Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးမြေပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မိုးမြေပဲစိုက်ဧက စုစုပေါင်း (၂၈၀,၀၀၀) ခန့် စိုက်ပျိုးထားရှိပြီး ယခုရာသီတွင် ရာသီဥတု ကောင်းမွန်မှုကြောင့် အထွက် နှုန်းများ သတ်မှတ်ပန်းတိုင်ထက် ကျော်လွန်နေကြောင်း သိရသည်။ မြေပဲစိုက်ဧကများပြားသည့် တိုင်းအတွင်းရှိ မြို့နယ်များတွင် ဗီယက်နမ်၊ ဆင်းပဒေသာ-၁၁ နှင့် ဆွန်တာနီ အပါအဝင် အထွက်နှုန်းကောင်းမျိုးများကို အဓိကစိုက်ပျိုးလျက်ရှိသည်။

          အထွက်နှုန်းအနေဖြင့် ပန်းတိုင်အထွက်နှုန်း တင်း (၇၀) သတ်မှတ်ထားသော်လည်း လက်တွေ့တွင် တင်း (၇၅) မှ တင်း (၇၈) အထိ ထွက်ရှိသည့်အပြင် စိုက်ပျိုးရေးနည်းပညာ ကောင်းမွန်သည့် ကျေးရွာများတွင် တင်းကိုးဆယ်ကျော်အထိ ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများက ဆိုသည်။ ဈေးနှုန်းအနေဖြင့် အခွံအပါ တစ်ပိဿာလျှင် ကျပ် ၂,၈၀၀ မှ ၃,၀၀၀ အထိ ရရှိပြီး အခွံချွတ်ပြီး တစ်ပိဿာလျှင် ကျပ် ၆,၅၀၀ မှ ၆,၈၀၀ အထိ ရောင်းချနိုင်ကြောင်း သိရသည်။

          မြောင်းမြမြို့နယ်မှ တောင်သူတစ်ဦးက " ယခုနှစ် မိုးမြေပဲအထွက် ကောင်းတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ ပြီးခဲ့တဲ့နှစ်ကထက် နည်းနည်းလျော့နေတယ်။ ကုန်ကျစရိတ် ကတော့ မြင့်တက်နေတုန်းပဲ" ဟု ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော မြေပဲများသည် ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာတွင်ပါ ဝယ်လိုအား ကောင်းမွန်နေပြီး မြေပဲဆီချက်လုပ်ငန်းများ၊ မုန့်ပဲသွားရေစာလုပ်ငန်းများအတွက် အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိသည်။ ယခုရာသီတွင် မြေပဲအထွက်နှုန်း မြင့်မားမှုကြောင့် ပြည်တွင်း မြေပဲဆီဈေးနှုန်းများ တည်ငြိမ်နိုင်မည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

DOCA(ဧရာဝတီ)

ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်း၌ စားအုန်းဆီသင်္ဘောဝင်ရောက်ခဲ့မှု

         စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှတင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ(သဲကွင်း)ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားဈေးဆိပ်ကမ်း၊ Myanmar Naing Group Port Terminal သို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းသို့ (၂၆.၁၁.၂၀၂၅)ရက်နေ့တွင် MT MESON သင်္ဘောဖြင့် ROS ဆီကန်သို့ (၂၇၇၈.၀၃၉)တန် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော ရှမ်းကြက်သွန်ဖြူဈေးနှုန်းများ ကျဆင်းလာ

 

          ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေသော ရှမ်းကြက်သွန်ဖြူဈေးနှုန်းများ သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။ မြို့နယ်အတွင်းသို့ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်းရောင်းချသည့် ကြက်သွန်ဖြူများ၏ ဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ကျဆင်းခဲ့သည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရှမ်းကြက်သွန်ဖြူ အရည်အသွေး အလိုက် ပိဿာချင်းနှိုင်းယှဉ်ဈေးများမှာ ထူး တစ်ပိဿာလျှင် (၃,၀၀၀) ကျပ်၊ ထူး ၂ တစ်ပိဿာ လျှင် (၄,၀၀၀) ကျပ်၊ ထူး ၃ တစ်ပိဿာလျှင် (၅,၅၀၀) ကျပ်၊ ထူး ၄ တစ်ပိဿာ (၆,၅၀၀) ကျပ်၊ ထူး ၅ တစ်ပိဿာ (၇,၀၀၀) ကျပ်၊ ထူးရှယ်စ တစ်ပိဿာ (၉,၅၀၀) ကျပ်နှင့် ဥတစ်လုံး ကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၈,၀၀၀) ကျပ်မှ (၂၃,၀၀၀) ကျပ်အထိ ရောင်းချနေကြောင်း သိရသည်။

          ယခင်လ စက်တင်ဘာလ တတိယပတ်ကထက် ယခုလတွင် ရှမ်းကြက်သွန်ဖြူ အစုံ တစ်ပိဿာလျှင် ကျပ် (၁,၅၀၀) မှ (၂,၀၀၀) အထိ ဈေးနှုန်းများ ကျဆင်းခဲ့သည်။ ဤသို့ ဈေးနှုန်းများ ကျဆင်းရခြင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအား ပုံမှန်အတိုင်းသာ ရှိပြီး ပုံမှန်ထုတ်လုပ်မှုရှိသောကြောင့် ဖြစ်သည်ဟု ဈေးသည်များက ဆိုသည်။

          ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ကြက်သွန်ဖြူရောင်းချမှုအနေဖြင့် နေ့စဉ် ပိဿာ (၁၀၀) မှ (၁၅၀) ခန့် ရောင်းချရကြောင်း၊ စားသုံးမှုများပြားသည့် ကာလဖြစ်သဖြင့် အရောင်း အဝယ် ကောင်းမွန်နေကြောင်း ကြက်သွန်ဖြူ ရောင်းချသူတစ်ဦးက ပြောကြားသည်။

DOCA(ဧရာဝတီ)

နိုဝင်ဘာလ၊ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုပ်၊ ငါးချဉ်နှင့် ငါးဖယ်ခြစ်ဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းဖြစ်သော ပုစွန်ထုပ်၊ ငါးချဉ်နှင့် ငါးဖယ်ခြစ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ငါးချဉ်များကို ကသာမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ ငါးဖယ်ခြစ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ပုဇွန်ထုပ်၊ ငါးချဉ်နှင့် ငါးဖယ်ခြစ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်()ပိဿာလျှင် (၇၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၇၅၀၀)ကျပ်နှင့် ငါးချဉ်() ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊(၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ငါးဖယ်ခြစ် ()ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချနေသော အသားတုနှင့် ကြွက်နားရွက်မှိုခြောက်ဈေးနှုန်း

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသားတုနှင့် ကြွက်နားရွက်မှိုခြောက်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

         ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော အသားတုနှင့် ကြွက်နားရွက်မှိုခြောက်ဈေးနှုန်းတို့မှာ အသားတု()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀) ကျပ်၊(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ကြွက်နားရွက်မှိုခြောက်()ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ အသားတုနှင့် ကြွက်နားရွက်မှိုခြောက်များကို ကြာဇံချက်ဆိုင်များ၊ အကင်ဆိုင်များနှင့် တုတ်ထိုးဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပြောင်းဖူး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီး၊ ပြောင်းဖူး၊ ဘူးသီး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီး၊ ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိရာ  ယခုအခါ ပြောင်းဖူးပင်၊ ကင်းပုံသီးပင်၊ ပဲတောင့်ရှည်သီးပင်နှင့် ခရမ်းကြွပ်သီးပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရ သည်။ ပြောင်းဖူး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီးများကို ကြော်စား၊ သုပ်စား၊ ချက်စားပြီး ခရမ်းကြွပ်သီးများကို ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပြောင်းဖူး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ပြောင်းဖူးအကြီး(၁)ဖူးလျှင် (၇၀၀)ကျပ်၊ (၃)ဖူးလျှင် (၂၀၀၀)ကျပ်၊ အသေး(၁)ဖူးလျှင် (၅၀၀)ကျပ်၊ ကင်းပုံသီး(၁)ဘူးလျှင် (၆၀၀)ကျပ်၊ (၁)ပြည်လျှင် (၄၇၀၀)ကျပ်၊ ပဲတောင့်ရှည်သီး(၁)စည်းလျှင် (၅၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၃၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်းအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်းမှာ သင်္ဘောသီးစိမ်း()ပိဿာလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် ရွှေဖရုံသီး() ပိဿာလျှင်(၂၈၀၀)ကျပ်၊ ရွှေဖရုံသီး()စိတ်လျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥ၊ ကန်စွန်းဉနှင့် အာဂတ်ဥ(ခေါ်)အာတာလွတ်ဥဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥ၊ ပိန်းဥ၊ အာဂတ်ဥ(ခေါ်)အာတာလွတ်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥ၊ ကန်စွန်းဥနှင့် အာဂတ်ဥ(ခါ်) အာတာလွတ်ဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥ၊ ကန်စွန်းဥနှင့် အာဂတ်ဥ (ခေါ်)အာတာလွတ်ဥများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများမှာ ပိန်းဥ()ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကန်စွန်းဥ()ပိဿာလျှင် (၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ အာဂတ်ဥ(ခေါ်) အာတာလွတ်ဥ ()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥ၊ ကန်စွန်းဥနှင့် အာဂတ်ဥ(ခေါ်) အာတာလွတ်ဥများ ကိုပြုတ်၍သော်လည်းကောင်း၊ ပိန်းဥများကို အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအ ဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းနှင့် သစ္စာပန်းဈေးနှုန်းများ

        ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း၊ သစ္စာပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသောနှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်းများကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူ၍ သစ္စာပန်းများကို ခင်ဦးမြို့မှမှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမကလက် ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း နှင်းဆီပန်းအကြီး()ပွင့်လျှင် (၅၀၀)ကျပ်၊ အသေး()ပွင့်လျှင်(၃၀၀)ကျပ်နှင့် ဇော်စိမ်းပန်း (ခေါ်)ကျောက်စိမ်းပန်း()ခက်လျှင်(၁၀၀၀)ကျပ်၊ သစ္စာပန်း()စည်းလျှင်(၂၅၀၀)ကျပ်၊ ()စည်း လျှင်(၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ  ဒေသခံများသည်မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်သည့်အပြင် စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီများကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီဈေးနှုန်းများမှာ စလေဘီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စလေဘီ (၅၀)ကျပ်သားလျှင် (၆၀၀၀) ကျပ်နှင့်စလေဘီ(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ခါကြာမုန့်()ချပ်လျှင်(၅၀၀)ကျပ်၊ ပေါက်စီ ()လုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီများကိုသရေစာအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက်လည်းကောင်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း