Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ပလောင်’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တစ်ပိုင်တစ်နိုင်အိမ်တွင်းစီးပွားဖြစ် “တို့ဖူးချဉ်(ဆီတို့ဖူး)”

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ပလောင်’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ဒေသ စားသုံးရန်အတွက် “တို့ဖူးချဉ်(ဆီတို့ဖူး)”ကို ပဲပုတ်စေ့အကြီးဖြင့် ပြုလုပ်ထားပြီး တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ “တို့ဖူးချဉ်(ဆီတို့ဖူး)”ကို ယခင်က အိမ်တွင်း စားသုံးရန်အတွက်သာ လုပ်ကိုင်ခဲ့ပြီး ၂၀၀၁ခုနှစ်မှစတင်၍ ဒေသတွင်း စားသုံးရန် ပမာဏအနည်း ငယ်သာ ထုတ်လုပ်ရောင်းချခဲ့သော်လည်း ယခုအခါတွင်တစ်နှစ်လျှင် ခန့်မှန်းချေ ပိဿာချိန် ၂၆၅၀ ပိဿာခန့်ထိ ပြုလုပ်ရောင်းချနိုင်ခဲ့ပါကြောင်း “တို့ဖူးချဉ် (ဆီတို့ဖူး)” လုပ်ငန်းပိုင်ရှင်၏ ပြောပြချက် အရ သိရှိရပါသည်။ “တို့ဖူးချဉ်(ဆီတို့ဖူး)” (၃၀၀)ဂရမ် တစ်ဘူးကိုယခင်က ၁၀၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်ဟူ၍ နှစ်မျိုးရောင်းချခဲ့သော်လည်း ယခုအခါ “တို့ဖူးချဉ်(ဆီတို့ဖူး)” ပြုလုပ်ရန် ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများမှာ ဈေးနှုန်းမြှင့်တက်လာသောကြောင့် ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ် ဟူ၍ တိုးမြှင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ကျောက်မဲ၊ လားရှိုး၊ မူဆယ်မြို့များသို့ အဓိကတင်ပို့ရောင်းချပြီး၊ အခြားမြို့နယ်အနှံ့အပြားကိုလည်း ကိုယ်စားလှယ်များမှ တစ်ဆင့် ဖြန့်ဖြူး ရောင်းချကြောင်း သိရှိရပါသည်။ “တို့ဖူးချဉ်(ဆီတို့ဖူး)”လုပ်ငန်းသည် မိသားစုပုံမှန် ဝင်ငွေရရှိပြီး တစ်ပိုင် တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် အဆင်ပြေလျက်ရှိသောကြောင့် ပြည်တွင်းကုန်သွယ်မှုလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ 

DOCA(ရှမ်း)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့အတွင်းမြင့်တက်လာသောဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့တွင် ဩဂုတ်လ စတုတ္ထပတ်အတွင်း ဓါတ်မြေဩဇာဈေးနှုန်း မြင့်တက်လျက်ရှိပြီး လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ(၅၀)ကီလိုဂရမ်တစ်အိတ်လျှင် (၁၂၆၀၀၀)ကျပ်၊ အာမိုပုလဲ(ဓါတ်စာ)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ CP(၄၆:၀:၀) (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဩဘာ(၁၀:၁၀:၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်ဖြင့် အသီးသီးမြှင့်တက်နေပြီး ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ငှက်ကြီးတောင်(၁၀၀)စီစီ (၁)ဘူးလျှင် (၁၄၀၀၀)ကျပ်၊ အလန်း(၁၅) WP(၁၀၀)ဂရမ်  (၁)ဘူးလျှင် (၁၃၀၀၀) ကျပ်၊ ဖိုး(စ်)တင်းအီးစီ(၁၀၀)စီစီ (၁)ဘူးလျှင် (၅၀၀၀)ကျပ်၊ ကပ္ပတိန်(၁၀၀)ဂရမ် (၁)ဘူးလျှင် (၉၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

       ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း စိုက်ပျိုးရာသီဖြစ်သောကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့တွင်း ဘိလပ်မြေများဈေးတက်

