မအူပင်မြို့နယ်မှ ထွက်ရှိသော ဆန်/ဆန်ကွဲ နိုဝင်ဘာလ ရန်ကုန် တင်ပို့နှိုင်မှုနှင့် အခြားမြို့နယ် စီးထွက်မှု အခြေအနေ

မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်(၁၉)စက်မှ ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထား နေ့စဉ် တင်ပို့လျက်ရှိပါသည်။ ၂၀၂၅ခုနှစ် အတွင်း နိုဝင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှု ၆၉၂၈ အိတ်နှင့် တန်အားဖြင့် ၃၄၆ ၊ ဆန်ကွဲအနေဖြင့် ၅၄၆၅ အိတ်၊ တန်အားဖြင့် ၂၇၃ တန်၊ ယခင်လ တင်ပို့မှုမှာ ဆန်အိတ် ၁၄၇၇၅ အိတ်၊ ဆန်ကွဲ အိတ် ၇၄၈၉ အိတ် နှိုင်းယှဉ်တင်ပို့မှုမှာ ဆန် ၇၈၄၇ အိတ် လျော့နည်းတင်ပို့ပြီး ဆန်ကွဲအနေဖြင့် ၂၀၂၄ အိတ် လျော့နည်း တင်ပို့ကြောင်း တွေ့ရှိရသည်။
ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ နေ့စ ဉ် စီးထွက်လျက်ရှိကြောင်း သိရှိရပါသည်။
အခြားမြို့နယ်တင်ပို့မှု အနေဖြင့် နိုဝင်ဘာလ ဆန် ၂၄၉၄၇၃ အိတ်၊ ဆန်ကွဲ ၁၂၄၁၁၄ အိတ် နှင့် ယခင်လက ဆန် ၁၆၆၇၅၀ အိတ်၊ ဆန်ကွဲ ၅၃၂၄၀ အိတ် တင်ပို့ခဲ့ပြီး ယခုလ ၈၂၇၂၃ အိတ်၊ ဆန်ကွဲ ၇၀၈၇၄ အိတ် ဆန်ကွဲများ ပိုမို တင်ပို့ ကြောင်းတွေ့ရှိရသည်၊၊
DOCA(ဧရာဝတီ)









