ရွှေဘိုမြို့တွင် ကြက်သွန်နီ ဈေးနှုန်းကျဆင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘို ခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့သို့ ကြက်သွန်နီများ နေ့စဉ် ပိဿာ ၂၀၀၀၀မှ ၃၅၀၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် လက်လီအကြီး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။
ကြက်သွန်နီ ဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ပထမဆုံးပတ်တွင် လက်လီ အကြီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်နှင့်နှိုင်းယှဉ်ပါက၊ ဈေးနှုန်းကျဆင်းလျက်ရှိပြီး၊ ကြက်သွန်နီဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်းမှ ကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီ ပွဲရုံများမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)