Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

  ၂၀၂၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

  စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၁၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

  ကြက်သွန်နီ တစ်ပိဿာလျင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၀၀ကျပ်၊ (သေး) တစ်လုံး ၄၃၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး ၊ကျန်သီးနှံနှင့် အသားငါးများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆံဈေး အနည်းငယ်မြင့်တက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှု စာရင်းများ အရမြေပဲ(၆၆၁၄၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသထွက်မြေပဲလုံးဆံအသစ်များမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ရာ ယခုအချိန်တွင် ဒေသထွက်မြေပဲလုံးဆံများ အဝင်နည်းသွားသဖြင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင် (၁၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ()ပြည်လျှင်(၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံ ရောင်းချသည့် ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အဖြူနှင့်အညို)ဈေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင်ရောင်းချသည့် မြေထောက်ပဲ (ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၈၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင် အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ (ဖြူ)(၁)ပြည်လျှင် (၈၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ မြေထောက်ပဲ(ညို)(၁)ပြည် လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ မတ်ပဲခြမ်းဈေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှုစာရင်းများအရ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင် ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင် များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မအူပင်ခရိုင်တွင် စိုက်ပျိုးနေသော သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်

      မအူပင်ခရိုင်၊ မအူပင်မြို့နယ်များတွင် ပိုက်ဆံလျှော် Sunn Hemp စိုက်ပျိုးလျက်ရှိသည်။ မအူပင်ခရိုင် အနေဖြင့် ပိုက်ဆံလျှော် စုစုပေါင်းစိုက်ဧက (၄၄၀၀) ဧကရှိပြီး၊  ပန်းတနော် (၁၃၅၀)ဧက ညောင်တုန်းမြို့နယ် (၁၄၅၀)၊ ဓနုဖြူမြို့နယ် (၁၆၀၀)ဧက စိုက်ပျိုးကြောင်း သိရသည်။  သစ်စိမ်းမြေဩဇာသည် ကျွဲနွားအစားအစာ၊ လျှော်မျှင်သုံးရန် စိုက်ပျိုးကြကြောင်း သိရသည်။ ကြီးထွားနှုန်းမြန်သော သဘာဝသစ်စိမ်းမြေဩဇာ တစ်မျိုးဖြစ်သည်။ ပိုက်ဆံလျှော်စိုက်ပျိုုးခြင်းဖြင့် မြေဆီလွှာ ဂုဏ်သတ္တိ တိုးပွားရုံသာမက အပေါ်ယံမြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးနိုင်ပြီး မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်သည်။

သစ်စိမ်းမြေဩဇာပြုလုပ်ခြင်း

          မိုးရာသီတွင် သစ်စိမ်းမြေဩဇာပြုလုပ်သည့်စိုက်ခင်းမှာ (၁)ဧကအတွက် Bio Mass (၅.၇)တန် ရှိရမည်ဖဖြစ်သည်။ ရာသီဥတုအခြေအနေကောင်းပါက စိုက်ပျိုးပြီး (၈)ပတ်မှ (၁၂)ပတ်အကြာအတွင်း Bio Mass  (၁၀)တန်လျှင် နိုက်ထရိုဂျင်ပမာဏ (၁၅၀) ကီလိုမီတာဂရမ် အထက် ထုတ်ပေးနိုင်ကြောင်း သိရသည်။  စိုက်ပျိုးပြီး (၄၀-၄၅)ရက်သား ပန်းမပွင့်မှီအချိန် သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။  ပန်းပွင့်ပြီး မျိုးစေ့ဖွံ့ဖြိုးချိန် နိုင်ထရိုဂျင်ထုတ်လုပ်မှု လျော့ကျသည်။  သစ်စိမ်းမြေဩဇာပြုလုပ်လိုပါက စိုက်ပျိုးပြီး (၄၅)ရက် သားသည် အကောင်းဆုံးဖြစ်၍ ထယ်ထိုးပြီး ထွန်မွှေရကြောင်း သိရသည်။

