Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဟုမ္မလင်းမြို့နယ်မှ တစ်နိုင်တစ်ပိုင် ဇီးဖျော်ရည်လုပ်ငန်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (ဒု-ကြီးကြပ်ရေးမှူး) သည် (၃.၈.၂၀၂၂)ရက်နေ့တွင် ဇီးဖျော်ရည်အစုအဖွဲ့မှ လုပ်ငန်းရှင်ဦးမိုးလှိုင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုလအတွင်း ရာသီဥတု ပူပြင်းလာသည့်အတွက် တစ်ရက်လျှင် ဇီးဖျော်ရည် ရေသန့်ဗူး ( ၅၀ ) ခန့် ရောင်းချရကြောင်း ၊ယခင်ကာလများက တစ်ဗူးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါတွင် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်မားနေသည့်အတွက် တစ်ဗူးလျှင် (၃၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။ ဟုမ္မလင်းမြို့ပေါ်တွင် ဇီးဖျော်ရည်ရောင်းချသည့် ဆိုင်အရေ အတွက် (၃) ဆိုင်ခန့်ရှိပါသည်။ နွေရာသီကာလတွင် အရောင်းသွက်ပြီး ကျန်ကာလများ တွင် အနည်းငယ်သာ ရောင်းချရပြီး ဆောင်းရာသီတွင် တစ်ရက် ( ၁၀ ) ဗူးခန့်သာရောင်းချရ ကြောင်း၊ ကုန်ကြမ်းပစ္စည်း များဖြစ်သည့် ဇီးသီးမှုန့်နှင့် သကြားများကို မုံရွာမြို့မှ မှာယူတင်သွင်းရကြောင်း၊ သကြားတစ်ပိဿာ လျှင် ( ၂၂၀၀ ) ကျပ်၊ ဇီးသီးမှုန့် တစ်ပြည်လျှင် ( ၅၀၀၀ ) ကျပ်၊ ဈေးနှုန်းဖြင့် ဝယ်ယူ၍ ဇီးဖျော်ရည်များ ပြုလုပ်ရောင်းချလျှက်ရှိကြောင်း၊  မိမိတို့ပြုလုပ်သည့် ဇီးဖျော်ရည်ကို နီနီမြင့်အမှတ်တံဆိပ်ဖြင့် ရောင်းချလျှက်ရှိပြီး ဇီးဖျော်ရည်ပုလင်းများကို ဒေသတွင်းသာ အဓိက ရောင်းချရကြောင်း သိရပါသည်။ ရံဖန်ရံခါတွင် ခရီးသွားပြည်သူများမှ လက်ဆောင်ပေးရန်အတွက် ဝယ်ယူသူများလည်းရှိပါသည်။ မိသားစုအင်အားဖြင့်သာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျှက် ရှိပြီး စားဝတ်နေရေး ဖူလုံရုံသာရောင်းချ လျှက်ရှိပါကြောင်း မိမိတို့ပြုလုပ်သည့် ဇီးဖျော်ရည်သည် ဓါတုဆေးဝါးများ ပါဝင်အသုံးပြုထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ သဘာဝအရသာဖြင့် သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်ရောင်းချလျှက်ရှိပါကြောင်း ဇီးဖျော်ရည်အစုအဖွဲ့  ဦးမိုးလှိုင်ထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် စွန်တာနီ/ ပြာများ ဈေးကောင်းရ၍ တောင်သူများတွက်ချေကိုက်

      စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စွန်တာနီ/ပြာစိုက်ဧက (၂၃၁၈၈၀)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် စွန်တာနီ (ဆောင်း)စိုက်ဧက(၉၃၂၁)၊ စွန်တာပြာ(မိုး)စိုက်ဧက(၈၁၅၉၆)နှင့် စွန်တာပြာ(ဆောင်း)စိုက်ဧက (၁၄၁၄၉၃)၊ စုစုပေါင်းစိုက်ဧက(၂၃၂၄၁၀) ဧက စိုက်ပျိုးကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက (၅၃၀)ဧက ပိုမို စိုက်ပျိုးပါကြောင်း၊ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၁၄၂၅၀၀)ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၄၆၀၀၀) ကျပ်ရရှိကြောင်း၊ တစ်ဧကပျှမ်းမျှ အထွက်နှုန်းအနေဖြင့် (၁၅)တင်းခန့်ထွက်ရှိသဖြင့် တစ်ဧက ဝင်ငွေအနေဖြင့် (၆၉၀၀၀၀)ကျပ် ရရှိရာ တစ်ဧက အကျိုး အမြတ်အနေဖြင့် (၅)သိန်းကျော်ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့်သီးနှံ ဖြစ်ကြောင်း ဆူးလေကုန်း၊ ကျွန်းသာယာ၊ ဘုမ္မနိုး၊ ရှားပင်ကျွန်း၊ ကျက်သွန်ဈေးကျေးရွာများရှိ တောင်သူများထံမှ သိရှိ ရပါသည်။ တောင်သူများအတွက် အကျိုးရှိသည့် သီးနှံဖြစ်သည့်အပြင် စားသုံးသူပြည်သူများအတွက်လည်း မရှိမဖြစ်လိုအပ်သည့် သီးနှံတစ်ခုလည်း ဖြစ်ပါသည်။

