Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံကုန်စည်ဒိုင်(MDCCI)၏ဆီထွက်သီးနှံဈေးနှုန်းများ

       မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံမျိုးစုံ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မြေပဲS1 လုံးဆံ တစ်တင်းလျှင် (၁၁၁၅၀၀)ကျပ်၊ ဆီဆံတစ်တင်းလျှင်(၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊  ဆီနေကြာတစ်တင်းလျှင် (၆၅၅၀၀) ကျပ်တို့ဖြင့် အ‌ရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင် ဆီထွက်သီးနှံဈေးနှုန်းများအနေဖြင့် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်းသိရှိရသည်။  နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀) အိတ်ခန့်အရောင်း အဝယ်ပြုလုပ်ကြကြောင်း၊ တင်ပို့မှုအနေဖြင့် လှိုင်သာယာမြို့၊ ရွှေပြည်သာမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြ ကြောင်းသိရှိရသည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ကုန်စည်ဒိုင်၏ စည်းမျဉ်း စည်ကမ်းများအတိုင်း အရောင်း အဝယ်ပြုလုပ်ကြကြောင်း ပွဲရုံလုပ်ကိုင်သူ တစ်ဦး ပြောပြချက်  အရသိရှိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ နှင်းပန်းဈေးနှုန်း

    နှင်းပန်းပင်သည် အသင့်အတင့်အကြမ်းခံနိုင်သည့် နှစ်ရှည်ခံဥပင်မျိုးဖြစ်သည်။ နှင်းပန်းဥ သည် ကြက်သွန်ဖြူဥကဲ့သို့ အကြေးရွက်များပါသည့်ဥ အမျိုးအစားဖြစ်ကာ ပင်စည်ကို အကြေးရွက် များဖြင့် ဖုံးအုပ်ထားပါသည်။ အမြစ်များသည် မြေပေါ်ပိုင်းတွင်ရှိနေပြီးမြေထဲသို့ နက်နက်ထိုးဆင်းမှု မရှိပါ။ ပန်းပွင့်များသည်အလွန်မွှေးပျံ့၍ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး စိတ်ချမ်းမြေ့ မှုကို ရစေပါသည်။ ယခုလို မိုးဦးကျရာသီတွင် နှင်းပန်းဥများမှ ရိုးတံများထိုးထွက် လာပြီး ဖြစ်ပါသည်။ ဒီဇင်ဘာလတွင် မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့်မြို့ပေါ်ရှိ ဘုရားစောင်းတန်း ပန်းအရောင်းဆိုင်များတွင် နှင်းပန်းများ စတင်ရောင်းချနေပြီဖြစ်ရာ နှင်းပန်း (၅)ခက်ပါတစ်စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှင်းပန်းကို ဘုရားပန်းကပ်လှူရာတွင် လည်းကောင်း၊ အလှပန်းအိုးထိုးရာတွင်လည်းကောင်း၊ရနံ့ကလည်း မွှေးပျံ့နေသာကြောင့်  အသုံးပြုမှု များသဖြင့်  အရောင်းသွက်သောပန်းတစ်မျိုး ဖြစ်ကြောင်း ပန်းအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလတွင် ပဲစောင်းလျားသီးဈေးနှုန်း

