Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲပြားအကြောင်း တစောင့်တစောင်း

     ပဲပြားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌စားသုံးနေကြပြီး ချက်ပြုတ်ရန် လွယ်ကူသော အစားအစာ ဖြစ်သည့်အပြင် ဝယ်ယူရာ၌လည်းဈေးနှုန်းသက်သာလှသည်။ အာဟာရဓာတ် များစွာနှင့် ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သောပဲပြားကို ပဲပိစပ်မှထုတ်လုပ်ထားသော ပဲနို့မှ ပြုလုပ်ခြင်းဖြစ်ကာ ပဲပိစပ်အရည်ကို ကျိုချက်၍အဖတ်များကို စစ်ထုတ်လိုက်သောအခါ ပဲနို့ကိုရရှိပြီး ပဲနို့ထဲသို့ ခဲစေသောဓာတ်ပစ္စည်း မဂ္ဂနီဆီယမ် ကလိုရိုက် သို့မဟုတ် ကယ်လ်ဆီယမ် ဆာလဖိတ်ကို ထည့်လိုက်ခြင်းဖြင့် ပဲနို့သည် ဒိန်ခဲကဲ့သို့ အဖတ်များအဖြစ် စတင်ခဲလာပါသည်။ ခဲထားသောအဖတ်များကို ဖိနှိပ်ခြင်း၊ ရေစစ်ထုတ်ခြင်းဖြင့်ပြုလုပ်ကာ လိုချင်သောပုံစံပေါ် မူတည်၍ ပျော့ပြောင်းသော၊ မာသောပဲပြားအတုံးများအဖြစ် ပုံသွင်းကာ ပဲပြားကိုရရှိလာပါသည်။

        ပဲပြားတွင်ပါဝင်သော Isoflavones ဓာတ်သည် သွေးတွင်းရှိမကောင်းသော ကိုလက်စထရော ကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့နည်းစေပါသည်။ ကယ်လ်ဆီယမ် ပါဝင်မှု ကြောင့် အရိုးပွရောဂါ ဖြစ်ပွားခြင်းမှကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်းပြီး ပရိုတင်းဓာတ် များစွာပါဝင်သည့်အတွက်ကြောင့် အစာ စားချင်စိတ်ကို ထိန်းချုပ်စေနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် သင့်လျော်ပါသည်။ မြန်မာနိုင်ငံတွင် ပဲပြားကို ပဲပြားဟင်း၊ ပဲပြားဟင်းချို၊ ဟင်းသီးဟင်းရွက်များနှင့်ရောနှောကြော်ချက်ခြင်း စသဖြင့် အမယ်မျိုးစုံချက် ပြုတ်စားသောက်ကြပါသည်။ ပဲပြားတုတ်ထိုး၊ ပဲပြားသုပ်၊ ပဲပြားအစာသွပ်တို့ကို မိမိတို့အိမ်တွင်လည်း လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊ စီးပွားဖြစ်ရောင်းချရာတွင်လည်း အရင်းအနှီး နည်းပါးပြီး ရောင်းပန်း လှသောကြောင့် ပဲပြားသည်အစားအသောက်လုပ်ငန်းတွင် အမြဲမပြတ် နေရာယူ တွင်ကျယ်လျက်ရှိနေပါသည်။

DOCA(ပဲခူး)   

  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရုံးပတီးသီး

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများအပြင် သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာ ပြီးရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၂၅) ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ရုံးပတီသီး(၁) ပိဿာလျှင် (၄၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အ တွင်းရှိကျေးရွာများမှ ရုံးပတီသီးများ ဝင်ရောက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။        

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကွမ်းဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်း ရွက်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ကြက်ကင်၊ငါးကင်နှင့်အကင်စုံဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

   ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေး တစ်ကောင်လျှင်(၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၃၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင် (၅၀၀၀)ကျပ်၊ ကြက်ရင်ပုံ(၁)ကင်လျှင် (၈၀၀၀)ကျပ်၊ ကြက်သဲမြစ်(၃)ချောင်း (၂၀၀၀) ကျပ်၊ ကြက်ခြေထောက်(၁)ချောင်း (၇၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင် (၅၀၀)ကျပ်နှင့် အသားတုကင် (၆)ချောင်း (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

