Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ တို့ဟူးဈေးကွက်

       မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ တို့ဟူးစိမ်းကိုပြုလုပ်ပြီး မိသားစု တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ဈေးများတွင် ပြုလုပ်ရောင်းချကြပါသည်။  တို့ဟူးစိမ်း များကို သရေစာအဖြစ် အိမ်များတွင် ပြုလုပ်စားသုံးကြပါသည်။ တို့ဟူးကျိုရန်အတွက် ကျိုချက် ရာတွင် ပဲစိမ်းမှုန့်ကို အသုံးပြုကြောင်း၊ ပဲစိမ်းမှုန့်တစ်ဆ၊ ရေနှစ်ဆရောစပ်၍ ပဲစိမ်းမှုန့် အလုံးအခဲလေးတွေ   မကျန်အောင် သေချာဖျော်ထားပြီး နာရီဝက်လောက် ခဏထားကြောင်း ၎င်းနောက် တို့ဟူးကျိုမည့်အိုးထဲသို့ ဇကာလေးနဲ့စစ်ထည့်ပြီး နနွင်းမှုံ၊ ဆား၊ ဆီအနည်းငယ်ထည့် ပြီး မီးအနေတော်ဖြင့်ကျိုရကြောင်း၊ စကျိုသည့်အချိန်မှစ၍ နှစ်မိနစ်ခန့်ကြာလျှင် အလုံးအခဲလေး တွေစဖြစ်လာပါက အဆက်မပြတ်မွှေပေးရကြောင်း၊ စကျိုသည့်အချိန်မှစ၍ ဆယ်မိနစ်ခန့်ကြာ လျှင် ကြွက်မြီးတန်းလာပါက မီးဖိုပေါ်မှချရကြောင်း၊ ထို့နောက် အဆင်သင့်ဆီသုပ်ထားတဲ့ လင်ပန်း(သို့)ခွက်တစ်ခုထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ဆီသုတ်ထားသည့် ဇွန်း နှင့်ညှိပေးရကြောင်း၊ ပြီးနောက် သုံးနာရီအအေးခံ ထားပြီးပါက တို့ဟူးစိမ်းများရရှိ၍ ဈေးကွက်သို့ ရောင်းချကြောင်းသိရှိရပါသည်။

     မြိတ်မြို့ ဈေးကြီးများတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်၌ ရောင်းချနေသော တို့ဟူးစိမ်းလက်လီ၂၅ကျပ်သားလျှင် (၁၅၀၀) ကျပ်နှင့် လက်ကား တစ်ပိဿာ လျှင်(၅၅၀၀)ကျပ်  ဖြင့် စားသုံးမှုများပြီး လူကြိုက်များကြောင်း၊ အရောင်းအဝယ်ကောင်းပြီး စီးပွားရေးအဆင်ပြေ လျက်ရှိကြောင်း တို့ဟူးစိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ    စပါးလင်ပင် ဈေးနှုန်း

      စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက် လေ့ရှိပါသည်။ စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပဲ ပေါင်းမြက် ရှင်းလင်းပေးရန်သာ လိုအပ်ပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည် စိုက်ပျိုးကြပါသည်။ စပါးလင်ပင်သည် ဆေးဘက်ဝင်ပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။

          ထားဝယ်မြို့အတွင်းရှိ ကျေးရွာ အချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြသလို ခြံစိုက်တောင်သူ အချို့မှာ မာလကာပင်များ အကြားတွင်ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေဖြင့် ယခု နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ခြံပေါက်ဈေး  အပင်(၁၀၀)လျှင် (၅၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက်တောင်သူများ ထံမှသိရပြီး ဈေးကွက်အတွင်း စပါးလင်ပင် သုံးပင်ပါ တစ်စီး  (၈၀၀)ကျပ်ဖြင့် ရောင်းချနေ ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ပုစွန်ခြောက်စျေးနှုန်း

       တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းတည်ရှိပြီးမြစ်ချောင်းများပေါများသဖြင့် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်း‌ကျောင်း အများဆုံးလုပ်ကိုင်ကြပြီး ယခုအချိန်သည် မိုးအကုန် ဆောင်းရာသီသို့ရောက်ရှိလာရာ ပင်လယ်ပြင်နှင့် ရေငံဝင်ရောက်သည့် မြစ်များတွင် လှေ ငယ်များ၊ ကျားဖောင်များဖြင့် ငါး/ပုစွန်များကို ဖမ်းဆီး၍ အခြောက်ခံကာ ငါးခြောက်များ၊ ပုစွန်ခြောက် များပြုလုပ်၍ ထားဝယ်မြို့ပေါ်ရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်များသို့ ရောင်းချသကဲ့သို့ ပြည်တွင်းရှိ အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ထားဝယ်မြို့ပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော ပုစွန် ခြောက်စျေးနှုန်းမှာ စားသုံးသူသုံးစွဲမှု အများဆုံးဖြစ်သည့် ပုစွန်ခြောက် အလတ်ဆိုဒ် အသန့် တစ်ပိဿာလျှင် ၁၀၀၀၀၀/၁၁၀၀၀၀ ကျပ် ရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီး အတွင်း မှငါးခြောက်တန်းရှိ စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့‌တွင် ဖြစ်ပေါ်လျက်ရှိသော ငပိစျေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းတည်ရှိပြီးမြစ်ချောင်းများပေါများသဖြင့် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်း‌ကျောင်း အများဆုံးလုပ်ကိုင်ကြပြီး ယခုအချိန်သည် မိုးအကုန် ဆောင်းရာသီသို့ရောက်ရှိလာရာ ပင်လယ်ပြင်နှင့် ရေငံဝင်ရောက်သည့်မြစ်များတွင် လှေငယ်များ၊ ကျားဖောင်များဖြင့် တိုင်းဒေသကြီးမှထွက်ကုန်တစ်မျိုးဖြစ်သည့် မျှင်ငပိများကို ထုတ်လုပ် ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ဂွေးကောင်(ခေါ်)မျှင်ကောင်လေးများအား ဖမ်းဆီးရရှိမှုများသဖြင့် ထားဝယ်မြို့ပေါ်ရှိ ရေထွက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် မျှင်ငပိအကောင်းစား တစ်ပိဿာလျှင် ၁၁၀၀၀/၁၂၀၀၀ ကျပ်၊ အလတ်စား တစ်ပိဿာလျှင် ၇၀၀၀/၈၀၀၀ ကျပ်၊ အညံ့စား တစ်ပိဿာလျှင် ၄၅၀၀/၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ သံပုရာသီးဈေးနှုန်းအခြေအနေ

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ခြံငယ်များ၊ ဥယျာဥ် ခြံများတွင် စိုက်ပျိုးလျက်ရှိသော သံပရာပင်များမှ ထွက်ရှိသည့် သံပရာသီးများနှင့် အခြားဒေသများမှ ဝင်ရောက်လာသော သံပရာသီးများကို ကျေးရွာစျေးငယ်များနှင့် ထားဝယ်မြို့ရှိစျေးများတွင် ရောင်းချ လျက်ရှိရာ ယခုအချိန်သည် သံပရာသီး အသီးတင် ထွက်ရှိမှုနည်းပါးသည့် ရာသီဖြစ်သည့်အတွက် ထားဝယ်မြို့ပေါ်၌ သံပုရာသီးအရွယ်အစားအပေါ် မူတည်၍ တစ်လုံးလျှင်(၈၀၀)မှ(၁၀၀၀) ကျပ်အထိ ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ကုန်စိမ်းရောင်းချသူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော အာတာလွတ်ဥနှင့်ထန်းပင်မြစ်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် အာတာလွတ်ဥများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  အာတာလွတ်ဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၇၀၀/ ၃၀၀၀) ကျပ်ဖြစ်ပြီး ထန်းပင်မြစ်ဈေးနှုန်းမှာ (၂၅)ချောင်းပါတစ်စည်းလျှင် (၃၀၀၀/၃၂၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေး

            ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ (၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

            ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ (၁)ပြည်လျှင်(၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲပုတ်စေ့နှင့် မတ်ပဲခြမ်းဈေး

           ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

           ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၇၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် မတ်ပဲခြမ်း()ပြည်လျှင် (၂၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲကြား၊ ပဲနီလေးနှင့် ဘိုပဲဈေး

       ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊  တတိယအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၀၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၆၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည်လျှင်(၉၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် ပဲကြား()ပြည်လျှင်(၈၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ()ပြည်လျှင် (၁၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၅၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး (၁)ပြည် လျှင်(၁၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခုအပတ်တွင်ယခင်အပတ်အောက် ပဲနီလေး()ပြည်လျှင် (၅၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

           ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပုဂံပဲ၊ ပဲတီဆံနှင့် ပဲနီပြားဈေး

         ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင် (၉၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပုဂံပဲ()ပြည်လျှင်(၁၀ဝိ/-) ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကိုနိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် ပဲတီဆံ()ပြည်လျှင်(၁၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီပြားဈေးနှုန်း မှာ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီပြား(၁)ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ ပဲနီပြားကိုရေစိမ်၍ အခွံချွတ်ပြီးပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း