Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

          မော်လမြိုင်မြို့၌ ယခုအပါတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးတည်ငြိမ် နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ ဈေးမှာ ကြံ့နှစ်ကောင် (အနီ) ၇၃၀၀ကျပ်၊ ဆင်(ထိုင်း) ၇၆၀၀ ကျပ် ၊ ကြံ့တံဆိပ်(အဝါ) ၆၇၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ  ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ပုံမှန်ရှိကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ၇၅၄၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၂၂၀၀ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ၇၅၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE)  မှာ ၄၈၀၀၀ ကျပ် ၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၆၈၀၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၀၅၀၀ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်)၁၅:၁၅:၁၅မှာ ၇၅၅၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၃၈၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How)၁၅:၁၅:၁၅မှာ ၇၈၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE) မှာ ၄၅၀၀၀ ကျပ် ၊ ပုလဲ (အသေး)၄၆%  တရုတ်(ရွှေေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၇၂၅၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၂၀၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

မကွေးမြို့၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့မှ (၁၃)ရက်အထိ ရောင်းချနေသော ကုန်ဈေးနှုန်းများ

မကွေးမြို့၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကောက်ယူရရှိသော ဈေးနှုန်းစာရင်းများမှာ လက်လီရောင်းချမှုအနေဖြင့် ပေါ်ဆန်းဆန်(ရွှေဘို) တစ်ပြည်လျှင်(၂၆၀ဝိ/-)၊ ပေါ်ဆန်းဆန်(ဖျာပုံ) တစ်ပြည် လျှင်(၂၀၀ဝိ/-)၊ ဧည့်မထဆန် တစ်ပြည်လျှင်(၁၄၅ဝိ/-)၊ ရောင်းချလျှက်ရှိပြီး စားသုံးဆီများအနေဖြင့် ပဲဆီ တစ်ပိဿာ(၆၅၀ဝိ/-)၊ နှမ်းဆီတစ်ပိဿာ(၇၀၀ဝိ/-)၊ စားအုန်းဆီတစ်ပိဿာ (၄၆၀ဝိ/-)၊ စားဖိုဆောင်သုံးအနေဖြင့် ငရုပ်သီးခြောက်အရှည် တစ်ပိသာ(၃၉၀ဝိ/-)၊ ငရုပ်သီးခြောက်အပု တစ်ပိဿာ(၅၀၀ဝိ/-)၊ ကြက် သွန်နီ တစ်ပိဿာ(၈၀ဝိ/-)၊ ကြက်သွန်ဖြူ(ရှမ်း/ဗမာ) တစ်ပိဿာ(၅၀၀ဝိ/-)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ(၅၀၀ဝိ/-)၊ နနွင်းတက်တစ်ပိဿာ(၃၅၀ဝိ/-)၊ ဂျင်း တစ်ပိဿာ (၂၆၀ဝိ/-)၊ ဆားတစ်ပိဿာ (၅၀ဝိ/-)၊ မန်ကျည်းသီးမှည့် တစ်ပိဿာ(၃၈၀ဝိ/-)၊ မြေပဲဆံ တစ်ပိဿာ (၃၂၀ဝိ/-)၊ ကုလားပဲခြမ်းတစ်ပိဿာ(၃၅၀ဝိ/-)၊ အားလူးတစ်ပိဿာ(၂၀၀ဝိ/-)၊ သကြား တစ်ပိဿာ (၂၂၀ဝိ/-)၊ အသား/ငါးအနေဖြင့် စီပီကြက်တစ်ပိဿာ(၆၀၀ဝိ/-)၊ ဗမာကြက်တစ်ပိဿာ(၁၄၀၀ဝိ/-)၊ ဝက် သားတစ်ပိဿာ(၁၄၀၀ဝိ/-)၊ အမဲသားတစ်ပိဿာ(၁၆၀၀ဝိ/-)၊ ဆိတ်သားတစ်ပိဿာ(၂၀၀၀ဝိ/-)၊ ငါးမြစ်ချင်းတစ်ပိဿာ(၄၅၀ဝိ/-)၊ ကန်စွမ်းရွက်တစ်စီး(၁၀ဝိ/-)၊ ပဲတောင့်ရှည်တစ်စီး(၂၀ဝိ/-)၊ ခရမ်းချဉ်းသီး တစ်ပိဿာ(၃၀၀ဝိ/-)၊ ဂေါ်ဖီထုတ်တစ်ထုပ်(၆၀ဝိ/-)၊ ပန်းဂေါ်ဖီတစ်ပွင့်(၇၀ဝိ/-)၊ ဘဲဥတစ်လုံး(၁၈ဝိ/-)၊ ကြက်ဥတစ်လုံး(၁၆ဝိ/-)၊ စက်သုံးဆီ အနေဖြင့် ဓါတ်ဆီတစ်ဂါလံ(၅၉၈၅/-)၊ ဒီဇယ်ဆီတစ်ဂါလံ(၅၈၉၅/-)၊ ၁၆ပဲရည် ရွှေတစ်ကျပ်သား (၁၇၈၇၀၀ဝိ/-)၊ ၁၅ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၁၆၈၀၀၀ဝိ/-)၊ ၁၄ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၁၆၆၀၀၀ဝိ/-)ရောင်းချလျှက်ရှိပြီး ဒီဇင်ဘာလပထမပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ချက်အရ ကြက်သွန်ဖြူ (ကြူ/ကုတ်)တစ်ပိဿာလျှင် (၂၀ဝိ/-)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၂၀ဝိ/-) ဈေးနှုန်း အနည်းငယ်မြင့်တက်လျှက်ရှိပြီး ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြီးခဲ့သည့်စက်တင်ဘာလ အတွင်း က မိုးရွာသွန်းမှုများပြားသည့်အတွက် ခရမ်းချဉ်ပင်များမှာ အပွင့်အကြွေများသွားသည့်အတွက် အထွက်နှုန်း ကျဆင်းခြင်းကြောင့်လည်းကောင်း၊ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ဧကများကို လျော့ချ စိုက်ပျိုး ခဲ့ခြင်းကြောင့်လည်းကောင်း၊ သွင်းအားစုဈေးများသည် နှစ်ဆထိမြင့်တက်နေသောကြောင့်လည်းကောင်း၊ ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ပါသည်။ စက်သုံးဆီအနေဖြင့် ဓါတ်ဆီတစ်ဂါလံ (၉ဝိ/-)၊ ဒီဇယ်တစ်ဂါလံ (၉ဝိ/-)နှုန်းဖြင့် ဈေးအနည်းငယ်မြင့်တက်လျှက်ရှိပြီး ၁၆ ပဲရည်ရွှေတစ်ကျပ်သားလျှင် (၂၀၀၀ဝိ/-)၊ ၁၅ ပဲရည်ရွှေတစ်ကျပ်သားလျှင် (၁၇၀၀ဝိ/-)၊ ၁၄ ပဲရည်ရွှေတစ်ကျပ်သားလျှင် (၁၇၀၀ဝိ/-)နှုန်းဖြင့် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျှက်ရှိပြီး ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ပြောင်းလဲလျက်ရှိပါသည်။
စားဖိုဆောင်သီးနှံများကို မကွေးမြို့တစ်မြို့လုံးသို့ လက်လီ/ကား ဖြန့်ဝေပေးနေသည့် အရောင်းဆိုင်ကြီးဖြစ်သော ဦးစံကြည်ပွဲရုံ၊ ဦးထွန်းလှမောင် ပွဲရုံတို့မှလည်းကောင်း၊ အသားငါးဈေးနှုန်းများကို မကွေးမြို့ပေါ်ရှိ စည်ပင်သာယာဈေးများမှ လည်းကောင်း၊ ရွှေဈေးနှုန်းများကို ခေတ်ဆန်းရွှေဆိုင်မှ လည်းကောင်း၊ ဓါတ်ဆီ/ ဒီဇယ်ဆီဈေးနှုန်းများကို မကွေးမြို့ပေါ်ရှိ ဆယ်စုသစ်၊ Denko ဆီအရောင်း ဆိုင်များမှလည်းကောင်း၊ ဆန်ဈေးနှုန်းများကို မကွေး ကုန်စည်ဒိုင်မှလည်းကောင်း၊ စားသုံးဆီဈေးနှုန်းများကို မကွေးမြို့ပေါ် စည်ပင်သာယာဈေးများရှိ ဆီအရောင်း ဆိုင်များ၊ ဆီကုန်သည်ကြီးများအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များ အသင်းတို့မှလည်းကောင်း နေ့စဉ်ကောက်ယူလျှက်ရှိပြီး ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များဘက်မှ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ နေ့စဉ်ကုန်ဈေးနှုန်းစာရင်းများ ကောက်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၏ အောက်တိုဘာလအတွင်း ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အခြေအနေ