တောင်ငူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုပ်ဈေးကွက်အကြောင်း

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးထဲသို့ ဂေါ်ဖီထုပ် အဓိကစိုက်ပျိုးသော ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းနှင့်က‌လောမြို့တို့မှ ဂေါ်ဖီထုပ်များ ယခုအောက်တိုဘာလတွင် အများအပြားဝင်ရောက်လာကြပြီးရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် စသော မြို့ကြီးများဆီသို့လည်း တင်ပို့လျက် ရှိနေပါသည်။ နေပြည်တော်၊ တပ်ကုန်းမြို့တွင် လည်း ဂေါ်ဖီထုပ်စိုက်ပျိုးပြီး နေပြည်တော်ဈေးကွက် အပြင် တောင်ငူဒေသသို့လည်း တင်ပို့လျက်ရှိကာ ဂေါ်ဖီထုပ်ဈေးကွက်ကျယ်ပြန့်လျက်ရှိနေပါသည်။

    ဂေါ်ဖီထုပ်များကို စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့်အသုပ်ရောင်းချသူများက အဓိက ဝယ်ယူနေကြပြီး အရောင်းသွက်လျက်ရှိကာ တောင်ငူမြို့နယ်၊ ညောင်ပင်လေး‌ဈေးထဲတွင် ဂေါ်ဖီထုပ် ၅၀ ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ၁ ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့်ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(ပဲခူး)   

တောင်ငူမြို့နယ်အတွင်းရောင်းချနေသော မုန်ညင်းဖူးဈေးနှုန်း

     မုန်ညင်းဖူးသည် အပွင့်ဝါဝါလေးများနှင့်အရွက်စိမ်းစိမ်းရှိကာ အရွက်ထက်ပင်စည်ရိုးတံကို ကြော်စားလေ့ရှိပြီး ငါးပိရည်အတို့အမြှုပ်အဖြစ် မုန်ညင်းဖူးကို ပြုတ်စားခြင်း၊ ချဉ်ရည်ဟင်းအဖြစ် ချက်စားခြင်းတို့ ပြုလုပ်စားသုံးနိုင်ပါသည်။ မုန်ညင်းဖူးသည် အအေးကြိုက်သော သီးနှံဖြစ်သော ကြောင့် မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးအချိန်မှစ၍ ရက်ပေါင်း ၂၅ ရက်မှ ရက် ၅၀ အတွင်းစားသုံးနိုင်ပါသည်။ မုန်ညင်းဖူး အဓိကပေါ်ချိန်သည် အောက်တိုဘာလမှ ဖေဖော်ဝါရီလလောက်အထိဖြစ်ပြီး ထိုကာလများတွင် တွေ့ရသော မုန်ညင်းဖူးသည် ပို၍ လတ်ဆတ်ကာအရသာချိုမြပါသည်။

     တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးတွင် မုန်ညင်းဖူး ၁ စည်းလျှင် ၇၀၀ ကျပ် ဖြင့် ရောင်းချနေပြီး ယခုအောက်တိုဘာလသည် မုန်ညင်းဖူးများ စတင်ပေါ်ချိန် ဖြစ်သောကြောင့် ဈေးကောင်းလျက်ရှိနေပြီး နောက်ပိုင်းကာလများတွင် ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရသည်။

DOCA(ပဲခူး)   

အရမ်းစားကောင်း ရှမ်းငါးပေါင်းကြော်အကြောင်း

      အိမ်ရှင်မများသည်  မိမိတို့အိမ်တွင် အပျင်းပြေစေရန် သရေစာ မြန်မာမုန့်များနှင့် အကြော်စုံများကို တစ်ခါတစ်ရံ ပြုလုပ်စားလေ့ရှိကြသည်။  အကြော်စုံများထဲမှ  ရှမ်းငါးပေါင်းကြော်ကိုလည်း လုပ်စားကြသည်။

