Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

            တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

          တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၈.၂.၂၀၂၃)

      ၈.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဂေါ်ဖီထုပ် ဈေးနှုန်း/ဈေးကွက် အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချကြပါသည်။ ဒီဇင်ဘာလအတွင်း ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၇၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇန်နဝါရီလအတွင်း ဂေါ်ဖီတစ်ထုပ်အကြီးတစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၇၀၀) ကျပ်ဈေးရှိခဲ့ပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ဈေးနှုန်းနှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၃၀၀) ကျပ်နှင့် အသေးတစ်ထုပ်လျှင် (၂၀၀) ကျပ်ဈေးနှုန်းတက်သွားကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ ရောင်းချသူများထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

       မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရပါသည်၊၊

      စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိ သော စားအုန်းဆီတစ်ပိဿာလျှင် ရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်းသိရပါသည်။

    မုံရွာခရိုင်အတွင်း  ၁-၁-၂၀၂၃ ရက်နေ့မှ ၁၃-၁-၂၀၂၃ ရက်နေ့ထိ စားအုန်းဆီပိဿာချိန် ၁၁၈၈၀ ပိဿာခန့်ရောင်းချရာပေးရာတွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ၁၄-၁-၂၀၂၃ ရက်နေ့မှ ၃၁-၁-၂၀၂၃ ရက်နေ့အထိ စားအုန်းဆီပိဿာချိန် ( ၁၅၈၄၀) ပိဿာခန့်ရောင်းချပေးရာတွင် တစ်ပိဿာလျှင် ၄၉၀၀ ကျပ်ဖြင့်လည်းကောင်း  စုစုပေါင်းပိဿာချိန် (၂၇၇၂၀) ပိဿာခန့်အား လူစည်ကားရာရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၁၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၆၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

       စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းဈေးကွက်အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရပါသည်။

       ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင်တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့်စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး လေးလခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့်အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)ထွက်ရှိကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ပင်ခန့်စိုက်ပျိုးထုတ်လုပ်မှုတွင် ကုန်ကျစရိတ်မှာ ကျပ် ၁၅ သိန်းခန့်ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုအပေါ်မူတည်၍ ကွမ်းသက်တမ်းမှာ (သုံးနှစ်မှ ခုနှစ်နှစ်)အထိကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်းသိရပါသည်။ 

    မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဇန်နဝါရီ စတုတ္ထအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၃၀၀၀)ဈေးနှုန်းရရှိပြီး ယခု ဖေဖော်ဝါရီ ပထမအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး ငွေကျပ် ၁၀၀၀၀ မှ အမြင့်ဆုံးဈေး ကျပ်(၁၃၀၀၀-၁၃၅၀၀) ရောင်းချရပြီး အရောင်းအဝယ်သွက်ကာ ကွမ်းစိုက်တောင်သူများမှာ အဆင်ပြေနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။   

DOCA(စစ်ကိုင်း)                                                                   

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်အဟောင်း (၃၀၀၀) ကျပ်နှင့် ဧရာမင်းဆန် တစ်ပြည်အသစ်(၂၈၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၆၄၅၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၆၅၀၀)ကျပ်မှ (၇၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၈၀၀၀)  ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူး (၂၃၀၀)ကျပ်မှ (၂၄၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ပါသည်။

        ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၅၀၀)ကျပ်မှ  (၁၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာ (၁၄၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ဖေဖော်ဝါရီလ ပထမပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့်  ယခင်အပတ်ဈေးနှုန်း များနှိုင်းယှဉ်ကြည့်လျှင်  ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၀၀)ကျပ်ဈေးတက်ကြောင်း၊ကြက်သား (CP) တစ်ပိဿာလျှင်(၅၀၀)ကျပ်ဈေးတက်ကြောင်းနှင့် ငါးတစ်ပိဿာလျှင်(၂၀၀၀) ကျပ်ဈေးတက် ကြောင်း၊ အခြားအခြေခံစားကုန်ဈေးနှုန်များဈေးငြိမ်နေကြောင်း မုံရွာမြို့ဈေးရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့နယ်၌ မိုးကြက်သွန်နီစိုက်ပျိုးတောင်သူများ အကျိုးအမြတ်ရရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ နိုဝင်ဘာလဆန်းမှစ၍ မိုးကြက်သွန်နီများ စတင်တူးဖော်နေပြီဖြစ်ကြောင်း၊ နှစ်စဉ် စိုက်ဧကမှာ (၁၅၀၀)ဧကမှ (၂၀၀၀)ဧကခန့်အထိစိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ဧက (၂၀၀၀) စိုက်ပျိုးပြီး တစ်ဧကလျှင် ပျမ်းမျှပိဿာချိန် (၃၀၀၀)ပိဿာမှ (၄၀၀၀) ပိဿာအထိထွက်ရှိကြောင်း၊ မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံနှင့် တောင်ပလူကျေးရွာများတွင် ကြက်သွန်နီသီးနှံကို ဒေသစီးပွားအဖြစ် အဓိကစိုက်ပျိုးကြောင်းသိရပါသည်။    

