Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ပဲမှုန့်အစိမ်းနှင့် ပဲမှုန့်အကြတ်ဈေးနှုန်းများ

     ရွှေဘိုမြို့ရှိဈေးများတွင် ရာသီပေါ်သီးနှံများ၊ အသား/ငါးများကို ရောင်းချလျက်ရှိရာ တို့ဟူး သုပ်နှင့် တို့ဟူးပျော့ စားရာတွင် ကျိုသည့် တို့ဟူကျိုပဲမှုန့်အစိမ်းနှင့် အသုပ်စုံများသုပ်ရာတွင် အသုံးပြုသည့် ပဲမှုန့်အကြတ်များကို ရောင်းချလျက်ရှိကြောင်း၊ ပဲမှုန့်စိမ်းနှင့်ပဲမှုန့်အကြတ်များကို ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ဇီးကုန်းမြို့မှ ထွက်ရှိသည့် ပဲမှုန့်မှာ လူ ကြိုက်များ၍  ဇီးကုန်းပဲမှုန့်ကို အဝယ်များကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်) တွင် ဖြစ်ပေါ်နေ သော ပဲမှုန့်အစိမ်း ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၉၀ဝိ/-) ကျပ် နှင့် (၁) ပိဿာ လျှင် (၇၃၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ပဲမှုန့်အကြတ် (၂၅)ကျပ်သား လျှင် (၂၀၀ဝိ/-) ကျပ် နှင့် (၁)ပိဿာလျှင် (၇၆၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အညာဒေသထွက်ထန်းမြစ်အကြောင်း

     ထန်းမြစ်များသည် မိုးအကုန်ဆောင်းအကူးကာလများတွင် အလွယ်တကူတွေ့ရှိနိုင်ပြီး မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများတွင် အထူးပေါများပါသည်။ ထန်းမြစ်သည် ထန်းပင်မှပေါက်ဖွား လာသော အညှောက်၊ အမြစ် တစ်ခုဖြစ်ပြီး ထန်းသီးကိုမြေကြီးထဲတွင်စိုက်ပျိုးသောအခါ ထန်းသီး၏ အစေ့မှထွက်ပေါ်လာသော အညှောက်၊ အမြစ်သဏ္ဍာန်တစ်ခုသာဖြစ်ပါသည်။ ထန်းမြစ်သည် အနည်းငယ် ချိုသောအရသာရှိပြီး ကစီဓာတ်ကြွယ်ဝသောကြောင့် အိအိလေးနဲ့ စားရတာ ကောင်းမွန်ပါသည်။ ထန်းမြစ်များသည် ပေါ်ဦးပေါ်ဖျားတွင်နုသော်လည်း ရင့်မှည့် လာသည့်အခါ အမျှင်ပြတ်၍ ပိုမို စားကောင်းပါသည်။

    ယခုကာလ၌ အညာဒေသအစားအစာဖြစ်သည့် ထန်းမြစ်များစတင်ထွက်ပေါ်လာပြီး ဈေးကွက် အတွင်းသို့ဖြန့်ဖြူးရောင်းချလာကြပြီး အရောင်းအဝယ်သွက်လျက်ရှိနေပါသည်။ တောင်ငူမြို့နယ်ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်လေးဈေးတို့တွင် ရောင်းချနေသော ထန်းမြစ်များသည် တောင်ငူခရိုင်၊ ကင်းဆိပ်ရွာမှရရှိပြီး ထန်းမြစ်တစ်စည်းတွင် ထန်းမြစ် ၁၀ ချောင်းပါရှိပြီး တစ်စည်းလျှင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ထန်းမြစ်ပြုတ်ပြီးသား ရောင်းချသောဈေးသည်များသည်လည်း ထန်းမြစ် ၄ ချောင်းတစ်စည်းလျှင် ၁၀၀၀ ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းလည်းသိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့ဈေးများရှိ ရှမ်းပြည်ဒေသထွက် ကန်စွန်းဥ၊ပိန်းဥ၊အာဒါလွတ်၊ပဲမြစ်၊ပဲစိမ်းစားဥ ဈေးနှုန်းများ

      တောင်ငူမြို့ဈေးများရှိ ဈေးသယ်များသည် မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များနှင့် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့မှ ဒေသထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များမှာယူရောင်းချလျက်ရှိရာ ယခုအခါထောပတ်သီး၊ ကန်စွန်းဥ၊ ပိန်းဥ၊ အာဒါလွတ်၊ ပဲမြစ်နှင့် ပဲစိမ်းစားဥများ ရောင်းချလျက်ရှိနေသည်။

