Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးရှိ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်၊ ဩဇာသီးပင်၊ ဂွေးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင်များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၈၀၀)ကျပ်၊ အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့် အကြီးတစ်လုံးလျှင် (၈၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီးအသေးပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးရှိ ပဲလိပ်ပြာဈေးနှုန်း

          မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာသည် ချိုဆိမ့်အရသာရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ် ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ(၁)ဘူးလျှင် (၁၆၀၀)ကျပ်၊  တစ်ပြည်လျှင် (၁၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းရတနာဈေးနှင့်သံလမ်းဈေးရှိ  ဟင်းသီးဟင်းရွက်ဈေးတန်းများ၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူများလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၅၀၀ /၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၅၀၀/ ၃၀၀၀) ကျပ်၊ မုန်လာဥဖြူမှာ အသေးစည်း (၇)ပင်ပါ တစ်စည်းလျှင် (၁၂၀၀) ကျပ်နှင့် အကြီးစည်း (၅)ပင်ပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၇၀၀)ကျပ်၊ တစ်ပြည်လျှင် (၅၆၀၀) ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ်  (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၇၆၀၀) ကျပ်၊ အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၂၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၃၅၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း

           မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိကဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။

        မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် နိုဝင်ဘာလ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီးအနု/အရင့်၊  အကြီး/ အသေးပေါ်မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၃၅၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၂၀၀)ကျပ်မှ (၂၇၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ  ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများအများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။ နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၇၀၀/၄၄၀၀)ကျပ်၊  ပန်းသီးအလုံးသေး (၅)လုံးလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၉၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျှောက်ရှိ ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း 

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှဝင်ရောက်သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊  ကျောက္ကာလမ်းဘေးတစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၆၀၀) ကျပ်၊ အလတ် (၁)လုံးလျှင် (၈၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ပေါ်ရှိ ရှမ်းပန်းနှင့် သစ်ခွပန်းဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ဈေးကြီးများတွင် ပန်းစျေးကွက်အတွင်း ဘုရားပန်းအမျိုးမျိုးဖြစ်သော အိုစကာပန်း၊ ပုလဲဖြူပန်း (ဂန္ဓာမာပန်း) မြနှင်းပုလဲပန်း (ချင်းမိုင်ပန်း) စန်းမားဝါးပန်း၊ လီလီပန်း(မင်္ဂလာပန်း) နှင်းဆီပန်း၊ သစ်ခွပန်းး၊ သပြေပန်း (အောင်သပြေ) ရှမ်းပန်းများနှင့်  ဇွန်စိမ်းပန်းတို့ကို ရန်ကုန်မြို့မှ တစ်ပတ်လျှင်နှစ်ကြိမ်ခန့် ကားလမ်း၊ လေယာဥ်လမ်းတို့ဖြင့် ဝယ်ယူရရှိကြောင်း သိရှိရပါသည်။ ရှမ်းပန်းများ အမျိုးမျိုး ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း မြိတ်မြို့ပေါ်တွင် ရောင်းချနေသော  ရှမ်းပန်းများကို သုံးခက်လျှင် (၁၀၀၀၀)ကျပ်ခန့်နှင့် သစ်ခွပန်းဈေးနှုန်းမှာ ၁၅ခက်လျှင် (၁၅၀၀၀)ကျပ်ခန့် ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကျွဲကောသီးဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကျွဲကောသီးသည် လူကြိုက်များပြီး ဈေး ကောင်းများရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီးများကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးသည် သဲနုံးမြေတွင် စိုက်ပျိုးပြီး ဇွန်လနှင့် သြဂုတ်လများတွင် ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးများ စားသုံးခြင်းဖြင့် သွားနှင့် ခံတွင်းကိုပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်များထိန်းချုပ်ပေးခြင်း နှင့် သွေးဖိအားများကို အလွန်ပင်ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အခြားသော သီးနှံများမှာလည်း အလွန်ပင်ရောင်းကောင်းကြောင်းလည်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် မော်လမြိုင်ကျွဲကောသီးများကို အများဆုံးတင်သွင်းရောင်းချကြကြောင်းလည်း သိရှိရပါသည်။

   ယခု၂၀၂၅ခုနှစ်၊ နိုဝင်ဘာလနောက်ဆုံးပတ်တွင် မော်လမြိုင်ကျွဲကောသီးတစ်လုံးလျှင် (၄၅၀၀)နှင့် (၅၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း