Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပန်းဈေးကွက်၌ အရောင်းသွက်သည့်  သပြေပန်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း သိရသည်။

    သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ ()မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းခက်()စီးလျှင် (၁၀၀၀)ကျပ်၊ သပြေငုတ်အကြီး()ငုတ်လျှင်(၅၀၀၀)ကျပ်နှင့် အသေး()ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀) ကျပ်၊ အာဆီယံသပြေ()စည်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊  ပန်းရောင်း ချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်းနှင့် ပတ္တမြားပန်း ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ပိန်းပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်း၊ အာစီယံသပြေနှင့် ရွှေပန်း၊ ငွေပန်းတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း ဈေးနှုန်းများမှာ ရွှေပန်း(၄)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၁၁)ကုံးလျှင် (၁၀၀၀)ကျပ်၊ ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၆)ကုံးလျှင် (၅၀၀)ကျပ်၊ ပတ္တမြားပန်း (၅)ပွင့်ပါတစ်ကုံးလျှင် (၁၅၀)ကျပ်၊ (၃)ကုံးလျှင် (၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                     

ကန့်ဘလူမြို့ကုန်စုံဆိုင်းများတွင် ရောင်းချနေသည့် အညာဒေသထွက် မြေပဲယို

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၂၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး(၁)ထုတ်လျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ယခု အချိန်ခါသည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာသီဖြစ်သောကြောင့် တောင်သူဦးကြီးများသည် အဆာပြေ၊ အမေားပြေစေရန် ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးကြသောကြောင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သရေသာ စားစရာတို့ကို ရောင်းချ လျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်သည်။ ရေဦးပေါက်ပေါက်ဆုပ်သည် လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်း ဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာ စားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ရေဦးပေါက်ပေါက်ဆုတ် လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး ()ထုတ်လျှင်(၁၀၀၀)ကျပ်၊ ရေဦးထန်းလျက်ဖြူ ()ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီးများ အလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း နှင်းပန်းတစ်စီး လျှင်(၁၀၀၀)ကျပ်နှင့် (၃)စီးလျှင်(၂၇၀၀)ကျပ်ဖြင့် လည်းကောင်း၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင်(၅၀၀မှ ၇၀၀) ကျပ်၊ (၃)စီးလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော သရေစာ နေကြာစေ့လှော်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ နေကြာစေ့လှော်ကို  အပျင်းပြေသရေစာအဖြစ် စားသုံးကြကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်  နေကြာစေ့လှော် လက်က္ကားတစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၇၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၄၀၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဇီတော်ဖီ(ခေါ်) ဇီးပြားဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ  ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးပြားများကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ယခုစက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ဇီးတော်ဖီ(ခေါ်) ဇီးပြားဈေးနှုန်းမှာ (၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၃၀၀)ကျပ်နှင့် (၁၀)ကျပ် သားလျှင် (၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး(၁)ထုပ်လျှင် (၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ စကားဝါပန်းနှင့် စကားဖြူပန်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါပန်းနှင့်စကားဖြူပန်းမျိုး မှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါပန်း၊ စကား ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်အဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသောစကားဝါပန်းဈေးနှုန်းမှာ စကားဝါပန်း(၁)ကုံးလျှင်(၄၀၀)ကျပ်၊ စကားဝါပန်း(၂)ကုံးလျှင် (၇၀၀) ကျပ်၊ စကားဖြူပန်းသည် အဝင်နည်းသည့်အတွက် (၁)တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း (၃)ကုံး လျှင်(၁၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြို့မဈေးရှိ ပန်းမျိုးစုံရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော ငါးကြင်း(၁)ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ငါးမြင်း(၁) ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် ငါးတန်(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးများကို ဒေသတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် စားသုံးသူများက ဝယ်ယူ လျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ငရုတ်သီးစိမ်း ဈေးနှုန်းအနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၃၂၀၀)ကျပ်၊ လက်က္ကား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာ တတိယပတ်အတွင်း ငရုတ်သီးစိမ်း(၁)ပိဿာ လျှင် (၃၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့ နယ်အတွင်း ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း