Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၏လက်ဖက်ခြောက်ဈေးနှုန်းဈေးကွက်

     မြင်းခြံမြို့ အေးမြသီတာဈေး၌ စားသောက်ကုန်အမျိုးမျိုး၊ ကုန်ခြောက်အမျိုးမျိုးနှင့် လူသုံး ကုန်ပစ္စည်အမျိုးမျိုးရောင်းချလျက်ရှိရာ မြန်မာဓလေ့ရိုးရာ ရေနွေးချမ်းအဖြစ်သောက်သုံးသော လက်ဖက်ခြောက်များကိုလည်းရောင်းချကြောင်း၊ ၎င်းတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ ရှိပွဲရုံများမှ ဝယ်ယူ၍ ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ စက်တင်ဘာလ ဒုတိယပတ်၌ ရောင်းချနေသော ရွှေဖီထိပ်စလက်ဖက်ခြောက် တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ရွှေဖီပုံမှန်စတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အကြမ်းပွတစ်ပိသာလျှင် (၁၀၀၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့်ရောင်းချကြောင်း၊ လက်လီလက်ကားများ ဖောက်သည်များပေး၍လည်း ရောင်းချ ရသောကြောင့်  အရောင်းအဝယ်ကောင်းကြောင်း၊ လက်ဖက်ခြောက်တွင် အချိုသောက်သော လက်ဖက်ခြောက်အမည်းနှင့် အကြမ်းသောက်သော လဖက်ခြောက်(စိမ်း) ဟူ၍နှစ်မျိုး ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

 

မြိတ်ခရိုင်ရှိ ဆန်စျေးနှုန်းများ အနည်းငယ်ကျဆင်း

   မြိတ်ခရိုင်တွင် ဒေသတွင်းစားသုံးရန်ဆန်စိုက်ပျိုးမှုရှိသော်လည်း ဒေသတွင်းစားသုံးရန် မလုံလောက်သဖြင့် ဧရာဝတီတိုင်း မှအဓိကမှာယူ၍ တင်းသွင်းရောင်းချလျက်ရှိပါသည်။ ထိုအပြင် စက်တင်ဘာလ၌ ဆန်ရည်ညွှန်းစျေးနှုန်းများကျဆင်းသွားကြောင်းသိရှိရပါသည်။ ဆန်ရည်ညွှန်း စျေးကျဆင်းခြင်းကြောင့် မြိတ်ခရိုင်ရှိ ဆန်စျေးနှုန်းများ ကျဆင်းလာကြောင်း ထိုအပြင် ဒေသထွက် ဆန်များပါစျေးကျဆင်းလာကြောင်းသိရှိရပါသည်။

    စက်တင်ဘာလ(၁၈)ရက်နေ့တွင် ဆန်ဆိုင်တစ်ဆိုင်အား ဆန်စျေးနှုန်းစုံစမ်းချက်အရ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ် ခန့်ရှိပြီး ယခင်က ပေါ်ဆန်းဆန်စျေးနှုန်းမှာ ၁၅၅၀၀၀ကျပ် ခန့်စျေးရှိသဖြင့် ကျပ်၁၅၀၀၀ခန့်စျေးကျဆင်းသွား‌ကြောင်း စူပါဧည့်မထစျေးနှုန်းမှာ ၇၄၄၀၀ ကျပ် ဖြစ်ပြီး ယခင်က ၈၀၀၀၀ကျပ်ခန့်စျေးရှိသဖြင့် ကျပ် ၅၆၀၀ခန့်စျေးကျဆင်းသွားကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကန်စွန်းရွက် ၊ကင်ပွန်းချဉ်ရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။  

        ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကန်စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ(၁)စည်းလျှင် (၁၀၀)ကျပ်၊ (၃)စည်းလျှင် (၂၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက်(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင်( ၅၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် (၁)ပိဿာလျှင် (၁၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၁)ပုံလျှင်(၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်ခရိုင်ဒေသထွက် ကွမ်းသီးတင်ပို့မှုနှင့်ကွမ်းသီးနု စျေးကွက်အခြေအနေ

