Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၇၀၀၀၀)ကျပ်၊ ကျွဲနက်၁၅း၁၅း၁၅ တစ်အိတ် (၉၇၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၀၀၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၉၇၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၈၆၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) တစ်အိတ် (၆၁၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ် ဆေးအမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ် ၊ တင်းရှန့် (Aventine) တစ်ဗူး (၅၅၀၀)ကျပ် ၊ မိုရယ်မုန် (သြဘာ) တစ်ဗူး (၁၆၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး (၁၄၀၀၀)၊ ရွှေတောနစ် (မြင်းကြား) တစ်ဗူး (၁၀၀၀၀) ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဗူး (၁၈၅၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း   သိရှိရသည်။

          ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်)) တစ်အိတ် (၁၀၁၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၈၆၀၀၀)ကျပ်၊ ကျွဲနက် ၁၅း၁၅း၁၅ တစ်အိတ် (၁၀၇၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ်(၁၁၅၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ်(၉၈၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) တစ်အိတ် (၆၅၀၀၀)ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ပိုးသတ်ဆေး အမျိုးအစားများဖြစ် သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၆၀၀၀)ကျပ် ၊ တင်းရှန့် (Aventine) တစ်ဗူး (၅၈၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဗူး (၁၇၀၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး(၁၈၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဗူး (၁၁၀၀၀) ကျပ်၊ ဖို့စတင်း(သြဘာ) တစ်ဗူး (၁၉၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ပေါင်းတည်ဒေသထွက် ကျောက်စိမ်းငရုတ်သီး

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တန်းအုပ်စု၊ ပေါက်တန်း ကျေးရွာသို့ သွားရောက်၍ ကျောက်စိမ်းငရုတ်စိုစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ ငရုတ်စိုစိုက်ပျိုး ထုတ်လုပ်မှုနှင့် တစ်ဧကကုန်ကျစရိတ်၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပါသည်။

    ထိုသို့ကျောက်စိမ်းငရုတ်စို စိုက်ပျိုးထုတ်လုပ်သူတောင်သူနှင့် တွေ့ဆုံမေးမြန်းရာတွင် ၎င်းမှ ငရုတ်စိုစိုက်ပျိုးရာတွင် တစ်ဧကလျှင် ငရုတ်ပင်ပေါင်း ၁၆၀၀၀ခန့်အထိ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာ တွင် မျိုးစေ့များကိုကြဲပက်၍ စိုက်ပျိုးကြပါသည်။ ငရုတ်သီးတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၇၅၀၀၀၀) ကျပ်ခန့် ကုန်ကျပါသည်။ ကျောက်စိမ်းငရုတ်သီးစိမ်းကို မိုးတွင်းကာလတွင် စတင် စိုက်ပျိုးပြီး ၃လခွဲမှ ၄လအကြာတွင် အသီးများစတင်ခူးဆွတ်ရပါသည်။ အသီးများခူးဆွတ်ရာတွင် တစ်ပတ်လျှင် တခါခူးဆွက်ရ၍ အထွက်လှိုင်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ၁၀/၁၅ ပိဿာခန့် ခူးဆွတ်ရပါသည်။ ငရုတ်သီးစိမ်း စတင်ထွက်ရှိချိန်မှစ၍ အသီးတုံးသည့်အချိန်ထိ ခူးဆွတ်သည့် အကြိမ်မှာ (၁၀)ကြိမ်ခန့် ခူးဆွတ်ရသည်ဟုသိရှိရပါသည်။ ကျောက်စိမ်းငရုတ် အသီးအထွက်နှုန်း ကောင်းလျှင် တစ်ဧက (၁၂၀၀)ပိဿာခန့်ထွက်ရှိပြီး၊ အသီးနှုန်းအသင့်အတင့်ထွက်လျှင် (၆၅၀) ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ကျောက်စိမ်းငရုတ်သီးစိမ်းဈေးမှာ လက်ကားဈေး တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀ကျပ်ခန့်ရှိပြီး၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ရခိုင်နှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ငရုတ်သီးစိမ်းဈေးများ မြင့်တက်လာသဖြင့် ငရုတ်စိုစိုက်ပျိုးသူတောင်သူများအနေဖြင့်  အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်း လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်မြို့နယ်တွင် မိုးမြေပဲများစတင်ထွက်ပေါ်

          ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ဩဂုတ်လတွင် မိုးမြေပဲများ စတင်ထွက် ပေါ်နေပြီဖြစ်သဖြင့် မိုးမြေပဲစိုက်ပျိုးထွက်ရှိမှု၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကွင်းဆင်းဆွေးနွေး လေ့လာခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် မိုးမြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်သော ဆိတ်ကြီးအုပ်စု၊ ဆိတ်ကြီးကျေးရွာသို့ (၂၆.၈.၂၀၂၂) နေ့ နေ့လယ် (၁:၃၀) အချိန်တွင် သွားရောက်၍ သွားရောက်၍တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် မိုးမြေပဲစိုက်ဧက (၉၃၁၂) ဧကရှိပြီး ဆိတ်ကြီးအုပ်စုတွင် (၂၉၂)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ၎င်းတွင် မိုးမြေပဲစိုက်ဧက(၃)ဧကရှိပြီး ယခုအချိန်တွင် မိုးမြေပဲများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ မိုးမြေပဲကို ဇွန်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာသဖြင့် မြေပဲသက်တမ်းမှာ (၃)လရှိပါသည်။ မိုးမြေပဲမှာ တစ်ဧက အထွက်နှုန်း အနေဖြင့် တင်း(၅၀)ခန့်ထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ (၅)သိန်းကျော်ရှိပါသည်။ မြေပဲတောင့် ဈေးမှာ တစ်တင်းလျှင် ၂၈၀၀၀ကျပ်ခန့်ရှိပြီး မြေပဲဆန်ဈေးမှာ တစ်ပိဿာလျှင် ၆၂၅၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် မြေပဲဆန်ဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချရသဖြင့် ယခုနှစ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို ထက်ဝက်ကျော်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ယခင်နှစ်တွင်(၆)သိန်းကျော်ရရှိပြီး ယခုနှစ်တွင် (၁၅)သိန်းဝန်းကျင်ခန့် ရရှိသဖြင့် အကျိုးအမြတ်ပါပိုမိုလာသည်ဟုသိရှိရပါသည်။

         မိုးမြေပဲစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနှစ်တွင် သွင်းအားစု ဈေးများမြင့်တက်လာသလို မြေပဲဆန်ဈေးများလည်း မြင့်တက်လာသဖြင့် ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင် ပဲဈေးဆက်လက်မြင့်တက်

       ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးများ တက်လျှက်ရှိပြီး ယခင်နှစ်ဈေးနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ပဲဈေးမှာ တက်နေကြောင်းသိရပြီး ပြည်ပတင်ပို့လျှက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲဈေးမှာ တက်လျှက်ရှိပါသည်။ မြို့တွင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီးဈေးများမှာလည်း ဈေးတက်လျှက်ရှိပါသည်။

       ဩဂုတ်လတတိယပတ်တွင် မတ်ပဲ ပိဿာ(၂၀)ဝင်တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀-၆၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၆၁၀၀၀-၆၁၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ပဲစင်းငုံ သီးနှံမှာ ဩဂုတ်လတတိယပတ်တွင် ပဲတစ်တင်းကို ၆၁၅၀၀-၆၂၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀ခန့် ရန်ကုန်အဝယ်ရှိပြီး ဩဂုတ်လစတုတ္တပတ်တွင် ပဲတစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်ဖြင့် ရန်ကုန်သို့တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိခဲ့ပါသည်။

     ဩဂုတ်လတတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လစတုတ္ထပတ်တွင်  ကုလားပဲဟော်လန်တစ်တင်းကို ၆၄၀၀၀-၆၄၅၀၀-၆၅၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၀၀၀-၆၄၅၀၀-၆၅၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ ရန်ကုန်ဝယ်လက်နှင့် နယ်စုံသို့ တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

      ပဲကြီးသီးနှံမှာ ဩဂုတ်လတတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၇၅၀၀၀၊ ပဲကြီး (ကမ်းနား)တစ်တင်းကို ၇၀၀၀၀-၇၂၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက်ဈေးတက်ပြီး ပဲကြော် သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လစတုတ္ထပတ်တွင် ပဲကြီး (ကမ်းနား) တစ်တင်းကို ၇၀၀၀၀-၇၂၀၀၀ကျပ်ဖြင့် ပဲကြော်သမားများအဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လတတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၅၀၀၀ -၁၁၀၀၀၀ -၁၁၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၁၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လစတုတ္ထပတ်မှာ စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၁၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ ပါသည်။

        ပြည်ကုန်စည်ဒိုင် ၊  ဩဂုတ်လတတိယပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၃၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးတက်သော်လည်း အရောင်းအဝယ်မှာ သွက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီဈေးနှုန်းများ အဆမတန်ဈေးမြင့်တက်