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်၏ (၇၀)ရာခိုင်နှုန်းကို မြန်မာ တစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချလျက်ရှိရာ အောက်တိုဘာလအတွင်းတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော်၊ ပြည် ၊ သာစည်၊ ပဲခူး၊ မုံရွာ၊ စစ်တွေ ၊ တပ်ကုန်း မြို့များသို့ ပြောင်း တစ်ပိဿာလျှင် အမြင့်ဆုံးလက်ကားဈေး (၆၅၀)ကျပ် (၁၃၇၁)တန်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြင့် (၁၁၃၇)တန်၊ အာလူး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၈၀၀)ကျပ်ဖြင့် (၂၅၆၀)တန်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၃၃၀)ကျပ်(၂၄၉၄)တန်၊ ပန်းမုံလာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၄၅၀)ကျပ်ဖြင့် (၈၄၅)တန်၊ ချင်း တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၅၅၀)ကျပ်ဖြင့် (၆၄၀)တန်၊ နနွင်း တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၅၀၀)ကျပ်ဖြင့် (၂၄၃)တန်၊ ချင်းခြောက် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၂၀၀)ကျပ်ဖြင့် (၂၉၂)တန်၊ ရွှေပဲ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၄၅၀၀)ကျပ်ဖြင့် (၃၂၇)တန်၊ မုန်ညှင်းဖြူ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၁၂၀၀)ကျပ်ဖြင့် (၆၄၀)တန်၊ ခရမ်းသီး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၇၅၀)ကျပ်ဖြင့် (၄၆၇)တန်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၇၀၀) ကျပ်ဖြင့် (၃၀၂)တန်၊ မုန်လာဥနီ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၈၀၀)ကျပ်ဖြင့် (၄၅၁)တန် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
အောက်တိုဘာလအတွင်း ပြောင်းသီးနှံမှာ ပြောင်းသစ်ပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်သို့ ဝင်ရောက်မှုများပြီး ဈေးအနည်းငယ်ကျဆင်းခဲ့ပြီး အာလူးသီးနှံမှာ ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြှင့်တက်လာခြင်း၊ စိုက်ပျိုးမှုနည်းပါးလာခြင်းနှင့် ပစ္စည်းပြတ်လပ်သည့် အခြေအနေတို့ကြောင့် ဈေးနှုန်းများဆက်တိုက်မြှင့်တက်ခဲ့ပါသည်။ အခြားသီးနှံများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ကုန်စည်စီးဆင်းမှုအနေနဲ့ကတော့ ကုန်စုံကားကြီး၊ ကားငယ်များဖြင့် နေ့စဉ် ဒေသစုံသို့ စီးဆင်းခဲ့ကြောင်း အောင်ပန်းဈေးကွက်မှ သတင်းရရှိခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)

တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံး၏ အောက်တိုဘာလအတွင်း ကုန်သွယ်မှု အခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံး၏ ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ကုန်သွယ်မှုအနေဖြင့် တာချီလိတ်နယ်စပ်(မယ်ယန်း) ကုန်သွယ်ရေးစခန်းမှတဆင့် ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်၊ တံမြက်စည်း၊ ကော်ဖီစေ့၊ ထောပတ်သီး၊ နှမ်းမည်းစေ့၊ ဆန်၊ ကြက်သွန်နီ၊ ဘူးခွံ၊ ပလက်စတစ်ပုလင်း၊ ကတ်ထူပြား၊ ပျဉ်ပြား၊ ကျွန်းသစ်များ၊ သစ်ခွဲသားများ၊ ဒီဇယ်ဆီ၊ မော်တာဓာတ်ဆီ၊ ဘိလပ်မြေ၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ အချိုမှုန့်၊ မီးအုတ်၊ နေကြာစေ့၊ သံချောင်း၊ Tolite Tissue paper ၊ ပဲပုတ်၊ Activated Carbon ၊ ကွန်ကရစ်သွပ်မိုး၊ကြွေထည်ပစ္စည်း၊ ဖိုင်ဘာဘုတ်ပြား၊ သန့်စင်ပြီးပဲပုပ်ဆီ၊ Two Wheels ထွန်စက်၊ ကွန်ကရစ်တိုင် စသည့်ပစ္စည်းများ တင်သွင်းခဲ့ပါသည်။ ကျိုင်းတုံမြို့မှ သွင်းကုန်များအနေဖြင့် ဆီစိမ်စက္ကူ၊ သစ်တော်သီး၊ ပန်းသီး၊ ရေမြှုပ်၊ ဘက်ထရီ၊ LED video wall နှင့် ဆက်စပ်ပစ္စည်းများ၊ ကောဖတ်ပြား၊ မီးဖိုချောင်သုံး အလေးချိန်စက်၊ ကလေးဝတ်အနွေးဦးထုပ်၊ Monosodium Glutamate ပါဝင်သော အစားအစာများ၊ PVC တံခါး၊ မှန်ချပ်၊ PVC ပိုက်၊ အောက်ဆီဂျင်စက်အစုံ စသည့်ပစ္စည်းများဖြစ်ပြီး နှမ်းမည်းစေ့ တန် (၆၀) အား တင်ပို့နိုင်ခဲပါသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံးနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း) ပို့ကုန်/သွင်းကုန်ရုံးတို့၏ ကုန်သွယ်မှုပမာဏသည် ယခင်လထက် လျော့နည်းခဲ့ကြောင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)

နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇွန်လ၊ ပထမပတ် ကုန်သွယ်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုဖြင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပို့ကုန်ပမာဏတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပို့ကုန်အမယ်သစ်များ ရှာဖွေတင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ရှမ်းပြည်နယ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်တို့တွင် ကုန်သွယ်မှုများစွာ လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်စပ် ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇွန်လပထမပတ်အတွင်း ကုန်သွယ်မှုအခြေအနေများမှာ ဖရဲသီး တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး ၄၀၅ ကျပ်မှ အမြင့်ဆုံးဈေး ၂၀၂၄၅ ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၈၉၄)တန် ကိုလည်းကောင်း၊ သရက်သီး တစ်ပိဿာလျှင် ၄၀၅ ကျပ်မှ ၂၂၂၇ ကျပ်ဖြင့် တန်ချိန်ပေါင်း (၂၆၄၃) တန် ကိုလည်းကောင်း၊ ဆန် တစ်တင်းလျှင် ၁၉၄၀၇ ကျပ်မှ ၁၉၇၄၅ ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၉)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ၃၄၁၀၉ကျပ်မှ ၃၆၇၃၄ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၈၄၁.၂) တန် ကိုလည်းကောင်း၊ ဆန်ကွဲတစ်တင်းလျှင် ၁၄၅၁၈ ကျပ်မှ ၁၉၉၁၄ကျပ်ဖြင့် တန်ချိန်ပေါင်း (၄၂၅၆.၅)တန် တင်ပို့နိုင်ခဲ့ပါသည်။   