     မြင်းခြံမြို့ မြစ်ကမ်းဘေးကျေးရွာများသည် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ကြပြီး မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေး တို့တွင် ဖောက်သည်ပေး ၍ လည်းကောင်း၊ ကိုယ်တိုင် နံနက်ဈေး၊ ညနေခင်းဈေးများသို့ လာရောက်ရောင်းချကြောင်း သမုန်းကိုင်းကျေးရွာ ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရသည်။ ယခုလို ဆောင်းရာသီတွင် အသီးအနှံများဖြစ်သော ကန်စွန်းရွက်၊ ခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ပဲစောင်းလျားသီး ၊ ရုံးပတီသီး စသည့် သီးနှံများပေါများလာပြီ ဖြစ်ကြောင်း၊ ပဲစောင်းလျားသီး ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀)ကျပ် ဖြင့် ရောင်းချကြောင်း သိရသည်။ ပဲစောင်းလျားသီးကို အတို့အမြှပ်အနေဖြင့် ပြုတ်၍လည်းကောင်း၊ ဆီချက်၊ မြေပဲဆံဖြင့် သုပ်စားခြင်းဖြင့် လည်းကောင်း၊ သီးစုံချဉ်ဟင်း ချက်စား၍ လည်းကောင်း စားသောက်သုံးစွဲကြသဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့၏ ဒေသပဲသီးဈေးနှုန်း

    ငါန်းဇွန်မြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့ တစ်မြို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ ကိုလည်း သီးညှပ်စိုက်ပျိုးကြကြောင်း သိရသည်။ ချဉ်ပေါင်ပင်၊ ပဲပင်၊ နံနံပင်၊   ပြောင်းဖူးပင်၊ ပဲသီးပင် စသည်ဖြင့် မြေပဲခင်း၊ ဝါခင်း၊ ပဲစဉ်းငုံခင်းများတွင် သီးညှပ်စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံခင်း၊ ဝါခင်းများတွင် သီးညှပ်စိုက်ပျိုးထားသော ဒေသပဲသီး(ခေါ်) ဝါခင်းပဲသီးများ လှိုင်လှိုင်ပေါ်လာပြီ ဖြစ်ကြောင်း၊ ဒေသပဲသီးကို ပြုတ်၍ ဆီချက်၊ ပဲမှုန့်နှင့် မြေပဲဆံတို့ဖြင့် သုပ်စားခြင်း ဖြင့်လည်းကောင်း၊ ပဲသီးနုနုလေးများကို ထမင်းရည်၊ဆားနှင့် အချဉ်တည်၍ လည်းကောင်း၊ အချဉ်ရည်ဟင်း၊ ပဲသီးရည်ကျိုဟင်း ချက်စားခြင်းဖြင့် လည်းကောင်း၊ အသားဖြင့် ကြော်ချက်၍ လည်းကောင်း စားသုံးကြကြောင်း သိရသည်။ မိမိတို့ ခင်းမှထွက်ရှိသော ပဲသီးများကို ကျေးရွာတွင်း လိုက်လံရောင်းချခြင်းရှိသလို မြို့သာဈေးနှင့် ငါန်းဇွန်ဈေးများသို့လည်း ဖောက်သည်ပေးရောင်း ချကြောင်း၊ ပဲသီး (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ‌ဖြင့် ရောင်းချရပါကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

DOCA(မန္တလေး)

 

ဈေးအနည်းငယ်မြင့်တက်လာသော ခရမ်းချဉ်သီး

    မြင်းခြံမြို့နယ်ရှိ ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ  စားဖိုဆောင်သီးနှံများ၊ ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြပါသည်။ ဒေသတွင်း ခရမ်းချဉ် သီးများ ပေါ်ချိန်မရှိပါက ပုပ္ပားမြို့မှ ဝယ်ယူရောင်းချကြောင်း သိရသည်။ ယခင် နိုဝင်ဘာလ ဆန်းပိုင်းတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀/၄၀၀၀)ကျပ် ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းတွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် (၂၅) ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ ယခုအခါ ဒေသတွင်း ခရမ်းချဉ်သီးများ မရှိတော့သဖြင့် ပခုက္ကူမြို့၊ ပုပ္ပားမြို့တို့မှ  ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို၏ ဒီဇင်ဘာလ ပဲသီးတောင့်ရှည်ဈေးနှုန်း

 

မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စပါးခင်း၏ ကန်သင်ရိုးတွင် စားဖိုဆောင်သီးနှံဖြစ်သော ပဲသီးတောင့်ရှည်ကိုလည်း တိုင်ထောင်၍ အပိုဝင်ငွေရရှိရန် တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာ ယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ပဲသီးကို ကြက်ဥနှင့်ကြော်စား၍ လည်းကောင်း၊ ငါးဖယ်ခြစ်နှင့်ချက်စား၍လည်းကောင်း၊ ပဲသီးအစပ်ချက်ချက် စား၍လည်းကောင်း၊ ပဲသီးပြုတ်၍ မြေပဲဆံထောင်း၊ ပဲကျက်မှုန်နှင့် ကြက်သွန်ဖြူဆီချက်ဖြင့်သုပ် ၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု ဒီဇင်ဘာလ ပထမပတ်တွင် မိတ္ထီလာမှ ဝယ်ယူရောင်းချကြောင်း၊ မိတ္ထီလာမြို့မှ ပဲသီးသည် အတောင့်ချောပြီး ဒေသထွက် ပဲသီးထက် ပို၍ရှည်ကြောင်း သိရသည်။ဒီဇင်ဘာလ ပထမပတ်တွင် ပဲသီးတောင့်ရှည်ဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင်  (၁၃၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ဈေးဖြင့် ရောင်းချကြောင်း၊ နိုဝင်ဘာလ တတိယပတ်တွင် ပဲသီးတောင့်ရှည် (၂၅) ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၅၀၀၀/၅၅၀၀)ကျပ် ဖြင့်ရောင်းချကြောင်း ၊ ယခင် ပတ်နှင့် နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းမြင့်တက် လာကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ အေးမြသီတာဈေးရှိ ခဝဲသီး ဈေးနှုန်း

 

မြင်းခြံမြို့ အေးမြသီတာဈေးသည် သီးနှံ၊သားငါး၊ ငါးပိ ငါးခြောက်၊ ကုန်မျိုးစုံရောင်း ချသော ဈေးဖြစ်သည်နှင့် အညီ သီးနှံများကိုလည်း  ဒေသတွင်း၊ မန္တလေး၊ပြင်ဉီးလွင်၊ ပခုက္ကူ ၊ပုပ္ပား စသည့် နေရာဒေသစုံမှ ဝယ်ယူရောင်းချပါကြောင်း သိရသည်။ ခဝဲသီးကို မြင်းခြံမြို့နယ် နဘူးအိုင် ကျေးရွာ၊ သမုန်းကိုင်းကျေးရွာမှ ဈေးကွက်အတွင်းသို့ ဝယ်ယူရောင်းချကြောင်း သိရသည်။ ခဝဲသီးကို ကြက်ဥဖြင့် ကြော်ချက်၍ လည်းကောင်း၊ပုဇွန်ခြောက်ဖြင့် လည်းကောင်း၊ အသားငါးဖြင့် ရော၍ ချက်ပြုတ် ခြင်းဖြင့်လည်းကောင်း၊ ငရုတ်သီးစိမ်းဖြင့် အစပ်ချက်၍ လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စား သောက်ကြသူများသောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ် ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရောင်းချနေသော ခဝဲသီးဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ၊(၁)ပိဿာလျှင် (၃၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ အေးမြသီတာဈေးရှိ ရုံပတီသီးဈေးနှုန်း