          ယခုတစ်ပတ်ပြည်ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် ၂၄၀၀ကျပ်နှုန်း ရှိခဲ့ရာ ယခု ၃၃၀၀ကျပ်နှုန်းရှိ၍ ပျမ်းမျှ ၉၀၀နှုန်းဖြင့် အဆမတန် ဈေးမြင့်တက်ခဲ့ပါသည်။ ပွဲရုံ လက်ကားလုပ်ငန်းရှင်များမှာလည်း သယ်ယူစရိတ်များ မြင့်တက်နေသဖြင့် ဈေးနှုန်းများ တက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခင်လို အိတ်အများအပြားမှာယူ ရောင်းဝယ်ခြင်း မပြုလုပ်နိုင်တော့ဘဲ လုပ်ငန်းရှင်တစ်ဦးလျှင် ပိဿာ (၃၀)ဝင် (၅)အိတ်ခန့်သာ မှာယူရောင်းချနေကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ယခင်ရောင်းဝယ်မှု အောက်ကျဆင်းခဲ့ပြီး ယခင်ရောင်းဝယ်မှု့၏ သုံးပုံတစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်တော့ကြောင်း သိရှိရပါသည်။ ပန်းတောင်း (ဥသျှစ်ပင်)နှင့် သာယာဝတီခရိုင်တို့သို့ စီးဆင်းမှုရှိနေပြီး ဧရာဝတီ (ကြံခင်း)ဘက်သို့ စီးထွက်မှုမရှိကြောင်းလည်း သိရှိရပါသည်။ ဈေးနှုန်းအနေနှင့်  ပွဲရုံလက်ကားဈေးတစ်ပိဿာကို (ကြီး/လတ်/သေး)ကျပ် ၂၅၀၀-၂၈၀၀-၃၀၀၀ နှုန်းတို့ရှိပြီး လက်လီဈေးအသေးများတွင်ကျပ် ၂၉၀၀-၃၁၀၀/၃၂၀၀-၃၃၀၀/၃၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရာသီပေါ်သီးနှံ ကျွဲကော်သီး

