Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်ရှိ ပန်းတိမ်ငိုဘုရားပန်းဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်အနီးတစ်ဝိုက်ကျေးရွာများ၌ စီးပွားဖြစ် ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းတိမ်ငိုပန်းများနှင့် အခြားသော  ဘုရားပန်းများကို ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ အများဆုံးတင်သွင်း‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းတိမ်ငိုဘုရားပန်းသည် အထားခံပြီး တစ်မျိုးလေးကျက်သရေရှိသည့်အတွက် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပန်းတိမ် ငိုဘုရားပန်းဈေးနှုန်းမှာ (၁၀)ပွင့်လျှင် (၆၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

နတ်တော်လဆန်းတွင် ဂေါ်ရခါးညွှန့်ဟင်းရွက်စျေးကျဆင်း

                   မန္တလေးစျေးကွက်သို့ နတ်တော်လရာသီချိန်ဖြစ်၍ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်မှ ဂေါ်ရခါးညွှန့် ဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းကာအရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဂေါ်ရခါး ညွှန့်ဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်းလျှင် ၃၅၀၀ ကျပ်နှင့် ၄၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၅၀၀ကျပ် နှင့် ၇၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက် ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့ပေါ်တွင် ရောင်းချနေ‌သာ ရွှေဖရုံသီးဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရ သည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မြိတ်မြို့ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်းသိရှိရသည်။ ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ဟင်းသီးဟင်းရွက်တစ် မျိုးဖြစ်ကာ ဒေသခံများအနေဖြင့်ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းများ  ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလပထမပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက် ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ် လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံကုန်စိမ်း ရောင်းချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ပအုန်းရည်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော မြိတ် တစ်မြို့ဖြစ်ပြီး ဓနိပင်များ အများအပြားပေါက်ရောက်သော မြို့ဖြစ်သည်။ အဆိုပါဓနိပင်များသည် ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ်ဒေသအတွက် အစားအသောက်များတွင် အဓိက အသုံးပြုသော ပအုန်းရည် (သို့)သဘာဝရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည် သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသပင်လယ်ကမ်းစပ်အနီးတွင် ပေါက် ရောက်သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည်ဖြစ်သည်။ မြိတ်မြို့ပေါ်တွင် အထင်ပေါ်ဆုံးအစားအစာဖြစ်သည့် ကိုက်ကြေးကိုက်တွင် ပအုန်းရည်ကိုအဓိကအသုံးပြုပါသည်။

      ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင်မြိတ်မြို့ပေါ်ရှိ ပအုန်းရည်တစ်ဘူးလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဒေသစိုက် နဂါး‌မောက်သီး‌ထက် ကော့သောင်မှဝင်‌ရောက်လာသော နဂါးမောက်သီးများ စျေးပိုကောင်းလျက်ရှိ

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒေသတွင်းစီးပွားရေးအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ကိုင်လျက်ရှိပြီး နဂါးမောက်သီးများလည်းစိုက်ပျိုးလျက်ရှိသည်။ နဂါးသီကို အဖြူအနီဟူ၍ နှစ်မျိုးရှိပြီး မြိတ်မြို့တွင် နှစ်မျိုးစလုံးစိုက်ပျိုးကြသည်။ သို့သော် စျေးကွက်တွင် ရောင်းချရန် စီးပွားဖြစ်စိုက်ပျိုးထားခြင်းမျိုးမရှိသဖြင့် ကော့သောင်းနှင့် ရန်ကုန်မြို့တို့မှ ဝယ်ယူကြပါသည်။ ဒေသစိုက် နဂါး‌မောက်သီး‌နှင့် ကော့သောင်မှဝင်‌ရောက်လာသော နဂါးမောက်သီးများတွင် ကော့ သောင်းသီးမှာ စျေးပိုမိုရရှိကြောင်းသိရှိရပါသည်။ ဒေသထွက်အသီးသည် အလုံးငယ်ခြင်းကြောင့်နှင့် ကော့သောင်းသီးသည် သယ်ယူပို့ဆောင်စရိတ်များကြောင့် စျေးပိုရကြောင်းသိရှိရပါသည်။ ဒေသ ထွက် နဂါးမောက်သီးအဖြူတစ်လုံးလျှင် ၃၅၀၀-၄၀၀၀ ကျပ်ခန့်ရရှိချိန်တွင် ကော့သောင်းအသီးမှာ ၄၅၀၀-၅၀၀၀ ကျပ်ခန့်ရရှိကြောင်း၊ နဂါးမောက်သီးအနီတစ်လုံးလျှင် ၅၀၀၀ ကျပ်ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၏ ကြက်သွန်နီစျေးနှုန်း၊ စျေးကွက်

    စားဖိုဆောင်သုံးသီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ အာလူး၊ ဂျင်း၊ ထညက်၊ မကျည်းသီးများအား ဒေသမှထွက်ရှိမှုနည်း၍ လုံလောက်မှုမရှိသဖြင့် ရန်ကုန်မြို့ရှိ ပွဲရုံများမှ တဆင့် မြိတ်ခရိုင် ပြည်သူများစားသုံးရန်အတွက် ကားလမ်း၊ ရေလမ်းများဖြင့် သယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထမင်း၊ ဟင်းချက်ရာတွင် အရေးပါသည့်အတွက် စားဖိုဆောင်သုံးသီနှံများမှ ကြက်သွန်နီကို အများဆုံး သယ်ယူကြောင်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ စတုတ္ထပတ်တွင် လက်ကားဆိုင်များ၌ ကြက်သွန်နီ(၁၀)ပိဿာတစ်အိတ်လျှင် (၂၂၀၀၀ိ/-)ခန့်ရှိပြီး လက်လီဆိုင်များတွင် တစ်ပိဿာ ၂၅၀၀ိ/- ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆောင်းရာသီ အအေးဝင်လာသည်နှင့် မြိတ်မြို့ရှိ ဓနိရည်ချို

