Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးအနည်းငယ်မြင့်တက်လာသော ခရမ်းချဉ်သီး

    မြင်းခြံမြို့နယ်ရှိ ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ  စားဖိုဆောင်သီးနှံများ၊ ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြပါသည်။ ဒေသတွင်း ခရမ်းချဉ် သီးများ ပေါ်ချိန်မရှိပါက ပုပ္ပားမြို့မှ ဝယ်ယူရောင်းချကြောင်း သိရသည်။ ယခင် နိုဝင်ဘာလ ဆန်းပိုင်းတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀/၄၀၀၀)ကျပ် ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းတွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် (၂၅) ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ ယခုအခါ ဒေသတွင်း ခရမ်းချဉ်သီးများ မရှိတော့သဖြင့် ပခုက္ကူမြို့၊ ပုပ္ပားမြို့တို့မှ  ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို၏ ဒီဇင်ဘာလ ပဲသီးတောင့်ရှည်ဈေးနှုန်း

 

မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စပါးခင်း၏ ကန်သင်ရိုးတွင် စားဖိုဆောင်သီးနှံဖြစ်သော ပဲသီးတောင့်ရှည်ကိုလည်း တိုင်ထောင်၍ အပိုဝင်ငွေရရှိရန် တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာ ယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ပဲသီးကို ကြက်ဥနှင့်ကြော်စား၍ လည်းကောင်း၊ ငါးဖယ်ခြစ်နှင့်ချက်စား၍လည်းကောင်း၊ ပဲသီးအစပ်ချက်ချက် စား၍လည်းကောင်း၊ ပဲသီးပြုတ်၍ မြေပဲဆံထောင်း၊ ပဲကျက်မှုန်နှင့် ကြက်သွန်ဖြူဆီချက်ဖြင့်သုပ် ၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု ဒီဇင်ဘာလ ပထမပတ်တွင် မိတ္ထီလာမှ ဝယ်ယူရောင်းချကြောင်း၊ မိတ္ထီလာမြို့မှ ပဲသီးသည် အတောင့်ချောပြီး ဒေသထွက် ပဲသီးထက် ပို၍ရှည်ကြောင်း သိရသည်။ဒီဇင်ဘာလ ပထမပတ်တွင် ပဲသီးတောင့်ရှည်ဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင်  (၁၃၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ဈေးဖြင့် ရောင်းချကြောင်း၊ နိုဝင်ဘာလ တတိယပတ်တွင် ပဲသီးတောင့်ရှည် (၂၅) ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၅၀၀၀/၅၅၀၀)ကျပ် ဖြင့်ရောင်းချကြောင်း ၊ ယခင် ပတ်နှင့် နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းမြင့်တက် လာကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ အေးမြသီတာဈေးရှိ ခဝဲသီး ဈေးနှုန်း

 

မြင်းခြံမြို့ အေးမြသီတာဈေးသည် သီးနှံ၊သားငါး၊ ငါးပိ ငါးခြောက်၊ ကုန်မျိုးစုံရောင်း ချသော ဈေးဖြစ်သည်နှင့် အညီ သီးနှံများကိုလည်း  ဒေသတွင်း၊ မန္တလေး၊ပြင်ဉီးလွင်၊ ပခုက္ကူ ၊ပုပ္ပား စသည့် နေရာဒေသစုံမှ ဝယ်ယူရောင်းချပါကြောင်း သိရသည်။ ခဝဲသီးကို မြင်းခြံမြို့နယ် နဘူးအိုင် ကျေးရွာ၊ သမုန်းကိုင်းကျေးရွာမှ ဈေးကွက်အတွင်းသို့ ဝယ်ယူရောင်းချကြောင်း သိရသည်။ ခဝဲသီးကို ကြက်ဥဖြင့် ကြော်ချက်၍ လည်းကောင်း၊ပုဇွန်ခြောက်ဖြင့် လည်းကောင်း၊ အသားငါးဖြင့် ရော၍ ချက်ပြုတ် ခြင်းဖြင့်လည်းကောင်း၊ ငရုတ်သီးစိမ်းဖြင့် အစပ်ချက်၍ လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စား သောက်ကြသူများသောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ် ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရောင်းချနေသော ခဝဲသီးဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ၊(၁)ပိဿာလျှင် (၃၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ အေးမြသီတာဈေးရှိ ရုံပတီသီးဈေးနှုန်း