      မြန်မာလူမျိုးအများစုသည် ပဲကို နေ့စဉ် ဟင်းလျာအဖြစ် စားသုံးကြပါသည်။ ပဲကို ပြုတ်၍ လည်းကောင်း၊ ပဲကို အညှောင့်ဖောက်ပြီး ပဲဟင်းချို ပြုလုပ်၍လည်း စားသုံးကြသည့်အပြင် ပဲကို ပျိုးပြီး အပင်ပေါက် ပြုလုပ်ပြီး ပဲပင်ပေါက်ဟင်းအဖြစ်လည်းကောင်း၊ သုတ်၍လည်း စားသုံးကြပါသည်။ ပဲကို ရေစိမ်ပြီး ပဲကြော်အဖြစ်လည်း ကြော်၍ စားသုံးကြသည့်အပြင် ပဲခြမ်းကြော်၍ စီးပွားဖြစ် ရောင်းဝယ်သူများလည်း ရှိပါသည်။ ပဲပြုတ်သည် အဆုတ်ကိုအားကောင်းစေသည့်အတွက် အဆုတ်ရောဂါသမားများ အတွက်လည်း အထူးစားသုံးသင့်သည့် အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းများလှိုင်လှိုင် ရိတ်သိမ်းနေ

          မေလအတွင်း စိုက်ပျိုးခဲ့သော မိုးနှမ်းများမှာ ယခုအခါ လှိုင်လှိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိ ရသည်။ နှမ်းသီးနှံကို မိုး/ဆောင်း/နွေဟူ၍ (၃)သီးစိုက်ပျိုးနိုင်သော်လည်း မိတ္ထီလာခရိုင်အနေနှင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မိုးနှမ်းကိုသာ အစိုက်များကြသည်။ ဒေသတွင်းစိုက်ပျိုးရာ၌လည်း  သဘာဝဓာတ်မြေဩဇာဖြစ်သည့် နွားချေးကိုသာ အသုံးပြုကြပါသည်။ ထယ်/ထွန်ခြင်းနှင့် ပေါင်း လိုက်ရာတွင် လုပ်သားကုန်ကျစရိတ်များရှိသော်လည်း မိရိုးဖလာဖြစ်၍ မိသားစုလုပ်အားများပါ ပူးပေါင်းစိုက်ပျိုးခြင်းကြောင့် စိုက်ပျိုးကုန်ကျစရိတ်ကိုလည်း အ‌သေးစိတ်တွက်ချက်လေ့မရှိကြောင်း သိရသည်။ ယခုအခါ နှမ်းသီးနှံများလှိုင်လှိုင်ထွက်ရှိလာရာ နှမ်းချွေလှေ့ခြင်းအတွက် လုပ်သား တစ်ဦး လျှင် ၅၀၀၀ ကျပ်နှုန်းရှိပြီး နှမ်းသီးနှံမှာလည်း တစ်တင်းလျှင် (၆၂၀၀၀)ဖြင့် ဈေးကောင်းရရှိကြ ပါသည်။ တောင်သူများမှာလည်း လုပ်သားခပေးချေနိုင်ရေးအတွက် ပေါ်ထွက်လာသော သီးနှံကို ဈေး ကွက်သို့ရောင်းချရာ ဈေးကွက်အတွင်း စားသုံးဆီဝယ်လိုအားကြောင့် တက်ဈေးဖြင့် ဈေးငြိမ်နေ ကြောင်းသိရသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးသည် ဩဂုတ်လ(ပထမ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသ များဖြစ်သော ရွှေဘိုခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ် ဈေးတတ်နေပြီး၊ ကလေးခရိုင်တွင် ဈေးအေးနေပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၇၈၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၂၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ပါ တစ်အိတ် ကျပ် ၅၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၇၈၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၂၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၉၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၂၇၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၃၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၂၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၉၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ(နောက်ဆုံး) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၇၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၃၄၀၀) အိတ်၊ တန်အားဖြင့် (၆၆၇၀) စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ(ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၅၀၀၊ မန္တလေးသို့ အိတ်ရေ ၅၅၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၂၃၀၀) အိတ်၊ တန်အားဖြင့် (၆၆၁၅) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၁၀၀) တန်အားဖြင့် (၅၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၅၂၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဩဂုတ် ၇

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

        ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်း တည်ငြိမ်နေသဖြင့် ၂၀၂၂ ခုနှစ်၊ဩဂုတ်လ ၈ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ စားအုန်းဆီ တစ်ပိဿာလျှင် ၃၅၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

