Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝင်ငွေတိုးပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဒန့်သလွန်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဟင်းသီးဟင်းရွက်များကို အများအပြားစိုက်ပျိုးကြ သော်လည်း ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြသော တောင်သူများသည် ဆေးဖက်ဝင်ပြီး ကျန်းမာရေးအရ ကောင်းမွန်သော အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်ကို စီးပွားဖြစ်စိုက်ပျိုးကာ မိသားစုတစ်ပိုင်တစ်နိုင် စားသုံးရန်နှင့် အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

        ဒန့်သလွန်ပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မည်သည့်မြေအမျိုးအစားမဆို ရှင်သန် ကြီးထွားသည့် အပင်မျိုးဖြစ်သည်။ ဒန့်သလွန်ပင်ကို အစေ့ချစိုက်ပျိုး၍ရသလို ကိုင်းဖြတ်စိုက်ပျိုးလို့ လည်းရပါတယ်။ ကိုင်းဖြတ်စိုက်ပျိုးလျှင် (၂)နှစ်သားအတွင်း အသီးသီးပါသည်။ (၆)လနှင့်သီးသော ဒန့်သလွန်မျိုးများလည်း စိုက်ပျိုးလာကြကြောင်း သိရသည်။ အပင်တစ်ပင်တွင် အသီးအတောင့်ရေ (၇၀၀)ခန့်ထိ သီးကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားတွင် ဈေးကွက်အတွင်း ဒန့်သလွန်သီး (၁၀)သီးတောင့်ပါ တစ်စီးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး  စိုက်ပျိုးမှုများသော ဒန့်သလွန်ခြံများတွင် ခြံပိုင်ရှင်များသည် ဒန့်သလွန်သီးများကို ဖောက်သည်ဈေးပေးသည့်အခါ အသီးတောင့် (၁၀၀)လျင် (၁၅၀၀ - ၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဒန့်သလွန်သီး (၁၀)သီးတောင့် တစ်စီးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချ နေကြောင်းသိရသည်။ ဒန့်သလွန်ပင်သည် ဆေးဖက်ဝင်အပင် မျိုးနွယ်ဖြစ်ပြီး တစ်ပင်လုံး အသုံးဝင်ပါသည်။ ဒန့်သလွန်အရွက်ကို ဟင်းချိုချက်၍ စားသောက်လို့ ရသလို အပွင့်/အဖူး များကိုလည်း ရေနွေးဖျော၍ သုပ်စားနိုင်ပါသည်။ သီးစုံကုလားပဲဟင်းနှင့် အချဉ်ရည်ဟင်း များတွင်လည်း ဒန့်သလွန်အသီးမှာ မပါမဖြစ်သော အသီးများဖြစ်ပါသည်။ ဒန့်သလွန်အစေ့မှာလည်း သွေးတိုးရောဂါရှိသူများအနေဖြင့် အရေးပေါ်သွေးကျဆေးမရှိပါက ဒန့်သလွန်အစေ့ကို ဝါးစား၍ သွေးတိုးရောဂါကိုထိန်းညှိပေးပါသည်။ ဒန့်သလွန်ပင် စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုး စေသည့်အပြင် ကျန်းမာရေအတွက် ဆေးဖက်ဝင်သော သီးနှံဖြစ်သည့်အတွက် ဒန့်သလွန်ပင်များကို အိမ်တိုင်းတွင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA( ပဲခူး)

ထောပတ်ပဲစျေးနှုန်းစျေးကွက်

          မန္တလေးပဲမျိုးစုံစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ထောပတ်ပဲ သီးနှံများ ဝင်ရောက်လာကြောင်း သိရပါ တယ်။ ပဲမျိုးစုံအနက် ပဲသီးနှံမှာ ပြည်တွင်း စားသုံးမှု နှင့်ပြည်ပသို့တင်ပို့ ရောင်းချသည့် စျေးကွက် ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံစိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း(၆.၅၁)တင်းနှင့် အထွက်(၁၅၅၂၇၁) တင်း ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ထောပတ်ပဲ(ဂေါက်)(သစ်) ၃၃၀၀၀၀ ကျပ်၊(ဂေါက်ပြက်)(သစ်)၃၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(လတ်) ၂၈၀၅၀၀ ကျပ် နှင့် ၂၉၀၀၀၀ ကျပ်၊ထောပတ်ပဲ(သေး)ကျွန်း၂၇၅၀၀၀ကျပ်နှင့် ၂၈၀၀၀၀ ကျပ်၊ ထောပတ်သေး(ယော) ၂၈၀၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ထောပတ်ပ ဲ(ဂေါက်)(သစ်) ၅၈၆၇ ကျပ်၊(ဂေါက်ပြက်)(သစ်)၅၆၈၉ကျပ်၊ထောပတ်ပဲ(လတ်) ၄၉၈၇ ကျပ်နှင့် ၅၁၅၆ ကျပ်၊  ထောပတ်ပဲ(သေး)ကျွန်း၄၈၈၉ကျပ်နှင့် ၄၉၇၈ ကျပ်၊ထောပတ်ပဲ(သေး) (ယော) ၄၉၇၈ ကျပ်နှင့် ၅၀၆၇ ကျပ် တို့ဖြစ်ကြောင်း သိရပါတယ်။ယခင်နှစ်ကာလတူ ပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(လတ်)၃၂၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ၅၆၈၉ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါတယ်။ ထောပတ်ပဲဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

ပြည်ဈေးကွက်အတွင်းမှ ဂေါ်ဖီထုပ်

     ဂေါ်ဖီထုပ်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး စားသုံးသူများကြိုက်နှစ် သက်သည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို လူအများစုက ဟင်းချိုချက်ခြင်း၊ အသား တစ်မျိုးမျိုးဖြင့် အစိမ်းကြော်၍စားသုံးခြင်း၊ အသုပ်ထဲထည့်၍စားသုံးခြင်း၊ အကြော်စုံများနှင့်တွဲဖက် စားသုံးခြင်းနှင့် တို့စရာအဖြစ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ဂေါ်ဖီထုပ်သည် ရာသီပေါ် အစားအစာမဟုတ်ပဲ တစ်နှစ်ပတ်လုံးဝယ်ယူစားသုံး၍ရရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။

       ဂေါ်ဖီထုပ်ကို ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊ ကျီးသဲရွာနှင့် မြို့မကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိလာသော ဂေါ်ဖီထုပ်များကို ပြည်မြို့အတွင်း ဈေးကွက် များသို့ တင်ပို့ရောင်းချကြသလို ရန်ကုန်မြို့သို့လည်း နေ့စဉ်တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

       ပြည်မြို့အတွင်းရှိဈေးကွက်များတွင် ဂေါ်ဖီထုပ်ရောင်းချသော ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲတီစိမ်းစျေးနှုန်းစျေးကွက်

          မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်ပဲတီစိမ်းသီးနှံများ ဝင်ရောက် ကြောင်းသိရပါတယ်။ပဲတီစိမ်းမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့် စျေးကွက် ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှု များပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းသီး နှံစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁) ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်း နှင့်အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်း ဝင်တစ် အိတ်လျှင် ပဲတီစိမ်း(ညာ)(သစ်) ၄၃၀၀၀၀ ကျပ်နှင့် ၄၅၀၀၀၀ ကျပ်နှင့်တစ်ပိဿာစျေးမှာ ၇၆၄၄ကျပ်နှင့် ၈၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ပဲတီစိမ်း(ညာ)(သစ်) ၁၆၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၂၉၃၃ ကျပ် ဖြစ်ပေါ် ခဲ့ပြီး၊ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းမှာ စျေးပိုမိုရရှိကြောင်းသိရပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်း ငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

