Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကဗ္ဗလာသီးဝင်ရောက်မှုများပြား

     မန္တလေးစျေးကွက်သို့    မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ကဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ် သည့်   စျေးနှုန်းများမှာ ကဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊   အလုံးအရွယ်အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ကဗ္ဗလာသီးများအားအသီးအတိုင်း စားသုံးခြင်းနှင့် ကျန်းမာရေးဓါတ်စာဖျော်ရည်အဖြစ်စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်းအရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးရှိသစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

အရောင်းသွက်သည့်တည်သီး

    မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း  ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်စျေးတို့ ဖြင့်  ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါ သည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲတော်များ၊အလှူပွဲများ ရာသီချိန်ဖြစ်သည့်အတွက်  တည်သီးများအရောင်းသွက်လျက်ရှိကြောင်း  စျေးချိုတော်ရှိသစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

                                                                             

ကြက်သွန်ဖြူစျေးနှုန်းများ

      စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့်စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်ဖြူပေါက်စျေးမှာ  စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်ဖြူအမျိုးအစားအလိုက်တစ်ပိဿာပေါက်စျေး များမှာ ကြက်သွန်ဖြူ(ဗမာ) လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ လက်လီစျေး ၆၀၀၀ ကျပ် နှင့်၆၅၀၀ ကျပ်၊ကြက်သွန်ဖြူ(ရှမ်း) လက္ကားစျေးမှာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ယခင်သြဂုတ်လ ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက စျေးအနည်းငယ်ကျဆင်းသွားကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရ ပါသည်။

DOCA(မန္တလေး)

ကြက်သွန်နီစျေးငြိမ်လျက်ရှိ

    စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီများဝင်ရောက်လျက်ရှိပြီး၊ ကြက်သွန်နီပေါက်စျေးမှာ  စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာပေါက်စျေး များမှာ မြစ်သားကြက်သွန်နီ(လတ်) လက္ကားစျေး ၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ ကျပ်၊မြင်းခြံကြက်သွန်နီ(လတ်) လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊လက်လီ စျေး ၁၄၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်၊မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး  ၁၃၀၀ကျပ် နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်  လက်လီစျေးမှာ ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ပြီး၊ ယခင်သြဂုတ်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက စျေးငြိမ်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ကျွဲကောသီး

     မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ မှ ထွက်သည့်ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များ မှာ   ကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၅၀၀၀ ကျပ်နှင့် ၇၀၀၀ကျပ်၊အလုံး(လတ်)  ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ 

DOCA(မန္တလေး)

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများ မှာပိန်းဥ()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥကို ပြုတ်၍သော်လည်းကောင်း၊ အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ နံနံပင်နှင့်ပင်စိမ်းဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

          ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်နှင့် ပင်စိမ်းပင်များကို စိုက်ပျိုးကြကြောင်း၊ နံနံပင်နှင့် ပင်စိမ်းပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း နံနံပင်(၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃) စည်းလျှင်(၅၀၀)ကျပ်၊ (၇)စည်းလျှင်(၁၀၀၀)ကျပ်နှင့် ပင်စိမ်း(၁)စည်းလျှင် (၂၀၀)ကျပ်၊ ပင်စိမ်း(၃) စည်းလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နံနံပင်နှင့်ပင်စိမ်းပင်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ နံနံပင်များကို မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခိုင်ရွှေဝါပန်းနှင့်ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းဈေးနှုန်းများ

          ကန့်ဘလူမြို့၊  မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော ခိုင်ရွှေဝါပန်း၊ နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ဘုရားပန်းအဖြစ် အသုံးပြုကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ခိုင်ရွှေဝါပန်း()စည်းလျှင် (၅၀၀)ကျပ် နှင့် ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်း()ခက်ပါ()စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုး စုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏မြေပဲဆံ

     မြင်းခြံမြို့နယ်သည် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီသီးနှံများ စိုက်ပျိုးလျက် ရှိရာ စားသုံးဆီဖူလုံရေးအတွက် မြေပဲသီးနှံကိုလည်း တောင်သူများအနေဖြင့် နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လကျော် ကြာမြင့်ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် မြေပဲလုံးဆံတစ်တင်းလျှင် (၁၀၂၀၀၀) ကျပ်၊ မြေပဲဆီဆံ တစ်တင်းလျှင် (၉၃၈၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ဩဂုတ်လ ဒုတိယပတ်တွင် မြေပဲ လုံးဆံတစ်တင်းလျှင် (၁၀၃၅၀၀) ကျပ်၊ မြေပဲဆီဆံတစ်တင်းလျှင် (၉၅၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံ တစ်တင်းလျှင် (၁၅၀၀) ကျပ်၊ မြေပဲဆီဆံတစ်တင်းလျှင် (၁၂၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ မြေပဲအသစ် များပေါ်ထွက်နေပြီဖြစ်သောကြောင့် ဈေးများအနည်းငယ်ကျ ဆင်းကြောင်း၊ ကျေးရွာများမှ ထွက်ရှိသောမြေပဲဆံများကို ဒေသတွင်းဆီစက်များမှ ဆီကြိတ်ခွဲ၍ ပိုလျှံသောမြေပဲဆံများကို ပခုက္ကူမြို့နှင့် ရန်ကုန်မြို့သို့တင်ပို့ ရောင်းချကြောင်း ကုန်စည်ဒိုင်မှ တာဝန်ရှိသူ၏ ပြောပြချက် အရသိရှိရသည်။  

DOCA(မန္တလေး)

        

         

ဈေးနှုန်းကျဆင်းလာသောတရုတ်နံနံဈေးနှုန်း

       မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိ၍  ဥယျဥ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ဓါးကျွန်းကျေးရွာ၊ တလုပ်ကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် မိသားစု တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုသော တရုတ် နံနံများ စိုက် ပျိုးထားကြောင်းသိရှိရသည်။  စိုက်ခင်းများမှထွက်ရှိသော တရုတ်နံနံများကို အေးမြ သီတာဈေးသို့ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင် ဘာလ ဒုတိယပတ် တွင်ရောင်းချနေသော တရုတ်နံနံလက်လီတစ်စည်းလျှင် (၃၀၀)ကျပ်၊ ၁၀ ကျပ်သား လျှင် (၇၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၆၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊  ယခင်ဩဂုတ်လဒုတိယပတ်တွင်  ရောင်းချနေသော တရုတ်နံနံလက်လီ တစ်စည်းလျှင် (၅၀၀) ကျပ်၊ ၁၀ ကျပ်သားလျှင် (၈၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၅၀၀)ကျပ် ခန့်ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လ ထက် ယခုလတွင် တရုတ်နံနံလက်လီတစ်စည်းလျှင် (၂၀၀) ကျပ်၊ ၁၀ ကျပ်သားလျှင် (၁၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလ ဖြစ်သောကြောင့် တရုတ်နံနံရွက် များပေါများစွာထွက်ပေါ်ချိန်ဖြစ်သောကြောင်း ဈေးနှုန်းကျဆင်း ခြင်းဖြစ်ကြောင်း၊ ဟင်းခက်အမွှေး အကြိုင်ဖြစ်သောကြောင့်စားသုံးမှုများပြီး စားသောက်ဆိုင်များမှ ဝယ်ယူမှုများပြား ကြောင်း  တောင်သူ၏ပြောပြချက်အရသိရှိရသည်။ ကျန်းမာရေးအကျိုးအကျေးဇူး အနေဖြင့် တရုတ်နံနံကို စားသုံးခြင်းဖြင့် သွေးတိုးကျခြင်း၊ ခေါင်းကိုက်သက်သာခြင်း၊ စိတ်လှုပ်ရှားမှု ကိုလျော့ချပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း