Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လူကြိုက်များပြီး ဆေးဖက်ဝင်သော ကန်စွန်းရိုးနီဈေးနှုန်း

     ကန်စွန်းရိုးနီများသည် အလေ့ကျပေါက်သောအပင်အဖြစ်ရေရရှိသော ချောင်းမြောင်းများ၊ လယ်ကွင်းများနှင့် လယ်ကန်သင်းဘောင်များပေါ်တွင် ပေါက်လေ့ရှိပါသည်။ လူတန်းစားမရွေးကြိုက် နှစ်သက်ကြပြီး ချွေတာရေးဟင်းတစ်ခွက်အဖြစ်လည်း အသုံးပြုနိုင်သည်။ သဘာဝအလျောက် ပေါက်သောအပင်များရှိသလို၊ မိုးရာသီတွင် သီးသန့်စိုက်ပျိုးမှုများကိုလည်း တွေ့နိုင်သည်။

          ကန်စွန်းရိုးနီတွင် ကျန်းမာရေးအတွက် အထောက်အကူပေးသော ကောင်းကျိုးများကိုလည်း တွေ့ရသည်။ သွေးလည်ပတ်မှုအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ကာ အဆိပ်အတောက်များကိုလည်း ပြေစေပါသည်။ ပုသိမ်မြို့၊ မြို့မဈေးအတွင်း ကန်စွန်းရိုးနီ တစ်စည်းလျှင် (၂၀၀) ကျပ်ဖြစ်ပြီး၊ (၃) စည်းလျှင် (၅၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       (DOCA) ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အုန်းသီးအခြောက်ဈေးနှုန်းများ ကျဆင်းလျက်ရှိ

      ဧရာဝတီတိုင်ဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြေဆီမြေဩဇာကောင်းမွန်ကာ စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သောကြောင့် နှစ်ရှည်သီးပင်တစ်ခုဖြစ်သော အုန်းသီးကို ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများရှိပြီး ပုသိမ်မြို့နယ်တွင် အုန်းသီး အခြောက်ပွဲရုံများကိုလည်း တွေ့ရှိရပါသည်။

          နိုဝင်ဘာလ တတိယပတ်တွင် အုန်းသီးအခြောက်ဈေးနှုူန်းများ ကျဆင်းလျက်ရှိပြီး အုန်းသီး တစ်လုံးလျှင် (၁၈၀၀) ကျပ်၊ (၂၀၀၀) ကျပ် ဖြစ်ပြီး နိုဝင်ဘာလ ပထမအပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းသွားကြောင်းနှင့် အုန်းသီးအခြောက်များကို အများအားဖြင့် ရန်ကုန်သို့တင်ပို့ ရောင်းချလျက်ရှိပြီး တစ်ခါတစ်ရံ အထက်မြန်မာပြည် မန္တလေးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် အုန်းသီးအခြောက်မှ ထွက်ရှိသော အုန်းခွံများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသော အုန်းဆံကျစ်သော နေရာများသို့ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       (DOCA) ဧရာဝတီ

မအူပင်မြို့ဒေသထွက် ပဲမုန့်အမျိုးမျိုး ဈေးနှုန်း ဈေးကွက်

    မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးရှိသည် မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် အများသူငါများကို လက်ဆောင်အဖြစ်လည်းကောင်း၊ ကန်တော့ရာတွင်လည်းကောင်း လက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုး ဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊ ကျားအငံမုန့်၊  ဓနဟိန်း ပဲမုန့်၊ ဘဲဥမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။