         ပြည်ဈေးကွက်သို့ ယခုအချိန် ကျွဲကော်သီးများ ရွှေတောင်ဘက်မှ ဝင်ရောက်လာသည်ကို တွေ့ရှိ ရပါသည်။  ကျွဲကော်ပင်သည် နှစ်ရှည်မျိုးဖြစ်သည့်အတွက် ယခုလို မိုးတွင်းကာလတွင် ကျွဲကော်သီးများ ပေါ်ထွက်လာ၍ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကျွဲကော်သီးမှာ အဝါရောင် အသီးနှင့် ပန်းရောင်အသီးဟူ၍ နှစ်မျိုးရှိပါသည်။ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော တောင်လုံးညိုရွာ၊ မင်းရွာ တို့တွင် လူနေအိမ်ဝန်းအတွင်း တစ်အိမ်လျှင် ၅ပင် ၆ပင်အထိ စိုက်ပျိုး ကြပါသည်။ ဈေးကွက်အတွင်းရှိကျွဲကော်သီးများမှာ ဝါဆိုသီးဟုခေါ်ဆိုပြီး သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလများတွင် ကျွဲကော်သီးများ လှိုင်လှိုင်ထွက်ပေါ်ကြောင်း သိရှိရပါသည်။ ဈေးနှုန်း အနေဖြင့် ကျွဲကော်သီး အလုံးကြီး တစ်လုံးလျှင် ၁၀၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် ပြည်ဈေးကွက်နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မင်းဘူးမြို့နယ် ဒေသထွက်  “ရတီ” အာလူးကြော်လုပ်ငန်းအားကွင်းဆင်းလေ့လာခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်ဦးစီးမှူးဒေါ်စုစုထွန်း ဦးဆောင်၍ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည်  (၂၅.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ “ရတီ” အာလူးကြော် လုပ်ငန်းသို့ ပြည်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    အာလူးကြော်ပြုလုပ်ပုံ အဆင့်ဆင့်မှာ ရွှေဝါရောင်အာလူးများကို ဈေးကွက်အတွင်းမှ ရွေးချယ်ဝယ်ယူရကြောင်း၊ လက်ရှိအာလူး(၁)ပိဿာ ဝယ်ဈေး (၂၃၀ဝိ/-) ဖြစ်ပြီး၊ မြေပြာသီး(မိုးသီး)သည် အရောင်းမလှ၍ ရောင်းတန်းမဝင်သဖြင့် ရွှေဝါရောင်အာလူးသီးကို အသုံးပြုရကြောင်း သိရှိရပါသည်။ ပထမဆုံးအာလူးအားသန့်စင်အောင်ရေဖြင့် ရေဖြင့်ဆေးပြီး ပါးပါးလှီးပါကြောင်း၊ ရရှိလာသော အာလူးချပ်များအား အရောင်လှစေရန် ထုံးကြတ်ရေဖြင့် စိမ်ထားရကြောင်း၊ ထုံးရေစိမ်ပြီး အာလူးများအားရေစင်အောင်စစ်ပြီး ဆီအိုးဖြင့် ကြော်ရကြောင်း၊ အားလူး(၁)ပိဿာကြော်လျှင် (၃၅)ကျပ်သား ထွက်ရှိကြောင်း၊ ရောင်းတန်းအထုတ်(၂၀)ခန့် ထွက်ရှိပြီး (၁)ထုတ်လျှင်ဖောက်သည် ဈေး(၅၀ဝိ/-) ခန့်ရရှိကြောင်း သိရှိပါသည်။ အာလူး(၁) ပိဿာကြော်ရန် စားအုန်းဆီ(၄၅-၅၀)ကျပ်သားခန့် ထည့်ရပါကြောင်း၊ စားအုန်းဆီ(၁)ပိဿာလျှင် (၉၀၀ဝိ/-)ပေါက်ဈေးရှိပြီး အာလူး(၁၀)ပိဿာကို ဆီ(၅)ပိဿာခန့် ကုန်ပါကြောင်း၊ ယခုအခါ အရောင်းအဝယ်နည်းပါးသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်နေရပါကြောင်း၊ မန်းရွှေစက်တော် ဘုရားပွဲတော်အချိန်တွင် လှိုင်လှိုင်ရောင်းချရပြီး လုပ်သားငှားရမ်းရသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါကြောင်း၊ အားလူး(၁) ပိဿာလျှင်(၂၃၀ဝိ/-)ဖြင့်အားလူး(၁၀) ပိဿာအတွက်(၂၃၀၀ဝိ/-)၊ ဆီ(၅)ပိဿာဖိုး (၄၅၀၀ဝိ/-)၊  ထင်းမီးနှင့်လုပ်အားခအပါ စုစုပေါင်း ကုန်ကျငွေ (၇၅၀၀ဝိ/- မှ ၈၀၀၀ဝိ/-) ကုန်ကြပြီး အာလူး(၁၀) ပိဿာလျှင် ရောင်းတန်းအထုပ် (၂၀၀)ခန့်ထွက်ရှိပြီး (၁)ထုပ်လျှင်(၅၀ဝိ/-)နှုန်းဖြင့် ဖောက်သည်ပေးသွင်းသဖြင့် အထုပ်(၂၀၀) အတွက် တန်းဖိုးငွေ (၁၀၀၀၀ဝိ/-)ရရှိပါကြောင်း၊ အသားတင်အမြတ်ငွေ (၂၀၀၀ဝိ/-)အမြတ်ရရှိပြီး ဆီဈေးနှုန်းကျဆင်းပြီး ဈေးကွက်အတွင်း လုံလောက်စွာ ဝယ်ယူရရှိပါက အာလူးကြော်ထုပ်များတွင် အလေးချိန်ပိုတိုးထည့်နိုင်မည်ဖြစ်ပြီး ယခုထက်ပို၍ တွက်ချေကိုက်ပြီး လုပ်ငန်းလည်းပိုမို အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ အာလူးဈေးကွက်အခြေအနေ

         ကွေးမြို့သို့ အထက်အညာဒေသဖြစ်သည့် ဆင်ဖြူကျွန်းမြို့နှင့်ရှမ်းပြည်နယ် အောင်ပန်းမြို့များမှ အာလူးများ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ တစ်ပတ်လျှင် အာလူးပိဿာချိန်(၁၀၀၀၀)ခန့်ဝင်ရောက်လျက်ရှိပြီး မကွေးမြို့နယ်အတွင်းရှိ ကျေးရွာဒေသများနှင့်မင်းဘူးဈေးကွက်သို့ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ အိမ်သုံးစားသုံးမှုများအပြင် အာလူးကြော်လုပ်ငန်းများသို့လည်း ရောင်းချလျက်ရှိပါသည်။

        အာလူးအရွယ်အစားအလိုက် ဈေးနှုန်းများမှာ အနည်းကွာဟမှုရှိပြီး အာလူးအသေး(၁)ပိဿာလျှင် (၁၃၀ဝိ/- မှ ၁၅၀ဝိ/-)အတွင်း၊ အာလူးအလတ်(၁)ပိဿာလျှင်(၂၁၀ဝိ/- မှ ၂၃၀ဝိ/-)အတွင်း၊ အာလူးအကြီး (၁)ပိဿာလျှင်(၂၃၀ဝိ/- မှ ၂၅၀ဝိ/-)အတွင်း အသီးသီးရောင်းချလျက်ရှိပြီး ဈေးနှုန်းများအပြောင်းအလဲရှိကြောင်း၊ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်မှာ ယခင်လထက်ပိုရောင်းရကြောင်း၊ မကွေးမြို့ သီးနှံစုံရောင်းချသည့်ပွဲရုံများထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA (မကွေး)