   ဈေးနှုန်းများအနေဖြင့် ထောပတ်သီးကို အလုံးလိုက် သို့မဟုတ် အချိန်လိုက် ရောင်းချလျက်ရှိပြီး  တစ်ကီလိုလျှင် ၄၅၀၀ ကျပ်၊ အလုံးအရွယ်အစားပေါ်မူတည်၍ ၅၀၀ ကျပ် မှ ၁၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိပြီး၊ ကန်စွန်းဥရွှေဝါ ၅၀ကျပ်သားလျှင် ၁၅၀၀ကျပ်၊ ၁ပိဿာလျှင် ၂၈၀၀ ကျပ်၊ ကန်စွန်းဥငချိတ် ၅၀ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ၁ပိဿာလျှင် ၃၈၀၀ကျပ်၊ ပိန်းဥ အသေး ၅၀ ကျပ်သားလျှင် ၁၅၀၀ကျပ်၊ ၁ပိဿာလျှင် ၂၅၀၀ ကျပ်၊ ပိန်းဥအကြီး ၅၀ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ၁ပိဿာလျှင် ၃၅၀၀ကျပ်၊အာဒါလွတ်ဥ ၅၀ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ ၁ပိဿာလျှင် ၃၅၀၀ ကျပ်၊ ပေါ်ဦးပေါ်ဖျားပဲမြစ်နှင့် ပဲစိမ်းစားဥ ၅၀ ကျပ်သားလျှင် ၅၀၀၀ ကျပ်၊ ၁ပိဿာလျှင် ၉၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ဈေးသည်များထံမှ မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

တစ်ပင်လုံးအသုံးဝင် ရခိုင်ငှက်ပျောပင်၏ ဈေးကွက်အခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ခြံဝန်းကျယ်သော ဒေသခံများသည် မိမိတို့ အိမ်ခြံဝန်းများတွင် သစ်သီးဝလံ/ဟင်းသီးဟင်းရွက်နှင့်ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးလေ့ရှိကြ သည်။ ထိုအပင်များအနက် ငှက်ပျောပင်များကိုလည်း စိုက်ပျိုးကြပါသည်။  ငှက်ပျောမျိုးစိတ်ပေါင်း များစွာရှိသည့်အနက် ရခိုင်ငှက်ပျောဟု အမည်ရှိသည့် ငှက်ပျောပင်အမျိုးအစားသည်  စိုက်ပျိုးရ လွယ်ကူပြီး အသုံးပြုနိုင်ခြင်း သာမက စားသုံးနိုင်သည့်အတွက် စိုက်ပျိုးကြသည်။

  တစ်ပင်လုံးခြုံငုံကြည့်လျှင် ပင်စည်၊ အမြစ်(ခေါ်)ငှက်ပျောခေါင်း၊အရွက်၊အဖူးနှင့် အသီးများပါရှိပြီး ပင်စည်နှင့် ငှက်ပျောခေါင်းကို မြန်မာ့ရိုးရာအစားအစာဖြစ်သော မုန့်ဟင်းခါး ချက်ပြုတ်ရာတွင် အများဆုံးအသုံးပြုပြီး၊ အရွက်များကို ဟင်းထုပ်၊ ငှက်ပျောသီး ကောက်ညှင်းမုန့် ၊မုန့်ဖက်ထုပ်၊ ပဲမုန့်များ ပြုလုပ်ခြင်း နှင့် အရွက်များကို ထုတ်ပိုးရာတွင် အများဆုံး အသုံးပြုပါသည်။အဖူးကိုပြုတ်၍တို့စရာ အဖြစ်လည်းကောင်း၊ သုတ်စားခြင်း၊ ကြော်စားခြင်း၊ ချဉ်ဖတ်ပြုလုပ် ခြင်းတို့ဖြင့် နှစ်သက်ရာစားသုံးကြသည်။ အသီးကိုတော့ ဧည့်သည်များ ဧည့်ခံရာတွင် သွားရေစာ အဖြစ်လည်းကောင်း၊ ကောက်ညှင်းဆန်ဖြင့်ရော၍ ငှက်ပျောသီးမုန့်ပြုလုပ်ခြင်း၊ ပေါင်းစားခြင်း၊ ကြော်စားခြင်းနှင့် မိရိုးဖလာရိုးရာ    ဓလေ့ဖြစ်သော ဘုရားပွဲ၊ နတ်ပွဲများ တွင်အသုံးပြုကြသည်။

