Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဆီတို့ဟူး()သေတ္တာလျှင် (၄၂၀၀)ကျပ်၊ လက္ကား()သေတ္တာ လျှင် (၄၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထမင်းဝိုင်းများတွင် ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြကြောင်း၊ ဆီတို့ဟူးသည် မည်သည့်ဟင်းလျာဖြင့်ဖြစ်စေ တွဲဖက်စား၍ရသည့် အရန်ဟင်း တခွက်ဖြစ်ပြီး ခံတွင်းမြိန်စေကြောင်း၊ ဆီတို့ဟူးကို ကျေးလက်နေပြည်သူများက ဝယ်ယူစားသုံးကြ သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ် အတွင်း စပျစ်သီးတရုတ်မျိုး()ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၇၅၀)ကျပ်၊ စပျစ်သီးဗမာမျိုး() ပိဿာလျှင် (၁၈၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှု နည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြ သည့်အတွက် အရောင်းသွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ အရောင်းအဝယ်ဖြစ်နေသော ဂျင်း(ချင်း)တက်၊ ဂျင်းပေါက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၄၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၄၀၀၀မှ ၄၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂျင်းပေါက်ကို  ဂျင်းသုပ်အပြင်၊ လဖက်နှင့်ရော၍ အများဆုံးအသုံးပြုလျက်ရှိပြီး အခြားအစားအသောက်များနှင့် တွဲဖက်၍လည်း စားသုံးကြကြောင်း၊ ဂျင်းတက်/ဂျင်းပေါက် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးကွက်ရှိ ဒေသထွက် ခဝဲသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ရာသီချိန်အလိုက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူမြို့မဈေး အပြင်ဘက်တန်းတွင်  ကန့်ဘလူမြို့ ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက် လျက်ရှိသည့် ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာ(၃၂၀၀မှ ၃၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၉၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်နေသည့် ခရမ်းချဉ်သီး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးသည် ဟင်းလျာအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုကြသည့်အတွက် အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ မိသားစုဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

    ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအ နည်းငယ်ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက်နုတ်နုတ်စင်းထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရကြောင်း၊ အဲဒီအပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရကြောင်း၊ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရကြောင်း၊ (၅)ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိကြာအောင် အမိုးကိုဖွင့် ပေးပြီး ပြန်ဖုံးအုပ်ပေးရပါတယ်၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့်  အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ်၊ လက်ကားဈေး (၁၄၅၀၀) ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ စိုက်ပျိုးသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံများနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမ ပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအလုံးကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အလုံးကြီး(၁၀)လုံး လျှင် (၄၇၀၀)ကျပ်၊ အလုံးသေး(၁)လုံးလျှင် (၄၅၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ ပထမပတ် အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြက်ဥကို မုန့်လုပ်ငန်းများ၊ လဖက်ရည်ဆိုင်များ၊ ငုံးဥကို စားသောက်ဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကြက်ဥလက်လီ/လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီးထွက် ပုစွန်ခြောက် စျေးနှုန်း/စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်စွန်း ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် ဒေသခံအများစုသည် ပင်လယ်ပြင်သို့ ငါးဖမ်းစက်လှေ အကြီး/ အလတ်/အငယ်များ တစ်နိုင်တစ်ပိုင်လှေများဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ငါး၊ ပုစွန်များအား ဖမ်းယူကာ ငါး၊ ပုစွန် အစိုများအား ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းစျေးကွက်များတွင် ရောင်းချခြင်းများ၊ နေလှန်းကာ ငါးခြောက်၊ ပုစွန်ခြောက်များ ပြုလုပ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

     ယခု ထားဝယ်စျေးကွက်တွင် ဒေသတွင်း စားသုံးမှုများသော ပုစွန်ခြောက်စျေးနှုန်း များမှာ အကောင်သေး တစ်ပိဿာလျှင်(၉၀၀၀၀/၁၀၀၀၀၀ ကျပ်)၊ အလတ်ဆိုဒ် တစ်ပိဿာ လျှင်(၁၂၀၀၀၀/၁၃၀၀၀၀ ကျပ်)၊ အကောင်ကြီး တစ်ပိဿာလျှင် (၁၅၀၀၀၀/၁၆၀၀၀၀ ကျပ်) အသီးသီးရှိကြောင်း ထားဝယ်မြို့မစျေးကြီးနှင့် ကမ်းနားပျံကျစျေးများရှိ ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကန့်ဘလူမြို့မဈေး၌ အရောင်းအဝယ်ဖြစ်နေသည့် CPကြက်နှင့် ဗမာကြက်သားဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့၊ “မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သားများကို ကန့်ဘလူမြို့နယ် ရှိကြက်ခြံများနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း  ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော CPကြက်သား(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၁၀၀၀)ကျပ်နှင့် ပေါင်သား(၂၅)ကျပ် သားလျှင် (၆၀၀၀)ကျပ်၊  ဒေသကြက်များမှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှဝင်ရောက် လျက်ရှိပြီး ဒေသကြက်(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သားများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှဝယ်ယူကြောင်း၊  ကြက်သားရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ငါးခြောက်ဈေးနှုန်းများ

     တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သည့်တိုင်းဒေသကြီးဖြစ်သည့်အတွက်  ဒေသမှထွက်ရှိသော ငါးခြောက်များသည် အရေးပါ သော အစားအစာတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။ ထို့အပြင် အခြားဒေသများသို့ တင်ပို့ရောင်း ချနေသဖြင့် ထားဝယ်မြို့ပေါ်ရှိငါးခြောက် စျေးကွက်အခြေအနေမှာ ရောင်းအားကောင်းမွန်လျက်ရှိပြီး ဈေးနှုန်းများသည်လည်း အနည်းငယ် မြင့်တက်လျက်ရှိပါသည်။

     ယခု ထားဝယ်ဈေးကွက်တွင် ငါးခြောက်အမျိုးအစား များစွာရှိသော်လည်း ဒေသတွင်း စားသုံးမှုများပြားသည့် ငါးရောင်ခြောက် (ခေါ်) ဒလုံးခြောက် တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ငါးလက်ဝါးခြောက် (ခေါ်) စာဗျန့်ခြောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် ငါးအူမျှင်းခြောက် တစ်ပိဿာလျှင် (၇၀၀၀၀)ကျပ် အသီးသီးဈေးနှုန်းများရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း