ဈေးကောင်းရနေသော ပုတီးကုန်းမြို့မှ ပန်းဂေါ်ဖီနှင့် ပြည်မြို့ရဲ့ တောင်ပို့မှို

     ပန်းဂေါ်ဖီမှာ ပန်းဂေါ်ဖီ(အဖြူ)နှင့် ပန်းဂေါ်ဖီ (အစိမ်း) ဟူ၍ နှစ်မျိုးရှိပါသည်။ ယခုအခါတွင် ပြည်မြို့ရှိဈေးများတွင် ပုတီးကုန်းမြို့နယ်မှ စိုက်ပျိုးတင်သွင်းရောင်းချသည့် ပန်းဂေါ်ဖီ အဖြူများမှာ ဈေးကောင်းရပြီး အရောင်းအဝယ်လည်း အသင့်အတင့်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ ဈေးများမှာ အကြီး တစ်ထုတ်လျှင် ၇၀၀-၁၀၀၀ကျပ် အထိရှိပြီး၊ ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင် ၃၀၀-၅၀၀ကျပ်ထိရှိပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုလို မိုးတွင်းကာလတွင် ရာသီပေါ်လည်းဖြစ်သော သဘာဝမှိုကို စားသုံးသူများက ဝယ်ယူ စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့ရှိ အနီးအနားကျေးရွာများမှ လာရောက် ရောင်းချသည့်မှိုများမှာ စိုက်ပျိုးသည့် တောင်ပို့မှိုများမဟုတ်ဘဲ အလေ့ကျသဘာဝအလျှောက်ပေါက်ရောက်သည့် တောင်ပို့မှို များဖြစ်ပြီး ဈေးကောင်းရ၍  အရောင်းအဝယ်လည်းဖြစ်ကြောင်း သိရှိရပါသည်။ ရာသီစာလည်းဖြစ် တစ်နှစ်မှ တစ်ခါသာ သဘာဝအလျောက်ပေါက်သည့် မှိုဖြစ်ပြီး စားသုံးသူများအနေနဲ့ အန္တရာယ်ကင်းစွာ စားသုံးနိုင်သည့် မှိုတစ်မျိုးဖြစ်ပါသည်။ တောင်ပို့မှို တစ်စီးလျှင် (လက်မှန်းစီး) ကျပ် ၁၀၀၀၊ တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကတွတ်သီး ကတွတ်ယိုသမားများဖြင့် အရောင်းအဝယ်ဖြစ်

            ပြည်ဒေသတွင် ယခုလို မိုးတွင်းကာလဖြစ်သော ဩဂုတ်လတွင် ကတွတ်သီးများစတင်၍ ဈေးကွက်သို့ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကတွတ်သီးများကို ပြည်မြို့နယ်အတွင်းရှိ ပျဉ်းပင်ကိုင်းနှင့် သဇင်လှဘက် ကတွတ်ပင်မှ ကတွတ်သီးများ ထွက်ပေါ် လာသဖြင့် ပြည်မြို့ရှိ ဈေးများသို့လာရောက်ရောင်းချလျှက်ရှိပြီး ကတွတ်ယိုရောင်းချသူများနှင့် အိမ်တွင် သရေစာအဖြစ် ကတွတ်ယိုထိုး၍စားသုံးရန်အတွက် ဝယ်ယူသူများရှိပါသည်။ ဝင်သလောက် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ကတွတ်သီးဈေးများမှာ ပေါ်ခါစတွင် အလုံး(၁၀၀)လျှင် ၁၀၀၀ကျပ်ခန့်ရှိပြီး ကတွတ်သီးအထွက်လှိုင်လာချိန်တွင် အလုံး(၁၀၀)လျှင် ၅၀၀ကျပ်သာ ရောင်းချကြပါသည်။ ကတွတ်သီးကို ကတွတ်ယိုအဖြစ် ပြုလုပ်ရောင်းချသော လုပ်ငန်းရှင်များမှာလည်း ယခုအချိန် အဝယ်လိုက်နေကြောင်း သိရှိရပါသည်။ ပြည်လက်ဆောင်အဖြစ် ကတွတ်ယို တစ်ဗူးလျှင် ၁၅၀၀ကျပ် ဈေးရှိပြီး ယခုအချိန်တွင် အရောင်းသွက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း