Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်တုန်းမြို့နယ်တွင် ပြည်သူများအား သင်တင့်မျှတသော ဈေးဖြင့် ဆန်များရောင်းချပေးလျက်ရှိ

        ၂၈.၁၁.၂၀၂၅ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင်‌ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဆန်စက် အသင်းရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများအား ဒုတိယနေ့အဖြစ်  ဧရာဝတီ ပေါ်ဆန်းဆန်နှင့် ဆင်းသုခဆန်များအား နေ့စဉ် ဆက်လက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

       ထိုသို့ရောင်းချရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များအသင်းနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကြီးကြပ်မှုဖြင့် ညောင်တုန်းမြို့နယ်ဆန်စက် အသင်းရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများကို ဧရာဝတီပေါ်ဆန်း ၃အိတ်၊ ဧည့်မထဆန် ၈ အိတ်ကို ဧရာဝတီပေါ်ဆန်း ၁ပြည် (၅၀၀၀)ကျပ်၊ ဧည်မထဆန် ၁ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြည်သူများ အား လွပ်လပ်စွာဝယ်ယူလျက်အားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ မြို့နယ်တွင်း ဆန်ဆန်ကြီးများအား မိမိတို့လက်ဝယ်တွင် ရောင်းချရန် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ ဘူးကင်းမွန်ခြောက်ဈေးနှုန်း

    ကင်းမွန်များကို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပေါ်တွင် မီးထွန်းထားသော ကင်းမွန်ဖမ်းလှေများဖြင့် ဖမ်းယူကြလေ့ရှိကြပြီး ကင်းမွန်ကိုရေ ခဲရိုက်၍ လည်းကောင်း အခြောက်လှန်း၍လည်းကောင်း ပြည်တွင်း/ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိကြကြောင်း သိရှိရပါသည်။ ကင်းမွန်ခြောက်ပြုလုပ်ရာတွင် သဘာဝအလျောက် အနေဖြင့် အခြောက်လှန်းခြင်းနှင့် ပြုတ်၍အခြောက်ပြုလုပ်ခြင်းဟူ၍ (၂)မျိူးရှိကြပြီး သဘာဝအနေဖြင့် အခြောက်ပြုလုပ်ထားသော ကင်းမွန်ခြောက်များ ပြုလုပ်ရောင်းချကြကြောင်း သိရှိရပြီး ဝယ်ယူသူများ များပြားကြောင်းလည်း သိရှိရပါသည်။ ကင်းမွန်ခြောက်များထဲမှ ကင်းမွန်ခြောက် အငယ်များကို သနပ်နှင့် အကြောက်အလှော်များတွင် ဈေးသက်သာသောကြောင့် သုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။ 

    ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဘူးကင်းမွန်ခြောက်ဈေးနှုန်းမှာ ဘူးကင်းမွန်ခြောက်တစ်ပြည်လျှင် (၁၈၀၀၀)ကျပ်နှင့် နို့ဆီဘူးလေးဘူးလျှင် (၉၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ လူကြိုက်များသောငပိဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ငပိကို အဓိကထားလုပ်ကိုင်လျက် ရှိပါသည်။ ငပိကို ‌ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြသည့်အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ် နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါ သည်။ ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်း ရှိ ကြောင်းသိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့က ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိ ရပါသည်။

          ယခု၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိငပိဈေးနှုန်းမှာ (၈၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိရောင်းအားကောင်းသောမျှစ်ချဉ်

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စျေးများတွင် မိုးရာသီတွင်အထွက်များသော မျှစ်ချဥ်သည်  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည့်အပြင် စားဖိုသီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန်ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊အပြုတ်၊ အတို့ အမြုပ်အဖြစ်လည်းစားသုံးကြသည်။ ချဉ်သောအရသာရှိ၍ အနံ့ပျင်း သောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင် များများဖြင့်ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်ဖြစ်ပါသည်။

၂၀၂၅ခုနှစ်၊ ယခုဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသောမျှစ်ချဥ် ဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်နှင့် (၁၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ပဲပင်ပေါက်ကို နေရာအနှံအပြားတွင် တစ်နိုင်တစ် ပိုင် စိုက်ပျိုးကြပြီး ရောင်းချကြပါသည်။ ပဲပင်ပေါက်ကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချလျက် ရှိရာ ပဲတီစိမ်းအပင်ပေါက်ရာတွင် လည်း အသစ်ပေါ်သောပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်းအဟောင်းကိုသာရှာဝယ် ပြီး ပဲတီပင်ဖောက်ကြကြောင်း သိရှိရပါသည်။ ယခင်အပတ် ဆိပ်ကြီးစည်ပင်သာယာဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် တခြားကုန်စည်ဒိုင်များမှ လည်း ဝယ်ယူရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူထံမှ သိရှိရပါသည်။

