Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကသာမြို့ ကြက်သွန်နီဈေးနှုန်း မြှင့်တက်လျက်ရှိ

          ကသာခရိုင်အတွင်းသို့ မန္တလေး၊ မုံရွာ၊ ခင်ဦး၊ ရေဦးဘက်များမှ ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၁၀၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ်(၅၀)ခန့် ဝင်ရောက်ကြောင်း သိရသည်။

          လက်ရှိ ကသာမြို့အတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ (၂၆၀၀၊ ၂၅၀၀၊ ၂၂၀၀)ကျပ်ခန့်ရှိပြီး လက်လီ တစ်ပိဿာလျှင် အကြီး (၂၈၀၀) ကျပ် ၊ အလတ်( ၂၇၀၀)နှင့် အသေး (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကာ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းမှာ ကျပ်(၃၀၀)ခန့် မြှင့်တက်သွားကြောင်း  သိရှိရသည်။

DOCA(စစ်ကိုင်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၁၉)ရက်နေ့မှ ဩဂုတ်လ(၂၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၄၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၃၅၀၀ မှ ၄၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၀၄၀၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၂၄၅၅)ကျော်၊ ဗူးသီးအလုံး ပေါင်း (၈၀၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၀၄၅၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၀၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၀၇၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၁၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၅၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၁၆) ရက်နေ့မှ ဩဂုတ် လ (၂၂) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သဲတော၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၅၀၀ မှ ၁၃၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီး၊ မှ မာလကာသီး(ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံးသေး ၂၀၀ မှ ၁၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး ကျပ် ၄၀၀ မှ ၃၀၀၊ တိုက်ကြီး မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၂၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၈၀၀ မှ ၁၅၀၀၊ အလုံးသေး ကျပ် ၁၂၀၀ မှ ၁၀၀၀၊ ၈၀၀ မှ ၅၀၀၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး(အနီ) အလုံးကြီးတစ်ဖာ အလုံး ၁၈ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် တစ်ဖာ ၂၄ လုံးပါကျပ် ၇၀၀၀ ၊ အလုံးသေးတစ်ဖာ ၃၀ လုံးပါကျပ် ၄၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၅ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံး လတ် သေတ္တာ အလုံး ၇၅ ပါကျပ် ၁၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၅ ပါကျပ် ၈၀၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး(အဖြူ) အလုံးကြီးတစ်ဖာ အလုံး ၁၈ လုံးပါ ကျပ် ၆၀၀၀၊ အလုံးလတ် တစ်ဖာ ၂၄ လုံး ပါကျပ် ၂၅၀၀ ၊ အလုံး သေးတစ်ဖာ ၃၀ လုံးပါကျပ် ၃၀၀၀၊ ပုပ္ပါး မှ ဩဇာသီး အလုံးကြီး သေတ္တာ အလုံး ၁၂ လုံးပါ ကျပ် ၆၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၂၅ ပါကျပ် ၃၀၀၀၊ ပြည် မှ ဩဇာသီး အလုံးကြီး သေတ္တာ အလုံး ၄၅ လုံးပါ ကျပ် ၂၀၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၀ ပါကျပ် ၁၀၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၅၅ လုံးပါ ကျပ် ၂၂၀၀၀၊ အလုံး လတ် သေတ္တာ အလုံး ၇၅ ပါကျပ် ၁၈၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၅ လုံးပါကျပ် ၁၅၀၀၀ ဈေး တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့် စားအုန်းဆီရောင်းချပေးလျက်ရှိ

          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများထံသို့ အဓိကစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ပြည်သူများထံသို့ သက်သာသော နှုန်းထားဖြင့် ဆန်နှင့်ဆီ ရောင်းချပေးခြင်းကို (၂၂.၈.၂၀၂၂)ရက်နေ့ မှစတင်၍ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ Good Rice  Good Price အစီအစဉ် ဖြင့် သန့်စင်ပြီးရက်(၉၀)ဆန်ဖြူ (10Kg)(၅)ပြည် တစ်အိတ်လျှင်၈၀၀၀/-ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဧရာဝတီပေါ်ဆန်း(10 Kg) (၅)ပြည်တစ်အိတ် လျှင် ၁၂၈၀၀/- ကျပ်နှုန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၏ အစီအစဉ်ဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်နှုန်းဖြင့်လည်းကောင်း စားသုံးသူ ရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံး၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ အမှတ်(၂၇)၊ လှိုင်မြစ်လမ်း၊ ကွက်သစ် ရပ်ကွက်(ပေါက်တော)၊ အင်းစိန်မြို့နယ် ရှိနေရာများတွင် ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဝါးတန်းကုန်စည်ဒိုင်အတွင်း ဆန်ရောင်းချပေးနေ

        မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်)တို့မှ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) အတွင်းတွင် (၃.၈.၂၀၂၂) ရက်နေ့မှ စတင်၍ ရွှေဘိုပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၇၅၀၀၀/- မှ ၇၇၀၀၀/- ၊ ကြားပျံ(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၅၀၀၀/- မှ ၆၀၀၀/- ၊ ဧရာဝတီ ပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၂၀၀၀/- မှ ၅၅၀၀၀/- ၊ ရက်-၉၀ (ရှယ်) (၁၀၈)ပေါင် တစ်အိတ် လျှင် ၃၅၀၀၀/- မှ ၃၇၀၀၀/- တို့ဖြင့် ရောင်းချပေးလျက်ရှိရာ ၂၄.၈.၂၀၂၂ ရက်နေ့ထိ ရွှေဘိုပေါ်ဆန်း(ရှယ်) အိတ်ရေ (၂၂၆၄)အိတ်၊ ကြားပျံ (ရှယ်) အိတ်ရေ (၁၅၈၈)၊ ဧရာဝတီပေါ်ဆန်း (ရှယ်) အိတ်ရေ (၁၅၀၆)၊ ရက် ၉၀ (ရှယ်) အိတ်ရေ (၁၈၈၉)အိတ်၊ ဆန်အမျိုးအစားအလိုက် အိတ်ရေ စုစုပေါင်း (၇၂၄၇)ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

နေကြာ ဆီဈေးနှုန်းမြှင့်တက်လျက်ရှိ

           ကယားပြည်နယ်တွင်  အခြားဆီထွက်သီးနှံများအပြင် နေကြာသီးနှံကိုလည်း အဓိ ကစိုက်ပျိုးလျက်ရှိပြီး နေကြာသီးနှံကို လွိုင်ကော်ခရိုင်နှင့်ဘောလခဲခရိုင်နှစ်ခု လုံးစိုက်ပျိုး ကြပါသည်။ ယခုလက်ရှိ ယခုဩဂုတ်လအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်နေသော နေကြာ ဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇူလိုင်လအတွင်း နေကြာဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် ဈေး သာရှိခဲ့ပြီ ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် နေကြာဆီတစ်ပိဿာလျှင် (၃၅၀၀) ကျပ် ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေနှုန်းမြှင့်တက်လာရခြင်းမှာ နေကြာအသစ်မထွက် သေးသဖြင့်၊ ကုန်လက်ကျန်နည်းပါးလာခြင်းကြောင့်ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင် တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

ဒေသထွက်နှမ်းနှင့် နှမ်းဆီဈေးနှုန်း အနည်းငယ်မြှင့်တက်လျက်ရှိ

         ကယားပြည်နယ်သည် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို မိုး/ဆောင်း (စိုက်ပျိုးကြပြီး လွိုင်ကော်ခရိုင်တွင် ရှားတော၊ ဒီးမော့ဆိုမြို့နယ်များ နှင့် ဘောလခရိုင်တွင် ဘောလခဲ၊ ရွာသစ်၊ ဖားဆောင်းမြို့နယ်များတွင်အဓိကစိုက်ပျိုးကြပါသည်။နှမ်းကိုပြည်နယ်တွင်းဆီကြိတ်ခွဲ၍ စားသုံးကြ သည့်အပြင် မန္တလေးသို့လည်း တင်ပို့လျက်ရှိပါသည်။ ၂၀၂၀ -၂၀၂၁ ခုနှစ် မိုး/ဆောင်းနှမ်းစိုက်ဧက (၂၅၇၁၁) ဧက၊ ရိတ်ဧက(၂၅၇၀၀)၊ အထွက်နှုန်း(၂၅၅၄၀၀)တင်း ထွက်ရှိခဲ့ပြီး   ယခု ဩဂုတ်လ အတွင်း မိုးနှမ်းစတင်ပေါ်၍ ဈေးကွက်အတွင်း နှမ်းတစ်ပိဿာလျှင်  (၄၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ လျှင် (၁၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ဇူလိုင်လတွင် နှမ်းတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်သာရှိခဲ့ပြီး ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် နှမ်းတစ်ပိဿာလျှင်  (၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ လျှင် (၂၀၀၀)ကျပ်ခန့်ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်း၊ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာရခြင်းမှာ သွင်းအားစုနှင့် လုပ်သားစရိတ်မြင့်မားလာခြင်းကြောင့် ဖြစ်သည် ဟုထေးသမဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၂ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၅၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

        ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၀၀ကျပ်၊ (သေး) တစ်လုံး ၁၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၂၅၀)ကျပ်၊ (သေး)တစ်လုံး (၂၂၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၅၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

         စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၉၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာဈေးနှုန်းများမြင့်တက်

        ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍  ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ သိရှိရပါသည်။

          ဓါတ်မြေဩဇာဈေးနှုန်းများအနေဖြင့် ဩဂုတ်လ လဆန်းပိုင်းတွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၆၅၀၀၀ကျပ်၊ အာမို၊ ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ ပန်းဖူး (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်အေးနေခဲ့ပြီး၊ ဩဂုတ်လ စတုတ္ထပတ်တွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ အာမို၊ ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင်၁၁၅၀၀၀ကျပ်၊ ပန်းဖူး (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ဩဂုတ်လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေသော်လည်း စိုက်ပျိုးချိန်ကာလဖြစ်သဖြင့် အရောင်းအဝယ်များ ပုံမှန်ထက် ကောင်းမွန်နေကြောင်း သိရပါသည်။  

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်တွင် စားအုန်းဆီသုံးစွဲသည့် ဆိုင်များသို့ကွင်းဆင်းခြင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ( ၂၄ ) ရက် နံနက်ပိုင်းတွင် ကလေးမြို့ပေါ်ရှိ စားအုန်းဆီသုံးစွဲသည့် ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

      ကွင်းဆင်းဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဆိုင်ရှင်များအနေဖြင့် မိမိတို့ရောင်းချသော ကုန်ပစ္စည်းများအပေါ်တွင် စားအုန်းဆီသုံးစွဲမှုအခြေအနေများနှင့် ပတ်သက်၍ ကုမ္ပဏီ/ လုပ်ငန်း အမည်၊ လုပ်ငန်းရှင်အမည်နှင့်မှတ်ပုံတင်အမှတ်၊ လုပ်ငန်းတည်နေရာများ ဆက်သွယ်ရန်လိပ်စာ/ ဖုန်းနံပါတ်၊ ယခင်ဝန်ထမ်းအလုပ်သမားခန့်ထားမှုအင်အား၊ ယခုဝန်ထမ်း အလုပ်သမားခန့်ထားမှုအင်အား၊ ဝန်ထမ်း အလုပ်သမား၏အနိမ့်/ အမြင့်ဆုံးလစာ၊ ယခင်တစ်ရက် ပျမ်းမျှစားအုန်းဆီသုံးစွဲခဲ့သည့်ပမာဏနှင့် တစ်ရက်ပျမ်းမျှကုန်ထုတ်လုပ်နိုင်မှုအခြေအနေ၊ လက်ရှိ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို မေးမြန်းခဲ့ပါသည်။ 

      ယခုကာလတွင် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများ ဝယ်ယူအသုံးပြုရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်ပေး၍ ဝယ်ယူအသုံးပြုရပါကြောင်း၊ ယခင်နှစ်ကာလများက စားအုန်းဆီ ( ၁၀ ) ပိဿာဝင်တစ်ပုံး ( ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်) ဝန်းကျင်သာ ဝယ်ယူအသုံးပြုရပါကြောင်း၊ ဈေးနှုန်းများ ဝယ်ယူအသုံးပြုရာတွင် လက်ရှိပေါက်ဈေးနှုန်းမှာ ယခင်ပေါက်ဈေးနှုန်းထက် (၅) ဆခန့်ကြီးမြင့်၍ ဝယ်ယူ အသုံးပြုရပါကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း