Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စည်ပင်သာယာမြို့မဈေးတွင် ရောင်းချလျက်ရှိသော ငါးဈေးနှုန်းများ

   ကျွန်းလှမြို့နယ်တွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့မစည်ပင်သာယာဈေး၏ ငါးကြင်း ဈေးနှုန်းများ အနေဖြင့် ငါးကြင်း (အကောင်အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြင်း (အကောင် အကြီး)လက်လီဈေး(၁) ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၄၀၀၀)ကျပ် နှင့် ငါးကြင်းခုတ်သား လက္ကား(၁) ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား လက်လီ(၁) ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်နှင့် ငါးကြင်းခုတ်သား လက်လီဈေး (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း (အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့် (အသေး)လက္ကား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးချောင်း(အလတ်) နှင့် (အသေး)လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးဖယ်ခြစ် ဈေးနှုန်းများအနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့်ငါးဖယ်ခြစ် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ငါးဖယ် ဈေးနှုန်း အနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်း အဝယ် လုပ်ကိုင် သူထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ ငှက်ပျောသီး ဈေးနှုန်း/ဈေးကွက်

      ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ငှက်ပျောသီးစျေးကောင်းရရှိ၍ မိသားစု အပိုဝင်ငွေရရှိကြောင်းသိရှိရပါသည်။ ငှက်ပျောတွင်  သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေငှက်ပျောတို့ သည် လူကြိုက်များသည့် အတွက် ရောင်းအားအလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ်ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်းတစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့်နှင့်  ရွှေငှက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ငါးဖယ်ခြစ် နှင့် ငါးဖယ် ဈေးနှုန်း

  ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ငါးဖယ်ခြစ်ကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပုံမှာ ငါးဖယ်ခြစ်ကို အဆုတ်ကလေးများလုပ်ပြီးချက်ခြင်း၊ ငါးဖယ်ခြစ်ကို ကြော်ခြင်း ၊ ငါးဖယ်ကြော်ကို ပါးပါးလှီးပြီး အချို /အချဉ် သုပ်စားခြင်း နှင့် ငါးဖယ်ခြစ်ကို  အချဉ်သိပ်စားခြင်း စသည့်တို့ဖြင် စားသောက်ကြပြီး ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အာပူလျှာပူဆိုင်များနှင့် စားသောက်ဆိုင်များတွင် အများဆုံး အသုံးပြုသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့၏ ငါးဖယ်ခြစ် ဈေးနှုန်းများ အနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်နှင့်ငါးဖယ်ခြစ်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ငါးဖယ် ဈေးနှုန်း အနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ငှက်ပျောပင်စိုက်ပျိုး ဝင်ငွေတိုး

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောတစ်ပင်နှင့် တစ်ပင်ကြား(၁၀)ပေခန့် ခြား၍ စိုက်ပျိုးရပါသည်။ ငှက်ပျောစိုက်ပျိုးသည့် အမျိုးအစားများမှာ ဖီးကြမ်း (စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ် (ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်သည် စတင်စိုက်ပျိုးချိန်မှ(၆)လ အကြာတွင် အဖူးများငှက်ပျောသီးအဖီးများ စတင်ထွက်ရှိပါသည်။ အဖူးများငှက်ပျောသီးအဖီးများ စတင် ထွက်ရှိပြီး (၆)လကြာမှသာ ရင့်မှည့်သော ငှက်ပျောသီးအဆင့်သို့ရောက်ရှိလာခြင်းဖြစ်ပါသည်။