   ပဲမုန့်ဈေးနှုန်းအနေဖြင့် ၁၀-၁၁-၂၀၂၅ ရက်နေ့ ဖော်ပြပါ ရောင်းချမှုဈေးနှုန်း အနေဖြင့်  ကျားပဲမုန့် ၁ထုတ် ၂၀၀ကျပ်၊ ကျားပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၅၀၀ကျပ်၊ ကျားပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၀၀၀ကျပ်၊ ကျားအငံမုန့် ၁ထုတ် ၂၀၀ကျပ်၊ ကျားအငံဘူးသေး  ၆ထုတ်ပါ ၁၆၀၀ကျပ်၊ ကျားအငံဘူးကြီး ၁၀ထုတ်ပါ ၂၀၀၀ကျပ်၊ ကျားဘဲဥမုန့် ၁ထုတ် ၂၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၂၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၀၀၀ကျပ်၊ ကျားကိတ်မုန့် ၁ထုတ် ၅၁၀၀ကျပ်၊ ကျားကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၅၃၀၀ကျပ်၊ ကျားဖရုံယို ၁ထုတ် ၂၀၀ကျပ်၊ ကျားဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး ယခင် စက်တင်ဘာလဈေး ဖြင့် ကျားပဲမုန့် ၁၀၀ကျပ်မြင့်တက်၊ ကျားပဲမုန့်ဗူးသေး ၆၀၀ကျပ်မြင့်တက်၊ ကျားပဲမုန့်ဗူးကြီး ၁၀၀၀ကျပ်မြင့်တက်၊ အငံမုန့် ၁၀၀ကျပ်၊  အငံဗူးသေး ၆၀၀ကျပ်မြင့်တက်၊ အငံဗူးကြီး ၁၀၀၀ကျပ်မြင့်တက်၊ ဘဲဥမုန့် ၁၀၀ကျပ်၊  ဘဲဥမုန့်ဗူးသေး ၅၀၀ကျပ်၊ ဘဲဥမုန့်ဗူးကြီး ၁၀၀၀ကျပ်၊ ကိတ်မုန့် ၂၀၀ကျပ်၊ ကိတ်မုန့်ကြီး ၁၀၀၀ကျပ်၊  ဖရုံယို ၁၀၀ကျပ်၊ ဖရုံယိုအကြီး ၅၀၀ကျပ် မြင့်တက်လာကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ဒေသထွက် ငါးချဉ် ဈေးနှုန်းဈေးကွက်

     မအူပင်မြို့တွင် ငါးချဉ်ရောင်းချသူများ ရှိပြီး နေ့စဉ် တစ်နှစ်ပတ်လည်လုံး ငါးချဉ် ထွက်ရှိ၍ ရောင်းချနေကြောင်း သိရသည်။ ငါးချဉ်မှာ ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် များကို ဒေသထွက် ငါး၊ ပုစွန် များဖြင့်သာ ပြုလုပ်ကြောင်း သိရသည်။ မြစ်ချောင်း၊ အင်းအိုင်များမှ ရရှိပြီး ဒေသတွင်း ထုတ်လုပ်သူ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် တံဆိပ် အမျိုးမျိူးဖြင့် ဒေသတွင်းနှင့် အခြားမြို့နယ်နှင့် ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြသည်။