        လားရှိုးမြို့ရှိဈေးကွက်များတွင် ဩဂုတ်လတတိယအပတ်မှစ၍ ဘိလပ်မြေဈေးနှုန်းများ သိသိသာသာတက်လာကြောင်းသိရှိရပါသည်။ မိုးတွင်းကာလဖြစ်သော်လည်း လားရှိုးမြို့ပေါ်နှင့် အနီးတစ်ဝိုက်မြို့နယ်များတွင် Construction လုပ်ငန်းများအနည်းနှင့် အများအလုပ်ဖြစ်လျှက် ရှိပါသည်။ သို့ရာတွင် ယခင်က Crown(၅.၂၅)တစ်အိတ်လျှင် (၇၀၀၀)ကျပ်ခန့်ရှိပြီး AAA (၄.၂၅) တစ်အိတ်လျှင်(၈၀၀၀)ကျပ်ခန့် ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် Crown(၅.၂၅) တစ်အိတ်လျှင် (၁၁၀၀၀)ကျပ်နှင့် AAA (၄.၂၅)တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ထိမြင့်တက်လျှက် ရှိကြောင်းသိရပါသည်။ စက်ရုံမှဝယ်ယူဈေးမှာ Crown(၅.၂၅) တစ်အိတ်ကို ၇၅၅၀ကျပ် (ကားခ-၆၀၀ပါပြီး)ရှိပြီး လားရှိုးမြို့ရှိဆိုင်များအနေဖြင့် ဘိလပ်မြေ(စက်ရုံ) ဝယ်ဈေးပြောင်းလည်း မှုမရှိသော်လည်း သယ်ယူပို့ဆောင်ခနှုန်းထားများမြင့်တက်နေမှု့ကြောင့် ဘိလပ်မြေဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးရှမ်းဆန်များဈေးတက်

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒေသခံအများစု အဓိကထားစားသုံးလျက်ရှိ သောဒေသထွက်ရှမ်းဆန်များသည် ယခင်နေ့များထက် ဈေးနှုန်းများမြင့်တက်လာကြောင်း သိရှိရ ပါသည်။ ယခင်နေ့များတွင် ရှမ်းဆန်(၄၅၆)အမျိုးစား တစ်အိတ်လျှင် ၄၈၀၀ဝိ/-ကျပ်၊ (၈၈၁) အမျိုးအစား တစ်အိတ်လျှင် ၄၄၀၀ဝိ/-ကျပ်နှင့် (၅၀၂)အမျိုးအစား တစ်အိတ်လျှင် ၃၉၀၀ဝိ/-ကျပ်ဖြင့်ရောင်းချကြပြီး ယခုစက်တင်ဘာလပထမအပတ်တွင် ရှမ်းဆန်(၄၅၆)အမျိုးစား တစ်အိတ်လျှင် ၈၅၀၀ဝိ/-ကျပ်၊ (၈၈၁)အမျိုးအစား တစ်အိတ်လျှင် ၆၅၀၀ဝိ/-ကျပ်နှင့် (၅၀၂)အမျိုးအစား တစ်အိတ်လျှင် ၅၈၀၀ဝိ/-ကျပ်အထိမြင့်တက်လာကြောင်းသိရှိရပါသည်။ ယခင်နေ့များမှာ မိုးများသည်းထန်စွာ ရွာသွန်းမှုများကြောင့် စပါးခင်းလယ်ကွင်းများထဲတွင် ရေဝင်ရေလျှံမှုများဖြစ်ပေါ်လာ၍ စပါးခင်းအချို့မှာ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၈၅၀၀၀)ကျပ်၊ ကျွဲနက်၁၅း၁၅း၁၅ တစ်အိတ် (၁၅၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၅၅၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ် (၆၅၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ရှိခဲ့ ပြီး၊ ပိုးသတ် ဆေးအမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ် ၊ တင်းရှန့် (Aventine) တစ်ဗူး (၅၅၀၀)ကျပ် ၊ မိုရယ်မုန် (သြဘာ) တစ်ဗူး (၂၀၀၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး (၁၈၀၀၀)၊ ရွှေတောနစ် (မြင်းကြား) တစ်ဗူး (၁၀၅၀၀) ကျပ်၊ ဖို့စတင်း (သြဘာ) တစ်ဗူး (၂၁၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

        ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်)) တစ်အိတ် (၁၀၁၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၉၀၀၀၀)ကျပ်၊ ကျွဲနက် ၁၅း၁၅း၁၅ တစ်အိတ် (၁၅၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ်(၁၇၀၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) တစ်အိတ် (၁၇၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ်(၁၃၀၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) တစ်အိတ် (၇၀၀၀၀)ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ပိုးသတ်ဆေး အမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၆၀၀၀)ကျပ် ၊ တင်းရှန့် (Aventine) တစ်ဗူး (၅၈၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ) တစ်ဗူး (၂၂၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး(၁၈၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) တစ်ဗူး (၁၂၀၀၀) ကျပ်၊ ဖို့စတင်း(သြဘာ) တစ်ဗူး (၂၁၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၂-၂၀၂၃ ခုနှစ် ကြံတစ်တန် ကြိုပွိုင့် ရှစ်သောင်းကျပ်ထိ ဈေးရရှိ

      ကသာခရိုင်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များ၌ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ကြံစိုက်ပျိုးသူများ များပြားပြီး ၂၀၂၁-၂၀၂၂ ခုနှစ် ကြံစိုက်ဧကမှာ (၁၂၆၈၅၀)ဧက ရှိပါသည်။ ထီးချိုင့်မြို့နယ်တွင် သကြားစက်(၃)စက်ရှိပြီး ကြံကုန်ကြမ်း တန်ချိန် ၇ သိန်းနီးပါ ကြိတ်ခွဲနိုင်ခဲ့သည့်အတွက် သကြားတန်ချိန် ၇ သောင်းကျော်ထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရသည်။

     ထီးချိုင့်မြို့နယ်၊ မြတောင်သားကျေးရွာရှိ မြတောင်သားသကြားစက်လုပ်ငန်းရှင်မှ ထီးချိုင့်မြို့ နယ်တွင် ဂရိတ်ဝေါဝေမာသကြားစက်၊ မြတောင်သားသကြားစက်နှင့် UTP သကြားစက် စုစုပေါင်း (၃) စက်ရှိကြောင်း၊ ဂရိတ်ဝေါဝေမာသကြားစက်မှာ ကြံတစ်ရာသီကို တန်ချိန် ၆ သိန်းနီးပါးထိ ကြိတ်ခွဲနိုင် သည့်စက်ကြီးဖြစ်ပြီး မြတောင်းသားနှင့်UTPသကြားစက်မှာ ကြံတစ်ရာသီလျင် ကြံတန်ချိန် သုံးသောင်း မှ လေးသောင်းနီးပါးထိသာ ကြိတ်နိုင်ပါကြောင်း၊ သကြားအထွက်နှုန်းအနေဖြင့် ကုန်ကြမ်းကြံ(၁၀)တန် ကြိတ်ပါက သကြားကုန်ချော(၁)တန် (၆၁၂)ပိဿာထွက်ရှိပြီး ထွက်ရှိလာသော သကြားကုန်ချောများ ကို မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ ယခင် ၂၀၂၁-၂၀၂၂ ခုနှစ် ကြံရာသီတွင် ကြံတစ်တန် ၆၄၀၀၀ ကျပ်နှင့် ရာသီပိတ်ခဲ့ပြီး သကြားဈေးမှာ မန္တလေးပေါက်ဈေး တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိကြောင်း၊ ယခုနှစ်တွင် သကြားဈေးတက်လာသည့်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြံတစ်တန် ၈၀၀၀၀ ကျပ်ထိ ကြိုပွိုင့်ပေးနေကြပြီး မိမိသည်လည်း ကြံတန်ချိန်တစ်သောင်းကျော်အား တစ်တန် ၈၀၀၀၀ ကျပ်ဖြင့် တောင်သူများသို့ ကြိုပွိုင့်ပေးထားကြောင်း၊ ယခုအချိန်တွင် ကြံရာသီမဟုတ်သည့်အတွက် စက်ရုံပိတ်ထားရပြီး အခက်အခဲအနေဖြင့် နယ်မြေမအေးချမ်းသည့်အတွက် ကြံရာသီပေါ်ချိန် တွင် စက်ရုံမလည်ပတ်နိုင်မည်ကိုစိုးရိမ်ကြောင်း မြတောင်သားသကြားစက်လုပ်ငန်းရှင် ဦးတင်ဝင်းထွန်း ၏ ဆွေးနွေးပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တမူးမြို့နယ်စပ်စခန်း၏ ကုန်သွယ်မှုအခြေအနေများ