          သီးနှံပေါ်စဖြစ်သော ဒီဇင်ဘာလတွင် ဒေသတွင်းဈေးကွက်၌ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၂၄၀၀ မှ အနိမ့်ဈေး ငွေကျပ် ၁၀၀၀ နှုန်းပေါက်ဈေးရှိခဲ့ပြီး ယခုဖေဖော်ဝါရီ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် အမြင့်ဈေး ငွေကျပ် ၂၅၀၀ မှ အနိမ့်ဈေး ငွေကျပ် ၁၂၀၀ အထိပေါက်ဈေးရှိကြောင်း၊ ယခင်နှစ် မိုးကြက်သွန်နီပေါ်ချိန်တွင် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ငွေကျပ်(၁၀၀၀-၇၀၀-၆၀၀) ပေါက်ဈေးရှိခဲ့ကြောင်းသိရပါသည်။

          တစ်ဧကလျှင် စုစုပေါင် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၂၀ သိန်းမှ သိန်း ၂၅ အထိကုန်ကျ ကြောင်း၊ ဒေသပေါက်ဈေးနှုန်းတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ရ၍ တစ်ဧကလျှင် အထွက်နှုန်းပိဿာမှာ ၃၅၀၀ ပိဿာဖြင့် တွက်ချက်ပါက တစ်ဧကလျှင် ဝင်ငွေမှာ ကျပ်သိန်း ၇၀ ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၅၀ ခန့်ရရှိသဖြင့် ယခုနှစ်တွင် မိုးကြက်သွန်နီမှာ ဈေးကောင်း၍ ကြက်သွန်နီစိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

                            

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

   မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေဖော်ဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ ဈေးတက်လျက်ရှိပါကြောင်း သိရပါသည်။

   မုံရွာမြို့၏ ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်းစပါးအသစ်တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀ မှ ၁၇၀၀၀၀၀၊ ဧရာမင်းဆန်အသစ်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၆၄၀၀၀ မှ ၆၅၀၀၀ ထိ၊ ဧရာမင်းစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ မှ ၁၈၀၀၀၀၀ ထိ ဧရာမင်းဆန်အဟောင်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀၊ မနောသုခစပါးအသစ် တင်း ၁၀၀ လျှင် ကျပ် ၁၁၅၀၀၀၀၊ မနောသုခဆန်အသစ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၁၀၀၀၊ မနောသုခစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခအဟောင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၅၀၀၀၊ ပေါ်ဆန်းစပါးအသစ် တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်းအသစ်ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀၊ ပေါ်ဆန်းစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်းအဟောင်း ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၅၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိပါသည်။

   ယခင်လပထမအပတ် စပါး/ဆန်ဈေးနှုန်းများ နှင့် ယခုလပထမအပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းစပါးအသစ် တင်း ၁၀၀ လျှင် ကျပ် ၅၀၀၀၀၀ ၊ ဧရာမင်းဆန်အသစ်  ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၁၆၀၀၀၊ ဧရာမင်းစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ် ၄၀၀၀၀၀၊ ဧရာမင်းဆန်အဟောင်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၊ မနောသုခစပါးအသစ် တင်း ၁၀၀ လျှင် ကျပ် ၅၀၀၀၀၊ မနောသုခဆန်အသစ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၊ မနောသုခစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၊ မနောသုခအဟောင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၊ ပေါ်ဆန်းစပါးအသစ် တင်း ၁၀၀ လျှင် ကျပ် ၅၀၀၀၀၀၊ ပေါ်ဆန်းအသစ်ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၈၀၀၀၊ ပေါ်ဆန်းစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၊ ပေါ်ဆန်းအဟောင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၀၀၀ တို့ ကွာဟမှုရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း