      ၂၀၂၅ခုနှစ် အောက်တိုဘာ တတိယပါတ် အတွင်း ငါးခုံးမချဉ် ၁၀သား ဈေးနှုန်း ၂၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပုစွန်ချဉ် ၁၀ဆယ်သား ၁ထုတ်လျှင် ငွေကျပ် ၀၀၀/-ဖြင့်လည်းကောင်း ၊ ငါးဖယ်ချဉ် ၁၀သားထုတ် တစ်ထုတ်လျှင် ၀၀၀/-ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ငါးချဉ်လုပ်ငန်းများကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ငါးချဉ်များကို အချဉ်သိပ်ရန် ၂ရက်မှ ၅ရက်အတွင်း အချဉ်သိပ်၍ ဈေးကွက်အတွင်းရောင်းချပြီး ဆိုးဆေးမပါပဲ သဘာဝအတိုင်း ငါး၊ ပုစွန်ဖြင့်သာ ထုတ်လုပ်ကြောင်းသိရသည်။ ငါးခုံးမ ၅ပိဿာနှင့် ဆန် ၂ပြည် ဆား ၁ပိဿာခန့် အချဉ်သိပ်ပါက ငါးခုံးမချဉ် ၇ပိဿာခန့် ထွက်ရှိကြောင်း ပြုလုပ်သူမှ ရှင်းပြသည်။  စက်တင်ဘာလက ငါးခုံးမချဉ် ၁၀သားလျှင် ၁၅၀၀ကျပ်သာရှိပြီး ယနေ့ ၅၀၀ကျပ် ဈေးမြင့်တက်လာကြောင်း၊ ပုစွန်ချဉ် စက်တင်ဘာလက ၁၀ဆယ်သားလျှင် ၇၀၀၀ကျပ်ဖြစ်ပြီး ယနေ့ ၁၀၀၀ကျပ် မြင့်တက်လာကြောင်း၊ ငါးဖယ်ချဉ် ယခင်ဈေး ၁၀ဆယ်သားလျှင် ၅၀၀၀ကျပ်မှ ယနေ့ ၄၀၀၀ကျပ်ဖြစ်၍ ၁၀၀၀ကျပ် ဈေးကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ကုန်ကြမ်းငါးများ ဈေးအတက်အကျပေါ်မူတည်၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး အင်းများမှ ငါးများရရှိပါက ဈေးနှုန်းကျဆင်းလာနိုင်ကြောင်း ငါးချဉ်ထုတ်လုပ်သူထံ မှသိရသည်။

       မအူပင်မြို့အခြေပြု ထုတ်လုပ်ရောင်းချလျက်ရှိသော ပုဇွန်ချဉ် အမှတ်တံဆိပ်များတွင် (ဒေါ်နီ)ပုဇွန်ချဉ်၊ ကစ်ကစ် ပုဇွန်ချဉ်လုပ်ငန်း၊ မလွင် ပုဇွန်ချဉ် နှင့် ကျုံမငေး ကျေးရွာများမှ ငါးချဉ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်၌ တစ်ပိုင်တစ်နိုင် ၆လ သံပုရာပင်သီးနှံ စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစု နေ့စဉ်ဝင်ငွေ ရရှိ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် ၆လ သံပုရာပင်သီးနှံ စိုက်ပျိုးကြသူများရှိပြီး ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချရ၍ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သံပုရာပင်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။

     မအူပင်မြို့နယ် ဒေသခံပြည်သူများသည် ၆လ စိုက်ပျိုးရေးသံပုရာပင်ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလက စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး ၇လအကြာတွင် စတင်ထွက်ရှိကြောင်း မိမိတို့၏ အိမ်ခြံဝန်း၊ မြေကွက်လပ်များနှင့် ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ မြေအောက်ရေဖြင့် စားဖိုဆောင်သီးနှံမျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အဆိုပါ စားဖိုဆောင်သီးနှံများတွင် သံပုရာပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း စက်တင်ဘာ မှစ၍ နေ့စဉ် သံပုရာသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရသဖြင့် လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရသည်။

     “        စိုက်ပျိုးမှု အနေဖြင့် ဥယာဉ်ခြံမြေ ပေ ၈၀ ပတ်လည်တွင် သံပုရာပင်သီးနှံ အပင် ၂၀၀ ကို စိုက်ပျိုးထားပြီး စိုက်ပျိုးရေးလုပ်ငန်းက အစေ့ချစနစ်နဲ့ စိုက်ပျိုးလို့ရသလို မျိုးဆက်ပွားကိုင်းကူး တဲ့စနစ်နဲ့လည်း  စိုက်ပျိုးကြောင်း၊ အစေ့ချစနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင် တစ်ပေခွဲပတ်လည် မြေကျင်းတူးပြီး နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကို ထည့်ပြီး ရေအစိုဓာတ်ရအောင် ပြုလုပ်ပေးပြီး စိုက်ပျိုးရကြောင်း ပင်ခြားတန်းခြားကို အနည်းဆုံး ၉ ပေ၊ ၁၀ ပေခန့်ထားပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး ()ကြာရင် အသီးအပွင့်များ စတင်ထွက်ရှိကြောင်း၊  စိုက်ပျိုးထားတဲ့ သံပုရာပင်တွေဟာ အသီးများလှိုင်လှိုင် ဆွတ်ခူးရောင်းချနေရပြီ ဖြစ်သည်။