       ထို့အပြင် ပြည်တွင်း ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

       အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

                                                                            

ကြက်သွန်နီဈေးငြိမ်နေပြီး နယ်ဝေးတင်ပို့မှုနည်း

          မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီဈေးငြိမ်နေပြီး နယ်ဝေးတင်ပို့ရာ၌လည်း ရန်ကုန်ဈေး အေး သောကြောင့် နည်းသွားကြောင်း သိရသည်။ ဇူလိုင်လနောက်ဆုံးပတ်အတွင်း ရန်ကုန်သို့(၁၂)ဘီး ကား (၃)စီး ကုန်ချိန်(၅၁)တန်ကို ကုန်တင်ခ တစ်ပိဿာလျှင် (၁၀၀)ဖြင့် ပဲခူးသို့(၆)ဘီးကား (၁၂)စီး၊ ကုန်ချိန်(၁၀၂)တန်ကို ကုန်တင်ခ တစ်ပိဿာ(၉၀)ဖြင့် တင်ပို့ခဲ့ကြောင်းသိရသည်။ ကြက်သွန်နီဈေး မှာ လက္ကားဈေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။

DOCA(မန္တလေး)

ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများသို့ အထူးဈေးနှုန်းဖြင့်စားအုန်းဆီများ ဆက်လက်ရောင်းချပေးနေမှုများ

          စားအုန်းဆီ များသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရန် အတွက် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ယာများ၊ ဌာနဆိုင်ရာဝန်ထမ်းများသို့ အထူးဈေးနှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ဈေးကားဖြင့် ရောင်းချပေးလျက်ရှိနေပါတယ်။

            “၄-၈-၂၀၂၂ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကြီးရွာတွင် ဆီပိဿာချိန် (၆၆၀)ကို လည်းကောင်း၊ ဈေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊” သိရှိရပါသည်။

        ယခုလိုရောင်းချနေမှုများကြောင့်  စားသုံးသူပြည်သူများ အဆင်ပြေမှုများစွာရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများအဆမတန်မြင့်တက်မှုကိုလည်း ထိန်းချုပ်ပေးနိုင်ကြောင်း နေပြည်တော် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချမှုများကို အကောင်းဆုံးကြိုးစားလျက်ရှိ‌ ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

             အင်းစိန်မြို့နယ်ရှိတညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ(၂၄)ရက်နေ့မှ ဩဂုတ် လ(၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၄၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၈၀၀ မှ ၃၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၈၈၀၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၀၅၇၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၃၇၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၆၄၁၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၂၃၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၀၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၄၂၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၀၄၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

ဩဂုတ်လအတွင်း ဆန်ဈေးနှုန်းအခြေအနေ

         စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များ၊ ဈေးများတွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ကောက်ခံလျက် တိုင်းဦးစီးမှူးရုံးသို့ နေ့စဉ်တင်ပြလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင် ဈေးရှိ ဆန်ကြမ်း/ချော (နိမ့်/မြင့်)ဈေးနှုန်းများမှာ ငစိန်တစ်အိတ်လျှင် ၃၅၅၀ဝိ/၊ ဧည့်မထတစ်အိတ် လျှင် ၃၈၀၀ဝိ/- ၄၃၀၀ဝိ/- ၊ ဇီယာတစ်အိတ်လျှင် ၃၅၅၀ဝိ/- ၃၈၀၀ဝိ/- ၊ မနောသုခတစ်အိတ်လျှင် ၃၈၀၀ဝိ/- ၄၃၀၀ဝိ/- ၊ ပေါ်ကျွဲတစ်အိတ်လျှင် ၄၀၅၀ဝိ/- ၄၇၅၀ဝိ/- ၊  ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၅၇၀၀ဝိ/- ၆၂၀၀ဝိ/- ၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၇၆၅၀ဝိ/- ၈၆၀၀ဝိ/-  တို့ဖြင့် ရောင်းချလျက်ရှိရာ ဇူလိုင်လဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

              ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ ကျပ် ၅၀၀ မှ ၄၀၀၊ ဝမ်းတွင်း၊ တပ်ကုန်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၂၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ မှ ၃၀၀ ၊ အလုံးသေး ကျပ် ၂၀၀ မှ ၁၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး ကျပ် ၄၀၀ မှ ၃၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၆၀၀ မှ ၂၃၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၇၀၀၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၂၀၀၊ ၁၀၀၀ မှ ၅၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး (အနီ) ဂျပ်ဖာအလုံးကြီး ၁၈ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် ၂၄ လုံး ပါ ကျပ် ၉၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အနီ) ဂျပ်ဖာအလုံးကြီး ၁၈ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၆ လုံးပါ ကျပ် ၈၀၀၀ ၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံး ၆၀ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၁၂၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၉၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ)အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၅၅ လုံးပါ ကျပ် ၂၂၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၇၀ ပါကျပ် ၁၉၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၁၇၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း