    မြင်းခြံမြို့နယ် အေးမြသီတာဈေးသည် သီးနှံ၊သားငါး၊ ငါးပိ ငါးခြောက်၊ ကုန်မျိုးစုံရောင်းချ သော ဈေးဖြစ်သည်နှင့်အညီ သီးနှံများကိုလည်း ဒေသတွင်း၊ မန္တလေး၊ပြင်ဉီးလွင်၊ ပခုက္ကူ ၊ပုပ္ပား စသည့် နေရာဒေသစုံမှ ဝယ်ယူရောင်းချပါကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရောင်းချနေသော ရုံပတီသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ၊(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ရုံပတီသီးသည် ကျန်းမာရေးအနေဖြင့် ဆီးချိုကို ထိန်းညိှပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ် ပေးခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ ကိုလက်စရော(သွေးတွင်းအဆီဓာတ်) ကျစေခြင်း၊ ကိုယ်ခံ အားကောင်းစေခြင်းနှင့် အမြင်အာရုံကောင်းစေကြောင်းလည်း သိရသည်။ ရုံပတီသီးကို ကြက်ဥဖြင့် ကြော်ချက်၍လည်းကောင်း၊ပုဇွန်ခြောက်ဖြင့် လည်းကောင်း ၊ချဉ်ပေါင်ရွက်နှင့် အချဉ်ရည် ဟင်းချက် ၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍ လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စားသောက်ကြသူများ သောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲ၊ နှမ်းမျိုးစုံ စျေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (မကွေးကုန်စည်ဒိုင်)တွင် သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် မကွေးကုန်စည်ဒိုင် သီးနှံစျေးနှုန်းများမှာ နှမ်းနက် (စမုံ) (၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၂၄၇၀၀၀-၂၅၀၀၀၀)၊ နှမ်းဖြူ (၁၅)ပိဿာ (၁)တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ နှမ်းနီ (၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၉၀၀၀၀-၉၂၀၀၀)၊ နှမ်းညို (၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၉၁၀၀၀)၊ ပဲတီစိမ်း (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၁၁၉၀၀၀-၁၂၀၀၀၀)၊ ပဲနောက် (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၁၂၃၀၀၀)၊ ပဲလွန်းဝါ (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၆၀၀၀၀-၆၃၀၀၀)၊ ကုလားပဲ (929) (၁၉) ပိဿာ (၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ကုလားပဲ (HL)(၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၈၄၅၀၀)၊ ပဲကြီးဖြူ (လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၁၈၅၀၀၀)၊ ပဲစဉ်းငုံနီ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၈၁၀၀၀-၈၁၅၀၀)၊ မတ်ပဲ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၇၅၀၀၀-၈၁၀၀၀)၊ စားတော်ပဲ (၂၀) ပိဿာ (၁)တင်းလျှင် ကျပ်(၂၈၀၀၀၀)၊ လုံးဆံနီ (၁)ပိဿာလျှင် (၇၇၀၀-၇၈၀၀)၊ လုံးဆံဖြူ (၁)ပိဿာ လျှင် ကျပ်(၇၉၀၀-၈၀၀၀)၊ မြေပဲဆံ (အောက်ကျ) (၁)ပိဿာလျှင် ကျပ် (၆၈၀၀-၇၀၀၀)တို့ စျေးနှုန်းများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ယခုတစ်ပတ်တွင် လုံးဆံနီ၊ လုံးဆံဖြူ၊ မြေပဲဆံ(အောက်ကျ)တို့ စုစုပေါင်း တန်ချိန် (၃၀၀)ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA( မကွေး)

မင်းလှမြို့နယ်တွင်အခြေခံစားကုန်ဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင်  ၂၅၀၀ ကျပ်၊ ကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊(အသေး) တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ မြန်မာ ကြက်သွန်ဖြူ (တစ်ပိဿာ)လျှင် ၆၀၀၀ ကျပ်၊ ဂျင်း(တစ်ပိဿာ)လျှင် ၄၅၀၀ ကျပ်၊သကြား (တစ်ပိဿာ)လျှင် ၅၀၀၀ကျပ်၊ကုလားပဲ(တစ်ပိဿာ)လျှင် ၆၂၀၀ ကျပ်၊မြေပဲဆံ(တစ်ပိဿာ)လျှင် ၈၅၀၀ ကျပ်၊ငရုတ်သီးခြောက်(တစ်ပိဿာ)လျှင်၁၁၀၀၀ ကျပ်၊အာလူး(တစ်ပိဿာ)လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၁၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပုသိမ်မြို့ ၊မြို့မဈေးတွင် ပြောင်းဖူးဈေးနှုန်းဈေးကွက်

     ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း တို့တွင် အများဆုံးစိုက်ပျိုးကြသည်ကို တွေ့ရသည်။ ပြောင်းဖူးသည်ပြည်ပသို့အဓိကတင်ပို့သည့် သီးနှံ ဖြစ်သည်။  ပြည်ပပို့ကုန်အဖြစ် သာမကပြည်တွင်း၌ပါ စားသုံးသူစျေးကွက်အခိုင်အမာရှိသာ ပြောင်းဖူးကို တိုးမြင့်စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။ ပြောင်းဖူးကို သကြားပြောင်း၊ ထောပတ်ပြောင်း၊ အနီရောင်ရှမ်းပြောင်းဟူ၍ အမျိုးမျိုးရှိသည်။ ယေဘုယျအားဖြင့် သကြား ပြောင်းမှာ လူကြိုက်များသော ပြောင်းဖြစ်သည်။ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြပြီး ပြည်ပသို့ အဓိကတင်ပို့သည့်သီးနှံဖြစ်သည်။ ပြောင်းဖူးကို သားရေစာ အဖြစ်လည်း မျိုးစုံလုပ်စားကြသည်။ ထို့ပြင် ပြောင်းဖူးသည် အာဟာရဓာတ်ကြွယ်ဝ ပြီးကျန်းမာရေးနှင့်လည်း အထူးညီညွတ်ပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာဈေးနှင့် ရက်ကွက်ဈေးငယ်များ တွင် ပြောင်းဖူးတစ်ဖူးလျှင်(၁၅၀၀ မှ ၂၀၀၀)ကျပ် ရှိကြောင်းဈေးသည်များထံမှ သိရှိရပါသည်။ DOCA(ဧရာဝတီ)

ကြို့ပင်ကောက်မြို့တွင်ဒီဇင်ဘာလ၏အခြေခံစားကုန်ဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးကြီးတွင် လူသုံးကုန် စားသောက်ကုန်များ လက်လီ၊ လက်ကား ရောင်းချလျက်ရှိသည်။ဒီဇင်ဘာလဒုတိယပတ်တွင် ဖြစ်ပေါ် နေသော အခြေခံစားသောက်ကုန်၏ ဈေးနှုန်းများမှာ မြေပဲဆီ၊နှမ်းဆီ တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊မြေပဲဆံအနီ တစ်ပိဿာ ၈၈၀၀ ကျပ်၊ ကုလားပဲခွဲခြမ်း တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ဂျင်းတစ်ပိဿာ လျှင် ၈၀၀၀ကျပ်၊အိုင်အိုဒင်းဆားတစ်ထုပ်လျှင် ၁၅၀၀ ကျပ်တို့ဖြစ်ပါသည်။

          မွေးမြူရေးထွက်ကုန်ဖြစ်သော ငါးခူ၊ငါးကျည်းတစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ငါးမြစ်ချင်းခြစ် တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ငါးဖယ်ခြစ်တစ်ပိဿာ ၄၀၀၀ ကျပ်၊ဗမာကြက်တစ်ပိဿာ ၃၅၀၀၀ ကျပ်၊(CP)ကြက်တစ်ပိဿာ ၃၀၀၀၀ကျပ်၊ဆိတ်သားတစ်ပိဿာ ၅၀၀၀၀ ကျပ်၊ကြက်ဥတစ်လုံးလျှင် ၄၅၀/၄၇၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် ၆၀၀/၆၅၀ ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

ပဲပင်ပေါက်ဈေးနှုန်းဈေးကွက်

      ပဲပင်ပေါက်သည်စျေးသက်သာပြီးအလွယ်တကူ ဝယ်ယူရရှိနိုင်၍ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုနိုင်သောအစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်သည် အာဟာရဓါတ် ကြွယ်ဝပြီး ဗီတာမင်A,Cနှင့်သတ္တုဓါတ်များ ကြွယ်ဝစွာ ပါဝင်နေသောကြောင့်ခန္ဓာကိုယ်ကို ကိုယ်ခံ အားကောင်းစေပြီး ရောဂါပိုးကူးစက်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။  ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုကျန်းမာစေပြီ ဇိဝကမ္မလုပ်ငန်းစဉ်များကို အကောင်းဆုံးလည်ပတ်စေနိုင်ပါသည်။ ဗီတာမင်A ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးပါသည်။

      ပဲပင်ပေါက် ကိုစီးပွားအဖြစ် ဖောက်၍ရောင်းချကြပြီး ပဲပင်ပေါက် ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးအသုံး ပြုကြသည်။ များသောအားဖြင့်ဇကာထဲတွင် ထည့်ဖောက်လေ့ရှိပြီး အပင်ပေါက်ချိန်သည် ၄ ရက်မှ ၅ ရက်ခန့်ကြာပါသည်။ ပဲစေ့များမှတဆင့်  အပင်ဖောက်၍ ရရှိလာသောအပင်များကို အထုပ်ငယ်များဖြင့် တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မင်းလှမြို့နယ်ပဲဈေးကွက်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဒီဇင်ဘာလ ပထမပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ၉၄၀၀၀ ကျပ်ရှိခဲ့ပြီး၊ဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲ၂၀ပိဿာတစ်တင်းကို ၈၃၀၀၀ ကျပ်၊ပဲငပိ ၂၀ ပိဿာ တစ်တင်းလျှင် ၁၀၃၀၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာကို ၁၅၀၀၀ ကျပ်၊ပဲဖြူလေးတစ်ပြည်ကို ၇၀၀၀ ကျပ်၊ ကုလားပဲတစ်ပြည်ကို ၆၂၀၀ ကျပ်၊ပဲနီစေ့တစ်ပြည်လျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း  အရောင်း အဝယ် ဖြစ်နေကြောင်းပဲမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း