မော်လမြိုင်မြို့တွင် စပါး၊ ဆန်ဈေးများစွာမြင့်တက်လျက်ရှိ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇူလိုင်လ တတိယပတ်တွင် စပါး၊ ဆန်ဈေးများ ငြိမ်နေပြီး ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ ယနေ့အထိ နေ့စဉ် စပါး၊ ဆန်ဈေးများမြင့်တက်လျက်ရှိပါသည်။ စပါး၊ ဆန်ဈေးအနေဖြင့် ဇူလိုင်လ တတိယပတ်အထိ ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၇၀၀၀၀၀/ကျပ်၊ ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀/ကျပ် ရှိခဲ့ပြီး၊ ဧည့်မထ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၃၃၀၀၀/ကျပ်၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၅၃၀၀၀/ကျပ်ဖြင့် ဈေးကွက် အတွင်းရောင်းချလျက်ရှိသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၇၅၀၀၀၀/ကျပ်၊ ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၀၅၀၀၀၀/ကျပ် ဖြင့် တတိယပတ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၅၀၀၀၀/ခန့် မြင့်တက်လာပြီး ဆန်ဈေးနှုန်းမှာလည်း ဧည့်မထ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၃၄၀၀၀/ကျပ်၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၅၇၀၀၀/ကျပ်အထိ မြင့်တက် ခဲ့သည်။ ယခု ဩဂုတ်လ တတိယပတ်တွင်မူ ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၈၀၀၀၀၀/ကျပ်၊ ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၁၀၀၀၀၀/ကျပ်အထိ မြင့်တက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာလည်း ဧည့်မထဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၁၅၀၀/၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၆၃၀၀၀/ကျပ်အထိ မြင့်တက်လာပြီး ဇူလိုင်လ တတိယအပတ်နှင့် ပြန်လည်နှိုင်းယှဉ်ပါက စပါး၊ ဆန် ဈေးနှုန်းမှာ များစွာမြင့်တက်လျက်ရှိပါသည်။ ဈေးကွက်ထဲတွင် ဆန်များအဝယ်လိုက်နေပြီး ဝယ်လိုအား မမျှသည့်အတွက် ဆန်ဈေးများ မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မွန်)