Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြသလ္လာဈေးတွင်ရောင်းချနေသော မန်ကျည်းရွက်နှင့် ကုလားပဲရွက်ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့် မန်ကျည်းရွက်နှင့်ကုလားပဲရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်  မြသလ္လာဈေးတွင် ဖြစ်ပေါ်နေသော  မန်းကျည်းရွက်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၄၀၀)ကျပ်မှ (၆၀၀)ကျပ်ထိရောင်းချလျက်ရှိပြီး ကုလားပဲရွက်ဈေးနှုန်းမှ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၃၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၆၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

     ဘူးသီးပင်သည် မြန်မာနိုင်ငံအပူပိုင်းနှင့် သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီးများအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၂၀၀-၁၇၀၀-၂၆၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၆၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ၁ ပိသာလျှင် (၃၀၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက် ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၀၀/၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၃၅၀)ကျပ်၊ အိုးမုန်ညှင်းရွက် ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်ခြံမြို့၌ရောင်းချနေသောပန်းမျိုးစုံဈေးနှုန်း

             မြင်းခြံမြို့နယ်အတွင်းရှိ စံပြဈေးနှင့် အေးမြသီတာ‌ဈေးတို့တွင် ရောင်းချနေသော ဘုရားပန်း အမျိုးမျိုးကို ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သောအောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ရောင်းချနေသော ပန်းမျိုးစုံဈေးနှုန်းများအနေဖြင့် မေမြို့ပန်း တစ်စည်းလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ ပန်းထိမ်ငိုပန်းတစ်စည်းလျှင် (၁၅၀၀- ၂၀၀၀) ကျပ်၊ သစ္စာပန်း တစ်စည်းလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊  ဂျပန်အနီနှင်းဆီ ၁၀ ပွင့်ပါတစ်စည်းလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ လီလီပန်းတစ်ခက်လျှင် (၂၀၀၀၀) ကျပ်၊ စိန်လယ်တုံတစ်စည်းလျှင် (၁၅၀၀-၂၀၀၀) ကျပ်နှင့် နှင်းပန်း တစ်စည်းလျှင် (၁၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ယခင်လ ဈေးနှုန်းများ အတိုင်း ရောင်းချလျက်ရှိ ကြောင်းသိရှိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သဒ္ဒါကြည်ညိုစိတ်ဖြင့် မြတ်စွာဘုရား ကိုရည်မှန်းပြီး ဘုရားပန်းအမျိုးမျိုး ကပ်လှူကြသောကြောင့်ဘုရားပန်းများမှာဈေးကွက်တစ်ခုဖြစ်လျက်ရှိပြီးနေ့စဉ်ရောင်းချရကြောင်း၊ကုသိုလ်လည်းရဝမ်းလည်းဝ၍ မွန်မြတ်သော အရောင်း အဝယ်ဖြစ်ကြောင်း၊ ပန်းအရည်အသွေး လတ်ဆတ်မှုအပေါ်တွင် ဈေးနှုန်းများအနည်းငယ် ကွာခြားကြောင်း ဘုရားပန်းရောင်းချသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

        

ကော်ဖီစိုက်ပျိုးမှုနှင့်ဈေးကွက်အခြေအနေ

     နိုင်ငံတကာတွင် ကော်ဖီကို မြတ်နိုးစွာသောက်သုံးနေကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီ သောက်သုံးသည့်  ဓလေ့ရှိကြသည်။  မြန်မာနိုင်ငံတွင်  ကော်ဖီကို  မြန်မာ့ကော်ဖီဟူ၍  ဈေးကွက်ဝင် စိုက်ပျိုးနိုင်ကြပါသည်။ လက်ရှိကော်ဖီစိုက်ဧကမှာ   ငါးသောင်းကျော်ရှိပြီး    အာရာဘီကာ(ကုန်းမြင့် စိုက်ကော်ဖီ)နှင့် ရိုဘတ်စတာ(မြေနိမ့်စိုက်ကော်ဖီ) စသည့် ကော်ဖီမျိုးနှစ်ခုကို စိုက်ပျိုးကြသည်။ မြန် မာနိုင်ငံတစ်ဝန်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ် တန်(ကိုးထောင်)ခန့်ထုတ်လုပ်သည်ဟု သိရှိရ ပါသည်။ ရှမ်း ပြည်နယ်တွင်မူ  ကော်ဖီစိုက်ဧက  နှစ်ထောင့်ခုနှစ်ရာကျော်ရှိသည့် အတွက်   တစ်နိုင်ငံ လုံး၏ ကော်ဖီ စိုက်ဧကထက်  ပို၍များသည်ကိုတွေ့ရှိရသည်။ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကော်ဖီပညာရှင်များ ဖြင့် ကျင်းပသော   ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲတွင်  အမျိုးအစားအ လိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို   ရှမ်းပြည်နယ်မှ  ပင်လောင်း၊ ရွာငံ၊ ဟိုပုံးနှင့်   နောင်ချိုဒေသရှိ ကော်ဖီလုပ်ငန်းရှင်များက ရရှိခဲ့ပါသည်။

          ယနေ့ရှမ်းတောင်ဒေသမှ သိရှိရသော ကော်ဖီဈေးနှုန်းမှာ-ကော်ဖီစေ့အစို (အခွံမချွတ်ရ သေးသော အစေ့)ကို တစ်ပိဿာလျှင် ၇၅၀၀ကျပ်ခန့်၊ ကော်ဖီစေ့ခြောက်(အခွံချွတ်ပြီး အခြောက် လှန်းထားသော)ကို တစ်ပိဿာလျှင် ၅၀၀၀၀ကျပ် ဝန်းကျင်ခန့် ကော်ဖီစိုက်တောင်သူတို့အတွက် ဈေးနှုန်းကောင်းမွန်မှုရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်ထက် ဈေးနှုန်းမြှင့်တက်မှုရှိသော်လည်း ကောင်းမွန်သောအရည်အသွေးနှင့် အရသာတို့ကြောင့် ရှမ်းပြည်နယ်မှကော်ဖီစေ့များမှာ ဝယ်လိုအား မြှင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ဖွဲနု၊ ဖွဲကြမ်း ဈေးကွက်အခြေအနေ

 ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်းရှိ ကျေးရွာဆန်စက်များမှ ဝမ်းစာစပါးကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်း သုံးစွဲရာ၌ ငါးမွေးကန်များ၊ ကြက်မွေးမြူရေးခြံများ၊ ဝက်မွေးမြူရေးခြံများနှင့် အခြားသောတိရိစ္ဆာန်အစာများ အဖြစ် အသုံးပြုကြပါသည်။

          ကျိုင်းတုံမြို့နယ်အတွင်းရှိ ငါးမွေးကန်များ၊ ကြက်မွေးမြူရေးခြံများ၊ ဝက်မွေးမြူရေးခြံများနှင့် အခြားသောတိရိစ္ဆာန်များ တစ်ပိုင်တစ်နိုင်မွေးမြူခြင်းများလာခြင်းကြောင့် စပါးကြိတ်ခွဲရာမှ ထွက်ရှိ သော ဖွဲနု၊ ဖွဲကြမ်းများသည် ကျိုင်းတုံမြို့နယ်အတွင်း၌ ဖွဲနု၊ ဖွဲကြမ်းများ လုံလောက်မှုမရှိပါသဖြင့် လဲချားမြို့၊ မိုင်းပျဉ်းမြို့၊ မိုင်းယောင်းမြို့၊ မိုင်းခတ်မြို့များမှ ကျိုင်းတုံမြို့သို့ ဝင်ရောက်လျက်ရှိ ကြောင်း သိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖွဲနု (ကြမ်း/ချော) ၏ ဈေးနှုန်းများမှာ နိုဝင်ဘာလ ပထမအပတ်တွင် ဖွဲနု (၂၅) ကီလိုတစ်အိတ် လက်ကားဈေးနှုန်းမှာ (၃၁၀၀၀) ကျပ်၊ လက်လီဈေးနှုန်းမှာ (၃၂၀၀၀) ကျပ်၊ ဖွဲကြမ်း (၂၅) ကီလိုတစ်အိတ် လက်ကားဈေးနှုန်းမှာ (၁၈၀၀၀) ကျပ်၊ လက်လီဈေးနှုန်းမှာ (၁၉၀၀၀) ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင်လနှင့် ယခုလ ဈေးနှုန်းနိုင်းယှဉ်ပါက ဖွဲနု (၂၅) ကီလိုတစ်အိတ်လျှင် (၃၂၀၀၀) ကျပ်၊ ဖွဲကြမ်း (၂၅) ကီလိုတစ်အိတ်လျှင် (၁၉၀၀၀) ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်ပြီး ရောင်းဝယ်ဖြန့်ဖြူးလျက်ရှိပါသည်။ ဖွဲနု၊ ဖွဲကြမ်း ဈေးကွက်မှာ ဝင်ရောက်မှု အနည်း/ အများပေါ်မူတည်၍ ဈေးနှုန်းများကို ပုံမှန်တွက်ဆ၍ မရနိုင်ပါကြောင်း ဖွဲနု၊ ဖွဲကြမ်း ဝယ်ယူရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

 

မုံရွာမြို့၊ ဈေးဟောင်းရှိ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရသည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀) ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၃၀၀)ကျပ် မှ (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့နယ်၏ဝက်သားဈေးနှုန်းများ

        မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ကုန်ခြောက်ပစ္စည်းအမျိုးမျိုးနှင့် အသားငါး မျိုးစုံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူဝယ်သူများဖြင့် စည်ကားလျှက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ အသားတန်းဈေးတွင် ရောင်းချနေသောဝက်သား(အသားသန့်)တစ်ပိဿာလျှင် (၃၇၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင် (၃၂၀၀၀) ကျပ်၊ ဝက်ပေါင်သား တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ ဝက်နံရိုးတစ်ပိဿာလျှင် (၃၂၅၀၀)ကျပ်၊ ဝက်ကလီစာတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ ဝက်အသည်းတစ်ပိဿာလျှင်  (၃၅၀၀၀) ကျပ်နှင့် ဝက်ရိုးတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လအတိုင်း ဝက်သားဈေးနှုန်းများ ပြောင်းလဲမှုမရှိကြောင်း၊ ဝက်သားသည် လူကြိုက်များသောကြောင့် စားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဉ်ဝက်သား အချိန်ပိဿာ (၁၅-၂၀) ခန့်ရောင်းချရကြောင်း၊ စားသောက်ဆိုင်များနှင့် ဝက်သားဒုတ်ထိုး ဆိုင်များမှလည်းနေ့စဉ် ဝယ်ယူမှုရှိကြောင်း၊ အရောင်းအဝယ် ကောင်းကြောင်း ဝက်သားရောင်းချသူတစ်ဦး၏ပြောပြချက်အရသိရှိရသည်။ ဝက်သားသည် အာဟာရ တန်ဖိုးအနေဖြင့် ဗီတာမင်ဘီဝမ်း၊ ဘီ6၊ ဘီ12၊ သံဓာတ်၊ ဇင့်ဓာတ်စသည့်ပရိုတင်းဓာတ်များ ကြွယ်ဝသော်လည်း ကျန်းမာရေးအရ အဆီပါဝင်နှုန်းကိုထိန်းညှိစားသုံရန် လိုအပ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း