          မြေပဲဆံတစ်တင်းလျှင် ၃၆၈၃၃ကျပ်မှ ၄၀၅၁၈ကျပ်ဖြင့် (၁၀၃၈.၅)တန်ကိုလည်းကောင်း ပဲယင်းတစ်တင်း လျှင် ၂၃၆၁၇ကျပ်မှ ၂၂၆၂၄၂ကျပ်ဖြင့် (၅၀၈.၅)တန်ကိုလည်းကောင်း၊ ပဲကြီးတစ်တင်းလျှင် ၂၄၈၅၅ကျပ်မှ ၂၆၈၇၉ ကျပ်ဖြင့် (၃၃)တန်ကိုလည်းကောင်း၊ သကြားတစ်ပိဿာ ၁၄၁၇ကျပ်မှ ၁၄၂၉ကျပ်ဖြင့် (၆၈.၅)တန်ကိုလည်းကောင်း၊ မတ်ပဲတစ်တင်းလျှင် ၃၄၁၀၉ကျပ်မှ ၃၆၇၃၄ကျပ်ဖြင့် (၃၂)တန်ကိုလည်းကောင်း၊ ပဲပုပ်စေ့တစ်တင်းလျှင် ၂၁၈၄၃ကျပ်မှ ၂၃၈၂၃ကျပ်ဖြင့် (၁၃၄)တန်ကိုလည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာ ၅၈၈ ကျပ်မှ ၇၀၀ကျပ်ဖြင့် (၂၃၀၉.၄)တန်ကိုလည်းကောင်း၊ နှမ်းတစ်တင်းလျှင် ၄၅၄၄၂ကျပ်မှ ၄၇၂၃၀ကျပ်ဖြင့် (၁၀၈၀.၁)တန်ကိုလည်းကောင်း၊ ပဲနီကြားတစ်တင်းလျှင် ၂၀၉၉၂ကျပ်မှ ၂၆၂၄၂ကျပ်ဖြင့် (၁၇၅)တန်ကို လည်းကောင်း တင်ပို့နိုင်ခဲ့ပါသည်။ ထောပတ်ပဲတစ်တင်းလျှင် ၂၈၈၆၀ကျပ်မှ ၃၄၁၀၉ကျပ်ဖြင့် (၆၇)တန်ကို လည်းကောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် ၂၀၉၉၂ကျပ်မှ ၂၃၆၁၇ကျပ်ဖြင့် (၁၃၇)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းခြမ်းတစ်တင်းလျှင် ၄၉၈၅၁ကျပ်မှ ၅၅၁၀၁ကျပ်ဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာ ကျွဲ၊ နွား၊ ဆိတ်များကိုတော့ တိရစ္ဆာန် ကျန်းမာရေးစခန်း(AQC)တွင် ယာယီထိန်းသိမ်းထားရှိနေတာဖြစ်လို့ အရောင်းအဝယ် မရှိဘဲ မူဆယ်မြို့တွင်းရှိ ဆိတ်ခြံ(၇)ခြံတွင် ဆိတ်လက်ကျန်အနေဖြင့် (၆၃၅၀)ကောင်ရှိနေကြောင်း သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်(DOCA)

မွန်ပြည်နယ်၏ မေလအတွင်း ဖြစ်ပေါ်ခဲ့သော ဆန်ဈေးနှုန်းအခြေအနေ

         ၂၀၂၁ ခုနှစ်၊ မေလအစမှလကုန်ရက်အတွင်း မွန်ပြည်နယ်၏ဆန်ဈေးနှုန်းမှာ ဆက်တိုက်ဈေးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ မေလ (၃) ရက်နေ့တွင် မွန်ပြည်နယ်၌ ဆန်ဈေးနှုန်းများမှာ ပေါ်ကျွဲ (ဆန်သား ၈၀) (၁၀၈) ပေါင် တစ်အိတ်လျှင် (၃၁၀၀၀) ကျပ်၊ ပေါ်ကျွဲ (ဆန်သား ၉၀) (၁၀၈) ပေါင်လျှင် (၃၃၅၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်သား ၈၀) (၁၀၈) ပေါင်တစ်အိတ်လျှင် (၂၇၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်သား ၉၀) (၁၀၈) ပေါင်တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်၊ ဧည့်မထ (ဆန်သား ၈၀) (၁၀၈) ပေါင် တစ်အိတ်လျှင် (၂၂၅၀၀) ကျပ် နှင့် ဧည့်မထ (ဆန်သား ၉၀) (၁၀၈) ပေါင် တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်နှုန်း အသီးသီးရှိခဲ့သည်။ ပုံမှန်အားဖြင့် ဧပြီလမှစတင်၍ နွေစပါးရာသီ ကုန်ဆုံးပြီး မိုးရာသီစပါးစတင်စိုက်ပျိုးမည့်ကာလဖြစ်သောကြောင့် တောင်သူများ၏ လက်ဝယ်တွင် လက်ကျန်စပါးနည်းနေပြီး ဆန်ဈေးနှုန်းများ တက်လေ့ရှိသည်။ ၂၀၂၁ ခုနှစ်၊ မေလ (၃၁) နေ့ထိ ဆန်ဈေးနှုန်းအခြေအနေများကို သုံးသပ်ကြည့်လျှင် အကျမရှိဘဲ တဖြည်းဖြည်းအတက်ဘက်ကိုသာ ဦးတည်နေသည်ကို တွေ့ရသည်။ ပျှမ်းမျှ အားဖြင့် ဆန်အမျိုးအစားတစ်မျိုးလျှင် (၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် အထိ) တက်သွားသည်ကို တွေ့ရသည်။

