Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကေတုမတီမှ ပြည်သူ့အတွက် ငါးဟင်းတစ်ခွက်

           တောင်ငူမြို့၏ မြောက်ဘက်အဝင် ကံရိုးကျေးရွာ တည်နေရာတွင် မြို့သူမြို့သားများ လုပ်အားတန်ဖိုးဖြင့် ဒေသန္တရ ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူးဖော်ခဲ့သော ကန် ၁၀၀ စီမံချက်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းအား ကေတုမတီငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း လီမီတက်မှ နိုင်ငံတော်သို့ အသင်းမှတ်ပုံတင်ပြီး လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

           အသင်းပိုင် ငါးကန် ၁၃၀ ဧကခန့်တွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုတ်စသည့် ငါးမျိုးစုံကို မွေးမြူကာ တစ်နှစ်လျှင် အထီးနှစ်ကောင်၊ အမတစ်ကောင်ပါဝင်သည့် ငါးအစုံရေ ၇၅ စုံစီ ကို ဆေးထိုးသားဖောက်ပြီး ငါးမှုံအကောင်ရေ သိန်း ၁၀၀ ခန့်ရရှိကြောင်း၊ ငါးမှုံမှ ငါးသန်၊ ငါးသန်မှ ငါးဖျဉ်း၊ ငါးဖျဉ်းမှ အသားတိုးသည့်ကာလအဆင့်ဆင့် တစ်နှစ်ခွဲခန့်ကြာလျှင် ပိဿာချိန် ၂၁၀၀၀၀ ခန့် ရရှိလာသဖြင့် တစ်ရက်လျှင် ငါးပိဿာ ၇၀၀ ခန့် ထုတ်လုပ်နိုင်လျှက်ရှိပြီး “ပြည်သူ့အတွက် ငါးဟင်းတစ်ခွက်” အစီအစဉ်ဖြင့် ငါးမြစ်ချင်း(၄၀ ကျပ်သားအောက်) တစ်ပိဿာလျှင် ၄၄၀၀ ကျပ် နှုန်း၊ ငါးမြစ်ချင်း (၄၀ ကျပ်သားအထက်) တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်း၊ ငါးမြစ်ချင်း (၇၀ ကျပ်သားအထက်) တစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်း၊ ငါးမုတ် တစ်ပိဿာလျှင် ၄၁၀၀ ကျပ်နှုန်းနှင့် ငါးတန် တစ်ပိဿာလျှင် ၄၁၀၀ ကျပ်နှုန်းဖြင့် ပြည်သူများအတွက် ဈေးနှုန်းချိုသာစွာဖြင့် လက်လီ လက်ကား ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါသည်။

        ယခုအခါ ကေတုမတီငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း လီမီတက်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးဆေးထိုး သားဖောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့် နည်းပညာများ သင်ကြားပေးခြင်း၊ ငါးမျိုးရရှိရေး အကူအညီပေးခြင်းများကို ကူညီဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအတွက် ငါးဟင်းတစ်ခွက် စားသုံးနိုင်စေရန် “ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ဖို့ ငါးမွေးမြူရေးလုပ်ငန်းများ ဖော်ထုတ်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ်အတွင်း စပါးဈေးကွက်အခြေအနေ

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၈၉၁၈၄ ဧက ရှိပါသည်။ လက်ရှိမိုးစပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ၁၁၀၀၀၀၀ ကျပ်ရှိပြီး ယခင်နှစ် အလားတူကာလတွင် စပါးတင်း ၁၀၀ လျှင် ၆၈၀၀၀၀ ကျပ်ရှိခဲ့သဖြင့် ယခုနှစ်တွင် ဈေးကောင်း ရရှိသည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် ယခုနှစ် စိုက်ပျိုးရာသီတွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ စိုက်ပျိုးစရိတ်နှင့် လုပ်သားခများမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ခ မြင့်တက်ခြင်းများ ဖြစ်ပေါ်နေပါသည်။

