Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

     သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် နိုဝင်ဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့  (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂) တန် စီးထွက်ခဲ့ပါသည်။ ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇)တန်ခန့် စီးထွက်ခဲ့ပြီး ယခင်နောက်ဆုံးအပတ်နှင့် နှိုင်းယှဥ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့ပါသည်။

     သထုံခရိုင်အတွင်းသို့ အောက်တိုဘာလ၏ နောက်ဆုံအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၃) တန်ခန့်စီးဝင်ခဲ့ပြီး ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၈) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်နောက်ဆုံးအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့ စီးဝင်ခဲ့ပါသည်။

      သထုံခရိုင်အတွင်း၌ ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများ မှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၅၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၄၅၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၂၅၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၂၅၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၂၀၀၀၀ိ/-) ခန့်၊   ကမာကြည် (၇၈၀၀၀ိ/-) ခန့်၊ ဧည့်မထ (၅၅၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

                 DOCA (မွန်)

 

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော အောင်သပြေငုတ်ဈေးနှုန်း

   ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီအလိုက်ပေါ်သည့် ပန်းများအပြင် အထားလည်းခံ၊ အကြမ်း လည်းခံသည့် အောင်သပြေငုတ်များကိုရောင်းချလျက်ရှိရာ အောင်သပြေငုတ်များကို မန္တလေးတိုင်း ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးပြီး ရွှေဘိုမြို့မှ သယ်ယူရောင်းချကြကြောင်း၊ ရွှေဘိုမြို့တွင် အောင်သပြေငုတ်များကို လိုက်ထရပ်ကားဖြင့်လည်းကောင်း၊ ဆိုက်တွဲဖြင့်လည်းကောင်း လူစည် ကားသည့် နေရာများတွင်ရောင်းချလျက်ရှိကြောင်း၊ အောင်သပြေငုတ်ကို ရွှေဘိုမြို့တွင်းအပြင် မြို့ ၏ အနီးတဝိုက်ဖြစ်သည့် ကျေးရွာများ၊  ရေဉီး၊ ခင်ဦးမြို့မှလည်း ပြန်လည်ရောင်းချရန် ဝယ်ယူ ကြောင်း၊ အပင်အလုံးပတ် အကြီးအသေးပေါ်မူတည်ပြီး ရောင်းချကြကြောင်း၊ အောင်သပြေငုတ်ကို အပင်(၁)ပင်မှစ၍ အစည်းလိုက်လည်း ဝယ်ယူ၍ရကြောင်း၊ ၂၀၂၅ခုနှစ် ၊ နိုဝင်ဘာလ (ဒုတိယ) ပတ်တွင်ဖြစ်ပေါ်နေသော အောင်သပြေငုတ် ဈေးနှုန်းမှာ  လက်သန်းလုံးခန့် အောင်သပြေငုတ် (၁) ပင်လျှင် (၂၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချပြီး ထိုထက်ပို၍ကြီးပါက  (၃၀၀ဝိ/-)ကျပ်၊ (၅၀၀ဝိ/-) ကျပ်၊ (၈၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြပြီး ပို၍ရင့်ပြီး လုံးပတ်ပိုကြီးပါက (၁၅၀၀ဝိ/-) ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း  ဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ပန်းဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း အောင်သပြေငုတ် ရောင်းချသည့် ဈေးဆိုင် ထံမှ သိရှိရပါသည်။ရွှေဘိုမြို့ပေါ်ရှိ ဈေးများ၊ လမ်းဆုံလမ်းခွများတွင် ဘုရားပန်းများကိုရောင်းချလျက်ရှိရာ ရာသီအလိုက်ပေါ်သည့်ပန်းများအပြင် အောင်သပြေငုတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။     ဘုရားပန်းတစ်မျိုးဖြစ်သည့် အောင်သပြေငုတ်များမှာ ဘုရားပန်းအိုးထိုးရာတွင် ရက်တာရှည်စွာ အထာခံသဖြင့် အောင်သပြေငုတ်ကို ပို၍လူကြိုက်များကြောင်း၊ အောင်သပြေငုတ်ကို (၃)ရက်(၁)ခါ ဘုရားပန်းအိုး ရေလဲပေးလျှင် ပို၍အထားခံကြောင်း၊ အောင်သပြေငုတ်ကို မန္တလေးတိုင်း၊ ကျောက်ဆည် ခရိုင်တွင် စိုက်ပျိုးပြီး ရွှေဘိုမြို့မှ သယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့တွင် အောင်သ ပြေငုတ်များကို လိုက်ထရပ်ကားဖြင့်လည်းကောင်း၊ ဆိုက်တွဲဖြင့်လည်းကောင်း လူစည်ကားသည့် နေရာများတွင်ရောင်းချလျက်ရှိကြောင်း၊ အောင်သပြေငုတ်ကို ရွှေဘိုမြို့တွင်းအပြင်မြို့၏အနီး တဝိုက်ဖြစ်သည့် ကျေးရွာများ၊  ရေဉီး၊ ခင်ဦးမြို့မှလည်း ပြန်လည်ရောင်းချရန် ဝယ်ယူကြောင်း၊ အပင်အလုံးပတ်အကြီးအသေးပေါ်မူတည်ပြီး ရောင်းချကြကြောင်း၊ အောင်သပြေငုတ်ကို အပင်(၁) ပင်မှစ၍ အစည်းလိုက်လည်းဝယ်ယူ၍ရကြောင်း၊ လက်သန်းလုံးခန့် အောင်သပြေငုတ် (၁)ပင်လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့်ရောင်းချပြီး ထိုထက်ပို၍ကြီးပါက  (၂၅၀ဝိ/-)ကျပ်၊ (၄၀၀ဝိ/-)ကျပ်၊ (၇၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြပြီး ပို၍ရင့်ပြီး လုံးပတ်ပိုကြီးပါက (၁၃၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း အောင်သပြေငုတ် ရောင်းချသည့် ဈေးဆိုင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသည့် ဟင်းညံ့ဖူးဈေးနှုန်း

   ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ဟင်းညံ့ဖူးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ဟင်းညံ့ဖူးများမှာ ရေကန်များ တွင် ပေါက်ရောက်ပြီး မိုးရာသီအကုန် ဆောင်းရာသီအဝင်တွင် ပေါ်ပေါ်များများ ထွက်ရှိသော အရွက်တစ်မျိုးဖြစ်ပါသည်။ ဟင်းညံ့ဖူးကို ကြက်သားဖြင့် ရောနှောချက်စား၍သော်လည်းကောင်း၊ ကန်စွန်း ရွက်ဖြင့် သော်လည်းကောင်းကြော်စားကြကြောင်း၊ ဟင်းညံ့ဖူးကို ချဉ်ပေါင်ရွက်ဖြင့် ချဉ်ရေ ကျိုချက်၍သော်လည်းချက်စားကြကြောင်း၊ ဟင်းညံ့ဖူး၏အရဿာမှာ ချိုပြီးစိမ့်သော အရဿာ ဖြစ်၍ စားသုံးသူများမှာ ပေါ်ဉီးပေါ်ဖျားဖြစ်သည့် ဟင်းညံ့ဖူးကို အများဆုံးဝယ်ယူကြကြောင်း၊ ဟင်းညံ့ဖူး (၅)ပင်ပါ (၁)စည်းလျှင် (၂၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချ သည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ရာသီပေါ် မုန်လာဥနှင့် မုန်လာချဉ်ဈေးနှုန်း

  ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ သစ်သီးဝလံများ၊ လူသုံးကုန်ပစ္စည်းများကိုရောင်းချ လျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်သည့် မုံလာဉများကို အခြားမြို့များမှ သယ်ယူရောင်းချသည့်အပြင် ရွှေ ဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မုန်လာဉနှင့် မုန်လာဉကိုအချဉ်တည်ပြီး မုန်လာချဉ် အဖြစ်ရောင်းချ ကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယ)ပတ်တွင် ရောင်းချနေသည့် မုန်လာဉနှင့် မုန်လာချဉ် ဈေးနှုန်းများမှာ မုန်လာဉ (၃)လုံးပါ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး မုန်လာချဉ်လက် ဘက်ရည် အကြမ်းပန်းကန်(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပေါ်ဉီးပေါ် ဖျားဖြစ်သည့် မုန်လာဉနှင့် မုန်လာချဉ်များကို ရွှေဘိုမြို့အပြင် ဆိုင်ကယ်ဖြင့် ရောင်းချသည့် ဟင်း ထုပ်သည်နှင့် အသီးအနှံရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ ဆောင်းပဲကြီးများ စတင်စိုက်ပျိုး”

       မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိမြစ်သားမြို့နယ်တွင်ပဲမျိုးစုံသီးနှံ ဖြစ် သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင်၊ ‌ပဲကြီးသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ နိုဝင်ဘာလဆန်းမှစတင်၍ ပဲကြီးသီးနှံများ စတင်စိုက်ပျိုး လျက်ရှိပါသည်။ အများဆုံး စိုက်ပျိုးသောရွာများမှာ ရိုးကန်၊ရစ်ကန်၊တောင်တွင်းရွာများတွင် အများဆုံး စိုက်းပျိုးကြပါသည်။ စိုက်ပျိုးပြီး (၄)လ အကြာ တွင်ထွက်ရှိမည် ဖြစ်ကြောင်း၊ ပဲကြီးစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၂၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲကြီးသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။အများဆုံး စိုက်ပျိုးသောမျိုးများမှာ ပင်ထောင် မျိုးနှင့် ပင်ပြန်မျိုး များကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ပဲကြီးပေါ်ချိန်တွင် အထွက်နှုန်း အနေဖြင့် (၁၀-၁၂)တင်းထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ပဲကြီး ဈေးနှုန်း အနေဖြင့် တစ်တင်းလျင် (၉၀၀၀၀) ကျပ်ဖြင့်ရောင်း ဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၇၀၀၀၀၀)ကျပ် မြတ်ခဲ့ ကြောင်း ယခုလက်ရှိ ပဲကြီးပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ်ခန့် ရောင်းဝယ် လျက်ရှိကြောင်း၊ ပဲကြီးသီးနှံပေါ်ချိန်တွင်တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ပဲစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သွေးတွင်းသကြားဓာတ် ကျဆင်းစေပြီး အရိုးတွေသန်မာစေခြင်း၊ စံသားကျန်းမှာစေနိုင်သောကြောင့် ပဲကြီးကိုစားသုံးသင့်ပါ ကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးပြီး ဈေးကွက်ဝယ်လိုအားရှိသော ပဲကြီးသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုး သင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ဆလပ်တွန့်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုး”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်သီးနှံများအပြင် ဆလပ်တွန့်ကိုလည်း စိုက်ပျိုးလျက်ရှိ‌ကြောင်း၊ ဆလပ်တွန့် စိုက်ပျိုးရာ တွင် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပါက တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါက ပျိုးထောင်၍ စိုက်ပျိုးကြကြောင်း၊ ပျိုးထောင်သက်တမ်း (၆)ပတ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ တစ်ဧက မျိုးစေ့အနေဖြင့် (၁၀၀kg) တစ်ထုပ် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ မုန့်ညင်းဆလပ်နှင့် ဆလပ်တွန့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပေခြား၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး တစ်လခွဲ နှစ်လအကြာတွင် စတင်ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ဆလပ်တွန့် တစ်ပင်လျှင် လက်လီ(၄၀၀-၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လက်ကားဈေးအနေဖြင့် တစ်ပင်လျှင် (၂၀၀/-)ကျပ်ဖြင့် ဖောက်သည်ပေးရောင်းချလျက်ရှိကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ဆလပ်တွန့်အပင်ပေါင်း (၃၅၀၀)ပင်ထွက်ရှိပြီး၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၃၅၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ ဆလပ်တွန့် ထွက်ပေါ်ချိန်တွင် ပွဲစားများမှ အခင်းထဲအရောက် လာရောက် ဝယ်ယူကြသလို တောင်သူများမှလည်း ကုန်စိမ်းပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ဆလပ်တွန့် စားသုံးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း၊ သွေးတွင်း အဆီကျ စေခြင်း၊ ဘက်တီးရီးယား များကိုလည်း တိုက်ဖျက်ပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုများကို ပြေလျော့စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ အသားအရေလှပစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေ ကြောင်း လေ့လာသိရှိရကြောင်း၊ ဆလပ်တွန့်ကို အိမ်ရှင်မများမှ အသုပ်သုပ်၍စားသုံးကြသလို၊ အတို့အမြှုပ်အဖြစ်လည်း စားသုံးကြကြောင်း၊ အကင်/Hot potများဖြင့်လည်း တွဲဖက်စားသုံး ကြ ကြောင်း ကျန်းမာရေးနှင့်ညီညွတ်ပြီး စိုက်ပျိုးစရိတ်သက်သာကာ စီးပွားဖြစ်ဝင်ငွေတိုးသော ဆလပ်တွန့် များကိုလည်း တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“အာတာလွတ်ဥဈေးနှုန်းဈေးကွက်”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးတို့တွင် ကန်စွန်းဥနှင့် ပိန်းဥများဝင်ရောက်သည့်အပြင် အာတာလွတ်ဥများလည်း ဝင်ရောက်လျက် ရှိပါ သည်။ ရွာငံ၊ အောင်ပန်း၊ ကလောဒေသများမှ ထွက်ရှိသော အာတာလွတ်ဥများကို ကျောက်ဆည် မြို့ပေါ်ရှိ ဈေးများသို့ ဝင်ရောက်လျက်ရှိပါသည်။ အာတာလွတ်ဥ ဈေးနှုန်းအနေဖြင့် ယခင်လတွင် တစ်ပိဿာလျှင်(၂၈၀၀-၃၀၀၀/-)ကျပ်ခန့်ဖြစ်သော်လည်း ယခုလတွင် အာတာလွတ်ဥများ ဖြိုင်ဖြိုင်ထွက်ပေါ်နေသောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခြင်းဖြစ်ကြောင်း၊ အာတာလွတ်ဥ တစ်ပိဿာလျှင် (၂၄၀၀/-)ကျပ်ခန့်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း၊ အာတာလွတ်ဥကို  စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် ကူညီပေးခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက်ကောင်းစေခြင်း၊ ဆီးချိုရောဂါအတွက် အထောက်အကူပြုခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်းများကို ပျောက်ကင်း စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည့်အတွက် အာတာလွတ်ဥစားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