          ယခုနှစ်တွင် နွေစပါးရာသီကုန်ဆုံးသည့် မေလ၏ ဆန်ချောနှင့် ဆန်ကြမ်းဈေးနှုန်း များမှာ ယခင်နှစ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်အမျိုးအစားတစ်မျိုးလျှင် (၂၀၀၀) ကျပ်ခန့် ဈေးနည်းနေသေးကြောင်း မော်လမြိုင်ကုန်စည်ဒိုင်၏ နေ့စဉ်ဈေးနှုန်း အချက်အလက်များအရ လေ့လာတွေ့ရှိရပါသည်။

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

          မော်လမြိုင်မြို့၏ ဇွန်လပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း (၁၀၀) လျှင် (၇၆၀၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် (၃၄၅၀၀) ကျပ်၊ ဧည့်မထ (စပါး) တင်း (၁၀၀) (၆၄၄၀၀၀) ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် (၂၃၅၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၃၈၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာ (၈၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၆၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာ (၃၀၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၄၅၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ (၆၀၀၀) ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ (၄၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၂၂၀၀) ကျပ်၊ မြေပဲဆံ တစ်ပိဿာ (၃၃၀၀) ကျပ်၊ မွေးမြူရေးကြက်သားတစ်ပိဿာ (၇၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၅၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာ (၈၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ (၅၀၀၀) ကျပ်၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် (၁၅၀/၂၂၀) ကျပ်၊ ရာဘာ RSS 3 တစ်ပေါင်လျှင်(၉၁၀) ကျပ်၊ ရွှေ ၁၆’ (၁၅၅၀၀၀၀) ကျပ်၊ ရွှေ ၁၅’ (၁၄၈၀၀၀၀) ကျပ်၊ ရွှေ ၁၄’ (၁၃၃၅၀၀၀) ကျပ်၊ ဓာတ်ဆီ တစ်ဂါလံ (၅၀၄၀) ကျပ်၊ ဒီဇယ် တစ်ဂါလံ (၄၆၅၇) ကျပ် ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

          ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် စားအုန်းဆီ​ဈေးနှုန်းနှင့် ဓါတ်ဆီ/ဒီဇယ်ဆီဈေးနှုန်းတို့မှာ အနည်းငယ်ကျဆင်းလာပြီး ဧည့်မထ(ဆန်) ၊ ပေါ်ဆန်း (ဆန်) ဈေးနှုန်းတို့မှာ ဈေးအနည်းငယ် မြင့်တက်လာ ကြောင်း တွေ့ရှိရပါသည်။

မွန်ပြည်နယ်(DOCA)

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထွက်ရှိမှုဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

          မွန်ပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ (၄၉၇,၅၂၁)ဧက ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ (၅၀၂,၁၄၁)ဧက ရှိသည့်အတွက် ယခင်ဘဏ္ဍာနှစ် ထက် စိုက်ဧက (၄၆၂၀) တိုးတက်လာကြောင်း တွေ့ရှိရပါသည်။

      ပြည်နယ်အတွင်း အရောင်းအဝယ်ကောင်းသည့် ရော်ဘာထွက်ကုန် ပစ္စည်းအမျိုးအစား အများစုမှာ TSR, Crump Rubber များအား ပြုပြင်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပြီး RSS-3အား ပြည်တွင်းရောင်းဝယ်မှုနှင့်ပြည်ပတင်ပို့မှု ပုံစံဖြင့် လည်းကောင်း၊ အထူပြားများ၊ ခွက်ကပ်၊ ဆွဲဖတ်များကို လုပ်သားစရိတ် လျှော့ချနိုင်ရေးအတွက် TSR ထုတ်စက်ရုံများသို့ ပေးပို့ရောင်းဝယ်မှုများ ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်များက RSS-3 ရော်ဘာ တစ်ပေါင် ဈေးနှုန်းမှာ  (၁၀၀၀)ကျပ်နှင့်အထက် ရရှိခဲ့သည့်အတွက် ခြံရှင်များ အကျိုးအမြတ် များစွာရရှိခဲ့ပါသည်။ ရော်ဘာ စိုက်ဧကများအနေဖြင့်လည်း နှစ်စဉ်တိုးတက်လျက်ရှိသော်လည်း ရော်ဘာဈေးနှုန်း မြင့်တက်လာခြင်း မရှိသည့်အတွက် ခြံငယ်ရှင်များအနေဖြင့် R.S.S ရော်ဘာပြားထုတ်လုပ်မှုထက် အစေးရည် တိုက်ရိုက်ရောင်းချခြင်း၊ အထူပြားပုံစံများ ပြုလုပ်ခြင်းများကို ဆောင်ရွက်လာကြသည်ကို တွေ့ရှိလာရသည်။