စိုက်ပျိုးခြင်း

   သစ်စိမ်းမြေဩဇာ စိုက်ပျိုးချိန်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မျိုးစေ့ထုတ်စိုက်ပျိုးပါက မြန်မာနိုင်ငံအထက် ပိုင်းဒေသများတွင် မေ၊ ဇွန် နှင့် အောက်ပိုင်းဒေသများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးသင့်ပါသည်။ မြေအမျိုးအစား PH ၅-၈.၅ ရှိသော မည်သည့်မြေအမျိုး စားမဆို စိုက်နိုင်ပြီး နုန်းနုမြေသည် အသင့်တော်ဆုံးဖြစ်သော်လည်း မြေညံ့သည် သဲဆန်သော ဒေသများတွင် အခြားသီးနှံစိုက်ပျိုးမရနိုင်ပါက ပိုက်ဆံလျှော်ကို စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ပိုက်ဆံလျှော် စိုက်ပျိုးပါက ၁ဧကလျှင် တန်းကြား (၁)ပေ၊ ပင်ကြား (၄) လက်မ၊ မျိုးစေ့အနေဖြင့် (၂.၅) ပြည်နှုန်း ကြဲပတ်စိုက်ပျိုးပါက (၄.၆)ပြည်နှုန်း သုံးစွဲစိုက်ပျိုးရသည်။  စိုက်ပျိုးပြီး ရက်(၃၀)ကြာ ရေတစ်ကြိမ်သာ သွင်းနိုင်သည်။  မိုးရာသီးတွင် စိုက်ပျိုသော ပိုက်ဆံလျှော်သည်  စိုက်ခင်းမှ တစ်ဧကလျှင် အထွက် (Bio Mass) (၅.၇)တန် ရရှိသည်ဟူ သိရသည်။  မျိုးစေ့ထုတ်စိုက်ခင်း တစ်ဧက စိုက်ခင်းမှ(၈-၁၀)တင်းနှုန်း ထွက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနမှ စိုက်ပျိုးတောင်သူထံ မြေပြင်ကွင်းဆင်းစိုက်ပျိုးလေ့လာမှု အရသိရှိရသည်။

မျိုးစေ့ထုတ်စိုက်ပျိုးခြင်း

  မျိုးစေ့ထုတ်စိုက်ပျိုးမည်ဆိုပါက ၁ဧက လျှင် တန်းကြား(၁.၅)ပေ ၊ ပင်ကြား (၆)လက်မ၊ မျိုးစေ့၊ (၁.၅)ပြည်နှုန်း သုံးစွဲရသည်။  မျိုးစေ့ထုတ်စိုက်ပါက သက်တမ်း ၅လကြာမြ့ကြောင်း ရက်(၁၅၀)တွင် အသီးအတောင့်လေးများ သရေသားကဲ့သို့ ဖြစ်လာပြီး ဖောင်းတင်းနေချိန်တွင် ရိတ်သိမ်းရသည်။ ခန့်မှန်းရက်မှာ အပင်လှုပ်ကြည့်ပါက အသီးတောင့်လေးများ လှုပ်ခါသံကြားလျှင် ရိတ်သိမ်းရန် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

          သီးနှံများအထွက်တိုးစေရန် ဓာတ်မြေဩဇာများ နှစ်စဉ်ဆက်တိုက် လွန်ကဲစွာသုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓါတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်း၊ ဓါတုဓါတ်ကြွင်းများကြောင့် လူနှင့် သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှုအား ကျော်လွှာနိုင်ရန် သက်တမ်းတိုတိူအတွင်း ကြီးထွားမှုနှုန်းမြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏများများ ထုတ်ပ‌ေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့် အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်းနှင့် Cover Crop (မြေစာပင်) အဖြစ်စိုက်ပျိုးပါက အကျိုးများသည့် သီးနှံဖြစ်သည်။