   ငှက်ပျောပင်သည် ပင်စည်မှအစ အရွက်အဆုံး အကုန်ရောင်းစားရသော အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ငှက်ပျောပင်မှ ငှက်ပျောဖက်ရွက်ကို ကောက်ညှင်းထုတ်၊ မုန့်ဖက်ထုတ်၊ ငှက်ပျောထုတ်၊ မုန့်ဦးနှောက် နှင့် မုန့်နီထုတ်များ ထုတ်ရန်အတွက် ငှက်ပျောဖက်ကို အလိပ် အခေါက်များ လုပ်ပြီး ရောင်းစားနိုင်သလို၊ ငှက်ပျောအပင်ပွားများ၏ ပင်စည်ကိုလည်း  ခုတ်ပြီး မုန့်ဟင်းခါးချက်ရန်အတွက် ‌ ငှက်ပျောအူအဖြစ်လည်း ရောင်းရကြောင်း၊ ငှက်ပျောဖူးမှ အဖီးများဆုံးသည့် ငှက်ပျောဖူးများကိုလည်း ချက်စား၊ သုပ်စား၊ ဟင်းပေါင်းစားရန်အတွက် ရောင်းရပါသည်။ နောက်ဆုံး ငှက်ပျောသီးကိုတော့ ကိုယ်ခံ အားအတွက် အားဆေးတစ်ပါးအဖြစ် စားသုံးသလို အစာပိတ် အချိုတည်းခြင်း အဖြစ်လည်း စားသုံးကြ သည့်အတွက် ငှက်ပျောသီးဟာလည်း ဈေးကောင်းရရှိပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်၌ ငှက်ပျောသီး ဈေးနှုန်းအနေဖြင့် ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍ (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) ငှက်ပျောအဖီး လှ/မလှ ပေါ်မူတည် ၍(၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး လှ/ မလှပေါ်မူတည်၍ တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/ ၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီမရွေးစိုက်ပျိုးရောင်းချရသည့် နှစ်ရှည်သီးနှံပင် ဖြစ်သည့်အတွက်  စိုက်ပျိုးသင့် ငှက်ပျောစိုက်တောင်သူထံမှသိရသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်

     ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက်အမျိုးအစားဖြစ် ပါသည်။ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး နည်းလမ်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက် လျက်ရှိကြောင်း သိရှိရပါသည်။

       ထားဝယ်‌ဒေသည် ဂေါ်ဖီထုပ်ထွက်ရှိသည့်‌ဒေသမဟုတ်သည့်အတွက် ရှမ်းပြည်နယ်ဘက်မှ ကားများ ဖြင့် အဆင့်ဆင့်သယ်ယူရောင်းချကြပြီး ဇူလိုင်လအတွင်း ဂေါ်ဖီထုပ်တစ်လုံးလျှင်(၁၀၀၀) ကျပ်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကျွန်းလှမြို့တွင် မြေအောက်ရေတင်စနစ်ဖြင့် ဂန္ဓမာပန်းပင် စိုက်ပျိုးဝင်းငွေတိုး

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ  ဂန္ဓမာပန်းပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ ကြသည်။

   ဂန္ဓမာပန်းပင် စိုက်ပျိုးရန်အတွက် ပန်းပျိုးပင်မျာကို ပြင်ဦးလွင်မြို့ကမှာယူကာ ပျိုးပင်သက် (၁)လခွဲ သားဖြစ်ပြီး ဂန္ဓမာပန်းပျိုးပင်ကို အိမ်အရောက် တစ်ပင်(၃၀)ကျပ်ဖြင့်ဝယ်ယူရပါသည်။ ယခု စိုက်ပျိုး ထား သောဂန္ဓမာပန်း အမျိုးအစားများမှာ မြနှင်းဖြူမျိုး၊ စံပယ်ဖြူမျိုး နှင့် ပဲနီမျိုးတို့ဖြစ်ကြပါသည်။ ဂန္ဓမာပန်းပင် စိုက်ပျိုးမှုပုံစံမှာ မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိးထားကာ အပင်အရေ အတွက် (၂၅၀၀)ခန့် မြေအကျယ်အဝန်းမှာ(၆၀)ပေပတ်လည်ဖြစ်ပါသည်။ ဂန္ဓမာပန်းပျိုးပင် ဝယ်ယူခြင်း၊ မြေဘောင် တင်ခြင်း မြေပြုပြင်ခြင်း၊ သွင်းအားစုထည့်ခြင်း၊ ရေပေးခြင်း တို့အတွက် ကုန်ကျစရိတ် စုစုပေါင်း (၅၀၀၀၀၀)ကျပ်ခန့်ရှိပါသည်။ ဂန္ဓမာပန်းသည် အသစ်စိုက်လျှင် စိုက်ပျိုးပြီး(၅)လအကြာတွင် စတင် ချိုးယူ ခူး ဆွတ် ရောင်းချရပါသည်။ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပြီး ပြုစုပျိုးထောင်နိုင်မှု ကောင်းလျှင်(၃)သားလောက် အထိ ချိုးယူခူးဆွတ်ရောင်းချရပါသည်။ တစ်ခါချိုးယူခူးဆွတ်ပြီးသားအခင်း ဒုတိယသားကို သွင်းအားစု ထည့်ပြီး ပြုစုပျိုးထောင်လျှင် (၃)လကြာသည့်အခါ ပြန်လည်ချိုးယူရောင်းချ ရပါသည်။

