Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် အုန်းသီးဈေးနှုန်း

      အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အ သားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ အု်နးသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာပွဲများ၊ အလှူပွဲ မင်္ဂလာဆောင်နှင့်နတ်ပွဲများတွင် မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

     ၂၀၂၅ခုနှစ်၊စက်တင်ဘာလ စတုတ္ထပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အု်နးသီး အစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ် အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူမြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှ ဝယ်ယူကြကြောင်း ၊အုန်းသီးအသုံးပြုမှုများပြားကာ ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သလဲသီးဈေးနှုန်းအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

       သလဲသီး၏ အခွံသည် အနီရောင်ဖြစ်ပြီး အတွင်းသားလေးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ လစတုတ္ထပတ်အတွင်း သလဲသီးအသေး()လုံးလျှင်(၁၀၀၀)ကျပ်၊ သလဲသီးအကြီး()လုံးလျှင် (၁၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့်ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ဝက်အူချောင်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရပါ သည်။

    ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဝက်အူချောင်း(၁)ပိဿာ လျှင်(၄၆၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင် (၂၃၀၀၀)ကျပ်၊ ဝက်အူချောင်း (၁၀)ကျပ်သား လျှင် (၄၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ နံနံပင်နှင့်ပင်စိမ်းဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

       ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်နှင့် ပင်စိမ်းပင်များကို စိုက်ပျိုးကြကြောင်း၊ နံနံပင်နှင့် ပင်စိမ်းပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်း ချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း နံနံပင်(၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃) စည်းလျှင်(၅၀၀)ကျပ်၊ (၇)စည်းလျှင်(၁၀၀၀)ကျပ်နှင့် ပင်စိမ်း(၁)စည်းလျှင် (၂၀၀)ကျပ်၊ ပင်စိမ်း(၃) စည်းလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နံနံပင်နှင့်ပင်စိမ်းပင်များကို အိမ်ရှင် မများဟင်းချက်ရာတွင်လည်းကောင်း၊ နံနံပင်များကို မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးချဉ်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကြင်းချဉ်နှင့် ငါးသေးချဉ်စသည်ဖြင့် အမျိုးမျိုးပြုရောင်းချလျက် ရှိရာကုန်ကြမ်းများဖြစ်သော ငါးကြင်းနှင့် ငါးအသေးကောင်လေးများကို ကန့်ဘလူမြို့နှင့် ကျွန်းလှ မြို့နယ်မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြင်းချဉ်(၁) ပိဿာလျှင်(၃၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးသေးချဉ်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ချက်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

          DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခိုင်ရွှေဝါပန်းနှင့်ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းဈေးနှုန်းများ

     ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက် များသော ခိုင်ရွှေဝါပန်း၊ နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

      ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ဘုရားပန်းအဖြစ် အသုံးပြုကြ ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ခိုင်ရွှေဝါပန်း()စည်းလျှင် (၅၀၀)ကျပ် နှင့် ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်း()ခက်ပါ()စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း ဘုရားပန်းမျိုး စုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ အပတ်စဉ်စက်သုံးဆီပြောင်းလဲမှုအခြေအနေ

        မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (၁၉.၉.၂၀၂၅)ရက်နေ့တွင် ဓာတ်ဆီ(92)၊ ဓာတ်ဆီ(95)၊ ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၄၅ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၂၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၇၃၀ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၃၂၅ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၃၂၄၀)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၃၃၂၅)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၈၈၀)ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ (၃၅၅၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း 92 Octance နှင့် 95 Octance ၊ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့်ရှောက်ပန်းသီးဈေးနှုန်း

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေး အရ ဆေးဖက်ဝင်အဖြစ် သောက်သုံးနေကြပြီးလည်း ဖြစ်ပါသည်။

မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် စက်တင်ဘာလ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်         မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာ အင်ဥ(ခေါ်)မှိုစေ့ ဈေးနှုန်း

             ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် လျက်ရှိရာ ယခု အချိန်တွင် သဘာဝအရပေါက်ရောက်သည့် အင်ဥ(ခေါ်)မှိုစေ့ကို ဈေးကွက်အတွင်းသို့  ရောင်းချ လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  အင်ဥ(ခေါ်) မှိုစေ့ ဈေးနှုန်းအနေဖြင့် အင်ဥ(ခေါ်)မှိုစေ့ တစ်ပြည်လျှင်(၂၃၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူး လျှင်(၁၂၀၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း  အင်ဥသည် ရာသီစာဖြစ်ပြီး ရှားပါလာသောကြောင့် ဈေးနှုန်းမြင့်သော်လည်း ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင်  ရောင်းချလျက်ရှိသော  ရှင်မတောင် သနပ်ခါးတုံး ဈေးနှုန်း

          ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ ရှင်မတောင်သနပ်ခါးဈေးနှုန်းမှာ ရှင်မတောင်သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး(၁)တုံးလျှင်(၄၀၀၀)ကျပ်၊ အလတ်(၁)တုံးလျှင်(၃၅၀၀ မှ ၃၀၀၀)ကျပ်ဈေးနှင့် အသေး (၁)တုံးလျှင်(၂၅၀၀မှ၂၀၀၀)ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည်(၇၀၀ မှ ၁၀၀၀) ကျပ်ထိ ‌ဈေးနှုန်းအသီးသီးတိုဖြင့်  အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း