Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ ဖရုံညွန့်စျေးကွက်

    ဖရုံပင်များသည် မြေအမျိုးမျိုတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်လည်းခံနိုင်ရည်ရှိပါသည်။ ထားဝယ်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် မိမိတို့ လယ်ယာများနှင့် နေအိမ်များတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ဖရုံပင်များလည်း စိုက်ပျိုးထား ကြသည်။

    ဖရုံပင်များမှ ဖရုံသီးများအပြင် ဖရုံညွန့်များလည်း ခူးဆွတ်နိုင်ပါသည်။ ခူးဆွတ်ပြီးသော ဖရုံညွန့်များကို ရက်ကွက်စျေးသယ်များအပြင် ထားဝယ်မြို့ကမ်းနားစျေးနှင့် စည်ပင်သာယာစျေးတို့တွင် လာရောက်ရောင်းချကြပါသည်။ ဖရုံညွန့်(၁)စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြရာ ပြည်သူများအတွက် တွတ်ချေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ပန်းသစ်တော်သီးဈေးနှုန်း

       ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးနှင့် ညနေဈေးတို့ရှိ သစ်သီးဆိုင်များ၌ သစ်သီးမျိုးစုံရောင်းချလျက်ရှိရာ ပန်းသစ်တော်သီးမှာလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး လူကြိုက်များကြကြောင်း သိရှိရပါသည်။ ရန်ကုန်၊ မော်လမြိုင်ဘက်မှ ကားများဖြင့် ထားဝယ်မြို့ရှိ သစ်သီးဒိုင်များသို့ တင်ပို့ကြပြီး ထိုမှတဆင့် သစ်သီးဆိုင်များသို့ ပြန်လည်ဖြန့်ဖြူးလျက်ရှိကြောင်းလည်း သိရှိရပါသည်။

     ထားဝယ်ဈေးကွက်၌  ပန်းသစ်တော်သီး ဈေးကောင်းလျက်ရှိပြီး  တစ်လုံးလျှင် (၃၅၀၀)ကျပ်မှ(၄၀၀၀)ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိရာသီစာကင်ပွန်းချဉ်ရွက်ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ကင်ပွန်းချဉ်ရွက်သည် အူရှင်းစေသောအစားအစာဖြစ်ပြီး ကင်ပွန်းသီးကိုလည်း ခေါင်းလျှော်ရည်ထဲတွင်ထည့်သွင်းအသုံး ပြုကြပါသည်။ 

   ယခုအခါ စည်ပင်သာယာဈေးတွင် ကင်ပွန်းချဉ်ရွက်များကို ထားဝယ်မြို့အနီးတစ်ဝိုက်ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိကြောင်း(၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ဒေသထွက် ဗုံလုံသီး(ပဲလင်းမြွေသီး)ဈေးနှုန်း

      ထားဝယ်တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး ယခုအခါ ရေလောင်း၍ စိုက်ပျိုးကြသည်။ ထားဝယ်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံအလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတုံးလေးများတုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကို ထောင်းပြီး အစာသွပ်ချက်စားလျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်များပါသဖြင့် စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ 

     ဗုံလုံသီး(ပဲလင်းမြွေသီး)ကို တစ်တောင့်လျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

မိုးဦးကာလ ထားဝယ်မြို့ ကန်စွန်းရွက်စျေးနှုန်း

   ကန်စွန်းရွက်သည် လူအများစားသုံးကြပြီး အဆိပ်အတောက်များကိုပြေပျောက်နိုင်စွမ်းရှိသော ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ကန်စွန်းရွက်ပင်သည် ရေကြိုက်ပြီး ရေရရှိသော ကန်၊ ချောင်းများတွင် သဘာဝအလျှာက် ပေါက်ရောက်ကြပြီး စိုက်ပျိုးပင်များလည်းရှိပါသည်။ ယခု မိုးဦးကျကာလများတွင်  ကန်စွန်းရွက်များသည်  ကောင်းစွာဖြစ်ထွန်းပေါက် ရောက်လာကြပြီး   အလေ့ကျပေါက်အပင်များနှင့် စိုက်ပျိုးပင်များအား ဆွတ်ခူးရောင်းချလျက်ရှိရာ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ည‌စျေးတန်းတွင် ကန်စွန်းရွက် တစ်စည်းလျှင် ၁၅၀/၂၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ သုံးခွမြို့၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများ ”

       စက်တင်ဘာလ ပထမပတ်တွင် သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံ စားကုန် ကုန်ခြောက် ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (ဆိုဒ်စုံ)တစ်ပိဿာလျှင် (၁၄၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၁၀၀မှ ၁၆၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ အိုင်အိုဒင်းဆား တစ်ထုတ်လျှင် (၁၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ် လျှက်ရှိကြောင်း သိရသည်။

    အခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများအနေဖြင့် ယခုအပတ်တွင် ပစ္စည်းအမျိုးအစား အလိုက် သိသာထင်ရှားစွာ ပြောင်းလဲမှု မရှိကြောင်း ဝယ်ယူရရှိသည့် ပစ္စည်း အမျိုးအစားအလိုက် အနည်းအကျဉ်းသာ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း၊ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့် နောင်ပွဲရုံမှ ဝယ်ယူရောင်းချခြင်းဖြစ်ပြီး သုံးခွမြို့နယ်အတွင်းသို့ တစ်ရက်ခြားတစ်ခါ ကုန်ပစ္စည်း များ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

၁.၉.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီနှင့် အာလူးဈေးနှုန်းများ

      ၁.၉.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ ၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀ ၊  အောင်ပန်းထူး-၃ ကျပ် ၅၀၀၀အောင်ပန်းထူး-၄ ကျပ် ၆၀၀၀အောင်ပန်းထူး-၅ ကျပ် ၇၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၄၅၀၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၁၅၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၇၅၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၂၀၀/၁၅၅၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၁၀၀/၁၅၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၈၀၀/၁၂၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၄၅၀/၁၆၀၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၃၅၀/၁၄၅၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၁၁၅၀/၁၂၅၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၇၅၀/၉၀၀၊ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာ ဈေးနှုန်း များမှာ အောင်ပန်းအိုကေ(သစ်) ကျပ် ၅၂၀၀၊ အောင်ပန်း အေဝမ်း(သစ်) ကျပ် ၄၂၀၀၊ အောင်ပန်း အက်စ်ဝမ်း(သစ်) ကျပ် ၆၀၀၀ ရှိကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်နီ(မြင်းခြံ) ဈေးနှုန်းမှာ ဈေးအနည်းငယ်မြင့်တက်လျက်ရှိပြီး အာလူးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

၁.၉.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီးဈေးနှုန်းများ

      ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်တို့မှ ငရုတ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငရုတ်သီးဈေးနှုန်းများမှာ ၁.၉.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၁၀၀၀၊ မြစ်ဝ မိုးထောင် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း(ပု) (AC) ကျပ် ၂၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငရုတ်သီးဈေးနှုန်းမှာ  ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တွင် ဈေးနှုန်းပြောင်းလဲမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

၂.၉.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင်  ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂.