Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ယင်းမာပန်းစျေးကွက်

     မိုးရာသီ မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်

မိတ္တီလာခရိုင်တို့မှ   ထွက်သည့်ပန်းများ၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့်  ရှမ်း ပြည်နယ်၊တောင်ကြီးဒေသတို့မှထွက်သည့်ယင်းမာပန်းများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ ၁ စီး လျှင် ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့် အချိန် ဖြစ်၍  မိုးရာသီပန်း မျိူးစုံစျေးကွက်တွင် ယင်းမာပန်းမှာ အရောင်းသွက်သည့်ပန်းတစ်မျိုးဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

  မိုးရာသီနှင်းဆီပန်းမျိုးစုံစျေးကွက်

     မိုးရာသီ မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့ မှထွက်သည့်ရောင်စုံ နှင်းဆီပန်းမျိုးစုံ  ဝင်ရောက်မှုများပြားလျက်ရှိပြီး၊   အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  စေျးကွက်အတွင်း ရိုးရိုးနှင်းဆီနှင့် ရေမွှေး နှင်းဆီ ဟူ၍ နှစ်မျိုးတွေ့ရှိရပြီး၊ နှင်းဆီပန်းများမှာ အဖြူရောင်၊  အဝါရောင်၊ ပန်း ရောင်၊  မိတ်ကပ် ရောင်၊ လိမ္မော်ရောင်၊ကြက်သွေးရောင်နှင့်အနီရင့်ရောင်တို့ကို အများအပြားတွေ့ရှိရပါသည်။ကြက်သွေးရောင် နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း  သိရှိရပါသည်။  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်း ရိုးရိုး(၁၀ပွင့်ပါ) ၁ စီး လျှင်  ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   ပန်းအဖူး(သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေး နှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  ဝါတွင်း ကာလ ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍    မိုးရာသီပန်းမျိူးစုံစျေးကွက်တွင် နှင်းဆီပန်း အရောင်မျိုးစုံ   အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် အုန်းသီးဈေးနှုန်းအခြေအနေ

         အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုးဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အသားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာပွဲများ၊ အလှူပွဲ မင်္ဂလာဆောင်နှင့်နတ်ပွဲများတွင် မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ် အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူမြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအသုံးပြုမှုများပြားကာ ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော သစ္စာပန်းနှင့် နှင်းဆီပန်းဈေးနှုန်းများ

            ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော သစ္စာပန်းနှင့် နှင်းဆီပန်းများကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော သစ္စာပန်းနှင့် နှင်းဆီပန်းများမှာ ဘုရားပန်းနှင့် အလှပန်းထိုးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း သစ္စာပန်း(၁)စည်းလျှင် (၂၀၀၀)ကျပ်၊ (၁၀)စည်းပါ (၁)ထုံးလျှင် (၁၉၀၀၀)ကျပ်၊ နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)ပွင့်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ဝက်အူချောင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

        ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာစေသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်း ဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြကြောင်း၊၂၀၂၅ခုနှစ်၊စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်းတစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ ဝက်အူချောင်း(၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဝက်အူချောင်း(၁)ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သား လျှင်(၂၃၀၀၀)ကျပ်၊ ဝက်အူချောင်း(၁၀)ကျပ်သားလျှင် (၄၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း လူကြီး လူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ပန်းတိမ်ငိုပန်းစျေးနှုန်းစျေးကွက်

     မိုးရာသီမန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှထွက်သည့်ပန်းတိမ်ငိုပန်းများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်း သွက် လျက်ရှိကြောင်းသိရှိရပါသည်။  ပန်းတိမ်ငိုပန်းများမှာ အဖြူရောင်၊ ခရမ်းရောင်နှင့် မရမ်းရောင်အစီးများတွေ့ရှိရပြီး၊ ခရမ်းရောင်ပန်းမှာ ဝယ်ယူသူများပိုမိုနှစ်သက်ကြောင်း သိရှိရပါ သည်။    ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ ပန်းတိမ်ငိုပန်း ( ၁၀ ပါ) ၁ စီးလျှင်ပန်းအခက်(ကြီး)  ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ်၊ပန်းအခက်(သေး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ပန်းအခက်အကြီးအသေးအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ ပန်းတိမ်ငိုပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဇီးဖြူသီးစျေးနှုန်း

   မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီးများ   ဝင်ရောက်မှုများပြားလျက်ရှိပြီး၊   အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။    ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး(ကြီး) ၁၃၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊အလုံး(လတ်)  ၁၀၀၀ ကျပ်နှင့် ၁၂၀၀ကျပ်၊   အလုံး(သေး) ၈၀၀ကျပ် နှင့် ၉၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊     အလုံးအရွယ်အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဇီးဖြူသီးမှာ  အချဉ်သုတ်၍ရောင်းချသူများမှ သုံးစွဲမှုများပြားသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း မြင်းတန်းစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

မြန်မာ့ရိုးရာ အစားအစာမုန့်လက်ကောက်

         မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြသည်။ မြန်မာ့ရိုးရာမုန့်လက်ကောက်ကို နံနက်ခင်းတစ်ကြိမ်၊ နေ့လည်အဆာပြေ စားလေ့ရှိရာ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီတို့နှင့်တွဲဖက်၍ စားသုံးကြပါသည်။ ဆန်၊ ကောက်ညှင်းတို့ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ်သည်။ မုန့်လက်ကောက်တွင် ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆီ၊ ဆား တို့ပါဝင်ပြီး ထန်းလျက်ကိုအရည်ကျိုကာ မုန့်လက်ကောက်နှင့် တွဲဖက်၍လည်း စားသုံးကြသည်။ ကန့်ဘလူမြို့၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော မုန့်လက် ကောက်ဈေးနှုန်းမှာ()ခုလျှင် (၃၅၀)ကျပ်၊ ()ခုလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်လက်ကောက်သည် အာဟာရဖြစ်သော မုန့်တစ်မျိုးဖြစ်သဖြင့် ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့်  အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မာလကာသီးများအရောင်းသွက်လျက်ရှိ

     မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်မာလကာသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ မာလကာသီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊   အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲတော်များ၊ အလှူ ပွဲများ ရာသီချိန်ဖြစ်သည့် မာလကာသီးများအား   စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ထနောင်းပင်စျေးရှိ  သစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူမြို့၏(မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်းအခြေအနေ

           ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး )မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင် (၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း