Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

        ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သိရှိရပြီး သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သကြားပြောင်းနှင့် ပြောင်းစီးဈေးနှုန်းများကျဆင်းပြီး အရောင်းအဝယ်သွက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ဥယျာဉ်၊ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော်စသည့် ကျေးရွာများမှထွက်ရှိသည့် သကြားပြောင်းနှင့် ပြောင်းစီးများသည် နိုဝင်ဘာလ(ပထမပတ်)မှ စတင်၍ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် သကြားပြောင်း()ဖူးလျှင် ကျပ်(၁၀၀၀) ပြောင်းစီး ()ဖူးလျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ (စတုတ္ထပတ်)တွင် သကြား ပြောင်း()ဖူးလျှင် ကျပ်(၁၅၀၀) ပြောင်းစီး()ဖူးလျှင် ကျပ်(၁၆၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သကြားပြောင်း ကျပ်(၅၀၀) ပြောင်းစီး ကျပ်(၆၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်း၌ ဒေသတွင်းပြောင်းစိုက်ခင်းများ အပြိုင် အဆိုင်ထွက်ရှိလာသည့် အတွက် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း၊ ဈေးချိုသည့် အတွက် ဈေးကွက်အတွင်း၌ အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေး ရှိ  သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်လုံး လျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လူကြိုက်များသည့် ရွှေပန်းငွေပန်း၊ ပိန်းပန်းနှင့် ပိန်းပင်ဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဘုရားပန်းအမျိုးမျိုး ဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်းအငုတ်၊ သပြေပန်း အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှမှာယူ ရောင်းချကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း၊ ပိန်းပန်းနှင့် ပိန်းပင်ဈေးနှုန်းများမှာ နဂါးမောက်ပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ (၅)ပွင့်လျှင်(၂၂၀၀)ကျပ်၊ နဂါး မောက်ပိန်း(၁)ပင်လျှင် (၇၀၀၀)ကျပ်၊ ယိုးဒယားပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ ယိုးဒယားပိန်း (၁)ပင်လျှင် (၁၅၀၀၀)ကျပ်နှင့် ဗမာပိန်းပန်း(၁)ပွင့်လျှင် (၃၀၀)ကျပ်၊ ဗမာပိန်း(၁)ပင်လျှင် (၅၀၀) ကျပ်၊ ရွှေပန်း(၄)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၁၁)ကုံးလျှင်(၁၀၀၀)ကျပ်၊ ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၆)ကုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုး ပင်မျိုးစုံ ရောင်းချသူများထံမှ သိရှိရပါသည်။                                                

DOCA (စစ်ကိုင်း)

မကွေးကုန်စည်ဒိုင်၏ ပဲမျိုးစုံ စျေးနှုန်းစျေးကွက်အခြေအနေ

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (မကွေးကုန်စည်ဒိုင်)၌ ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ပဲတီစိမ်း၊ ပဲနောက်၊ ပဲလွန်းဝါ၊ နှမ်းများအရောင်းအဝယ် အများဆုံးဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ပဲတီစိမ်း (၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)၊ ပဲနောက် (၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)ဖြစ်ပြီး ကျန်ပဲများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ အောက်တိုဘာလ (စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၅၀၀၀)နှင့် ပဲနောက် (၁)တင်းလျှင် ကျပ်(၇၀၀၀)စျေးနှုန်း အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီးနှင့် ဖရဲသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  နဂါးမောက်သီးနှင့် ဖရဲသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ နဂါးမောက်သီးပင်များ သည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါ သည်။ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန် တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါသည်။

           ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေး ရှိ  သစ်သီးဆိုင်များတွင် နဂါးမောက်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ၊ဖရဲသီးအသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၃၀၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကွမ်းဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်

           မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း၊ ကွမ်းရွက်များ ကိုကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဒူးရင်းသီး နှင့် ကြက်မောက်သီး ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်တွင် ဒူးရင်းသီး နှင့် ကြက်မောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဒူးရင်းသီး နှင့် ကြက်မောက်သီး များကိုဒေသတွင်း စားသုံးခြင်းသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်း နှင့် ကြက်မောက်သီး စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိပြီး အသီးသီး ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ 

            ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသော ဒူးရင်းသီး တစ်လုံးလျှင် (၁၂၅၀၀)ကျပ်၊ အလားတူ ကြက်မောက်သီးဈေးနှုန်းများမှာ တစ်လုံးလျှင် (၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကန်ဇွန်းဥနှင့် မုန်လာဥဖြူ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥနှင့် မုန်လာဥဖြူတို့ကို တစ်ပိုင်တစ်နိုင် အိမ်ခြံ ဝင်းများနှင့် ယာကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံး ကြကြောင်း၊ မုန်လာဥဖြူကို  စားသုံးသူများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၄၃၀၀)ကျပ်လက်က္ကား(၁)ပိဿာလျှင်(၄၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၁၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ မုန်လာဥဖြူအကြီး()ဥလျှင် (၆၀၀) ကျပ်၊ မုန်လာဥဖြူ(အသေး)()ဥလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အောက် တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥ()ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးသည်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း