          ယခုဒီဇင်ဘာလပထမပတ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက် ဈေးနှုန်းမှာ တစ်ထုပ်လျှင်(၅၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင်(၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါ သည်။

 DOCA(တနင်္သာရီ)

 

 

 

 

 

မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထန်းလျက်ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက် အခြေ အနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချ လျက်ရှိသည့် ထန်းလျက်များကို မြိတ်မြို့နယ်မှထွက်ရှိသလို မြိတ်မြို့ရှိ လက်ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။ထန်းလျက်သည် မြန်မာရိုးရာ အစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကို အလွန်ပင် အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေ က ထမင်းစားပြီးလျှင် အချို တည်းစရာအဖြစ်စားတတ်ကြပါသည်။ ထန်းလျက်သည် အစာကြေ လွယ်ပြီး သွေးအားကို သန့်ရှင်းစေခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆစ် အမြစ် နာကျင်ခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်လွယ်စေပြီး သွေးအား နည်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်းရရှိစေပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထန်းလျက် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းတနော်မြို့နယ်၌ မြေပဲဆန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

         ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်၌ မြေပဲဆန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း   အရောင်းအဝယ်ကောင်းလာခြင်းသည်  မြေပဲဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းများက မြေပဲဆန်များ ဝယ်လိုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။   

       ပန်းတနော်မြို့နယ် ပဲဈေးကွက်၌  ယခုနှစ် စက်တင်ဘာလ ဒုတိယ ပတ်မှစ၍   မြေပဲဆန်များ  အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊  အဆိုပါမြေပဲဆန်များ လက်ရှိပဲဈေးကွက်ထဲကို ဒေသထွက်မြေပဲတွေအပြင်  တခြားဒေသကနေ  မိုးမြေပဲတွေပါ ဝင်ရောက်လျက်ရှိပါသည်။ မိုးမြေပဲများ ဈေးကွက်အတွင်း စက်တင်ဘာလ (တတိယပတ်) တွင် မြေပဲဆန်အိတ်ရေ (၃၀၀/၄၀၀)ခန့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မြေပဲဆန် ဈေးနှုန်းများအနေဖြင့် နိုဝင်ဘာလ (တတိယပတ်) တွင် ဆီဆန် (အဖြူ) တစ်ပိဿာလျှင် (၉,၅၀၀) ကျပ်၊ ဆီဆန် (အနီ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်နှင့် လုံးဆန် (အဖြူ) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် (၈,၇၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ (ပထမပတ်) နှင့် နှိုင်းယှဉ်လျှင် မြေပဲဆန်ဈေးနှုန်း (၃၀၀)ကျပ်ထိ အနည်းငယ်ကျဆင်းပြီး ဈေးနှုန်းကျဆင်းရခြင်းမှာ မြေပဲဆန်များ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည်မြေပဲဆန်များကို ဝယ်ယူကြိတ်ခွဲပြီး မြေပဲဆီ၊ မြေပဲဆန်၊ မြေပဲအခွံပါ စသည်ဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်ကာ ဝယ်ယူသည့်ဒေသများသို့ စနစ်တကျထုပ်ပိုး တင်ပို့ရောင်းချလျက်ရှိကြောင်း   သိရှိရပါသည်။    

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ပြည်သူများအား သင်တင့်မျှတသော ဈေးဖြင့် ဆန်များရောင်းချပေးလျက်ရှိ

         ၂၇.၁၁.၂၀၂၅ရက် နေ့ နံနက် (၀၈:၀၀)နာရီ အချိန်တွင်‌ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ၃ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် ရပ်ကွက်နေ ပြည်သူများအား  ဧရာဝတီပေါ်ဆန်းဆန်နှင့် ဆင်းသုခဆန်များအား ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

      ထိုသို့ရောင်းချရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မအူပင်ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များအသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကြီးကြပ်မှုဖြင့်  ရပ်ကွက်နေပြည်သူများကို ဧရာဝတီပေါ်ဆန်း ၅အိတ်၊ ဧည့်မထဆန် ၈ အိတ်ကို ဧရာဝတီပေါ်ဆန်း ၁ပြည် (၅၀၀၀)ကျပ်၊ ဧည်မထဆန် ၁ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြည်သူများ လွပ်လပ်စွာဝယ်ယူလျက်အား ပေးလျက်ရှိပြီး ဆန်ဆိုင်လုပ်ငန်းရှင်များကို မိမိတို့လက်ဝယ်တွင် ရောင်းချရန် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ပန်းမျိုးစုံဈေးနှုန်း

      ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ဘုရားပန်းမျိုးစုံရောင်းချလျက်ရှိရာ ရာသီအလိုက်‌ပေါ်သည့် ပန်းများအပြင် ဆယ်နှစ်ရာသီလုံးရရှိသည့်ပန်းများကိုလည်း ရောင်းချလျက်ရှိရာ နှင်းဆီပန်း၊ သစ္စာပန်း၊ ဂန္ဓာပန်း၊ ရွှေပန်း၊ ငွေပန်း၊  အောင်သပြေ၊ ညိုချောသပြေ၊ တော်ဝင်သပြေ၊ ပတ္တမြားသပြေနှင့် အာဆီယံသပြေဟူ၍ ပန်းမျိုးစုံ ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ပန်းမျိုးစုံဈေးနှုန်းမှာ နှင်းဆီပန်း(၁)ပွင့်လျှင် (၇၀ဝိ/-)ကျပ်၊ (၁၀)ပွင့် (၁)စည်းလျှင် (၆၀၀ဝိ/-)ကျပ်၊ သစ္စာပန်း(၁)စည်းလျှင် (၁၅၀ဝိ/-)ကျပ်၊ ဂန္ဓာပန်းတွင် အဖြူနှင့် အဝါ ဟူ၍ (၂)မျိုး ရှိကြောင်း၊  ဂန္ဓာပန်း (၁)စည်းလျှင် (၁၃၀ဝိ/-)ကျပ်၊ ရွှေပန်း ငွေပန်း(၃)ပွင့်ပါ (၁)ကုံးဖြင့် အ ကုံး(၂၅)ကုံးလျှင် (၁၅၀ဝိ/-)ကျပ်၊ အောင်သပြေ လက်တစ်ဆုပ်စာ(၁) စည်းလျှင် (၇၀ဝိ/-)ကျပ်၊ တော်ဝင်သပြေလက်တစ်ဆုပ်စာ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်၊ ပတ္တမြားသပြေ လက်တစ်ဆုပ်စာ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်၊ အာဆီယံသပြေလက် တစ်ဆုပ်စာ(၁)စည်းလျှင် (၇၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ညိုချောသပြေ လက်တစ်ဆုပ်စာ (၁) စည်း လျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ရောင်းချပြီး ညိုချောသပြေမှာ အခြားသပြေများ ထက် ဈေးပို ပေးရကြောင်း ပန်းရောင်းချသည့် ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများ၊ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသည့် ရာသီစာမုန့်ပေါင်း

     ရွှေဘိုမြို့ရှိ ဈေးများတွင် အသီးအနှံများ၊ အသား/ငါးများ၊ အကြော်များ၊ နံနက်ခင်း စာမုန့်များရောင်းချလျက်ရှိရာ ဆောင်းရာသီမှသာ စားရသည့် ရာသီစာမုန့်ပေါင်းများကို လည်း ရောင်းချလျက်ရှိပါသည်။ အငွေ့တထောင်းထောင်းနှင့် စားချင့်သဖွယ်မုန့်ပေါင်းမှာ ကောက်ညှင်းဆန်နှင့်ငချပ်ဆန်ကိုအခြေခံ၍ အသုံးပြုရသော မုန့်ဖြစ်သဖြင့် မုန့်ပေါင်း (၃)ခု (၄)ခုစားလိုက်ရုံဖြင့် အစာပြေသော မုန့်တစ်မျိုးဖြစ်သည်။

    မုန့်ပေါင်းကို ပဲ ၊ ထန်းလျက်တို့ဖြင့် ပြုလုပ်၍ ပဲဖြင့် ပြုလုပ်‌‌သောမုန့်ပေါင်းနှင့် ထန်းလျက်ဖြင့်ပြုလုပ်မုန့်ပေါင်းဟူ၍ ရောင်းချ လျက်ရှိရာ မုန့်ပေါင်းကို နံနက်ခင်းစာ အဆာပြေသော်လည်းကောင်း၊ ညနေခင်းစာ အစာပြေ သော်လည်း ကောင်းရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ပထမ)ပတ်တွင် ရောင်းချလျက်ရှိသော မုန့်ပေါင်းဈေးနှုန်းမှာ (၁)ခုလျှင် (၅ဝိ၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မုန့်ပေါင်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း