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ဓနိပင်များ သဘာဝ ပေါက်ရောက်လျက်ရှိပြီး ၎င်းဓနိပင်မှ ဒေသတွင်း စီးပွားဖြစ်လုပ်ကိုင်ကြလျက်ရှိသည်။ ယခု နိုဝင်ဘာ လကုန်တွင် ဆောင်းရာသီသို့ဝင်ရောက်လာပြီး ဓနိရည်ချိုရောင်းအားကောင်းလာကြောင်းသိရှိရပါ သည်။ ဓနိရည်ချိုသည်အေးလာသည်နှင့်အမျှ အရသာပိုချိုလာပြီး မြိတ်မြို့တွင် ရာသီပေါ် အစား အစာအဖြစ် ကောက်ညင်းပေါင်းနှင့်တွဲဖက်၍ သောက်သုံးကြလေ့ရှိသည်။ ညအချိန်တွင် မြိတ်မြို့တွင်း ဘေးတွဲ၊ တုတ်တုတ် (အိုးဝေ)များဖြင့် မြို့ပတ်၍ ရောင်းချကြပြီး ရှမ်းချောင်းစျေးကြီးများတွင် ‌အများဆုံးရောင်းချကြသည်။ မြို့ပတ်၍ ‌ရောင်းချလျက်ရှိသော ဓနိရည်ချိုစျေးနှုန်းမှာ ရေသန့်ဗူး တစ်ဗူးလျှင် ၃၀၀၀ ကျပ်ခန့်ရှိပြီး၊ ရှမ်းချောင်းစျေးများတွင် ရောင်းချနေသောစျေးနှုန်းမှာ ၂၃၀၀ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။ ဓနိရည်ချိုဖြင့် တွဲဖက်စားသုံးရန် ကောက်ညှင်းပေါင်းကို တစ်ထုတ်လျှင် ၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

နတ်တော်လဆန်းရှိ မန္တလေးရွှေဖရုံသီးစျေးကွက်

              မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက် သည့်ရွှေဖရုံသီးများ နတ်တော်လဆန်းအတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက် လျက် ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ ရွှေဖရုံသီး ၁ လုံး လျှင် အလုံး(ကြီး) ၈၅၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ အလုံး(လတ်)  ၆၅၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ အလုံး (သေး) ၁၅၀၀ကျပ်နှင့်၂၀၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊ အလုံးအရွယ် အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ ရွှေဖရုံသီးမှာ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုများပြားလျက် ရှိပြီး၊နတ်တော်လအခါသမဘုရားပွဲနှင့်အလှူပွဲရာသီချိန်ဖြစ်၍အချိုပွဲများတွင်သုံးစွဲမှုများသည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ် ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

 

   နတ်တော်လဆန်းတွင် နှင်းဆီပန်းစျေးကျဆင်း

            နတ်တော်လအခါသမယ မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့ မှထွက်သည့်ရောင်စုံ နှင်းဆီပန်းမျိုးစုံ  ဝင်ရောက်မှု များပြားလျက်ရှိပြီး၊စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  စျေးကွက်အတွင်း ဆူးပါသော နှင်းဆီနှင့် ဆူးမဲ့နှင်းဆီ ခွဲခြား၍ စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ရိုးရိုးနှင်းဆီ နှင့် ရေမွှေးနှင်းဆီဟူ၍ နှစ်မျိုးတွေ့ရှိရပြီး၊နှင်းဆီပန်းများမှာ အဖြူရောင်၊ အဝါရောင်၊ပန်းရောင်၊မိတ်ကပ်ရောင်၊ လိမ္မော််ရောင် ၊ကြက်သွေးရောင်နှင့် အနီရင့်ရောင်တို့ကို အများ အပြား တွေ့ရှိရပါသည်။ ကြက်သွေး ရောင်နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း  သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်း များ မှာ နှင်းဆီပန်းရိုးရိုး(၁၀ပွင့်ပါ) ၁ စီးလျှင်  ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ ပန်းအဖူး (သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေးနှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ် ဖြင့်ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။  နတ်တော်လအခါသမယ ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့် အချိန်ဖြစ်၍ ပန်းမျိူးစုံစျေးကွက်တွင် နှင်းဆီပန်းအရောင်မျိုးစုံ   အရောင်းသွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)

 ပန်းတိမ်ငိုပန်းစျေးအနည်းငယ်ကျဆင်း

                နတ်တော်လရာသီအခါသမယတွင် မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှထွက်သည့်ပန်းတိမ်ငိုပန်းများ ဝင်ရောက်မှု များပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ ပန်းတိမ်ငိုပန်းများမှာ အဖြူရောင်၊ ခရမ်းရောင်နှင့် မရမ်းရောင် အစီးများတွေ့ရှိရပြီး၊ ခရမ်းရောင်ပန်းမှာ ဝယ်ယူသူ များ ပိုမိုနှစ်သက်ကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ် သည့် လက်လီစျေးနှုန်းများမှာ ပန်းတိမ်ငိုပန်း(၁၀ခက်ပါ) ၁ စီးလျှင်ပန်းအခက်(ကြီး)  ၃၀၀၀ကျပ်နှင့် ၃၅၀၀ ကျပ်၊ ပန်းအခက်(သေး) ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ ပန်းအခက်အကြီး အသေးအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ နတ်တော်လအခါသမယဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ ပန်းတိမ်ငိုပန်းမှာစျေးကွက်အတွင်းဝယ်ယူမှုများပြားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း