Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ  ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၇၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၄၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၆၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခရမ်းသီးစိုက်ပျိုးထွက်ရှိမှု မှ အောင်မြင်ဖြစ်ထွန်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် မြေခံ၊ ရေခံကောင်း၍ မိုးရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။

     ဓနုဖြူမြို့နယ် ဒေသခံများသည် ကိုင်းမြေ၊ အိမ်ရှိမြေကွက်လပ်များနှင့် ဥယျာဉ်ခြံများတွင် သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပ တီ၊  ပဲသီး၊  ခရမ်း၊ မုန်လာဥ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ခရမ်းမျိုးများအား ပျိုးထောင်ကျဲပတ်ပြီး အပင်ပေါက်များအားကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးကြပြီး ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝ မြေဩဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ (၂) ရက်ခြား (၃) ရက် တစ်ကြိမ် ခူး ဆွတ်ရောင်းချ ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရတ်အနေဖြင့် ၁ဧကလျှင် ငွေကျပ် ၁၀သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကအတွင်း ထွက်ရှိမှု  ခရမ်းသီး ပိဿာချိန် ၆၅၀အထိ ထွက် ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၁ဧကလျှင် ၁၁၇၀၀၀၀ကျပ် ရရှိ၍ အမြတ် ၁၇၀၀၀၀ကျပ် ကျန်ရှိကြောင်း  စိုက်ပျိုးသူထံမှသိရသည်။

    ခရမ်းသီး ဈေးကွက်အနေဖြင့် တစ်ပိဿာလျှင်  (၂၀၀၀) ကျပ်ခန့်၊ လက်ကားဈေး အနေဖြင့် ၁ပိဿာလျှင် (၁၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ထွက်ရှိသည့် အသီးများကို ရန်ကုန်မြို့နှင့် မြို့နှင့် နီးစပ်ရာ မြို့နယ်များသို့  ဖောက်သည်သွင်းရောင်းချ ကြောင်း သိရသည်။

    ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများသည် ကိုင်း ယာနှင့် ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ် ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

Doca (ဧရာဝတီ)

မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော အာတာလွတ်ဥနှင့် ထန်းပင်မြစ်

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် အာတာလွတ်ဥများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  အာတာလွတ်ဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀/ ၂၈၀၀) ကျပ်ဖြစ်ပြီး ထန်းပင်မြစ်ဈေးနှုန်းမှာ (၂၅)ချောင်းပါတစ်စည်းလျှင် (၂၈၀၀/၃၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင်ရောင်းချနေသော မန်ကျည်းရွက်နှင့် ကုလားပဲရွက်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   မန်ကျည်းရွက်နှင့်ကုလားပဲရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင်  မြသလ္လာဈေးတွင် ဖြစ်ပေါ်နေသော  မန်းကျည်းရွက်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၄၀၀)ထိ ရောင်းချလျက်ရှိပြီး ကုလားပဲရွက်ဈေးနှုန်းမှ (၂၅)ကျပ်သားလျှင် (၉၀၀၀)ကျပ် ၊ (၁)ပိဿာလျှင် (၃၆၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ မြေနုကျွန်းကျေးရွာ၌ ဆောင်းကုလားပဲများ စတင်စိုက်ပျိုးလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ မြေနုကျွန်းကျေးရွာသည် စိုက်ပျိုး ရေးကို အဓိကလုပ်ကိုင်ပြီး ကုလားပဲ၊ နေကြာ၊ ဝါ၊ မြေပဲ၊ ပဲထောပတ်နှင့် စားဖိုချောင်သုံး သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ကုလားပဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)မှစတင်၍ တောင်သူ(၇၀)ဦးမှ စိုက်ဧက(၂၀၀)ခန့်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   မြေနုကျွန်းကျေးရွာနေ တောင်သူတစ်ဦးက ၎င်းအနေဖြင့် ဆောင်းကုလားပဲကို ()ဧကခန့် စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် မြကြေးမျိုးကို စိုက်ပျိုးခြင်းဖြစ်ပြီး ယခင်နှစ်ကစိုက်ခင်းမှ စိုက်ပျိုး ထွက်ရှိသည့် ကုလားပဲစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ()ဧကလျှင် မျိုး ()တင်းခန့်ကုန်ကျပြီး ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးပြီး()လခွဲခန့်အကြာ တွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစပေါင်း ကျပ်()သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က ကုန်ကျစရိတ် အနေဖြင့် စိုက်ပျိုးခနှင့် ရိတ်သိမ်းခအပါအဝင် စုစုပေါင်း ကျပ်()သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ()ဧကလျှင် (၂၀)တင်းထိထွက်ရှိပြီး ()တင်းလျှင် ကျပ်()သိန်းခန့်ရရှိကာ အကျိုး အမြတ်အနေဖြင့် ကျပ်(၁၃)သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မင်းဘူးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

  

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးဈေးနှုန်းမြင့်တက်

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးကို မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ သရက်မြို့တို့အပြင် ရှမ်းပြည်နယ်၊ အောင်ပန်း၊ တောင်ကြီးမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အာလူး()ပိဿာလျှင် ကျပ်(၇၀၀၀-၇၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် ကျပ်(၇၀၀၀-၇၂၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါ က ကျပ်(၃၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ဇေယျာသီရိဈေးအတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီုးမြို့တို့မှထွက်ရှိသည့် အာလူးများသာ ဝင်ရောက်မူများပြီး သယ်ယူစရိတ်မှာလည်း မြင့်တက်သောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)

မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၂၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင် သာစသည့် ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်း မြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး ()ပိဿာလျှင် ကျပ်(၆၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် ကျပ်(၄၅၀၀-၅၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀-၁၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ မင်းလှမြို့ နယ်အတွင်းရှိ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှ ခရမ်းချဉ်သီးအသစ်များ ဈေးအတွင်းသို့ ဝင်ရောက်မှုများရှိလာသော်လည်း ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အဓိကမှာယူရောင်းချရသည့်အတွက်  ဈေးနှုန်းမှာမြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျသီရိဈေး၌ ကြက်သွန်နီဈေးနှုန်းကျဆင်းလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာ၊ ရွာသစ်၊ ထန်းကိုင်း၊ ဂျင်ရဲမြောင်၊ ကုန်းကြီး စသည့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ()ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ပထမပတ်)တွင် ကျပ်(၂၃၀၀-၂၅၀၀)ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၃၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်းရှိ ဒေသတွင်းကြက်သွန်နီ စိုက်ခင်းတချို့၌ ကြက်သွန်နီအသစ်များ စတင် ထွက်ရှိလာသည့်အတွက် ဈေးနှုန်းလျော့ကျလာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

   ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီးများအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ်ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၈၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၄၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း