      တောင်ငူမြို့နယ်ဈေးကွက်အတွင်းတွင် ငှက်ပျောဖူးကို တစ်ဖူးလျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ ရခိုင်ငှက်ပျောသီးအသေးတစ်ဖီးလျှင် ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ်၊ အကြီး တစ်ဖီးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိပြီး၊ ပင်စည်(ခေါ်) ငှက်ပျောခေါင်းကို အပင်အကြီး/အသေးပေါ်မူတည်၍ ၁၅၀၀ ကျပ်မှ၂၅၀၀ ကျပ်ထိ  ဈေးနှုန်းအသီးသီးဖြင့် ရောင်းချ လျက်ရှိရာ အရောင်းသွက်ကြောင်း ဈေးသည်များထံမှ မေးမြန်းသိရှိရသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေသော ပြည်မြို့၏ကြက်သွန်မြိတ်

       ကြက်သွန်မြိတ်သည် အရသာရှိရုံသာမက၊ လူသားတိုင်းအတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုပါသည်။ လူတော်တော်များများက အသုပ်စားတဲ့အခါ ကြက်သွန်မြိတ်ကို အသုံး ပြုကြပါသည်။ ဟင်းချက်တဲ့အခါဖြစ်ဖြစ်၊ ဟင်းရည် (သို့) စွပ်ပြုတ်၊ ဆန်ပြုတ်တို့တွင် ကြက်သွန်မြိတ် ကိုဟင်းအရသာကိုသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာရှိပါသည်။ ကြက်သွန် မြိတ်ကို စားသုံးတဲ့သူများက အအေးမတုပ်ကွေးနှင့် ဖျာနာခြင်းတို့ မခံစားရဘူးလို့ သိရှိရပါသည်။ ဒါ့အပြင် ကင်ဆာရောဂါနှင့် အမြင်အာရုံကိုပါ ကောင်းမွန်စေတဲ့အတွက် မဖြစ်အနေစားသုံးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါသည်။ ကြက်သွန်မြိတ်များကို ပြည်မြို့အနီးတဝှိက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ပန်းတောင်း၊ မင်းတုန်းနှင့် အခြားတစ်ပိုင်တစ်နိုင်စိုက်ပျိုးသော ကျေးရွာများမှ ပြည်မြို့ မြို့မစည်ပင် သာယာဈေးကြီးတွင် နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်မြိတ်ကို နိုဝင်ဘာလ စတုတ္တပတ်တွင် ကြက်သွန်မြိတ်ဥ (၃) ခုပါတစ်စည်းလျှင် ကျပ် (၃၀၀)၊ ကြက်သွန်မြိတ် (၅)ကျပ်သား ခန့်ရှိတစ်စီးလျှင် ကျပ် (၇၀၀ - ၈၀၀)၊ ကြက်သွန်မြိတ်တစ်ထုံးလျှင် ကျပ် (၁၀၀၀) တို့ ဖြင့်ဈေးကောင်း ရနေပြီး ပေါ်ခါစဖြစ်သည့်အတွက် ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့ရှိ မုန်လာဥဖြူ ဈေးနှုန်းဈေးကွက်

   ပဲခူးတိုင်းဒေသကြီး  နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးခြင်း လုပ်ငန်းများလုပ်ကိုင်ကြပြီး သီးနှံစုံ စိုက်ပျိုးလျက်ရှိရာ  စားဖိုဆောင် သီးနှံအဖြစ် မုန်လာဥဖြု ကိုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပါသည်။

            မုန်လာဥဖြူကို သဲကုန်းမြို့နယ် ရင်းတိုက်တန်း၊ အိုးထိန်းကုန်း၊ ရွာသစ်စသည့် ကျေးရွာများတွင်  မိုးအကုန်ဆောင်းဦးပိုင်းတွင် စိုက်ပျိုးကြပါသည်။ မုန်လာဥကိုစိုက်ပျိုးပြီး(၄၅-၅၀)ရက် ကြာလျှင် စတင်နှုတ်ဆွတ်ရောင်းချပြီး မြေအနေအထား ပြုပြင်ဂရုစိုက်မှု  အပေါ်မူတည်၍ဥကြီးထွား ကောင်းမွန်ပြီး ယခုနိုဝင်ဘာလ စတုတ္တပါတ်တွင် သဲကုန်းမြို့နယ်  ဈေးကွက်အတွင်း ဥမပါ အပင်တစ်စီး(၅)ပင်ပါ (၁၀၀)ကျပ်မှ (၁၅၀)ကျပ်ဖြစ်ပြီး ဥပါအပင်(၄)ပင်ပါ တစ်စီးလျှင် (၅၀၀)ကျပ် မှ(၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိရာ တစ်နိုင်တပိုင်စားဖို   ဆောင်သီးနှံအဖြစ် စိုက်ပျိုး၍ အရောင်းအဝယ် ဖြစ်ပြီးတောင်သူများ အကျိုးအမြတ် ရရှိကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

