း(အသစ်)ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၆၇၀၀၀ မှ ၆၈၀၀၀)၊ ၊ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၄၀၀၀ မှ ၅၅၀၀၀)၊ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၁၀၀၀ မှ ၅၂၀၀၀)၊ ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၁၇၀၀၀ မှ ၁၈၀၀၀)၊ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ်(၇၁၀၀၀ မှ ၇၂၀၀၀) လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး၊ ဖေဖော်ဝါရီလ ပထမအပတ်ထက် ဆန်ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်းမှာ ပေါ်ဆန်းဆန်များကို ပြည်မသို့ အနည်းငယ် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဆန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရပြီး၊ ကြက်သွန်ဖြူ/နီ ဈေးနှုန်းမှာ ဖေဖော်ဝါရီလ ပထမအပတ်ထက် အနည်းငယ်ဈေးနှုန်းကျဆင်းလျက် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်များထံမှ သိရပါသည်။
DOCA(ရခိုင်)