      မွန်ပြည်နယ်၏ ရော်ဘာဈေးနှုန်းအခြေအနေမှာ ယခုအပါတ်တွင် RSS-3 တစ်ပေါင်လျှင် (၉၁၀) ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် (၂၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိရာ ယခင်နှစ် အလားတူကာလ RSS-3 တစ်ပေါင်လျှင် (၆၃၀)ကျပ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း တစ်ပေါင်လျှင်(၂၈၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

         ရော်ဘာထုတ်လုပ်မှု လက်ရှိအခြေအနေမှာ COVID-19 ရောဂါအခြေအနေများကြောင့် ခြံလုပ်သားများ လာရောက်မှု နည်းပါးပြီး လုပ်သားအခက်အခဲများကြောင့် ထုတ်လုပ်မှုလျော့နည်းလျှက်ရှိပြီး TSR စက်ရုံများမှလည်း ၎င်းတို့ ဝယ်ယူထုတ်လုပ်မည့် အရေအတွက်ပြည့်မီရရှိရေးနှင့် ဈေးကွက် အလားအလာအခြေအနေများကြောင့် ဈေးအနည်းငယ်တိုးမြှင့်ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 မွန်ပြည်နယ်(DOCA)

ရှမ်း(တောင်) စိန်တလုံးသရက်သီးများ စတင်ထွက်ပေါ်လာပြီ

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စိုက်ပျိုးထွက်ရှိသော စိန်တလုံးသရက်သီးများသည် ၂၀၂၁ ခုနှစ် မေလနောက်ဆုံးပတ်မှစ၍ ဈေးကွက်သို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး၊ ရန်ကုန်၊ နေပြည်တော်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုကာလသည် စတင်ထွက်ရှိချိန်ဖြစ်သောကြောင့် တစ်ရက်လျှင် ပျမ်းမျှ စိန်တလုံးသရက်သီး အလုံး(၅,၀၀၀) မှ (၁၀,၀၀၀)ခန့် တင်ပို့ရောင်းချနေကြောင်း၊ စိန်တလုံးသရက်သီးများကို အရွယ်အစား အလိုက် (၂၅)လုံးမှ (၃၆)လုံး ဝင်ဆန့်သည့် ဂျပ်ဖာများဖြင့် ထုပ်ပိုးကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ဖာလျှင် (၁၀,၀၀၀)ကျပ်မှ (၁၂,၀၀၀)ကျပ်အထိ ရရှိကြောင်း သိရှိရပါသည်။ ဒေသတွင်းတွင် အသီး အရွယ်အစား အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် (၁၅၀)ကျပ်မှ (၄၀၀)ကျပ်အထိ ပေါက်ဈေး ရှိကြောင်းသိရှိရပါသည်။

          ရှမ်း(တောင်)မှ ထွက်ရှိသည့် စိန်တလုံးသရက်သီးများသည် မေလနောက်ဆုံးပတ်တွင် စတင် ထွက်ပေါ်ပြီး ဇွန်လဒုတိယပတ်တွင် လှိုင်လှိုင်ထွက်ပေါ်ကာ ဇွန်လနောက်ဆုံးပတ်တွင် ကုန်ဆုံးကြောင်းနှင့် ယခုလက်ရှိအချိန်တွင် Covid-19 ရောဂါအခြေအနေကြောင့် မူဆယ်ဈေးကွက်နှင့် အခြားပြည်ပ ဈေးကွက်များသို့ တင်ပို့နိုင်ခြင်း မရှိသေးပါကြောင်းသတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)

