Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လားရှိုမြို့တွင်းရှိ ဓါတ်မြေဩဇာဈေးနှုန်းနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

      လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ဓါတ်မြေဩာဈေးနှုန်းနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း တည်ငြိမ်နေသော်လည်း ပစ္စည်းရောက်ရှိမှုနှင့် အရောင်းဝယ်နည်းပါးလျက်ရှိပါသည်။ ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယအပတ်တွင် ဖြစ်ပေါ်လျက် ရှိသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်များမှာ ရွှေတောင်ပုလဲ (၅၀ဂရမ်) တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ၁၅ပတ်လည်(၅၀ဂရမ်)တစ်အိတ်လျှင်(၂1၀၀၀၀)ကျပ်၊ ၁၆ပတ်လည်(၅၀ဂရမ်) တစ်အိတ်လျှင်(၂၁၀၀၀၀)ကျပ်၊ ဩဘာ(10:10:5) တစ်အိတ်လျှင်(၂၁၀၀၀၀) ကျပ်၊ ငှက်ကြီးတောင် (၁၀၀စီစီ) တစ်ဘူးလျှင် (၂၅၀၀၀) ကျပ်၊ Alarm 15 Wp (100ဂရမ်) တစ်ဘူးလျှင် (၂၅၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်းသိရှိရပါသည်။

          ပြည်တွင်းဓာတ်မြေဩဇာဈေးနှုန်းမှာ တစ်ခြားမြို့များထက်ဈေးနှုန်းမြင့်တက်နေသလို တစ်ဖက်မှာလည်း သယ်ယူပို့ဆောင်စရိတ်၊ ကုန်ကြမ်းထုတ်ပိုးမှုစရိတ်များ မြင့်တက်နေဆဲ ဖြစ်ကြောင်း လားရှိုးမြို့ပေါ်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(ရှမ်း)

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

       မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ်တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၇၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၀၀)ကျပ်မှ (၃၅၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၌ရောင်းချနေသောစားဖိုဆောင်အုပ်စုဝင်ဈေးနှုန်းများ

          မြင်းခြံမြို့၏ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အေးမြသီတာဈေးများတွင် ၂၀၂၅ ခုနှစ်၊ ‌နိုဝင်ဘာလ၌ ရောင်းချနေသော  စားဖိုဆောင်သီးနှံအုပ်စုဝင်ဖြစ်သော ကုန်စိမ်း သီးနှံဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ အာလူးသီးအကြီး တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ အာလူးသီးအလတ်တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ အာလူးသီးအသေး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ခရမ်းသီးအရှည် သီးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရုံးပတီသီးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ရွှေဖရုံသီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ မျှစ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဂျင်းတက်တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀) ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် (၁၄၀၀၀-၁၆၀၀၀)ကျပ်၊မုန်လာဥနီတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊  ဂေါ်ရခါးညွန့်လက်ဆုပ်တစ်စီးလျှင် (၈၀၀) ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ ၊ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၅၀၀-၁၈၀၀)ကျပ်၊ ပန်းမုံလာ ပွင့် (အလတ်) တစ်ပွင့်လျှင် (၂၀၀၀)ကျပ်နှင့် ဂျူးမြစ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ပေါက် ဈေး များဖြင့် ရောင်းချကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါ ယခုလတွင် ရွှေဖရုံသီး ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့၍ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ခဝဲသီး၊ဂေါ်ရခါးသီးနှင့် ဂျူးမြစ်များမှာဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ကုန်စိမ်းသီးနှံများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ ကုန်စိမ်းပွဲရုံများမှ မှာယူ ရောင်းချကြောင်း၊ ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရရှိရသည်။

DOCA(မန္တလေး)

                  

အညာစာမျှစ်ခြောက်ဈေးနှုန်း

                 မျှစ်ခြောက်သည် လူကြိုက်များသော အစားအစာအဖြစ် စားသုံးကြကြောင်း၊ မြင်းခြံမြို့နယ် အတွင်း‌ရောင်းချနေသော မျှစ်ခြောက်များကို ပခုက္ကူမြို့နှင့် ရေစကြိုမြို့တို့မှ တင်သွင်းရောင်း ချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေး၌ ရောင်းချနေသော မျှစ်ခြောက် တစ်ဆယ် ကျပ်သားလျှင် (၄၅၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ အထားအသိုခံသော မျှစ်ခြောက်အား တောရောမြို့နေလူဦးရေ ဝယ်ယူစားသုံးမှုများပြားကြောင်း စားဖိုဆောင်အုပ်စုဖြစ်သော မြစ်ခြောက်သီးနှံကို စားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊  ကုန်ခြောက် ရောင်းချသူ၏‌ ပြောပြချက်အရသိရှိရသည်။ မျှစ်ခြောက် (မျှစ်)သည် ပရိုတင်းဓာတ်၊ ဗီတာမင်၊ သံဓာတ်နှင့် ပိုတက် ဆီယမ်ဓာတ် စသည့်တို့ပါဝင်ပြီး ကယ်လိုရီနည်း၍ ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့်သကြားဓာတ် လည်းနည်းပါးသဖြင့်  ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ တားရှည် ခံဓါတုဆေးမပါသော သဘာဝမျှစ်များကိုရွေးချယ် စားသုံးသင့်ပါကြောင်း လေ့လာသိရှိရ သည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့၏ရေစကြိုထန်းသီးမုန့်ဈေးနှုန်း