              ယခုအချိန်တွင် တောင်သူများထံ၌ မိုးစပါးလက်ကျန်များမရှိတော့ဘဲ ဆန်စက်အချို့နှင့် ကုန်သည်များဆီမှာသာ စပါးတင်း ၁၀၀၀၀၀ ခန့်နှင့် ဆန်အိတ်ရေ ၂၀၀၀ လောက်သာ ကျန်ရှိတော့ကြောင်း အုတ်တွင်းမြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

                                                                       

ချင်းတောင်ဒေသမှ ကလေးမြို့သို့ စီးဝင်လျက်ရှိသည့် စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက် အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ကြက်သွန်နီ၊ အာလူး၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီးများနှင့် ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

              ကလေးမြို့ပေါ်ဈေးကွက်တွင် တောင်ပေါ်ဒေသဖြစ်သည့် ဖလမ်းမြို့နယ်၊ ဗားလုံ၊ လုံးဟော့၊ ဇိုင်ဇော်လ်၊ လားသီး၊ လုမ်ဘန်း၊ ပါရ်သဲနှင့် ဘွာလ်ခွါကျေးရွာများတွင် အများဆုံး စိုက်ပျိုးပြီး ကလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။ ကလေးမြို့မှတဆင့် ကလေးဝမြို့၊ တမူးမြို့များသို့လည်း တင်ပို့လျက်ရှိပြီး ခရမ်းချဉ်သီးများကို ဒေသတွင်း ဈေးနှုန်းများ ချိုသာပါက မုံရွာမြို့ဈေးကွက်တွင် အရောင်းအဝယ်ကောင်း၍ ဈေးနှုန်းရရှိပြီး တင်ပို့ရောင်းချလျက်ရှိကာ ဈေးနှုန်းမြှင့်တက်သည့်အခါများတွင် အင်းလေးဒေသမှ ထွက်ရှိသည့် ရှမ်းသီးများ ဝက်ရောက်လျက် ရှိပြီး ကလေးမြို့ဈေးကွက်အတွင်း တစ်ပိဿာ ( ၁၈၀၀ ) ကျပ် ပေါက်ဈေးနှုန်းများ ရှိပါသည်။

           ကလေးမြို့ပေါ် ဈေးကွက်တွင် ချင်းတောင်ဒေသမှ ထွက်ရှိသည့် သီးနှံရောင်းဈေးနှုန်းများအနေဖြင့် အာလူး တစ်ပိဿာလျှင် ( ၂၂၀၀ ) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ( ၁၇၀၀ ) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ( ၂၀၀၀ ) ကျပ်၊ ပန်းမုန်လာ တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်နှင့် ဂေါ်ရခါးသီး တစ်ပိဿာလျှင် ( ၁၀၀၀ ) ပေါက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ဒေါ်မိငယ်ကုန်စိမ်းပွဲရုံထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူပြည်သူများ လက်ဝယ်အရောက်သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေမှုများ

             မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ လမ်းညွှန်ချက်ဖြင့် စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျအရှေ့ပိုင်းရပ်ကွက်တွင် ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် ၆၆၀ ကိုရောင်းချပေးခဲ့ကြောင်း၊ ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျအ‌နောက်ရပ်ကွက်သို့ ဆီပိဿာချိန် ၆၆၀ အား ဈေးကားတစ်စီး ဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် ဆီလုပ်ငန်းရှင် ဒေါ်ခင်နွယ်အေးမှ စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများနှင့်အတူ ပျဉ်းမနားမြို့နယ်၊ တာတိုင်ကုန်းကျေးရွာတွင် ပိဿာချိန် ၆၆၀ ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

              ယနေ့မှာတော့ နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူ ပြည်သူ၏များလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆီပိဿာချိန်စုစုပေါင်း ၁၉၈၀ ပိဿာ ရောင်းချပေးနိုင်ခဲ့သည်ဟု သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကျေးရွာများတွင် အထူးဈေးနှုန်းဖြင့်စားအုန်းဆီများ ဆက်လက်ရောင်းချပေးခဲ့မှုများ

            နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများဦးဆောင်၍ စားသုံးသူပြည်သူများ လက်ဝယ်အရောက် ဈေးကားများဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချလျက်ရှိ ပါတယ်။

         “၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးခင်မောင်မြင့်က ပျဉ်းမနားမြို့နယ်၊ ကြိတ်အင်းကျေးရွာနှင့် ရွာသာကျေးရွာတို့တွင် ဆီပိဿာချိန် (၆၆၀)ကို ဈေးကားတစ်စီးဖြင့် လည်းကောင်း ၊ ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်က ပျဉ်းမနားမြို့နယ်၊ ကြို့ပင်ကျေးရွာတွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးအေးထွန်းမှ လယ်ဝေးမြို့နယ် ဘိုကတော်ကျေးရွာနှင့် ရေကာကျေးရွာတို့တွင် ဆီပိဿာချိန် (၆၆၀)ကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် အေးသပြေကျေးရွာတွင် ဆီလုပ်ငန်းရှင် ‌ဒေါ်ခင်နွယ်အေးမှ ဆီပိဿာချိန် (၆၆၀)ကိုလည်း‌ကောင်း” အသီးသီးရောင်းချ‌ပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့နေ့စဉ် ကျေးရွာများသို့ ဈေးကားများဖြင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများကြောင့် ပြည်သူများအဆင်ပြေမှုများစွာရှိနေသည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်၍ရောင်းချမည့် အစီအစဉ်များလည်း ရှိနေသေးကြောင်း နေပြည် တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းထံမှ သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အောင်လံမြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

          မ‌ကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ပေါ်ရပ်ကွက်၊ ( ၉ )ရပ်ကွက်အတွင်းရှိ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အောင်လံခရိုင်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ လူတစ်ဦး လျှင် စားအုန်းဆီ(၁)ပိဿာ (၄၀၀ဝိ/-)နှုန်းဖြင့် ဇူလိုင်လ(၃၀)ရက်နှင့် (၃၁)ရက်နေ့များတွင် မော်တော်ယာဉ်(၂)စီးဖြင့် လှည့်လည်ရောင်းချခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ စားအုန်းဆီများ ဈေးကားဖြင့် လှည့်လည်ရောင်းချခြင်းကို ဇူလိုင်လ(၃၀)ရက်နှင့် ဇူလိုင်လ(၃၁)ရက် (၂)ရက်တာဆောင်ရွက်ရာတွင် တစ်ရက်လျှင် ဆီပီပါ(၁၂)လုံး၊ ဆီ(၁၃၂၀)ပိဿာ (၂)ရက်အတွင်း ဆီ(၂၄)ပီပါ ဆီပိဿာ(၂၆၄၀)အား အောင်လံမြို့ပေါ်ရှိ ရက်ကွက်(၉)ရက်ကွက် အတွင်း အုပ်စုနှစ်စုခွဲ၍ မော်တော်ယာဉ်(၂)စီးဖြင့် စားသုံးသူများလက်ဝယ်အရောက် လှည့်လည် ရောင်းချခဲ့ပါကြောင်းနှင့် ရက်ထပ်မံတိုးမြှင့်၍ ရောင်းချနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း အောင်လံမြို့နယ် ဆီကုန်သည်အသင်း ဥက္ကဌထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

အများပြည်သူသက်သာစေရန် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေသော စားအုန်းဆီရောင်းချမှုအခြေအနေ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှစားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီ ညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက်ရည် ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများဖြင့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ဖြန့်ဖြူးရောင်း ချစေခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်ရှိ ဆီလုပ်ငန်းရှင်(၅) ဦးမှလည်း အဆိုပါကုမ္ပဏီများမှဝယ်ယူ၍ မြို့နယ်တွင်းသို့ လက်လီလက်ကားပြန်လည်ရောင်းချ ပေးလျက်ရှိပါသည်။စားအုန်းဆီဈေးနှုန်းကို ရန်ကုန်အထိုင်ဈေးဝယ်ယူရသည့် ရည်ညွှန်းလက်ကား ဈေးပေါ်မူတည်၍ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ (၂)ရာခိုင်နှုန်းအမြတ်ထက်မပို သောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း လက်လီလက်ကားပြန်လည်ဖြန့်ဖြူးရောင်းချပေးကြောင်း၊ဝယ်ယူရရှိသည့် စားအုန်းဆီခွဲတမ်း ပေပါအလုံးရေပေါ်မူတည်၍ စားသုံသူပြည်သူတစ်ဦးလျှင်(၁)ပိဿာ နှုန်း ရောင်းချပေးရာ ရည်ညွှန်းဈေးဖြင့်ရောင်းချပေးသောလုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို စားအုန်းဆီပိဿာချိန်စုစုပေါင်း (၄၀၀၊၅၀၀)ခန့် ရောင်းချရကြောင်း၊အခြေခံလူတန်းစား လက်လုပ်လက်စားများ၊တနိုင်တပိုင်လုပ်ငန်းရှင်များနှင့်ပဲကြော်၊အာလူးကြော်လုပ်ငန်းများမှ လာရောက်ဝယ် ယူကြကြောင်း ဆီလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပြီး စားသုံးသူပြည်သူတစ်ဦးမှလည်း ယခုလိုသက်သာသောရည်ညွှန်းဈေးဖြင့် ရောင်းချပေးသည့်အတွက် အခြေခံလူတန်းစားများနှင့်လုပ်ငန်းသေးများ အတွက် ပိုမိုအဆင်ပြေသက်သာစေကြောင်း၊ဆီအရည်အသွေးမှာလည်း ကောင်းမွန်၍ အိမ်သုံးကြော် လှော်ချက်ပြုတ်စားသောက်သုံးစွဲမှုမှာလည်း အဆင်ပြေဖူလုံမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

အထူးဈေးနှုန်းဖြင့်စားအုန်းဆီများ ဆက်လက်ရောင်းချပေးနေမှုများ

        မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ လမ်းညွှန်ချက်ဖြင့် စားအုန်းဆီ များသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရန် အတွက် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ယာများ၊ ဌာနဆိုင်ရာဝန်ထမ်းများသို့ အထူးဈေးနှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ဈေးကားဖြင့် ရောင်းချပေးလျက်ရှိနေပါတယ်။

            “၃၀-၇-၂၀၂၂ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးကိုလေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာတွင် ဆီပိဿာချိန် (၅၅၀)ကို လည်းကောင်း၊ ညောင်ပင်သာကျေးရွာတွင် ဆီပိဿာချိန်(၄၄၀)အား ဆီလုပ်ငန်းရှင်ဒေါ်ခင်နွယ်အေး မှ ဈေးကားတစ်စီးစီဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြ ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်ဖြိုးဖြိုးထိုက်မှ ဆီပိဿာချိန် (၄၄၀)ကိုလည်းကောင်း၊ မရိုးကုန်း ရွာနှင့် ထုံးဖိုရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးမျိုးမင်းမှ ဆီပိဿာချိန် (၃၃၀)ကိုလည်းကောင်း၊ ကျွဲလည်ပင်းရွာ၊ ကျောက်စရစ်ရွာနှင့် ဆူးတက်ရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးဇော်ဇော်လတ်မှ ဆီပိဿာချိန် (၃၃၀)ကိုလည်းကောင်း၊ ညောင်ပင်ဝင်းကျေးရွာတွင်ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်မှ ဆီပိဿာချိန်(၆၆၀)စသည်ဖြင့် ဈေးကားများဖြင့် အသီးသီးလှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ ၃၁-၇-၂၀၂၂ ရက်နေ့တွင် ဆီလုပ်ငန်းရှင် ဒေါ်ယွန်းရွှေရည်မောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)တို့ ဦး‌ဆောင်၍ ဆီပိဿာချိန်( ၃၃၀ )ကို တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာတွင် ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်း” သိရှိရပါတယ်။

