Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ခရမ်းချဉ်သီးနှင့် အာလူးသီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြု ကြသည့်အတွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလစတုတ္ထ ပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ အာလူးသီး(၁)ပိဿာလျှင် (၄၈၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၂၄၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၈၀၀)ကျပ်၊ အာလူးသီး(၁)ပိဿာလျှင်(၈၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅-၂၀၂၆ခုနှစ်၊မြင်းခြံမြို့နယ်၏ဆောင်းမြေပဲစိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

                     မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း၌ တည်ရှိပြီး၊ ဆည်မြောင်းကန် ချောင်းများ အသင့်အတင့်ရှိ၍ ဆောင်းသီးနှံများကိုလည်း စိုက်ပျိုးထားရှိသည်။ ဆောင်းမြေပဲသီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။

                    မြင်းခြံမြို့နယ်သည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ၂၀၂၅-၂၀၂၆ခုနှစ်၌ ဆောင်း မြေပဲသီးနှံကို လျားထားဧက (၈၇၀၀)ဧကအနက် စိုက်ပျိုးဧက(၇၂၅၄) ဧကစိုက်ပျိုးထားရှိ၍ စိုက်ပျိုးရန်ကျန်ရှိသောဧကများ လျာထားချက်ပြည့်မှီအောင် ဆက်လက်စိုက်ပျိုးနေကြောင်း မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဆောင်းမြေပဲစိုက်ပျိုးထားရှိသော ကျေးရွာများမှာ ဒါးကျွန်းရွာ၊ တောပုရွာ၊ အနိမ့်ရွာ၊ပတ္တာရွာနှင့် ဂေါင်းကွဲကျေးရွာများ၌ စိုက်ပျိုး ထားရှိကြောင်း၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးများကို စိုက်ပျိုးထားရှိကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၅၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅၅-၅၆)တင်းခန့် ထွက်ရှိ ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်၌ မြေပဲဆံတစ်တင်းလျှင်(၁၁၄၀၀၀) ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ယခုနှစ် တွင်ဆောင်းမြေပဲများ ရာသီဥတုကောင်းမွန်ပြီး ရေသွင်းရေထုတ်၊ အပင်ပြုစုမှုနှင့် မြေဩဇာ များပုံမှန်ကျွေးနိုင်ပါက မြေပဲများအထွက်နှုန်း ကောင်းနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင်ဈေးနှုန်းများကောင်းပါကတောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း  မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

DOCA(မန္တလေး)

 

         

ကန့်ဘလူမြို့နယ်၌ တစ်ပိုင်တစ်နိုင်ကောက်ရိုးမှိုစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံးအနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

           ကောက်ရိုးမှိုစိုက်ပျိုးပြီး (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်မှိုတွေကို နှုတ်ယူရောင်းချနိုင်ကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့သူတွေအနေနဲ့ ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး သင့်ကြောင်း၊၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကောက်ရိုးမှို တစ်ပိဿာလျှင် လက်လီဈေး(၁၀၀၀၀)ကျပ်၊ လက်ကားဈေး (၉၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချရသောကြောင့် တဖက်တလမ်းမှ ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက် သွန်နီအလုံးကြီး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်သွန် ဖြူဗမာသေး(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ အကြီး(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်နှင့် ရှမ်းဖြူ(၁) ပိဿာလျှင် (၉၅၀၀)ကျပ်၊ ဂျင်းတက်(၁)ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာလျှင်(၃၀၀) ကျပ်၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့်မုန်လာဥဖြူ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မုန်လာဥ၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၅၀၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီအသေး(၁)ပွင့်လျှင် (၃၀၀၀)ကျပ်၊ မုန်လာဥဖြူ(၁)တွဲလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ၊ ဒီဇင်ဘာလတတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်ပြီး၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်(၅၀၀) ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် အမဲသား၊ ဝက်သားနှင့် ဆိတ်သားဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိရာ   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် အသားကုန်ကြမ်းများသည် ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်(၁)ပိဿာ(၃၁၀၀၀)ကျပ်၊ ဝက်ပေါင်သား(၁)ပိဿာလျှင် (၂၉၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  အမဲသား သန့်(၁)ပိဿာလျှင်(၃၂၀၀၀)ကျပ်နှင့် ဆိတ်သား(၁)ပိဿာလျှင် (၃၇၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ  ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ဝက်သား(၁)ပိဿာလျှင်(၁၀၀၀)ကျပ်ကျဆင်းပြီး၊ အမဲသား(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း  အသားရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေး၌ နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် CPကြက်သားနှင့် ဗမာကြက်သား

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သားများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း  CPကြက်ကောင်လုံး ဈေး(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၃၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ ကြက်ခြေထောက် နှင့်ကြက်တောင်ပံ (၁)ပိဿာလျှင်(၁၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုဒီဇင်ဘာ လတတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း CPကြက်သား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့်(၁)ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် ကြက်ခြေထောက်နှင့် ကြက်တောင်ပံ(၁)ပိဿာလျှင် (၂၀၀၀)ကျပ်အသီးသီးဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ ပန်းဈေးကွက်ရှိ သပြေပန်း၊ ရက်(၁၀၀)သပြေ၊ အာဆီယံသပြေပန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းငုတ်၊ သပြေပန်းခက်အစည်း၊ အာဆီယံသပြေနှင့် ရက်(၁၀၀)သပြေစသည်ဖြင့် ရောင်းချလျက်ရှိရာ တောသပြေပန်းခက် ()စီးလျှင်(၁၀၀၀)ကျပ်၊ တောသပြေငုတ်အကြီး ()ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး()ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက်(၁၀၀)သပြေငုတ်()ငုတ်လျှင်(၂၅၀၀)ကျပ်နှင့် အာဆီယံသပြေ()စည်းလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ရက်(၁၀၀)သပြေ ()ငုတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ ပန်းဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂန္ဓမာပန်း၊ နှင်းပန်း၊ သစ္စာပန်းဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ သစ္စာပန်းစသည့် ပန်းမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ပြင်ဦးလွင်ဒေသ ထွက်ဂန္ဓမာပန်း(၁)စီးလျှင်(၂၅၀၀)ကျပ်၊ ဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၈၀၀)ကျပ်၊ နှင်းပန်း (၁)စီးလျှင် (၂၀၀၀)ကျပ်၊ သစ္စာပန်း()စီးလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုလတတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ဂန္ဓမာပန်း ()စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ငါးရံ့၊ ငါးဘတ်နှင့် တီလားဗီးယားငါးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါးအကြီး (၁)ပိဿာလျှင် (၁၉၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒီဇင်ဘာလ တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငါးဘတ်(၁)ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်၍ငါးရံ့(၁)ပိဿာလျှင်(၂၀၀၀)ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးကွက်အနေဖြင့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း