     ဈေးနှုန်းနှင့် ထွက်ရှိမှု အနေဖြင့် သံပုရာသီး တစ်လုံးကို ငွေကျပ် ၀ဖြင့် လက်ကားပေးနေပြီး ဈေးကွက်အတွင်း ၁၀၀/-၁၅၀ ကျပ်ဖြင့် ရောင်းချရပါသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် သိန်း ကျပ်သာကုန်ကျခဲ့ပြီး  အထွက်နှုန်းအနေဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၃လတာ ကာလ ထွက်ရှိပြီး အလုံးရေ ၃၀၀၀၀ခန့်ထွက်ရှိနိုင်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ အကျိုးအမြတ်အနေဖြင့် ၃လတာအတွင်း ငွေကျပ် ၀၀၀၀၀/-ကျန်ခန့် ပျမ်းမျှကျန်ရှိကြောင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံတစ်ဦးက ပြောပြ၍သိရသည်။ 

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် မွေးမြူရောင်းချနေသော အသားစား  စီပီကြက် အကောင်ဈေးနှုန်း ဈေးကွက်

     မအူပင်ခရိုင်၊ ကျုံစုတ်ကျေးရွာ တွင်ကိုထက် စီပီကြက်နှင့် ဗမာကြက် မွေးမြူရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်လျှက် ရှိကြောင်း သိရသည်။ ၎င်း လုပ်ငန်းမှ အောက်တိုဘာလ ပထမပတ်ကြက်သားဈေးနှုန်းများမှာ ဗမာကြက်ဟု ခေါ်ကြသော အိမ်မွေး ကြက်ဈေးနှုန်းမှာ  ကျပ် ၂၄၀ဝ၀၊ စပ်မျိုးကြက်ဈေးနှုန်း မှာ ကျပ် ၁၁၀ဝ၀ ၊ စီပီ ကြက်ဟုခေါ်ကြသော မွေးမြူရေးကြက် က  ဒိုင်ဈေး ကျပ် ၁၅၀၀ဝ  ဖြင့် မွေးမြူရေး ကြက်ခြံဈေး အကောင်လိုက် ရောင်းချ နေသည်ကို တွေ့ရသည်။ ကိုလတ် ကြက်မွေးမြူရေးလုပ်ငန်းတွင် စီပီကြက်အကောင်ရေ ၃၅၀ကောင်၊ ဗမာကြက် ၁၅၀ကောင်၊ စပ်မျိုးကြက် အကောင်ရည် ၁၈၀ ခန့်မွေးမြူထားကြောင်း သိရသည်။

          ယခင် စက်တင်ဘာလက ဗမာကြက်အကောင်ဈေးအနေဖြင့်  ၂၂၀၀၀၊ စပ်မျိုးကြက် ၉၀၀၀ကျပ်၊ စီပီ ၁၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယနေ့ဈေးဖြင့် နှိုင်းယှဉ်ပါက  ၂၀၀၀-၃၀၀၀ကျပ်ခန့် မြင့်တက်လာကြောင်း ပွင့်လင်းရာသီဖြစ်၍ မြင့်တက်လာခြင်းဖြစ်ပြီးနှစ်စဉ် ဈေးနှုန်းမြင့်တက်သော ကာလဖြစ်ကြောင်း ကြက်သားရောင်းချသူထံများမှ သိရသည်။ ကြက်အသားရောင်းချမှုအနေဖြင့်  ၃လမ်းဈေးအတွင်း စီပီ ကြက်သား ၁ပိဿာလျှင် ၂၀၀၀၀- ၂၃၀၀၀ကျပ်၊ ဗမာကြက် ၁ပိဿာ ၃၀၀၀၀-၃၂၀၀၀ ကျပ်၊ စပ်မျိုးကြက် ၁ပိဿာ ၁၃၀၀၀-၁၄၀၀၀ကျပ်ဖြင့် အသီးသီးရောင်းချနေပြီး ယခုရက်အတွင်း ကြက်သာဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