ရက်စွဲ၊ ၅.၉.၂၀၂၂

     စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ( ၈/၂၀၂၂ ) လအတွင်း တမူးကုန်သွယ်ရေးစခန်းမှ သွင်းကုန်လုပ်ငန်းသုံးပစ္စည်းတန်ချိန်( ၃၄၉၅.၀၀၀ ) တန်၊ အမေရိကန်ဒေါ်လာ သန်း( ၀.၉၉၂ ) သန်း၊ ဆံပင်တန်ချိန် ( ၂.၀၀၀ ) တန်၊ အမေရိကန်ဒေါ်လာသန်း ( ၀.၀၀၉ ) ၊ ဓာတ်မြေသြဇာတန်ချိန် ( ၃၄၉၃ ) တန်၊ အမေရိကန်ဒေါ်လာသန်း ( ၀.၉၈၃ )သန်း၊ စုစုပေါင်းသွင်းကုန်တန်ချိန် ( ၃၄၉၅.၀၀၀ ) တန်၊ အမေရိကန် ဒေါ်လာသန်း ( ၀.၉၉၂ ) သန်း တင်သွင်းခဲ့ပြီး၊ ပို့ကုန် တမူးကုန်သွယ်ရေးစခန်းမှ  ကွမ်းသီးတန်ချိန် ( ၂၅.၆၀၀ ) သန်း၊ အမေရိကန်ဒေါ်လာသန်း ( ၀.၀၂၂ )သန်း၊ စီးကရက်အမျိုးမျိုး ( ၅၂.၈၀၀ ) တန်၊ အမေရိကန်ဒေါ်လာသန်း ( ၀.၁၁၅ ) သန်း၊ နန်းဖာလုံကုန်စုံ အမေရိကန်ဒေါ်လာသန်း ( ၀.၂၃၅ ) သန်း၊ စုစုပေါင်း ကုန်ပစ္စည်းတန်ချိန် ( ၇၈.၄၀၀ ) တန် နှင့် အမေရိကန်ဒေါ်လာသန်း ( ၀.၃၇၂ ) သန်း တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ်ပါက သွင်းကုန်အမေရိကန် ဒေါ်လာသန်း( ၀.၉၉၂ ) သန်းရှိပြီး၊ ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( ၀.၃၇၂ ) သန်းရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၇၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် စက်တင်ဘာလ ၁၁

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့် ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ် ပိဿာလျှင် ၄၇၃၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

    ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

လွိုင်ကော်ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော  ကြက်သွန်( ဖြူ ) ဈေးနှုန်းများ

    စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  ပြည်နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊  ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါ၍ ပြည်နယ်အတွင်း စားသုံးရန်အတွက် ကြက်သွန်(ဖြူ)ကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချလျက်ရှိကြောင်း ၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ စက်တင်ဘာလပထမပတ်တွင် ကြက်သွန်(ဖြူ) ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ဩဂုတ်လ ပထမပတ်တွင် ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ၊ ဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၄၅၀၀)၊ ဖြင့်ရောင်းချလျှက်ရှိကြောင်း၊  ယခု စက်တင်ဘာလ  ပထမပတ်နှင့်  ဩဂုတ်လ ပထမပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် (၁၀၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀)ကျပ် ဈေးနှုန်း မြင့်တက်လျှက်ရှိကြောင်း လွိုင်ကော်မြို့ သီရိ မင်္ဂလာဈေးတွင် ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါတယ်။

DOCA(ကယား)

ဈေးကွက်အတွင်း၌ ကြက်သွန်နီဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

     ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာ၊ မန္တလေး၊ မြစ်သားတို့မှ အများဆုံး တင်သွင်းရပြီး ယခုလက်ရှိ စက်တင်ဘာလပိုင်းအစမှာ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းသည် ယခင်လ ဈေးနှုန်းထက် ဆက်လက်မြင့်တက်လာ ကြောင်း၊ ဩဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုစက်တင်ဘာလ ပထမပတ်တွင် အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀) ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ အလုံးသေး တစ်ပိ ဿာလျှင်(၃၀၀၀)ကျပ် ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီ အလုံးကြီး တစ် ပိဿာ (၅၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာ (၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာ လျှင် (၅၀၀)ကျပ်ခန့် ဈေးနှုန်းဆက်လက်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာ၍ သယ်ယူစရိတ်များမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးရှိ ကြက်သွန်နီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း