   မြိတ်ခရိုင်တွင် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်စသည်များစိုက်ပျိုးလျက်ရှိပြီး ဒေသထွက်ကွမ်းသီး များကို ပြည်တွင်းသာမကပြည်ပသို့ပါတင်ပို့ရောင်းချလျက်ရှိသည်။ ကွမ်းသီးတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့် အနုများ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်း/ ပြည်နယ်များသို့လည်းတင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ ယခုအခါ ကွမ်းသီးနုမထွက်ရှိသော ရာသီဖြစ်သောကြောင့် ကွမ်းသီးနုစျေးကွက်တွင် တင်ပို့ခြင်းမရှိကြောင်း သိရှိရပါသည်။ မြိတ်ခရိုင် တွင် စက်တင်ဘာလတတိယပတ်တွင် ကွမ်းသီး ၅၅၃၁၀၀ပိဿာတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။

   မြိတ်ခရိုင်တွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၈)စျေးနှုန်းအရ ကွမ်းသီးအလုံးစျေးနှုန်းမှာ ၂၂၀၀၀ကျပ် ခန့်ဖြစ်ပြီး ကွမ်းသီးခွဲခြမ်းမှာ ၁၇၀၀၀-၁၈၀၀၀ကျပ် ခန့်‌စျေးရရှိကြောင်း ကွမ်းသီးနုမှာ တင်ပို့ခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုဒုံမြို့နယ်အတွင်း ‌ရောင်းချနေသော ကန်စွန်းရွက်နှင့်ချဥ်ပေါင်ရွက်စျေးနှုန်း

     မုဒုံမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့အိမ်ခြံမြေများနှင့် လယ်ယာမြေများတွင် ကန်စွန်းရွက်နှင့် ချဥ်‌ပေါင်ရွက်များကို မီးဖိုချောင်စရိတ်သက်သာစေရန် စိုက်ပျိုးလေ့ရှိပြီး၊ စီးပွားဖြစ်စိုက်ပျိုးမှုများလည်း ရှိကြပါသည်။ ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက်များသည် ရာသီမရွေး စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး မုဒုံမြို့ရှိ သိမ်ကျောင်းစျေးတွင် လာရောက်ရောင်းချ ကြကြောင်း သိရှိရပါသည်။

     စက်တင်ဘာ တတိယပတ်တွင် သိမ်ကျောင်းစျေးတွင် ကန်စွန်းရွက်စျေးနှုန်းများမှ ကန်စွန်းရွက်လက်ကားတစ်စည်းလျှင် (၂၀၀)ကျပ်၊ လက်လီစျေးတစ်စည်းလျှင် (၃၀၀) ကျပ် နှင့် နှစ်စည်းလျှင် (၅၀၀)ကျပ်၊ ချဥ်ပေါင်ရွက်စျေးနှုန်းများမှ ချဥ်ပေါင်ရွက်လက်ကား (၁၅၀)ကျပ်၊ လက်လီစျေးတစ်စီးလျှင် (၂၀၀)ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မုဒုံမြို့၊လမ်းမကြီးစျေးတွင် ရောင်းချနေသော အသား၊ ငါး ၊ ဥမျိုးစုံ၏စျေးနှုန်းများ

   မုဒုံမြို့၊ လမ်းမကြီးစျေးတွင် အသား၊ ငါး၊ ဥမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ၊ အခြား စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊  ဘဲဥနှင့် ငုံးဥ များကို မိမိ‌ဒေသထွက် ကြက်ခြံ၊ ဘဲခြံများတို့မှ မှာယူရောင်းချလျက်ရှိသည်။