            ရေစကြိုထန်းသီးမုန့်သည် မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး အဓိကပါဝင်စ္စည်းများမှာ ဆန်မှုန့်၊ ထောပတ်၊ အုန်းကြော်၊ ဖရုံယို၊ ထန်းသီးနှင့် ထန်းလျက်တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပြီး အရသာမှာ နူးညံ့ချိုမြိန်ပြီး ထန်းသီးနံ့မွှေးမွှေးလေးဖြင့် ကိတ်မုန့် မလဲနိုင်သည့် အချိုပွဲတစ်မျိုး ဖြစ်ကြောင်း လူသိများသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ထန်းသီးမုန့် ရိုးရိုး၂၅ ကျပ်သား(၃၀၀၀) ကျပ်၊ ထောပတ်ထန်းသီးမုန့် ၂၅ ကျပ်သား လျှင်(၄၀၀၀)  ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ မြန်မာမုန့်ဖြစ်သောကြောင့်  လူကြိုက်များပြီး စားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊ ပခုက္ကူမြို့တို့မှမှာယူ၍ မြင်းခြံဈေးကွက်၌ ရောင်းချကြောင်းသိရှိရသည်။DOCA(မန္တလေး)

 

သာစည်ဈေးရှိ ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

       မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်   ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၃၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုင်းတုံမြို့ မိုးစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ

         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလုပ် ကိုင်သည့် မြို့တစ်မြို့ဖြစ်ပါသည်။ ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း အဓိကအားဖြင့် မိုးဦးကာလ၌  မိုးစပါးကို အလေးထားကာ စိုက်ပျိုးရာသီတွင် ဒေသစားသုံးရန် ဆန်ဖူလုံ ပိုလျှံစေရန်အတွက် မိုးစပါးအဖြစ် ရွှေရင်အေး၊ ဆင်းဧကရီ(၃)နှင့် ငစိန်ကောက်ညှင်းစပါးကို စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လယ် (၄၃၄၆၆) ဧက စိုက်ပျိုးခဲ့ပြီး ယခု (၅.၁၁.၂၀၂၅) ရက်နေ့အထိ (၄၃၃၆၉) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။

          ယခုနှစ် မိုးစပါး တစ်ဧက၏ ကုန်ကျစရိတ်မှာ သွင်းအားစုအနေဖြင့် မျိုးစပါးပျိုးထောင်သည့် နေ့မှစ၍ မြေပြုပြင်ခြင်း၊ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်း၊ ဘောင်ဖော်ခြင်း၊ ပျိုးနုတ်ခြင်း၊ စိုက်ခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ အထွေထွေသွင်းအားစု စုစုပေါင်း (၁၂) သိန်းကျပ် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်တွင် မိုးစပါး တစ်ဧက အထွက်နှုန်းမှာ (၈၆) တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ မိုးစပါး တစ်တင်းလျှင် လက်လီဈေးနှုန်းမှာ (၁၇၅၀၀) ကျပ်၊ လက်ကား ဈေးနှုန်းမှာ (၁၄၅၀၀) ကျပ် ပေါက်ဈေး အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စပါးတင်း (၈၆) တင်းအတွက်  (၁၅) သိန်းကျော်ခန့် ရရှိပါသည်။ တစ်ဧက၏ အထွေထွေကုန်ကျ စရိတ် (၁၂) သိန်းနုတ်လျှင် မိုးစပါးစိုက်တောင်သူကြီးများအနေဖြင့် လယ် တစ်ဧကကို (၃) သိန်း ကျော်ခန့် အမြတ်အစွန်းရရှိနေကြောင်း သိရပါသည်။ ယခုနှစ်တွင် လုပ်သားခနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် အမြတ်အစွန်းနည်းပါးရခြင်းဖြစ်ကြောင်း မိုးစပါးစိုက်တောင်သူကြီး များထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

 

 