    ရှမ်းငါးပေါင်းကြော်ပြုလုပ်ရာတွင် ပါဝင်မှုပမာဏအနေဖြင့် ကောက်ညှင်းတစ်ပြည်ကို ဆန် နို့ဆီဗူး ၂လုံး ရောစပ်၍ မုန့်နှစ်ရအောင် ကြိတ်ရပါသည်။ ကြိတ်ထားသော မုန့်နှစ်များကို ၄ နာရီ မှ ၅နာရီခန့် စစ်ထားရသည်။ စစ်ပြီးသား မုန့်နှစ်များကို ပဲမှုန့်စိမ်း (၅)ကျပ်သားခန့်၊ ယိုးဒယားမယ်အသေး (၁) ထုတ်၊ ကြက်သွန်နီ (၁)ပိဿာ၊ ကြက်သွန်ဖြူ (၁၀)ကျပ်သား၊ အားလူး (၅၀) ကျပ်သားတို့ကို ဂျင်း၊အချိုမှုန့်၊နနွင်းမှုန့်နှင့် မဆလာတို့ လိုအပ်သလို ထည့်၍ သမအောင် ရောနယ်ရသည်။

          အဆိုပါ မုန့်နှစ်များကို အသင့်တည်ထားသော ဆီပူအိုးထဲသို့ ထည့်ကြော်ခြင်းဖြင့် ရှမ်းငါးပေါင်းကြော်အဖြစ် ရလာသည်။ ထို့ပြင် မိမိနှစ်သက်ရာ အသား(သို့မဟုတ်)ငါး တစ်မျိုးမျိုး ထည့်၍လည်း ကြော်စားနိုင်သေးသည်။

          ရောင်းချသူများအနေဖြင့် ရှမ်းငါးပေါင်းကြော် ဒိုးဝိုင်းစာ ၁ခုလျှင် (၂၅၀)ကျပ်၊ ၄ခုကို (၁၀၀၀)ကျပ်ဖြင့် ရောင်းချပြီး မိမိတို့အိမ်တွင်လည်း အလွယ်တကူလုပ်စားနိုင်ကြောင်း ရှမ်းငါးပေါင်းကြော် ရောင်းချသည့် ဈေးသည်ထံမှ မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

ကန့်ဘလူမြို့နယ်၌ ဒေသထွက် သနပ်ခါးတုံးများ ပုံမှန်အရောင်းအဝယ်ဖြစ်

           စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာကိုသနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

     မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ အောက်တိုဘာလ တတိယပတ် အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀မှ ၈၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ် နှင့် (၃)တုံးလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

တောင်ငူမြို့ဈေးများရှိ ဝဥဈေးနှုန်း

     ဝဥအပင်သည် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းပြီး အအေးပိုင်းဒေသများနှင့် တောင်ပေါ်ဒေသများတွင် ဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်သည်။ ဝဥအပင်သည် စိုက်ပျိုးရ လွယ်ကူသော အပင်တစ်မျိုးဖြစ်သည်။

    ယခုအခါ အထက်တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ   ထွက်ရှိသော ဝဥကို ကုန်ကြမ်းအဖြစ်မှ အသင့်စားသုံးနိုင်သော အဆင့်ရောက်အောင် အချောပြုလုပ်ပြီး တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

     ဝဥကို အသုတ်စုံများ ပြုလုပ်ရာတွင် အများဆုံး ထည့်သွင်းအသုံးပြုသည်။ ထို့ပြင် ဟင်းချက်စားခြင်းဖြင့်လည်း စားသုံးကြသေးသည်။

        ဝဥ ဈေးနှုန်းမှာ ယခင်လ နှင့် ယခု အောက်တိုဘာလ တတိယ အပါတ်အထိ ဈေးနှုန်းမှာ ပြောင်းလဲမှုင မရှိပဲ ဝဥ ၂၅ ကျပ်သား လျှင် ၁၅၀၀ ကျပ် ၊ တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရောင်းရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)             

ဘူးပင်းစိုက်ပျိုး ဝင်ငွေတိုး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေး ကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရသည်။

        ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုမိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ဈေးကွက် အနေဖြင့် ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ အောက်တိုဘာလ တတိယ ပတ်တွင် ဘူးသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး() စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွှန့်()စီးလျှင် (၅၀၀)ကျပ်နှင့် ()စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ ဘူးသီးကို အကြော်ဆိုင်များမှ အဓိကဝယ်ယူပြီး စားသောက် ဆိုင်များနှင့် ထမင်းဆိုင်များကလည်း ဝယ်ယူကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း