Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော သံပရာသီးနှင့် ရှောက်သီး ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီး များစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံး လျှင် (၁၅ဝိ/-) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး (အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀)  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်ပန်းသီးနှင့် သင်္ဘောသီး ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရှောက်ပန်းသီးနှင့် သင်္ဘောသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချ သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရှောက်ပန်းသီးနှင့် သင်္ဘောသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

        ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ရှောက်ပန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် ၊  သင်္ဘောသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ် သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသောခါကြက်ဥနှင့် ဂေါ်ဖီထုပ် ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ခါကြက်ဥ နှင့် ဂေါ်ဖီထုပ် များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ခါကြက်ဥနှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို အရောင်းအဝယ် ကောင်း နေကြောင်း သိရှိရပါသည်။ ခါကြက်ဥ နှင့် ဂေါ်ဖီထုပ်များကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်နှင့်ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ ခါကြက်ဥ စျေးနှုန်း ခါကြက်ဥ(ဗမာ) (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ၊ (၅၀)ကျပ်သား လျှင်(၅၀၀၀)ကျပ် နှင့် (၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) (၂၅)ကျပ်သား လျှင် (၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ (၃)လမိုးမြေပဲများ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ဥယျာဉ်ကျေးရွာနှင့် ပန်းတော်ပြင်ကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် () မိုးမြေပဲများ နိုဝင်ဘာလ (ပထမပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ()လမိုးမြေပဲ()ပြည်လျှင် ကျပ်(၂၅၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက်ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

        ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သိရှိရပြီး သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သကြားပြောင်းနှင့် ပြောင်းစီးဈေးနှုန်းများကျဆင်းပြီး အရောင်းအဝယ်သွက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ဥယျာဉ်၊ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော်စသည့် ကျေးရွာများမှထွက်ရှိသည့် သကြားပြောင်းနှင့် ပြောင်းစီးများသည် နိုဝင်ဘာလ(ပထမပတ်)မှ စတင်၍ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် သကြားပြောင်း()ဖူးလျှင် ကျပ်(၁၀၀၀) ပြောင်းစီး ()ဖူးလျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ (စတုတ္ထပတ်)တွင် သကြား ပြောင်း()ဖူးလျှင် ကျပ်(၁၅၀၀) ပြောင်းစီး()ဖူးလျှင် ကျပ်(၁၆၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သကြားပြောင်း ကျပ်(၅၀၀) ပြောင်းစီး ကျပ်(၆၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်း၌ ဒေသတွင်းပြောင်းစိုက်ခင်းများ အပြိုင် အဆိုင်ထွက်ရှိလာသည့် အတွက် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း၊ ဈေးချိုသည့် အတွက် ဈေးကွက်အတွင်း၌ အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေး ရှိ  သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်လုံး လျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လူကြိုက်များသည့် ရွှေပန်းငွေပန်း၊ ပိန်းပန်းနှင့် ပိန်းပင်ဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဘုရားပန်းအမျိုးမျိုး ဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်းအငုတ်၊ သပြေပန်း အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှမှာယူ ရောင်းချကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း၊ ပိန်းပန်းနှင့် ပိန်းပင်ဈေးနှုန်းများမှာ နဂါးမောက်ပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ (၅)ပွင့်လျှင်(၂၂၀၀)ကျပ်၊ နဂါး မောက်ပိန်း(၁)ပင်လျှင် (၇၀၀၀)ကျပ်၊ ယိုးဒယားပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ ယိုးဒယားပိန်း (၁)ပင်လျှင် (၁၅၀၀၀)ကျပ်နှင့် ဗမာပိန်းပန်း(၁)ပွင့်လျှင် (၃၀၀)ကျပ်၊ ဗမာပိန်း(၁)ပင်လျှင် (၅၀၀) ကျပ်၊ ရွှေပန်း(၄)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၁၁)ကုံးလျှင်(၁၀၀၀)ကျပ်၊ ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၆)ကုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုး ပင်မျိုးစုံ ရောင်းချသူများထံမှ သိရှိရပါသည်။                                                

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း