Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ၁ ပိသာလျှင် (၂၈၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၀၀/၃၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

       မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေး သစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၂၀၀)ကျပ်၊ (၆)စည်းလျှင်(၁၀၀၀)ကျပ်ဖြစ်ပြီး ပူစီနံဈေးနှုန်းမှာ တစ်စည်းလျှင် (၂၅၀)ကျပ်မှ (၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

          မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင် ဒေသထွက် မျှစ်စိမ်းနှင့် မျှစ်ပြုတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၃၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၂၈၀၀)ကျပ်၊  တစ်ပိဿာလျှင် (၅၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဗမာနံနံပင်များဈေးကောင်းရလျက်ရှိ

    မန္တလေးမြို့တွင်းသို့ စစ်ကိုင်း၊ မုံရွာ၊ တောင်တွင်းကြီး မန္တလေးအနီးတဝိုက်ရှိ ဒေသတို့တွင် နံနံပင်များ ဝင်ရောက်လျက်ရှိသည်။ ဗမာနံနံပင်ကို မြန်မာလူမျိုးတို့သည် ငါးနှင့်ချဉ်ရည်ဟင်း၊ ဟင်းချိုဟင်းတို့ချက်ပြုတ်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် စားသုံးရန်သာမက မုန့်ဟင်းခါး၊ ကြာဇံဟင်းတို့တွင်လည်း ပဲသီး၊ နံနံပင်များထည့်၍ စားသုံးကြသည်။ ယခုနှစ်တွင် ဗမာနံနံပင်များ ဈေးတက်လကျ်ရှိပြီး ယခင်နှစ်က (၁)စည်းလျင်(၂၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်(၁)စည်းလျင်(၄၀၀/၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး တစ်ပိဿာလျင်(၂၀၀၀၀/၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူကြပြီး အစည်းအသေးလေးများခွဲစည်းကြ၍ မန္တလေးမြို့နယ်အတွင်းရှိ ဈေးကလေးများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရှမ်းနံနံဈေးကွက်

    မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသ၊ မိုးကုတ်၊ တောင်ကြီးတို့မှ ထွက်ရှိသည့် ရှမ်းနံနံများဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။ ရှမ်းနံနံကို ရှမ်းရိုးရာအစားအစာများတွင် ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် စားသုံးကြပြီး ဈေးကွက်အတွင်းတွင် ဗမာနံနံများဈေးကြီးသောကြောင့် အချို့ရှမ်းအစားအစာနှင့် မုန့်တီသုပ်ဟင်းချိုတို့တွင် ရှမ်းနံနံများ အစားထိုးအသုံးပြုမှုများလာပြီး အရောင်းအဝယ်သွက်လျက်ရှိကြသည်။ ယခင်နှစ်က ရှမ်းနံနံ(၁)စည်းလျင်(၁၂၀၀/၁၃၀၀)အထိရှိခဲ့ပြီး ယခုနှစ်တွင်မျူ(၁)စည်းလျင်(၁၈၀၀/၂၀၀၀)ကျပ်တို့ဖြင့် မန္တလေးမြို့နယ်အတွင်းရှိ အဈေးအလေးများတွင် ရောင်းဝယ်မှုများရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရသည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀) ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၃၀၀)ကျပ် မှ (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးမြို့မေမြို့ပန်းဈေးကွက်

    မန္တလေးမြို့အတွင်းသို့ ယခုရက်ပိုင်းအတွင်း မေမြို့ပန်းများ စတင်ဝင်ရောက်နေပါသည်။ မေမြို့ပန်းဆိုသည့်အတိုင်း အေးသည့်ရာသီဉတုတွင်နှင်းကျသည့် အရပ်ဒေသတွင်သာ ပွင့်သောပန်း တစ်မျိုး ဖြစ်ပါသည်။မေမြို့ပန်းကို အနီရောင်၊ ပန်းရောင်၊ ခရမ်းပြာ‌ရောင်၊ အဖြူရောင်များဖြစ်ပြီး တပင်လျှင် ၅ပွင့်၊ ၆ပွင့်၊ ၇ပွင့် ရှိသည်။ ယခုလိုရာသီတွင် ဘုရားပန်းတခါထိုးထားလျှင် ၂ပတ်မှ ၃ပတ် အတွင်းခဲသည့်အတွကိ လူကြိုက်များပြီး နှစ်သက်သည့်ပန်းတမျိုးဖြစ်ပါသည်။ ယခုရက်ပိုင်းအတွင်း မန္တလေးပန်းဈေးတန်းသို့ လက်စုတ်တစီးပန်းအစည်း ၂၅ စီးတထုံးလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် မျာနှင့် ဝယ်ယူမှုရှိပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ လက်လီရောင်းချသည့် ပန်းရောင်းသူများအနေ နှင့် လက်စုတ်စီးတစီးလျှင် ၁၀၀၀ ကျပ် မှ ၁၂၀၀ ကျပ် ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရာသီပန်း ဖြစ်သည့်အတွက် ‌ရောင်းဝယ်မှုအားကောင်းကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၉၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၃၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အာလူးဈေးကွက်

      မန္တလေးမြို့တွင်းသို့ အောင်ပန်း ၊ ကလောနှင့်ရွာငံဘက်များမှ အာလူးများဝင်ရောက်လျက်ရှိပြီး ဝင်ရောက်လာသည့် အာလူးများအနေနှင့် မန္တလေးမြို့တွင်းရှိ ပွဲရုံများမှ တိုက်ရိုက်ဝယ်ယူကြပါသည်။ မန္တလေးမြို့တွင်းမှ စားသောက်ကုန်ထုတ်ရောင်းချသူများနှင့် လက်လီရောင်းဝယ်သူများမှ ဝယ်ယူ ရောင်းချကြပါသည်။ ယခုလက်တလော မန်းမြို့တွင်းဈေးနှုန်းဈေးကွက်အနေနှင့် လုံးကြီး ၅ ပိဿာ လျှင် ၂၇၀၀၀ ကျပ်မှ 27500 ကျပ် ၊ လုံသေး ၅ ပိဿာ ၂၂၀၀၀ ကျပ် မှ ၂၂၅၀၀ ကျပ်နှင့် ရောင်းဝယ်မှုရှိပြီး လက်လီရောင်းဝယ်သူများအနေနှင့် အာလူးလုံးကြီး ၁ ပိဿာလျှင် ၈၀၀၀ ကျပ် ၊ လုံးသေး ၁ ပိဿာလျှင် ၆၅၀၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိပြီး ဝင်ရောက်လာသည့် အာလူးများအနေနှင့် မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ မြို့များသို့ ကုန်စည်စီးမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း