Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပြောင်းဖူး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီး၊ ပြောင်းဖူး၊ ဘူးသီး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီး၊ ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိရာ  ယခုအခါ ပြောင်းဖူးပင်၊ ကင်းပုံသီးပင်၊ ပဲတောင့်ရှည်သီးပင်နှင့် ခရမ်းကြွပ်သီးပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရ သည်။ ပြောင်းဖူး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီးများကို ကြော်စား၊ သုပ်စား၊ ချက်စားပြီး ခရမ်းကြွပ်သီးများကို ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပြောင်းဖူး၊ ကင်းပုံသီး၊ ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ပြောင်းဖူးအကြီး(၁)ဖူးလျှင် (၇၀၀)ကျပ်၊ (၃)ဖူးလျှင် (၂၀၀၀)ကျပ်၊ အသေး(၁)ဖူးလျှင် (၅၀၀)ကျပ်၊ ကင်းပုံသီး(၁)ဘူးလျှင် (၆၀၀)ကျပ်၊ (၁)ပြည်လျှင် (၄၇၀၀)ကျပ်၊ ပဲတောင့်ရှည်သီး(၁)စည်းလျှင် (၅၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၃၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်းအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်းမှာ သင်္ဘောသီးစိမ်း()ပိဿာလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် ရွှေဖရုံသီး() ပိဿာလျှင်(၂၈၀၀)ကျပ်၊ ရွှေဖရုံသီး()စိတ်လျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥ၊ ကန်စွန်းဉနှင့် အာဂတ်ဥ(ခေါ်)အာတာလွတ်ဥဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥ၊ ပိန်းဥ၊ အာဂတ်ဥ(ခေါ်)အာတာလွတ်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥ၊ ကန်စွန်းဥနှင့် အာဂတ်ဥ(ခါ်) အာတာလွတ်ဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥ၊ ကန်စွန်းဥနှင့် အာဂတ်ဥ (ခေါ်)အာတာလွတ်ဥများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများမှာ ပိန်းဥ()ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကန်စွန်းဥ()ပိဿာလျှင် (၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ အာဂတ်ဥ(ခေါ်) အာတာလွတ်ဥ ()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥ၊ ကန်စွန်းဥနှင့် အာဂတ်ဥ(ခေါ်) အာတာလွတ်ဥများ ကိုပြုတ်၍သော်လည်းကောင်း၊ ပိန်းဥများကို အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအ ဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းနှင့် သစ္စာပန်းဈေးနှုန်းများ

        ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း၊ သစ္စာပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသောနှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်းများကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူ၍ သစ္စာပန်းများကို ခင်ဦးမြို့မှမှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမကလက် ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း နှင်းဆီပန်းအကြီး()ပွင့်လျှင် (၅၀၀)ကျပ်၊ အသေး()ပွင့်လျှင်(၃၀၀)ကျပ်နှင့် ဇော်စိမ်းပန်း (ခေါ်)ကျောက်စိမ်းပန်း()ခက်လျှင်(၁၀၀၀)ကျပ်၊ သစ္စာပန်း()စည်းလျှင်(၂၅၀၀)ကျပ်၊ ()စည်း လျှင်(၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ  ဒေသခံများသည်မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်သည့်အပြင် စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီများကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီဈေးနှုန်းများမှာ စလေဘီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စလေဘီ (၅၀)ကျပ်သားလျှင် (၆၀၀၀) ကျပ်နှင့်စလေဘီ(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ခါကြာမုန့်()ချပ်လျှင်(၅၀၀)ကျပ်၊ ပေါက်စီ ()လုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စလေဘီ၊ ခါကြာမုန့်နှင့် ပေါက်စီများကိုသရေစာအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက်လည်းကောင်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်၊ စပါး တိုးမြှင့်ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တွန်းအားပေးဆောင်ရွက်

      ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်ကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် (၃) သိန်းတင်ပို့ရန်ရှိပြီး ဆန်၊ စပါး တိုးမြှင့်ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်း ထားကြောင်းသိရသည်။ ဆန်၊ စပါး ဝယ်ယူမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်မှု အခြေအနေများအား မှတ်တမ်းများ ပြုစုထားရှိပြီး အသင်းချုပ်ထံ ပေးပို့တင်ပြရန် ညှိနှိုင်းအသိပေးခြင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆန်၊စပါးအသင်းချုပ်က ထည့်သွင်း ပြောဆိုထား ကြောင်း သိရသည်။

    လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၊ ကောက်စောစပါး အနည်းငယ် စတင်ပေါ်ထွက်နေပြီး ဒေသအချို့တွင် စပါး/ဆန် ဝယ်လိုအား ကျဆင်းနေ၍ ဈေးနှုန်းများ ကျဆင်းကာ စပါးစိုက် တောင်သူလယ်သမားများ စိုးရိမ်ပူပန် နေရကာ တောင်သူလယ်သမားများ၏ ဝင်ငွေထိခိုက်နိုင် ကြောင်း သုံးသပ်တင်ပြချက်များ ပေါ်ထွက်နေကြောင်း အသင်းချုပ်က ဆိုသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဩဂုတ်လကုန်အထိ တစ်လလျှင် ဆန်တန်ချိန် (၂) သိန်း ပုံမှန်တင်ပို့နေပြီး၊ စက်တင်ဘာလတွင် တန်ချိန် (၂) သိန်း၊ အောက်တိုဘာလမှစ၍ ၂၀၂၆ ခုနှစ်၊ မတ်လအထိ နောက်ပိုင်းလများတွင် တစ်လလျှင် တန်ချိန် (၃) သိန်းစီပြည်ပတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ နိုင်ငံတကာ ဆန်ဈေးနှုန်းများသည် ကျဆင်းခဲ့သော်လည်း ယခုအချိန် ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် ထပ်မံကျဆင်းရန် မဖြစ်နိုင်တော့ကြောင်း နိုင်ငံတကာ ဈေးကွက် ကျွမ်းကျင်သူများမှ သုံးသပ်ထားကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အသင်းဝင် ပို့ကုန်ဆောင်ရွက်နေသည့် Exporter ကုမ္ပဏီကြီးများ အနေဖြင့် မိမိတို့၏ ပုံမှန်ဝယ်ယူနေ သောဒေသရှိ နယ်စက်ပိုင်/ နယ်ကုန်သည်များနှင့် ချိတ်ဆက်၍ တောင်သူများထံမှ စပါး/ ဆန် ဝယ်ယူမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ဈေးကွက် ဝယ်လိုအားကို မြှင့်တင်ပေးရန်နှင့် ထိုသို့ ဝယ်ယူမှု၊ ဝယ်ယူပြီးစီးမှုအပေါ် သယ်ယူ ပို့ဆောင်မှု၊ ဆန်ကြိတ်ခွဲမှု၊ ပြည်ပတင်ပို့မှု စသည့် ကိစ္စရပ်များအပေါ် ငွေကြေး/ လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်ပါက အသင်းချုပ်သို့ အချိန်နှင့်အညီ ချိတ်ဆက်တင်ပြပေးပါရန် မြန်မာနိုင်ငံ ဆန်၊စပါးအသင်းချုပ်က တိုက်တွန်းထားသည်။

   ထို့ပြင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မှတ်တမ်း ပြုစုထားရှိပေးနိုင်ပါရန် လည်းကောင်း၊ အဆိုပါ စပါး/ ဆန် ဝယ်ယူစု ဆောင်းမှုမှတ်တမ်းကို အသင်းချုပ်၏ export@mef.com.mm သို့ အပတ်စဉ် သောကြာနေ့တိုင်း ပေးပို့ပေးရန်အတွက်လည်းကောင်း အလေးအနက်ထား၍ ပူးပေါင်းဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တိုက်တွန်းထားကြောင်း သိရသည်။

  (DOCA) ဧရာဝတီ

 

မလိုင်လုံး မလိုင်ချောင်းနှင့် ကုလားပဲချောင်း ဈေးနှုန်း

         ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံး၊ မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့တို့မှ တဆင့်မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် မလိုင်လုံး မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို ရောင်းချလျက်ရှိရာ မလိုင်လုံး မလိုင်ချောင်း ဈေးနှုန်ူးများမှာ မလိုင်လုံး မလိုင်ချောင်း တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲလုံးဆံ၊ မြေပဲပတ်နှင့် မြေပဲဆီ

        ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသတွင်းထွက်ရှိသည်များနှင့် မန္တလေးမြို့မှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော‌ မြေပဲဆံဈေးနှုန်းများမှာ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၆၀၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မြေပဲဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ မြေပဲဆီ(၁၀)ပိဿာ တစ်ပုံးလျှင်(၁၉၀၀၀၀) ကျပ်တို့ဖြင့်လည်းကောင်း၊ မြေပဲပတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းရှိပြီး မြေပဲပေါ်ချိန်ဖြစ်သည့်အတွက် မြေပဲလုံဆံ၊ မြေပဲဆီနှင့် မြေပဲပတ်ဈေးနှုန်း ယခင်အပတ်ထက် အနည်းငယ်ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြေပဲပတ်ကို ဒေသတွင်း ဝက်စာ၊ ကြက်စာအပြင် ပိုလျှံသည့်ပဲပတ်များကို  မန္တလေးမြို့သို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း ဆီစက် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော ပဲတီပင်ပေါက်နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

       ကျွန်းလှမြို့ ရာသီအရွေးရောင်းချရန် ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍  ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြစ်သည်။ ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ဗီတာမင်စီပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း အမျှင်ဓါတ်နှင့် ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ကို တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးဥ ကယ်လိုရီနည်းပြီး အမျှင်ဓါတ်များသောကြောင့် ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးသည့်အတွက် စားသုံးသင့်ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ‌စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက်ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၁၀) ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကားတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲတီပင်ပေါက်ကို မုန့်ပြားသလက်နှင့် မုန့်ရေပါးများတွင် အသုံးပြုကြတာများပြီး ပဲတီပင်ပေါက်ချဉ်ကိုတော့ မုန့်တီ၊ ရေစိမ်၊ ခေါက်ဆွဲဆိုင်နှင့် စားသောက်ဆိုင်များမှ အများဆုံးအသုံးပြုသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပဲစိမ်းကြော်နှင့် မြေပဲပွကြော် ဈေးနှုန်း

         ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ပဲစိမ်းကြော်ထုတ်များကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲစိမ်းကြော်ထုတ် ဈေးနှုန်းအနေဖြင့် ပဲစိမ်းကြော် တစ်ထုတ်လျှင် (၇၀၀)ကျပ်၊ (၃)ထုတ်လျှင်(၂၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၆၈၀၀)ကျပ် နှင့် မြေပဲပွကြော် နိုဆီတစ်ဘူး လျှင်(၇၀၀)ကျပ်၊ တစ်ပြည်လျှင်(၅၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲစိမ်းကြော်များကို ရေဦးမြို့ နှင့် ပြင်ဦးလွင်မြို့(၂၁)မိုင်တို့နှင့် မြေပဲပွကြော်ကိုတော့ မုံရွာမြို့တို့မှ မှာယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း