            ယခုလိုရောင်းချနေမှုများမှာ စားသုံးသူပြည်သူများအတွက် အဆင်ပြေမှုများစွာရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများအဆမတန်မြင့်တက်မှုကိုလည်း ထိန်းချုပ်ပေးနိုင်သောကြောင့် နေပြည်တော် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချမှုများကို အကောင်းဆုံးကြိုးစားလျက်ရှိ‌ ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

နေပြည်‌တော်ကောင်စီနယ်မြေအတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေးနေမှုများ

               ၂၉-၇-၂၀၂၂ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နေပြည်တော်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် ဦးစီးမှူးရုံးမှ ဝန်ထမ်းများဦးဆောင်၍ အထူးဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။

              “တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာတွင် ဆီလုပ်ငန်းရှင်ဒေါ်ဖြိုးဖြိုးထိုက်(NNNဆီရောင်း ဝယ်ရေး)မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆီပိဿာချိန် (၃၃၀)အား စျေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ကျားသေအိုင် ကျေးရွာတွင် ဆီပိဿာချိန် (၃၃၀)အား ဒေါ်သာယာနုဝေစံမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရောင်းချပေးခဲ့ကြောင်း” သိရှိရပါသည်။

               ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(ရုံးအမှတ်-၃)နှင့် စားသုံး သူရေးရာဦးစီးဌာန(ရုံးချုပ်)(ရုံးအမှတ်-၅၂)တို့တွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်၊ ဆီလုပ်ငန်းရှင် ဒေါ်နန်းခရေဝင်း (မနန်း-ကုန်မျိုးစုံရောင်းဝယ်ရေး)နှင့် ဆီလုပ်ငန်းရှင် ဒေါ်ခင်ဥမ္မာအောင်(မြတ်-ကုန်မျိုးစုံရောင်းဝယ်ရေး)တို့ ပူးပေါင်း၍ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ ဆီပိဿာ ချိန်ပေါင်း (၁၃၂၀)အား ရောင်းချပေးခဲ့ကြောင်းသတင်းရရှိပါသည်။

              ယခုလိုရောင်းချပေးနေမှုများကြောင့် စားသုံးသူပြည်သူများ အဆင်ပြေမှုများစွာရှိနေကြောင်းသိရှိရသဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမှုများကို အ‌ကောင်းဆုံးဆက်လက်လုပ်‌ဆောင်သွားမည်ဟု သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

“ မိုးနှမ်းများ ပေါ်စကာလဖြစ်၍ ဈေးကောင်းရနေ’’

            မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းစိုက် ဧက (၃)သိန်းကျော်ရှိရာ မလှိုင်မြို့နယ်တွင် ဧက (၁.၅) သိန်းခန့်ရှိရာ အများဆုံးစိုက်ပျိုးကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါသည်။ မလှိုင်မြို့နယ်အနေဖြင့် မိုးနှမ်းကို မေလလယ်ခန့်က စိုက်ပျိုးခဲ့ပြီး ဇူလိုင်လလယ်ကျော်မှ စတင်၍ ရိတ်သိမ်းပြီးဖြစ်ရာ ယခုအခါ ခြွေလှေ့ဆဲ ကာလဖြစ်ပါသည်။ နှမ်းဈေးမှာ နှမ်းရောင်စုံ အနိမ့်ဆုံး တစ်တင်းလျှင် (၆)သောင်းကျော် ရရှိသဖြင့် တောင်သူများအနေဖြင့် ခြွေလှေ့ရရှိသော နှမ်းကို ရရှိသည့် ပမာဏအလိုက် စိုက်ပျိုး ရိတ်သိမ်းသည့် လုပ်သားခ ပေးချေနိုင်ရန် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း