   ဂန္ဓမာပန်းများကို တစ်ရက်လျှင် အစည်းအရေအတွက်(၁၀၀ မှ ၁၅၀)ထိ ချိုးယူရောင်းချရပြီး တစ်ခါ စိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရပါသည်။ ကျွန်းလှမြို့၏ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်းတစ်စည်းလျှင် ဖောက်သည်ပေးသည့် လက္ကား ဈေးနှုန်းမှာကျပ်(၈၀၀/၁၀၀၀)နှုန်း ဂန္ဓမာပန်း လက်လီ ဈေးနှုန်းမှာ ဂန္ဓမာပန်းတစ်စည်းလျှင်(၁၀၀၀/၁၃၀၀/၁၅၀၀) ဈေးနှုန်းတို့ဖြင့်ရောင်းချရကြောင်း ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူ မချို ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ပဲပင်ပေါက်စျေးနှုန်း/စျေးကွက်

    ပဲပင်ပေါက်သည် နေရာဒေသမရွေးစိုက်ပျိုးနိုင်ပြီး မိမိတို့အိမ်တွင်း၌လည်း အပင်ဖောက်ကာ စိုက်ပျိုးရလွယ်သော အပင်တစ်မျိုးဖြစ်သည်။ ဈေးနှုန်းသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သော အပင်တစ်မျိုးဖြစ်သည့်အတွက် စားသုံးသူများပြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။

      စိုက်ပျိုးရလွယ်ကူရုံသာမက ဈေးချိုပြီး အဟာရဓါတ်ကြွယ်ဝသည့်အတွက် ရောင်းကောင်းလျက်ရှိပြီး တစ်ပိဿာဆံ့အိတ်ဖြင့် တစ်ထုပ်လျှင်(၇၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိဂေါ်ရခါးသီးစျေးနှုန်း/စျေးကွက်

       ဂေါ်ရခါးသီးသည် အပူပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ် ကြော်လှော်စားသုံးနိုင်ပြီး အသီးကိုလည်းပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်ပါသည်။ မော်လမြိုင် ဘက်မှ ကားများဖြင့်တင်ပို့ကြပြီး စားသုံးသူများပြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။

          ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်း၌ ‌ဂေါ်ရခါးသီး တစ်လုံးလျှင် (၅၀၀ မှ ၇၀၀) ကျပ် ရှိပြီး ရာသီမရွေးအသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံး စရိတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ပန်းသစ်တော်သီးဈေးနှုန်း

      ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးနှင့် ညနေဈေးတို့ရှိ သစ်သီးဆိုင်များ၌ သစ်သီးမျိုးစုံရောင်းချလျက်ရှိရာ ပန်းသစ်တော်သီးမှာလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး လူကြိုက်များကြကြောင်း သိရှိရပါသည်။ ရန်ကုန်၊ မော်လမြိုင်ဘက်မှ ကားများဖြင့် ထားဝယ်မြို့ရှိ သစ်သီးဒိုင်များသို့ တင်ပို့ကြပြီး ထိုမှတဆင့် သစ်သီးဆိုင်များသို့ ပြန်လည်ဖြန့်ဖြူးလျက်ရှိကြောင်းလည်း သိရှိရပါသည်။

   ထားဝယ်ဈေးကွက်၌ ဇူလိုင်လအတွင်း ပန်းသစ်တော်သီး ဈေးကောင်းလျက်ရှိပြီး  တစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိကြံစျေးနှုန်း

       ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံဈေးကွက်မှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပြီး ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ကြံသည်  ကြံရည်သာမက ဘုရားပွဲ၊ နတ်ပွဲများ၌ပါ မပါမဖြစ် ဖြစ်သည့်အတွက် ဇူလိုင်လ၌ ဈေးပိုကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။

     ထားဝယ်မြို့ရှိ ဒေသထွက် ကြံစျေးနှုန်းများမှာ(၁)ချောင်းလျှင် (၄၀၀၀)ကျပ်၊ (၁၀) ချောင်းပါ တစ်စည်းလျှင် (၃၈၀၀၀၀) ကျပ်၊  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း