မကွေးမြို့ပေါ်ရှိ ဈေးများတွင် ပန်းဈေးနှုန်းများမြင့်တက်လျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ဒေသတွင်းပန်းများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ပန်းမျိုးစုံတို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းမျိုးစုံ ရောင်းချသူများထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် မကွေးမြို့၌ ဖြစ်ပေါ်နေသော ပန်းဈေးနှုန်းများမှာ နှင်းဆီပန်း(၁၀ပွင့်) တစ်စီးလျှင် ငွေကျပ်(၄၀၀၀-၅၀၀၀)၊ သစ်ခွပန်းခိုင် တစ်စီးလျှင် ငွေကျပ် (၅၀၀၀-၇၀၀၀)၊ သစ္စာပန်း(၅ ပင်) တစ်စီးလျှင် ငွေကျပ် (၃၀၀၀-၃၅၀၀)၊ ဂန္ဓမာပန်း(ပွင့်သေး) တစ်စီးလျှင် ငွေကျပ် (၂၅၀၀-၃၀၀၀)၊ ဂန္ဓမာပန်း(ပွင့်ကြီး)တစ်စီးလျှင် ငွေကျပ် (၅၀၀၀-၆၀၀၀)၊ နှင်းပန်း တစ်စီးလျှင် ငွေကျပ် (၂၀၀၀-၂၅၀၀)၊ ပန်းတိမ်ငိုပန်း တစ်စီးလျှင် ငွေကျပ်(၃၀၀၀-၃၅၀၀)၊ သပြေငုတ် တစ်ပင်လျှင် ငွေကျပ် (၃၀၀၀-၅၀၀၀)၊ သပြေညွန့် တစ်စီးလျှင် ငွေကျပ် (၅၀၀)နှင့် ရေမွှေးပန်း တစ်စီးလျှင် ငွေကျပ် (၁၅၀၀-၂၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း၊ မိုးရွာသွန်းမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သယ်ယူစရိတ်မြင့်မား၍ ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)