ပြည်ရာသီစာ မန်ကျည်းရွက်ဈေးကွက်

     ယခုအခါပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းရွက်နုများ ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ တပေါင်းလဖြစ်၍ မန်ကျည်းရွက်များ ရွက်နုများဝေချိန် မန်ကျည်းရွက် ပေါ်ခါစ ရှားပါးကာဈေးကောင်းရလျက်ရှိပါသည်။ ပြည်မြို့အရှေ့ဘက်ရှိ နတ္တလင်းရွာ၊ ထန်းပေါက်၊ မှော်ဇာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ သစ်စိမ့်ပင်၊ ရွှေဘုံသာ၊ မန်ကျည်းစုရွာများမှ တစ်ပတ်လျှင် ရက်ခြားဝင်ရောက်မှုရှိပြီး တစ်ခါဝင်ရောက်လျှင် (၅)ပိဿာခန့်သာ ဝင်ရောက်မှုရှိပါသည်။ ပြည်ဈေး ကွက်တွင်ရောင်းချသော မန်ကျည်းရွက်နုဈေးမှာ (၁၀)သားကျပ်သားလျှင် ယခင်နှစ်က (၇၀၀-၈၀၀)ကျပ်ရှိပြီး ယခုအခါ (၁၀)သားလျှင် (၂၀၀၀)ကျပ်ခန့် ရောင်းချကြောင်းသိရပါသည်။ ထို့ကြောင့် မန်ကျည်းရွက်နုဈေးမှာ ယခုနှစ်တွင် ဈေးအနည်းမြင့်တက်လာသည်ဟု သိရပါသည်။

ပစ္စည်းလက်ကျန်များနေသည့် ပြည်ကြက်သွန်နီဈေးကွက်

     ယခုမတ်လ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ မကွေးတိုင်းတွင်းရှိ တောင်တွင်း၊ ပခုက္ကူ၊ အောင်လံနယ်များမှ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၅၀၀၀)ခန့် အဝင်ရှိနေသည့်အတွက် ယခင်ဖေဖော်ဝါရီလတွင် ပိဿာချိန် (၁၅၀၀၀)အဝင်ရှိခဲ့သဖြင့် နေ့စဉ်ပိဿာချိန် (၁၀၀၀၀)ခန့် ပိုမိုအဝင်ရှိနေကြောင်း သိရသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် ကျဆင်းလျက်ရှိပေမဲ့ အရောင်းအဝယ်မှာ ပုံမှန်ရောင်းဝယ်မှုများဖြစ်သော ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ မင်းလှမြို့နယ်၊ သာယာဝတီခရိုင်၊ ရန်ကုန်တိုင်းတို့အပါအဝင် ပန်းတောင်း (ဥသျှစ်ပင်)ဘက်တို့သို့ နယ်ကျော်စီးဆင်းမှုများအဖြစ် ပုံမှန်ရောင်းဝယ်မှုသာရှိသဖြင့် ပြည်ဈေးကွက်အတွင်း အဝင်များထားသည့်အတွက် ပစ္စည်းလက်ကျန်များလျက်ရှိနေသည်။ ဈေးနှုန်းမှာ ပွဲရုံလက္ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး (၂၆၀၀/၂၄၀၀-၂၂၀၀/၂၀၀၀)ကျပ်နှုန်း တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသဖြင့် ယခင်ဖေဖော်ဝါရီလအောက် (၃၀၀-၄၀၀)ကျပ်နှုန်းခန့် ကျဆင်းသွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

မန္တလေးမတ်ပဲစျေးကွက်

          မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်မတ်ပဲသီးနှံများ ဝင်ရောက် ကြောင်းသိရပါတယ်။မတ်ပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ ရောင်းချသည့်စျေး ကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြား သည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲသီး နှံစိုက်ပျိုးမှု (၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်း နှင့်အထွက် (၁၃၂၇၀၉)တင်း ဖြစ်ကြောင်းသိရပါတယ်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာမတ်ပဲ ၃တင်းဝင်တစ်အိတ် လျှင်  ၂၈၄၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ၄၇၃၃ ကျပ်နှင့် ၄၇၅၀ ကျပ် တို့ဖြစ်ကြောင်းသိရပါတယ်။  ယခင်နှစ်ကာလတူ ပေါက်စျေးမှာ မတ်ပဲ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၃၀၀၀ ကျပ်၊တစ်ပိဿာ စျေးမှာ ၄၈၈၃ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မတ်ပဲတစ်ပိဿာလျှင် ၁၁၆ ကျပ်ခန့်လျော့နည်းသွားကြောင်းသိရပါတယ်။ မတ်ပဲဝင် ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရ ပါတယ်။

DOCA(မန္တလေး)

