Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့လှော် ဈေးနှုန်း

     ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော်(ရိုးရိုး)လက်က္ကား တစ်ပြည်လျှင်(၉၃၀၀)ကျပ်၊ နေကြာစေ့လှော်(ရိုးရိုး)လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ် နှင့် နေကြာစေ့လှော်(သစ်ကြားသီးအနံ့) တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၅-၂၀၂၆ မိုးစပါး စိုက်ပျိုးထွက်ရှိကြောင်း သိရ

   မအူပင်ခရိုင်၊ ဓနုဖြူ မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ မနောသုခ၊ ဆင်းသုခ ၊ ရက် ၉၀ ၊ ကရင်မ ၊ GW11 နှင့် မျိုးကွဲစပါးမျိုးများကို မျိုးစေ့ချစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက် လက်ဆွဲကောက်စိုက်စက်များကိုအသုံးပြု စိုက်ပျိုးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့်အတူ တောင်သူဦးကြီး များ၏ ကြိုးပမ်းအောင်မြင် စိုက်ပျိုးခြင်းများဖြင့် လျာထားဧကထက် ပိုမိုကျော်လွန် စိုက်ပျိုး ပြီးစီးခဲ့ကြောင်း သိရသည်။

   ဓနုဖြူမြို့နယ် မိုးစပါးတစ်ဧက ပန်းတိုင်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များကို အသုံးချတတ်စေရန် နည်းပညာပြန့်ပွားရေးစိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာများက  ကျေးရွာ များ အရောက် တောင်သူအသိပညာပေးဟောပြောခြင်း ကွင်းသရုပ်ပြခြင်းများ၊ သွင်းအားစုများပံ့ပိုး ပေးခြင်း၊ သဘာဝဓာတ်မြေသြဇာ ရောစပ်ကြဲပက်နည်းစနစ်များကို ဖြန့်ဖြူးသင်ကြား လက်တွေ့ အသုံးချ၍ မိုးစပါးများအထွက်နှုန်းတိုးတက်စေသည့် တောင်သူဦးကြီးများအား အသိပညာ၊ နည်းပညာများ ဖြန့်ဖြူးပေးခြင်းများဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း စေခဲ့ကာ လယ်ယာကဏ္ဍ သီးနှံထုတ်လုပ်ကုန်ထုတ်လုပ်မှု တိုးတက်လာစေပြီး အထွက်နှုန်း ကောင်းသော မျိုးစပါး၊ အရည်အသွေး ကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များ တိုးပွားလာ စေရန် တာဝန်ရှိဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းကာ လယ်မြေများအရောက် ကွင်းဆင်း ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် မြို့နယ်အတွင်း ဆန်စပါးဖူလုံ စေသည့်အပြင် အဓိကစားသောက် ကုန် ဆန်စပါးအား ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဆန်စပါး စိုက်ပျိုးရာ၌ တစ်ဧကပန်းတိုင်ထွက်ရှိရေးနှင့် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး ဓနုဖြူမြို့နယ် ကျေးရွာများတွင် စပါးများ စတင်ရိတ်သိမ်းနေပြီးဖြစ်ကြောင်း ၁ဧက စပါးထွက်ရှိမှု ၆၅တင်း- ၈၅ တင်းနှုန်း လယ်မြေပေါ်မတူညီပဲ ရိတ်သိမ်းထွက်ရှိကြောင်းနှင့် လက်ရှိစပါးပေါက်ဈေးမှာ ၁၁သိန်းကျော်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း ဓနုဖြူမြို့နယ် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးချက်များအရသိရှိရသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော နံနံပင် နှင့် ရှမ်းနံနံပင် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင် နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံ ပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။  

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ် နေသော နံနံပင် ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)စီး နှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံပင် တစ်စီးလျှင်(၃၀၀)ကျပ် (၂)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း နံနံပင်သည် မြန်မာ့တို့၏ ရိုးရာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့်အတွက် အသုံးများပြီး ရောင်းအားကောင်းလျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒညင်းသီး ဈေးနှုန်း

     ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီးနှင့် ဒညင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေ‌သော ဒညင်းသီး ဈေးနှုန်းအနေဖြင့် ဒညင်းသီး အကြီး တစ်လုံးလျှင်(၃၀၀/၂၅၀)ကျပ် နှင့် ဒညင်းသီး အသေး တစ်လုံးလျှင်(၂၀၀/၁၅၀)ကျပ်၊ ဒညင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံး အသေးတစ်လုံးလျှင်(၂၀၀/၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး (၄/၅)လုံး ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒညင်းသီးသည် လူအများကြိုက်နှစ်သက်သော်လည်း ကျန်းမာရေးနှင့်မညီညွတ်ပဲ ဆီးကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက် များများစားသုံးရန်မသင့်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရာသီတုန်းတော့မည့် တောင်ဘို့မှို နှင့် တောမှိုအစုံ ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်းခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်း ကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက် ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းအနေဖြင့် တောင်ဘို့မှို တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း တောမှို ဈေးနှုန်း အနေဖြင့် တောမှို တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်း သော်လည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ဆူးပုတ်ရွက် နှင့် အဝေရာရွက်ပြုတ် ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက် ရောင်း ချခြင်းဖြစ်ပါသည်။

     ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း(၁)စည်းလျှင်(၂၀၀)ကျပ် ၊(၃)စီးလျှင်(၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၁၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း အလားတူပင် အဝေရာရွက်ပြုတ် တစ်စည်းလျှင်(၃၀၀)ကျပ်(၂)စည်းလျှင်(၅၀၀)ကျပ်  ဈေးနှုန်းတို့ဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂွေးသီး၊ သီးသီး  နှင့် စောင်းလျှားသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ သီးသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များ ကိုလည်းစိုက်ပျိုးကြသည့်အနက် ဂွေးသီးပင်၊ သီးသီးပင် နှင့် စောင်းလျှားသီးပင်များ ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂွေးသီး  ဈေးနှုန်းအနေဖြင့် ဂွေးသီး အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ ငွေကျပ်(၅၀၀)ဖိုး(၁၁)လုံး၊ အသေး တစ်လုံး လျှင်(၃၅)ကျပ်၊ ငွေကျပ်(၁၀၀)ဖိုးလျှင်(၃)လုံးဈေးနှုန်းတို့ဖြင့် လည်းကောင်း သီးသီးဈေးနှုန်း အနေဖြင့် သီးသီး အကြီး တစ်လုံးလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၂၀၀)ဖိုး(၃)လုံး၊ အသေး တစ်လုံးလျှင်(၅၀)ကျပ်၊ ငွေ ကျပ်(၁၀၀)ဖိုးလျှင်(၃)လုံး ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် စောင်းလျှားသီး အကြီး တစ်လုံး လျှင်(၅၀)ကျပ်၊ ငွေကျပ်(၂၀၀)ဖိုး(၅)လုံး၊ အသေး တစ်လုံးလျှင်(၂၅)ကျပ်၊ ငွေကျပ်(၁၀၀)ဖိုး (၄)လုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဂွေးသီး၊ သီးသီး နှင့် စောင်းလျှားသီးများကို ကျောင်းမုန့်ဈေးဆိုင်တန်းမှ ဈေးသည်များ၊ အချဉ်ပေါင်းသည်များနှင့် ရပ်ကွက်ဈေးတန်းများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်းမှ ထွက်ရှိသည့်  ရေချို  ငါးရံ့နှင့် ငါးရံ့ခြောက် ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀၀)ကျပ် ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၈၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ငါးရံ့သည် အခြားငါးများထက် အသားကျစ်လစ်ပြီး အရိုးနည်းသည့်အတွက် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိကြောင်း ငါးသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  ငါးချောင်း ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

     ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

   အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာလ(၁၇)ရက် နေ့မှ စက်တင်ဘာလ(၂၃)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 10၀၀ မှ 25၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 25၀၀ မှ 35၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 60၀၀ မှ 70၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 100၀၀ မှ 120၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 15၀၀ မှ 25၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၃၀0၀ မှ 50၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 5၀0၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 130၀၀ မှ 140၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 15၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1586200)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (55045) ကျော်၊ ဗူးသီးအလုံးပေါင်း (23885)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(11002)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (111625)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (60500)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (12150) ကျော်၊ ဖရဲသီးလုံးပေါင်း(44625)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

 DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း