၁၆-၁၂-၂၀၂၅ ရက်နေ့ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥဈေးနှုန်းများ

သာယာဝတီခရိုင်အတွင်း မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ အောက်တိုဘာလနောက်ဆုံးသီတင်းပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံး(၈၄၀၀၀) ကျပ်မှ အမြင့်ဆုံး(၈၇၅၀၀)ကျပ်ထိ ယခုနိုဝင်ဘာလအတွင်းမှာတော့ ပိဿာ(၂၀)တစ်တင်းကို (၈၂၀၀၀) ကျပ်မှ (၈၃၅၀၀) ကျပ်ထိ ရှိပါသည်။စီးထွက်မှု့အနေဖြင့် အောက်တိုဘာလ တစ်လလုံးတွင် ရန်ကုန်မြို့သို့ ၁၉၂၈၁၀ အိတ်တင်ပို့နိုင်ခဲ့ပါသည်။ယခုနိုဝင်ဘာလ နောက်ဆုံး သီတင်းပတ်ထိ တင်ပို့မှု့မှာ ၁၆၈၈၂၀ အိတ်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိ ကြောင်း နှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။အောက်တိုဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၄၅၀/ ကျပ်ဖြစ်ပြီး၊ဖွဲနု ၆၅ ပေါင် တစ်အိတ် လျှင် ၂၆၆၅၀/ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခု နိုဝင်ဘာလ နောက်ဆုံးပတ်တွင်လည်း ဖွဲနုတစ်ပေါင် ၄၅၀  ကျပ်ပေါက်ဈေး ရှိနေကြောင်း၊ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၂၆၆၅၀ ကျပ် ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် ယခုလ ဈေးနှုန်း နှိုင်းယှဉ်ပါက ဒေသလိုအပ်ချက်အရ ဈေးအပြောင်းအလဲမရှိ ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ဈေးများရှိ မုန်လာဥဖြူဈေးနှုန်း

    မြန်မာနိုင်ငံတွင် မုန်လာဥဖြူကို ရှမ်းပြည်နယ်၊ ပြင်ဦးလွင်နှင့်မန္တလေးတိုင်းတို့တွင် အဓိကစိုက်ပျိုးပြီး ယခုကာလဆောင်းရာသီတွင်ပေါများစွာတွေ့ရှိရပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိဈေးများတွင် တွေ့မြင်နေရသော မုန်လာဥဖြူအများစုသည် ရှမ်းပြည်နယ် ဘက်မှ အများအပြားဝင်ရောက်လာကြပြီး မုန်လာဥဖြူများပေါ်ဦးပေါ်စအချိန်ဖြစ်သောကြောင့် ဈေးဝယ်သူများဖြင့် အရောင်းအဝယ်သွက်လျက်ရှိနေပါသည်။

     တောင်ငူမြို့နယ်ရှိ ညောင်ပင်လေးဈေးနှင့်ဘုရင့်နောင်ဈေးများတွင် ရောင်းချနေသော မုန်လာဥဖြူများသည် မြင်ရတာနဲ့လတ်ဆတ်ပြီးစားချင်သဖွယ်ဖြစ်နေကာ ဟင်းသီးဟင်းရွက် သီးနှံများရောင်းချသော ဈေးသည်တိုင်းလိုလိုတွင် မုန်လာဥဖြူများကိုတွေ့မြင်ရလျက်ရှိနေပါသည်။ မုန်လာဥဖြူအသေးအကြီးအလိုက် ဈေးနှုန်းကွာခြားလျက်ရှိပြီး မုန်လာဥဖြူ ၃ စည်းလျှင် ၂၀၀၀ ကျပ်၊ ၂ စည်းလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း