ပဲနီပြားသီးနှံ လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်နေ

     ပြည်ပဲမျိုးစုံဈေးကွက်မှာ ဒေသတွင်းစားသုံးမှုများသည့် ပဲသီးနှံများထဲတွင် ပဲနီပြားသီးနှံ အနေဖြင့် ဈေးကောင်းရလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ပဲသစ်များ နေ့စဉ်ဝင်ရောက်နေ သည့် အတွက် တစ်ရက် အိတ် ၁၅၀/၂၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ပါသည်။ ပဲလက်ကျန်များလည်း ရှိနေခဲ့တာကြောင့် လက်လီ/လက်ကား ဝယ်လိုအားရှိနေမှုအပေါ် အဝယ်ရှိသလောက် ရောင်းချ နေရကြောင်းသိရရပါသည်။ ပဲနီပြားသီးနှံဈေးမှာ တစ်တင်း ၁၁၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်သည့်အတွက် ပြည်ပဝယ်လက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများထက်ပင် ဈေးကောင်းရ နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

နှမ်းစျေးနှုန်းစျေးကွက်

       ပြည်တွင်းစားဆီကြိတ်ခွဲမှုကဏ္ဍအတွက် အရေးပါသည့်ဆီထွက်သီးနှံနှမ်းအား မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါတယ်။ ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် သီးနှံဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ များအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့်စားဆီများတင်သွင်းမှု လျော့ချနိုင်ရန် အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း နှမ်း အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဗမာ)၃၄၀၀၀ဝိ/- နှင့် ၃၆၀၀၀ဝိ/-၊ နှမ်းညို(ဟ)၃၁၅၀၀၀ကျပ်နှင့် (သစ်)၃၂၅၀၀၀ ကျပ်၊ပန်းနှမ်း ၂၅၀၀၀ဝိ/- နှင့် ၂၅၂၀၀ဝိ/-၊တစ်ပိဿာစျေးမှာ နှမ်းဖြူ(ဗမာ )၇၅၅၆ ကျပ်နှင့် ၈၀၀၀ ကျပ်၊နှမ်းညို (ဟ)၇၀၀၀ကျပ်နှင့်(သစ်)၇၂၂၂ ကျပ်၊ပန်းနှမ်း ၅၅၅၆ ကျပ်နှင့် ၅၆၀၀ ကျပ်၊နှမ်းဖတ်စျေးမှာ ၄၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ တစ်ပိဿာလျှင်နှမ်းဖြူ(ဗမာ)၈၇၇၈ ကျပ်၊နှမ်းညို(သစ်)၆၇၇၈ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက နှမ်းဖြူတစ်ပိဿာစျေးမှာ ၇၇၈ ကျပ်လျော့နည်းကြောင်း သိရပါတယ်။

DOCA(မန္တလေး)

ပြည်စားတော်ပဲ ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေ

     ပြည်ပဲဈေးကွက်အတွင်းပဲမျိုးစုံ လက်လီ လက်ကားရောင်းဝယ်မှုဖြစ်လျှက်ရှိရာ စားတော်ပဲ သီးနှံအနေဖြင့် လက်ကားသမားထက် လက်လီဝယ်ယူမှုပိုများသော ပဲသီးနှံဖြစ်ပါသည်။ယခု ကာလတွင် ပဲသစ်များ တစ်ရက် လျှင် အိတ် ၁၅၀ /၂၀၀ ကျော် ပြည်အနီးတဝိုက် ဒေသများနှင့် မင်းတုန်း၊ ကံမဒေသများမှ ဝင်ရောက်လျှက်ရှိပြီး ဒေသတွင်း လက်လီသမားများ ပုံမှန်ဝယ်ယူမှု ရှိကြပါသည်။ စားတော်ပဲအမျိုးအစားမှာ မင်းတုန်းစားတော်ပဲနှင့် ကျွန်းစားတော်ပဲ (၂)မျိုးရှိခဲ့ပြီး  တစ်တင်း ၁၅၂၀၀၀ ကျပ်နှင့်ဈေးကွာခြားမှုမရှိဘဲ  ဈေးတူရောင်းဝယ်နေကြပါသည်။ စားတော်ပဲ သီးနှံသည် ပဲဈေးကွက် အတွင်းနှစ်စဉ် လိုလိုဈေးကောင်း ရနေသည့် ပဲဖြစ်တာကြောင့် ယခုနှစ်မှာ အခြားပဲ အချို့ ဈေးအေးနေသော်လည်း စားတော်ပဲ သီးနှံကတော့ ဈေးအမြင့်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a