    မြင်းခြံမြို့နယ် အေးမြသီတာဈေးသည် သီးနှံ၊သားငါး၊ ငါးပိ ငါးခြောက်၊ ကုန်မျိုးစုံရောင်းချ သော ဈေးဖြစ်သည်နှင့်အညီ သီးနှံများကိုလည်း ဒေသတွင်း၊ မန္တလေး၊ပြင်ဉီးလွင်၊ ပခုက္ကူ ၊ပုပ္ပား စသည့် နေရာဒေသစုံမှ ဝယ်ယူရောင်းချပါကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရောင်းချနေသော ရုံပတီသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ၊(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ရုံပတီသီးသည် ကျန်းမာရေးအနေဖြင့် ဆီးချိုကို ထိန်းညိှပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ် ပေးခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ ကိုလက်စရော(သွေးတွင်းအဆီဓာတ်) ကျစေခြင်း၊ ကိုယ်ခံ အားကောင်းစေခြင်းနှင့် အမြင်အာရုံကောင်းစေကြောင်းလည်း သိရသည်။ ရုံပတီသီးကို ကြက်ဥဖြင့် ကြော်ချက်၍လည်းကောင်း၊ပုဇွန်ခြောက်ဖြင့် လည်းကောင်း ၊ချဉ်ပေါင်ရွက်နှင့် အချဉ်ရည် ဟင်းချက် ၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍ လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စားသောက်ကြသူများ သောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲ၊ နှမ်းမျိုးစုံ စျေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (မကွေးကုန်စည်ဒိုင်)တွင် သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် မကွေးကုန်စည်ဒိုင် သီးနှံစျေးနှုန်းများမှာ နှမ်းနက် (စမုံ) (၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၂၄၇၀၀၀-၂၅၀၀၀၀)၊ နှမ်းဖြူ (၁၅)ပိဿာ (၁)တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ နှမ်းနီ (၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၉၀၀၀၀-၉၂၀၀၀)၊ နှမ်းညို (၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၉၁၀၀၀)၊ ပဲတီစိမ်း (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၁၁၉၀၀၀-၁၂၀၀၀၀)၊ ပဲနောက် (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၁၂၃၀၀၀)၊ ပဲလွန်းဝါ (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၆၀၀၀၀-၆၃၀၀၀)၊ ကုလားပဲ (929) (၁၉) ပိဿာ (၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ (HL)(၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၈၄၅၀၀)၊ ပဲကြီးဖြူ (လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၁၈၅၀၀၀)၊ ပဲစဉ်းငုံနီ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၈၁၀၀၀-၈၁၅၀၀)၊ မတ်ပဲ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၇၅၀၀၀-၈၁၀၀၀)၊ စားတော်ပဲ (၂၀) ပိဿာ (၁)တင်းလျှင် ကျပ်(၂၈၀၀၀၀)၊ လုံးဆံနီ (၁)ပိဿာလျှင် (၇၇၀၀-၇၈၀၀)၊ လုံးဆံဖြူ (၁)ပိဿာ လျှင် ကျပ်(၇၉၀၀-၈၀၀၀)၊ မြေပဲဆံ (အောက်ကျ) (၁)ပိဿာလျှင် ကျပ် (၆၈၀၀-၇၀၀၀)တို့ စျေးနှုန်းများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ယခုတစ်ပတ်တွင် လုံးဆံနီ၊ လုံးဆံဖြူ၊ မြေပဲဆံ(အောက်ကျ)တို့ စုစုပေါင်း တန်ချိန် (၃၀၀)ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA( မကွေး)

မင်းလှမြို့နယ်တွင်အခြေခံစားကုန်ဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင်  ၂၅၀၀ ကျပ်၊ ကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊(အသေး) တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ မြန်မာ ကြက်သွန်ဖြူ (တစ်ပိဿာ)လျှင် ၆၀၀၀ ကျပ်၊ ဂျင်း(တစ်ပိဿာ)လျှင် ၄၅၀၀ ကျပ်၊သကြား (တစ်ပိဿာ)လျှင် ၅၀၀၀ကျပ်၊ကုလားပဲ(တစ်ပိဿာ)လျှင် ၆၂၀၀ ကျပ်၊မြေပဲဆံ(တစ်ပိဿာ)လျှင် ၈၅၀၀ ကျပ်၊ငရုတ်သီးခြောက်(တစ်ပိဿာ)လျှင်၁၁၀၀၀ ကျပ်၊အာလူး(တစ်ပိဿာ)လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၁၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း