Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

       ၂၀၂၅ခုနစ်၊ နိုဝင်ဘာလ တိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင်(၂၀၀၀၀ဝိ/-) ကျပ်၊ ဇာမဏီ တံဆိပ်(၁၃:၅:၇)ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင် (၉၈၀၀ဝိ/-)ကျပ်၊ ပန်းဖူး တံဆိပ်ဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၂၀၀၀ဝိ/-)ကျပ်၊ ဒီမွန်1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500ccတစ်ဗူးလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင် (၇၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ်ထိသေ/စားသေ(အဆိပ်ငွေ့) 100ccတစ်ဗူးလျှင်(၃၀၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏ပိန်းဥဈေးကွက်အခြေအနေ

                 မြင်းခြံမြို့အေးမြသီတာဈေးတွင်  သစ်သီးဝလံမျိုးစုံရောင်းချလျက်ရှိရာ ပိန်းဥသီးနှံများကို လည်း ရောင်းချကြောင်း၊ ထိုပိန်းဥများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ ကုန်စိမ်းဈေးတို့မှ မှာယူရောင်းချကြောင်း၊  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ရောင်းချနေသော  ပိန်းဥအကြီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပိန်းဥအသေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လ အောက်တိုဘာလ၌ ပိန်းဥအကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပိန်းဥ အလတ်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ပိန်းဥအသေးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင်ပိန်းဥအစ စုံတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။  ထိုသို့ ဈေးနှုန်း ကျဆင်းခြင်းမှာ ရာသီပေါ်ပိန်းဥ သီးနှံများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ် ကြောင်း စားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရသည်။

DOCA(မန္တလေး)

 

ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏ခရမ်းချဉ်သီး

                              မြင်းခြံမြို့နယ်သည်  ဟင်းသီးဟင်းရွက်မျိုးစုံနှင့် သစ်သီးဝလံများကိုစိုက်ပျိုးလျက်ရှိရာဒေသ တွင်းစားသုံးရန်အတွက် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်းပန်းမြို့ ရှိပွဲရုံများနှင့် ပုပ္ပါးမြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌  ရောင်းချနေသော ခရမ်းချဉ်သီး အသေးတစ်ပိဿာလျှင် (၁၆၀၀) ကျပ်၊ ခရမ်းချဉ်သီးအလတ်တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ ခရမ်းချဉ်သီးအကြီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင်ခရမ်းချဉ်သီးအစစုံ တစ်ပိဿာ လျှင် (၂၀၀-၅၀၀) ကျပ်အထိ ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် ပုပ္ပါးမြို့ဘက်လာမှ ခရမ်းချဉ်သီးများ ထွက်ပေါ်လာပြီဖြစ်သောကြောင့်ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊သီးနှံသည်နေ့စဉ်ဟင်းလျာများတွင်ကြော်ချက်စားသုံးကြသောကြောင့်စားသုံးမှုများပြီး အရောင်း အဝယ်ကောင်းကြောင်း၊ နေ့စဉ်လက်လီ၊ လက်ကားဝယ်ယူသူ များသောကြောင့် နေ့စဉ်ကုန်ချိန် ပိဿာ (၁၀၀-၂၅၀) ပိဿာခန့်   ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိ ရသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့တွင်ရောင်းချလျက်ရှိ‌သော စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး

         ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၅၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၃၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၈၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် စားတော်ပဲ()ပြည်လျှင် (၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

       ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြန်မာ့ရိုးရာအစားအစာမုန့်ပြားသလက်ဈေးနှုန်း

                    မုန့်ပြားသလက်သည်  မြန်မာ့ရိုးရာ မုန့်တစ်မျိုးဖြစ်ပြီး၊ မြန်မာလူမျိုးများသည် နံနက်ခင်းနှင့်  နေ့လည်ခင်းများ၌ အဆာပြေ ရေနွေးကြမ်းဖြင့် သုံးဆောင်ကြကြောင်း၊  ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌  မြင်းခြံမြို့ရှိ  ရပ်ကွက်နှင့် ဈေးများတွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် တစ်ခုလျှင် (၃၅၀) ကျပ် ၊ သုံးခုလျှင် (၁၀၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချကြောင်း၊ ပြုလုပ်ပုံမှာ ဆန်မှုန့် ကို ဆား၊ ရေနှင့် ဖျော်စပ်ပြီး မုန့်နှစ်အရည်ကို  မြေအိုးခင်းတွင် ထည့်၍ မီးဖြင့် အပူပေး၍ချက်ရကြောင်း၊ မုန့်ပြားသလက်အဖြူကို ပုံမှန်အားဖြင့် စားတော်ပဲပြုပ် ၊ နံနံပင် ၊ဆီ၊ ဆားစသည့်တို့ ထည့်ကာ အရသာပိုမို ကောင်းမွန်အောင် ပြုလုပ်စားသုံးကြကြောင်း၊ မုန့်ပြားသလက်  အနီမှာထန်းလျှက် ရေကြို ဖြင့် ရောစပ်၍ပြုလုပ်ကြောင်း၊ မုန့်ပြားသလက်များကို  နှမ်းထောင်း၊ ဆီတို့ဖြင့်  အပေါ်ကို သုတ်လိမ်းပြီး စားသုံးကြကြောင်း၊ ရောင်းချရမှုအနေဖြင့် နေ့စဉ်မုန့်ပြားသလက်(၃၀-၇၀)ခုရောင်းချရကြောင်း၊အော်ဒါအမှာရှိပါကပိုမိုရောင်းချရကြောင်း၊မြန်မာ့ရိုးရာအစားအစာအနေဖြင့်စားသုံးမှုများပြားပြီး အရောင်း အဝယ် ကောင်းကြောင်း ‌မုန့်ပြားသလက် ရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့တွင်ရောင်းချလျက်ရှိသော ကုလားပဲဆံ၊ ကုလာပဲလုံးနှင့် မြေပဲဆံဈေး

           ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင် (၈၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင် (၈၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်းတူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ (၁)ပြည်လျှင်(၉၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် မြေပဲလုံးဆံ ()ပြည်လျှင်(၂၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏စားတော်ပဲပြုပ်ဈေးနှုန်း

              စားတော်ပဲပြုပ်သည် မြန်မာလူမျိုးများ၏ နံနက်စာအတွက် ထင်ရှားစွာအသုံးများသော စားသောက်ကုန်ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် ရပ်ကွက်များအတွင်းရှိ ရောင်းချလျက်ရှိသော စားတော်ပဲပြုပ် နိုဆီဗူးတစ်ဗူးလျှင် (၁၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ စားတော်ပဲပြုပ်ကို နံနက်စာအဖြစ် ထမင်းဖြူ၊ မြေပဲဆီ၊ နှမ်းဆီ၊ ငါးပိထောင်း စသည်တို့ဖြင့်စားသုံးကြသလို သရည်စာအဖြစ် လက်ဖက်ရည်၊ ကော်ဖီ၊ အီကြာကွေး၊ ပဲပလာတာတို့ဖြင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ စားတော်ပဲမျှစ်ကြော်သည်  မြန်မာလူမျိုးများအထူးခုံမင် နှစ်သက်သောဟင်းလျာဖြစ်ကြောင်း၊ နံနက်ခင်းတွင် စားသုံးမှုများသဖြင့် အရောင်းအဝယ်ကောင်းကြောင်း၊  နေ့စဉ်စားတော်ပဲပြုပ်   (၅) ပြည်ခန့် ရောင်းချရကြောင်း၊ စီးပွားရေး အဆင်ပြေကြောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ စီးပွားရေးအဆင်ပြေကြောင်း စားတော်ပဲပြုပ် ရောင်းချသူ၏ ပြောပြပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

အညာနေကြာစိုက်ပျိုးထွက်ရှိမှု

               မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံ စေရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် နေကြာများစိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် (၁၀၃၁၄)ဧက လျာထားခဲ့၍ အမှန်စိုက်ပျိုးဧက (၁၀၃၁၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလဒုတိယပတ်မှစတင်၍(၃၂ )ဧက ရိတ်သိမ်းခဲ့ရာ အထွက်နှုန်းအနေဖြင့်(၂၂.၄၇) တင်းနှုန်း ၊ အထွက်တင်း(၇၁၉)တင်း ထွက်ရှိခဲ့သည်။မိုးနေကြာကို ဇွန်လတွင် စတင်စိုက်ပျိုး၍ အောက်တို ဘာ၊ နိုဝင်ဘာလများတွင် စတင်ရိတ်သိမ်းကြသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နေကြာကို ပုပ္ပား မြောက်ဘက်ခြမ်းရှိကျေးရွာများ ၊ မြောက်တောကျေးရွာ ၊ ကြက်ပစ်ကျေးရွာ ၊ လက်ပံပျားကျေးရွာ ၊ တောင်ဦး‌ကျေးရွာ ၊ စင်မြင့်ကျေးရွာ ၊ ဗြိစင်အင်းကျေးရွာ စသည့်ကျေးရွာများတွင် အဓိကစိုက်ပျိုးကြသည်။ မိုးနေကြာတစ်တင်းလျှင် ( ၆၆၅၀၀ )ကျပ်နှုန်းဖြင့် ကျေးရွာတွင်းရှိဆီစက်များသို့ စတင်အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။အချို့ကို မိမိအိမ်စားသုံးရန် ဆီကြိတ်ခွဲကြကြောင်း ၊ နေကြာတစ်ဧကစိုက်ပျိုးလျှင် (၇၂၂၀၀၀ )ကျပ်ခန့်ကုန်ကျနိုင်သဖြင့် တောင်သူအနေဖြင့် နေကြာ(၁)ဧကလျှင် အကျိုးအမြတ် ( ၇၄၁၀၀၀ ) ကျပ်အကျိုးအမြတ်ရရှိနိုင်ကြောင်း၊ ကျောက်ပန်းတောင်းမြို့ အညာတောင်သူများသည် နေကြာသီးနှံကို ဆင်းရွှေကြာ-၂ နှင့် ရေဆင်း (၁)မျိုး နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှသိရှိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဆံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  မိုးသီးနှံ အစေ့ထုတ်ပြောင်းနှင့် မြေပဲသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

         ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၄၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၁)အိတ်လျှင် (၁၇၆၂၅၀) ကျပ်တို့ဖြင့်ရောင်းချကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့်ပဲတီစိမ်းသီးနှံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူမြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၄၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၆၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၀၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ် ပါက စတုတ္ထပတ်အတွင်း မတ်ပဲနှင့် ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း