 ပြည့်စုံ

ဈေးကွက်ပိုသွက်-ရှမ်းကုန်စိမ်းအချက်

       ယခု၂၀၂၅ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် ရှမ်း (တောင်) ကုန်စိမ်းသီးနှံများကုန်ထုတ်လမ်းများ ကောင်းလာခြင်း သီးနှံအထွက်စုံလာခြင်းတို့ ကြောင့်ကုန်စည်အဝင်များ၍ကုန်စိမ်းဈေးကွက်ပြန်လည်သွက်လက်လာသော်လည်း ဈေးနှုန်း အတက်ဖက်သို့ ဦးတည်လာကြောင်း သိရပါသည်။

          နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလပိုင်းတွင် ပွင့်လင်းရာသီခရီးသွားလာမှုများခြင်းကြောင့် စားသောက်ဆိုင်၊ ထမင်းဆိုင်များအသုံးများလာခြင်း၊ အလှူအတန်းပွဲလမ်းများပြုလုပ်လာ ခြင်းတို့ကြောင့်ကုန်စိမ်းသီးနှံများ ဈေးကွက်လိုအပ်ချက်များပြားလာသဖြင့်ကုန်အဝင်နည်း၍ ဈေးမြင့်လာပါသည်။ အချို့သောစားသောက်ဆိုင်များမှလည်းစိုက်ခင်းအရောက်အဝယ်တော် လွှတ်၍ ဝယ်ယူသည်များရှိရာ ပွဲရုံများသို့ ကုန်အဝင်နည်းပါးရခြင်းဖြစ်ပါသည်။ စိုက်ဧကနည်း ထုတ်လုပ်မှုနည်းသည့် ငရုပ်ပွ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ မုံညှင်းရွက်စသည့်ကုန်စိမ်းသီးနှံများ ဈေးမြင့်လာရခြင်းဖြစ်ပါသည်။

          လက်ရှိပေါက်ဈေးမှာ ငရုပ်ပွ(ယခင်တစ်ပတ် ၈၀၀၀၊၈၅၀၀ မှယခု ၉၀၀၀၊ ၁၁၀၀၀) ၊ ဘိုစားပဲသီးမှာ(ယခင်တစ်ပတ်၅၀၀၀ မှ ယခု ၆၀၀၀၊ ၆၅၀၀)၊ မုံညှင်းရွက်(ယခင်တစ်ပတ် ၁၃၀၀၊ ၁၇၀၀ မှ ယခု ၄၀၀၀၊၄၅၀၀)ထိမြင့်တက်လာပါသည်။ စိုက်ဧကများထုတ်လုပ်မှုများသည့် ဂေါ်ဖီမှာ (ယခင်တစ်ပတ် ၁၀၀၀၊၁၃၀၀ မှ ယခု ၁၇၀၀၊၂၀၀၀) ထိမြင့်တက်လာပြီး ပန်းမုံလာပွင့်မှာ(ယခင်တစ်ပတ် ၉၀၀၊၁၀၀၀ မှ ယခု ၁၅၀၀၊၂၀၀၀)ထိ မြင့်တက်လာပါသည်။ အညာဒေသတွင်ကုန်စိမ်းသီးနှံ စိုက်ဧကလျော့နည်းမှုကြောင့် ရှမ်းကုန်စိမ်းသည် ယခင်နှစ်များ ထက်ဈေးကွက်ပိုကာရှမ်း(တောင်)ကုန်စိမ်းသီးနှံဈေးမြင့်လာခြင်းဖြစ်ကြောင်း လေ့လာတင်ပြရပေသည်။

DOCA(ရှမ်း)

သာစည်ဈေးရှိ ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီးများနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည်ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၃၀၀)ကျပ်၊ အသေးတစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကုန်စည်စီးဆင်းမှု အခြေအနေ

       ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသထွက် ကုန်ပစ္စည်းများ စိုက်ပျိုးရေးထွက်ကုန်များအား အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိရာ အများဆုံးတင်ပို့သည့် ကုန်ပစ္စည်းများမှာ အစေ့ထုတ်ပြောင်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံများ၊ လက်ဖက်ခြောက်၊ လက်ဖက်စို၊ မွေးမြူရေးထုတ်ကုန်ဖြစ်သော ကြက်၊ဝက်နှင့် ကြက်ဉများဖြစ်ကြောင်း သိရှိရပါသည်။

          (၁၅-၁၁-၂၀၂၅) ရက်နေ့မှ (၂၁-၁၁-၂၀၂၅) ရက်နေ့ထိ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အခြား တိုင်းဒေသကြီး/ ပြည်နယ်များသို့ အစေ့ထုတ်ပြောင်း (၂၁၅၂၄)တန်၊ ပဲစဉ်းငုံ (၃၅၃)တန်၊ ပဲပုတ်(၂၅၉) တန်၊ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ အာလူးနှင့်ဂျင်း (၈၉၂)တန်၊ လက်ဖက်ခြောက်(၁၄၉)တန်၊ မွေးမြူရေးထုတ်ကုန်ဖြစ်သော ကြက်၊ဝက် (၇၀)တန် တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း