          ပုံမှန်အားဖြင့် ပိုက်ဆံလျှော်သည် ပိုးမွှားကျရောက်မှု အန္တရာယ်နည်းပါး၍ ပိုးသတ်ဆေးသုံးရန်မလိုအပ်ပါ။ နီမတုတ်ရောဂါကျရောက်မှု လျှော့ပေးသည့်အတွက် သီးလှည့်စိုက်ပျိုးပေးနိုင်သည်။ သစ်စိမ်းမြေဩဇာကြောင့် မြေကြီးထဲတွင် အကျိုးပြု ဘက်တီးရီးယားများနှင့် တီကောင်များ ပွားများစေပါသည်။ အကျိုးပြုသတ္တဝါများခြင်းကြောင့် အပင်အတါက် အသုံးဝင်သော အဟာရများကို ဖြိုခွဲနိုင်လေလေ ဖြစ်သည်။  နွေရာသီတွင် မြေကြီး အပုချိန်မတက်ရန် ထိန်းပေးနိုင်သည်။ ဆောင်ရာသီတွင် မြေကြီးအပူချိန် အရမ်းကျမသွားအောင် ထိန်းညှိပေးသည်။ ပိုက်ဆံလျှော်အမြစ်သည် မြေကြီး နက်နက်ထဲသို့ ဆင်းနိုင်ပြီး အပင်အဟာရကို အပေါ်ယံလွှာသို့ သယ်ဆောင်ပေးသည်။  သစ်စိမ်းပင်များပင်တွေက သီးနှံပင်တွေကို ကူညီပေရုံသာမက ပတ်ဝန်းကျင်ကိုပါ ကူညီပေးနိုင်သည်။ သစ်စိမ်းမြေဩဇာသုံးစွဲခြင်းအားဖြင့် ဓါတ်မြေဩဇာ များများသုံးရန်မလိုအပ်ပါ။ ဓါတ်မြေဩဇာလျှော့သုံးလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင် မြေကြီးနှင့် ရေထဲသို့ ဓါတုအဆိပ်တွေ စီးဆင်းမှု လျော့နည်းသောကြောင့် စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်ကြောင်း ရေးသား တင်ပြလိုက်ပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ဘိုပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ဘိုပဲများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင်ရောင်းချသည့် ဘိုပဲ ဈေးနှုန်းမှာ()ပြည်လျှင် (၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ်မှ ဇူလိုင်လ တွင် ငှက်ပျောသီးများ ရန်ကုန်သို့တင်ပို့

      ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေအများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ငှက်ပျောသီးရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

    ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လအတွင်း အဖီးရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ဒေသတွင်းလည်း ဖီးကြမ်းငှက်ပျောသီး ရောင်းဝယ်ယူမှုများလျက်ရှိသည်၊၊ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ ဇူလိုင်လတွင် ငှက်ပျောသီးအဖီး ၁၀၀လျှင် ငွေကျပ် ၁၇၀၀၀၀ထိ ဈေးကောင်းပေး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပြီး မြို့နယ်တွင်း ရောင်းချနေသောငှက်ပျောသီး ၁ဖီးလျှင် ၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ငှက်ပျောသီးရောင်းချသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာနှင့် ပဲလွန်းဖြူများကို ဒေသတွင်းမှစိုက်ပျိုးထွက်ရှိသည့်ပဲများအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြပါသည်။

ပဲလွန်းပြာ

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင် (၅၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီးဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲလွန်းဖြူ

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ(၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သည့် ပဲဖြူပြားဈေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားနှင့် ပဲဖြူပြားများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များ မှာဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲဖြူပြားများ ကိုမန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချ ကြပါသည်။

ပဲဖြူပြား

  ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင်ရောင်းချသည့် ပဲဖြူပြားဈေးနှုန်းမှာ ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူပြား(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီးဈေးငြိမ်နေကြောင်း၊ ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ပဲဖြူပြားကို ရေစိမ်ပြီးအခွံချွတ်၍ ပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖို များ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲပုတ်စေ့ဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲပုတ်စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲပုတ်များကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ လကုန်အပတ်တွင်  ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင် (၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး  ဈေးငြိမ်နေကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့် သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း