“ကျောက်ဖရုံသီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေရရှိ”

     ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ကျောက်ဖရုံသီး သီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြကြောင်း ၊ ကျောက်ဖရုံသီးမျိုးများမှာ အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများဖြစ်ပြီး အိုမီကာ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံး စိုက်ပျိုးကြ ကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးမည်ဆိုပါက(၁)ဧကလျှင်(၄/၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးစေ့ (၁) ထုပ် ဈေးနှုန်းအနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုး (၁၈၀၀၀/-)ကျပ် ဗမာမျိုး(၁)ထုပ်လျှင် (၁၂၀၀၀/- ) ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း တစ်ပင်နှင့်တစ်ပင် (၅)တောင်ခန့် ခြား၍စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ မြစ်သားမြို့နယ်ရှိ ပေါက်မြိုင်ရွာ၊ စမုံဘောက် ၊ဝက်ထိန်းကျေးရွာများဖြစ်ကြောင်း၊ ကျောက်ဖရုံသီးကို သီးသန့်စိုက်ပျိုးကြသလို နနွင်းခင်း ၊ နှမ်းခင်းများတွင်လည်း သီးထပ် ၊ သီးညှပ်အဖြစ် စိုက်ပျိုး၍ရကြောင်း၊ (၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး ၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀-၃၅၀၀၀၀၀)ကျပ် ရရှိကြောင်း၊ ကျောက်ဖရုံသီး ကို စိုက်ခင်းထဲအထိ ပွဲစားများမှလာရောက်ဝယ်ယူကြပြီး၊ ပွဲစားများမှလည်း ရန်ကုန်၊ မန္တလေးနှင့် မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချကြောင်း ၊ ကျောက်ဖရုံသီးနှံသည် ဆေးဖြန်းစရာမလို ရေပုံမှန်ပေး ၍ စိုက်ပျိုးရသော သီးနှံဖြစ်ကြောင်း ၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အိုမီကာ (ထိုင်ဝမ်) တစ်လုံးလျှင် (၄၀၀၀-၅၀၀၀)ကျပ်၊  ဗမာသီးတစ်လုံးလျှင် (၅၀၀၀-၆၀၀၀)ကျပ် စျေးနှုန်း များဖြင့် ရောင်းချရပြီး ယခုအခါ ကထိန်ရာသီဖြစ်သည့်အတွက် စတုဒီသာများကျွေးမွေးရာတွင် အသုံးပြု သောကြောင့်အရောင်းအဝယ် သွက်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ဗူးပင်စိုက်ပျိုးဝင်ငွေတိုး”

      ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်တို့အပြင် ဗူးသီးသီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြသည်။ ကျောက်ဆည် မြို့နယ် တွင် ငယ်တိုး၊ ရှားပင်၊ ကျီးအိပ်ကျေးရွာများတွင်  စိုက်ပျိုးကြသည်။ ဗူးသီး စိုက်ပျိုးရာတွင် မြေဆွေး၊ မြေဩဇာများ သမအောင်ရောမွှေပြီး ဘောင်ပြုလုပ်၍ စိုက်ပျိုးရကြောင်း၊  တစ်ပိုင်တစ်နိုင် အနေဖြင့် လည်း မိမိတို့လယ်ယာများနှင့် နေအိမ်များတွင်လည်းစိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသော ဗူးသီးအမျိုးအစားများမှာ ဗူးသပိတ်၊ဗူးလယ်လှနှင့် ဗူးရှည်မျိုးများ ကိုစိုက်ပျိုးကြ ကြောင်း၊ ဗူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရပါကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ များအပါအဝင် စုစုပေါင်း (၈၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဗူးပင် စိုက်ပျိုးပြီး (၈၀-၉၀)ရက် အကြာတွင် အသီးများစတင်ခူးစွတ်ရပါကြောင်း၊  ဗူးသီးကိုအခင်းထဲထိ လာဝယ်ကြသလို၊ ကိုယ်တိုင် လည်း  ဈေးများသို့သွားရောက် ရောင်းချကြကြောင်း၊ အထွက်နှုန်းအနေဖြင့် အလုံးရေ (၇၀၀၀-၈၀၀၀) အထိထွက်ရှိကြောင်း၊ ဗူးသီးဈေးနှုန်းအနေဖြင့် အရွယ်အစားအပေါ် မူတည်၍ ဖောက်သည်ဈေး (၅၀၀-၈၀၀)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် ဗူးသီးတစ်လုံး လျင်(၁၀၀၀-၁၅၀၀) ကျပ် အထိဈေး များရရှိကြောင်း၊ ဗူးညွန့်တစ်စီးလျင် (၃၀၀-၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိကြောင်း ဗူးသီးစိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 “ဂေါ်ရခါးသီးဈေးနှုန်းအနည်းငယ်ကျဆင်း”

      ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား၊ကူမဲဈေးများသို့ ရှမ်းပြည်၊ အောင်ပန်း၊ပင်းတယနှင့်ရွာငံမြို့များမှ ဂေါ်ရခါးသီးများဝင်ရောက်လျက်ရှိကြောင်း ၊ ဂေါ်ရခါးသီးပင် သည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရကြောင်း ၊ ဂေါ်ရခါးသီးကိုလူကြိုက်များသောကြောင့် ဝယ်လိုအားကောင်းကြောင်း၊ယခုလက်ရှိ ဂေါ်ရခါးသီးစျေးနှုန်းအနေဖြင့် ယခင်လတွင် (၁)လုံးလျှင် (၃၀၀-၃၅၀) ကျပ်၊ ယခုလတွင် (၁)လုံးလျှင်(၂၀၀/-)ကျပ်စျေးနှုန်းရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်း အနည်းငယ် ကျဆင်းနေကြောင်း သိရှိရပါသည် ။ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓါတ်နှင့်ရေဓါတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကိုထိန်းညှိပေးခြင်း ၊ ဗီတာမင်-B နှင့် ဗီတာမင်-C တို့ပါဝင်နေသဖြင့် ခန္ဓာကိုယ်သက်လုံကောင်းပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို အသားဟင်းနှင့် ရောနှောချက်ပြုတ်ရာတွင်လည်းကောင်း၊ မုန့်နှစ်နှင့်ကြော်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြကြောင်း၊ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း