ငါန်းဇွန်မြို့နယ်၏ ဆောင်းပဲကြီး စိုက်ပျိုးထားရှိမှု

ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းပဲကြီး လျာထားဧက (၃၀၅၀)ဧက၊ စိုက်ပျိုးဧက (၃၀၇၇)ဧက၊ အထွက်နှုန်းမှာ(၁၀.၅၀)တင်း၊ အထွက်ပေါင်း (၃၂၃၀၉)တင်း ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးကို အခြေခံသောနယ်မြို့လေးတစ်မြို့ဖြစ်သည့်အပြင် မြစ်ကမ်းဘေးကျေးရွာများသည် ရေကျပြီးနောက်တွင် ဆောင်းသီးနှံများ စိုက်ပျိုးရန် ထွန်ယက် မြေပြုပြင်ကြခြင်း၊ ယာမြေများတွင် လည်း မြေပြုပြင်ပြီး အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြကြောင်းသိရသည်။ စိုက်ပျိုးသောမျိုးမှာ အရာတော်မျိုးကိုအများဆုံးစိုက်ပျိုးကြကြောင်း သိရှိရသည်။စိုက်ပျိုးသော ကျေးရွာများမှာ ဘုရားထူး၊ ကျောက်တလုံး၊ ရွာသစ်၊ ကုလရွာ၊ မြောက်ကျွန်း၊ ရေလည်သောင် စသည့် တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းပဲကြီး လျာထားဧက (၃၀၆၀) ဧက၊ အောက်တို ဘာလကုန်ထိ စိုက်ပျိုးပြီးစီးမှုမှာ (၁၄၁၄)ဧကဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့ သို့တင်ပို့ ရောင်းချကြောင်း၊ ယခင်နှစ် ထောပတ်ပဲ တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း ဒေသခံပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)