ဆန်စပါးသတင်း

         မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် နွေစပါးစိုက်ဧက (၇)သိန်းကျော်နှင့် အခြားသီးနှံ စိုက်ဧက(၃) သိန်းကျော်၊ စုစုပေါင်းနွေသီးနှံ စိုက်ဧက(၁၀)သိန်းကျော်အတွက် ရေလှောင်တမံများနှင့်ဆည်များမှ စိုက်ပျိုးရေ စတင်ပေးဝေမည်ဖြစ်ကြောင်း၊ နွေစပါးကို ပဲခူးတိုင်းဒေသကြီး၌ အများအပြားစိုက်ပျိုးပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှု နည်းပါးခြင်းမှာရေရှားသည့်ဒေသဖြစ်သဖြင့်ယခုနှစ်နွေရာသီတွင်လည်းအခြားသီးနှံကိုသာစိုက်ပျိုးမည်ဖြစ်ကြောင်း၊ယခုနှစ်မိုးရွာသွန်းမှုနည်းပါးခဲ့၍ ရေလှောင်တမံများထဲသို့ ရေဝင်ရောက်မှုနည်းပါးသော်လည်း နွေသီးနှံစိုက်ဧကမှာ ယခင်နှစ်အတိုင်းသာ လျာထားသော်လည်း တောင်သူများနှင့်တွေ့သောအခါပြောင်းလဲသွားနိုင်ကြောင်း၊နွေသီးနှံများ စိုက်ပျိုးရေရှိရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ဧက(၁၁.၈)သိန်းကျော်နှင့် အခြားသီးနှံ စိုက်ဧက(၃)သိန်း ကျော် စုစုပေါင်းစိုက်ဧက (၁၄)သိန်းခန့်နှင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နွေစပါး စိုက်ဧက (၇.၈) သိန်းခန့်နှင့် အခြားသီးနှံစိုက်ဧက (၁.၇)သိန်းကျော် စုစုပေါင်း စိုက်ဧက(၉.၅)သိန်းခန့်ရေပေးဝေနိုင်ခဲ့ကြောင်းသိရှိရပါသည်။

        ယခုနှစ်တွင် ဆည်ရေနည်းပါးသဖြင့် နေပြည်တော်ရှိ ငလိုက်၊ဆင်သေ၊ရေဆင်းနှင့် မုန်းရေထိန်းတမံများမှ နွေစပါးအတွက် ရေပေးဝေနိုင်မှုမရှိတော့ပဲ သောက်သုံးရေသာပေးဝေနိုင်ကြောင်း၊ယခင်နှစ် မိုးကာလတွင် မိုးနည်းပါး ခဲ့၍ ဆည်များအတွင်းရေလျော့နည်းနေ၍ အချို့ဒေသများရှိ ဆည်များ၊ရေလှောင်တမံများ၊ကန်များအတွင်း ဆည်ရေ လက်ကျန်နည်းနေသောကြောင့် လာမည့်နွေသီးနှံစိုက်ရာသီတွင် စပါးအစား အခြားသီးနှံများကိုသာ အဓိကစိုက်ပျိုး စေမည်ဖြစ်ကြောင်း၊ ရေလက်ကျန်ကောင်းမွန်သည့် အချို့သောဆည်ကန်များရှိရာ ဒေသများတွင်သာ နွေစပါး စိုက်ပျိုးမှုများအတွက် ဆည်ရေရရှိမည်ဖြစ်ကြောင်း၊ ယခုနှစ်နွေရာသီတွင် ဆည်ရေဖြင့်စိုက်ပျိုးမည့် နွေစပါးဧက များမှာ ပဲခူးတိုင်းဒေသကြီးတွင် ဧက(၂)သိန်းခန့်၊ မန္တလေးတိုင်းဒေသကြီးတွင် ဧက(၀.၆၈)သိန်းခန့်၊ ရန်ကုန် တိုင်းဒေသကြီးတွင်(၀.၂၉)သိန်းခန့်၊ မကွေးတိုင်းဒေသကြီးတွင် (၀.၂၅)ဧကခန့်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၀.၂၄) သိန်းခန့် စိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရပါသည်။

   နွေသီးနှံစိုက်ဧကများအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနအောက်ရှိ ရေလှောင်တမံ နှင့် ရေလွှဲဆည်စုစုပေါင်း(၉၀)ကျော်မှ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ ရေလှောင်တမံ၊ ဆည်၊ ကန်များနှင့် ရေလွှဲဆည်များအားလုံးမှာ(၁၀၀)ကျော်ထိရှိကြောင်းသိရှိရပါသည်။

ရင်းမြစ်-တောင်သူကြီးများဂျာနယ်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း