DOCA(ဧရာဝတီ)

ရှမ်းပြည်နယ်ထွက် ဂေါ်ဖီထုတ်များ မအူပင်သို့ ဝင်ရောက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံ အစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ ‌ဂေါ်ဖီစိမ်း  နှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ ရန်ကုန်မြို့နယ် သီရိမင်္ဂလာဈေးမှ မှာယူရောင်းချပြီး ဒေသစိုက်ပျိုးသော ပန်းဂေါ်ဖီ၊ ဂေါ်ဖီပွင်များ မထွက်ရှိသေး ကြောင်း သိရှိရသည်။

    ဒေသထွက် သီးနှံများမထွက်ရှိသေးသည့်အတွက် ဈေးကောင်းမွန်လျက်ရှိသည်။ ရန်ကုန်မှ ဂေါ်ဖီထုတ် ၁၀၀ပါ တစ်ခြင်း လျှင် လက်ကားဈေး (၁၆၀၀၀၀)ကျပ်၊ ပန်းဂေါ်ဖီထုတ် ၁၀၀ပါ တစ်ခြင်း လျှင်  (၁၉၀၀၀၀)ကျပ်၊ ပန်း‌ဂေါ်ဖီစိမ်း အထုတ် ၁၀၀ပါ တစ်ခြင်းလျှင် (၂၉၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရောင်းချကြောင်း တစ်ပတ်အတွင်း ဝယ်လိုအားကောင်း၍ ရောင်းကုန်ကြောင်း ကုန်စိမ်းသည်ထံမှ သိရသည်။

      မအူပင်မြို့နယ် စည်ပင်ဈေးနှင့် မြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဂေါ်ဖီတစ်ထုတ် လျှင်(၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ ၁ထုတ်လျှင် ၂၅၀၀ကျပ်၊ ပန်းဂေါ်ဖီစိမ်း ၁ထုတ်လျှင် ၃၅၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရန်ကုန်မှ နံနက်ပိုင်း ကုန်စိမ်းကားများဖြင့် နေ့စဉ် ဝင်ရောက်လျက်ရှိ ကြောင်းသိရသည်။

    ကုန်စိမ်းရောင်းချသူများအနေဖြင့် ဂေါ်ဖီထုတ် ၁၀ထုတ်လျှင် ၄၀၀၀ကျပ်၊ ပန်းဂေါ်ဖီပွင့်  ၁၀ထုတ်လျှင် ၀၀၀ကျပ်၊ ပန်းဂေါ်ဖီစိမ်း ၁၀ထုတ်လျှင် ၀၀၀ကျပ် အမြတ်ကျန်ရှိကြောင်း ကုန်စိမ်းသည်များ ကုန်ကားဖြင့် စုပေါင်းမှာယူ၍ နံနက် ၅နာရီကုန်စိမ်းဈေးကွက်တွင် ကုန်စိမ်းများကောက်ယူ၍ မအူပင်ဈေးကွက်အတွင်းရောင်းချရ၍ အဆင်ပြေ လျက်ရှိကြောင်း အိမ်ရှင်မများတစ်ချို့သည် နံနက်ဈေးသို့ ကုန်စိမ်းဈေးသက်သာ၍ လာရောက်ဝယ်ယူ သူများလည်းရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ဈေးကွက်အတွင်း ရောင်းချနေသော နံနံပင်၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ပူစီနံ ဈေးကွက်ဈေးနှုန်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေး ငါးများကိုပါ ပြည်ပတင်ပိုမှု အများဆုံးမြို့ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးခြင်း၊  တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းလုပ်ငန်းများလည်း ရှိကြသည်။

       ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ညောင်တုန်းမြို့  ရန်ကုန်-ပုသိမ်ကားလမ်း ဘေးရှိ ဆားမလောက်မှ ဗန္ဓုလ တတံတား တစ်လျောက် ကျေးရွာများ၊  အခြားသောကျေးရွာများတွင် ဟင်းသီး ဟင်းရွက်အပင်များကိုစိုက်ပျိုးကြကြောင်း၊ ထိုဟင်းသီးဟင်းရွက်များကို ညောင်တုန်းမြို့နယ်တွင်း ဈေးနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းတွင်းဒေသများသို့ တင်ပို့ရောင်းချကြောင်းသိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် နံနံပင်  စိုက်ပျိုးရာတွင် ဧကဝက်ခန့်သာစိုက်ပျိုးပြီး မျိုး၁ထုတ်ဈေးနှုန်းမှာ ၁၆၀၀၀ ကျပ် ၅၀၀ဂရမ်၊  ဧကဝက် အတွက် မျိုးထုတ် ၅၀ ထုတ်ကုန်ကျကြောင်း၊ ဧကဝက် ကုန်ကျစရိတ်အနေဖြင့် ၁၀သိန်းခန့်ကုန်ကျပြီး ၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ပူစီနံမှာ ပေ ၄၀၊ ၆၀ ခန့် ပတ်လည်တွင် စိုက်ပျိုးပြီး မျိုး ၁ထုတ်ဈေးနှုန်းမှာ ၁၅၀၀ကျပ်ခန့်သာရှိ၍ ပင်စိမ်း၊ ရှမ်းနံနံ၊ ပူစီနံ ကုန်ကျစရိတ်မှာ တစ်မျိုး လျှင် ကုန်ကျစရိတ် ၆သောင်းခန့်သာရှိသည်ဟုသိရသည်။

    နံနံပင် ထွက်ရှိမှု အနေဖြင့် ဧကဝက်တွင် ပိဿာချိန် ၁၅၀ခန့်ထွက်ရှိသည်ဟူ စိုက်ပျိုးသူထံမှ သိရသည်။ ဈေးနှုန်းအနေဖြင့် နံနံပင် ၁ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း လက်လီရောင်းချကြောင်း၊ လက်ကားဈေး ၁ပိသာ ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးသူများ နံနံပင်အကျိုးအမြတ်အနေဖြင့် ၃၅၀၀၀၀ ကျပ်ခန့်ကျန်ရှိသည်ဟု သိရသည်။

    ဈေးကွက်အတွင်း ပိဿာချိန်ဖြင့် ရောင်းချခြင်းမရှိပဲ အစီးဖြင့်သာ ရောင်းချကြသည်။  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယ အပတ်အတွင်း နံနံပင်(၁)စည်းလျှင် (၅၀၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချ ကြောင်း၊  ပင်စိမ်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ ပင်စိမ်းရွက်(၂)စည်း လျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရှမ်းနံနံ ၁စီးလျှင် (၃၀၀)ကျပ်၊  ရှမ်းနံနံ (၂)စီးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပူစီနံနံရွက်(၁)စည်းလျှင် (၅၀၀)ကျပ် ဖြင့်ရောင်းချကြောင်း ၊ ယခင်နှစ်ဈေးဖြင့် နှိုင်းယှဉ်ပါက ၃၀၀ကျပ် ဈေးမြင့်တက်နေပြီး ယခုနှစ် ဈေးကောင်းလျက်ရှိကြောင်း  မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် တွင် ရောင်းချနေသော ငါးကင် နှင့် အကင်မျိုးစုံ

      မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းနှင့် မြစ်ချောင်းများမှ ဖမ်းစီးရမိသော ငါးများကို ငါးကင်ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ငါးကင်ရောင်းသူများသည် မအူပင်ရေလဲ လမ်းမပေါ်တွင် ညနေဈေး၊ ညဈေး လှည်းကလေးများဖြင့် ရောင်းချနေကြောင်း၊ ရောင်းချရာတွင် ဇလားဗီးယား၊  ခရုကင်။ ကြက်ကင်၊ ဟင်းသီးဟင်းရွက်ကင် အမျိုးမျိုး၊ ကိုရီးယားကင်အမျိုးမျိုး တို့ကိုရောင်းချ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း မအူပင်မြို့တွင် ရောင်းချနေသော အကင်ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေး တစ်ကောင်လျှင်(၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၁၀၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင် (၁၅၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၁) ချောင်း (၇၀၀)ကျပ်၊ ကြက်ခြေထောက်(၁)ချောင်း (၇၀၀)ကျပ်၊ ရုံးပတီသီး(၂)ကင် (၅၀၀)ကျပ် နှင့် အသားတုကင်(၂)ချောင်း (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းမှာ ပုံမှန်သာရှိကြောင်း ငါးမွေးမြူကြသလို၊ ကြက်မွေးမြူရေးခြံများလည်ရှိ၍ ဈေးနှုန်းတည်ငြိမ် နေကြောင်း ယခင်နှစ် ဈေးမှာလည်း ယခုကဲ့သို့ အနည်းငယ် အတက် အကျရှိကြောင်း ညဈေးတန်းရောင်းချသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် တွင် ရောင်းချနေသော အုန်းသီးဈေးနှုန်းများ ကျဆင်းလျက်ရှိ

     မအူပင်မြို့နယ်တွင် ၂၀၂၅ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ မှ စ၍ အုန်းသီးဈေး ကျဆင်းလျက်ရှိကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် အုန်းသီး သီးသန့်ရောင်းချသော ဆိုင်များရှိသလို အပင်ပြတ်ဝယ်ယူ၍ လှည့်လည်ရောင်းချသော အုန်းသီးသည်များလည်းရှိသည်။  အုန်းသီး ၁လုံးလျှင် လက်ကားဈေး ၈၀၀-၁၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး ပြန်လည် ရောင်းချပါက ၁လုံးလျှင် ၂၀၀၀ကျပ်ထိ ဈေးရောင်းချရကြောင်း အုန်းသီးလှ ၍ ဘုရားပွဲ၊ နတ်ပွဲသုံး အုန်းသီး ရောင်းချဈေးမှာ ၁လုံးလျှင် ၃၀၀၀ကျပ်ထိ သာရ၍ ကျဆင်းလာကြောင်း သိရသည်။

    လွန်ခဲ့သော မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများက အုန်းသီး ၁လုံးလျှင် လက်ကားဈေး ၃၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး ပြန်လည် ရောင်းချပါက ၁လုံးလျှင် ၄၀၀၀ကျပ်ထိ ဈေးရောင်းချရကြောင်း အုန်းသီးလှ ၍ ဘုရားပွဲ၊ နတ်ပွဲသုံး အုန်းသီး ရောင်းချဈေးမှာ ၁လုံးလျှင် ၆၀၀၀ကျပ်ထိ ဈေးကောင်းရရျိခဲ့ပြီး ယနေ့ဈေးဖြင့် ယှဉ်လျှင် ၁၅၀၀-၂၀၀၀-၃၀၀၀ကျပ် ကျဆင်းလာကြောင်းတွေ့ရပြီး ဈေးကျဆင်းရခြင်းမှာ အုန်းသီးထွက်ရှိမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း၊ အခြားသော အုန်းသီးမျိုးကွဲများလည်း ထွက်ရှိလာသောကြောင့် ဈေးကွက်အတွင်း ဈေးကျဆင်းလာပြီး ရန်ကုန်တင်ပို့မှု တွင် ဈေးကောင်းရကြောင်း အုန်းသီးရောင်းချသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း