          ၂၀၂၅ခုနစ်၊ စက်တင်ဘာ တတိယပတ်၊ မုဒုံမြို့ စျေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥနှင့် ငုံးဥစျေးနှုန်းများမှ ကြက်ဥအကြီး(၁)လုံးလျှင် (၅၂၀)ကျပ်၊ ကြက်ဥအသေး (၁ ) လုံးလျှင် (၅၀၀) ကျပ်နှင့် ဘဲဥအကြီး (၁)လုံးလျှင် (၆၅၀)ကျပ်နှင့် ဘဲဥအသေး (၁)လုံးလျှင် (၆၀၀)ကျပ်နှင့် ငုံးဥ (၁)လုံးလျှင် (၁၁၀)ကျပ်၊ ငုံးဥ (၁၀)လုံးလျှင် (၁၁၀၀)ကျပ် စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

စံကားဝါပန်းပျိုးပင်ဈေးနှုန်းများ

    မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်းကျေးရွာ၌ စိုက်ပျိုးရေးအတွက် ပျိုးပင်များရောင်းချ သောအရောင်းဆိုင်တွင် သီးပင်၊ စားပင်၊ နှစ်ရှည်ပင် ပန်းအလှပင်များနှင့် အရိပ်ရပင်များဖြင့် စုံစုံလင်လင် ရောင်းချလျက်ရှိရာ စံကားဝါပန်းပျိုးပင်မျာကိုလည်း ရောင်းချကြောင်း၊ ၎င်းပျိုး ပင်ပေါက်များကို ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ရွာမှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် စံကားဝါပျိုးပင်တစ်ပင်လျှင် (၃၀၀၀) ကျပ်၊ ကိုင်းဆက် အပင်ကြီးတစ်ပင်လျှင် (၆၀၀၀-၇၀၀၀) ကျပ်၊ ကိုင်းဆက်(အဖူးအပွင့်ပါ)တစ်ပင်လျှင် (၉၀၀၀-၁၀၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ သစ်ပင်ချစ်သူများရှိ၍ စိုက်ပျိုးသူများ ပြီးရောင်းချရကြောင်း ပျိုးပင်အရောင်းဆိုင်မှသိရှိရသည်။ စံကားဝါပင်သည် အမြဲစိမ်လန်းသော အပင်ကြီးမျိုးဖြစ်ပြီး အကိုင်းအခက်များဖြာထွက်၍ အမွှေးနုများဖြင့် ဖုံးလွှမ်းနေပြီး အခေါက်မှာ ချောမွတ်၍ မီးခိုးရောင်ရှိသော ပင်စည်ရှိပြီး ပျိုးပင်နှင့် အပွင့်များသည် ဈေးကွက်ရှိသောကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း သိရှိရသည်၊၊

DOCA(မန္တလေး)

 

   

 

ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ မုံလာထုပ်၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

         ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပဲတောင့်ရှည်သီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး(၁)ဘူးလျှင်(၅၀၀)ကျပ်၊ (၁)ပြည်လျှင် (၃၈၀၀)ကျပ်နှင့် ပဲတောင့် ရှည်သီးဈေးနှုန်းမှာ ပဲတောင့်ရှည်သီး(၅)တောင့်ပါ (၁)စည်းလျှင်(၄၀၀)ကျပ်၊ (၁၀)စည်းပါ(၁)ထုံး လျှင်(၃၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပေါင်မြို့နယ်၌ ဥစားပိန်းများစျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်း စိုက်တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင် တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။ ဥစားပိန်းပင်များကို မစိုက်မီမြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပိန်းပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်အကွာ စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင် လေထွက် ကောင်းရန် ဂရုစိုက်ရပြီး ရက်(၈၀) ခန့်အကြာတွင် စတင်၍ ဥများတူးဖော်ကာ ရောင်းချ ရကြောင်း ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှ ဥစားပိန်းစိုက် တောင်သူတစ်ဦးကပြောသည်။ ဥစားပိန်းများကို ရာသီမရွေးစိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး တစ်ပိဿာလျှင် (၇၀၀၀) ကျပ် ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

DOCA (မွန်)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး၊ မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပန်းရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို မန္တလေးမြို့မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပန်းငရုတ်ပွသီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ (၂)လုံးလျှင်(၈၀၀)ကျပ်၊ (၄)လုံးလျှင် (၁၅၀၀)ကျပ်၊ ဘိုစားပဲသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း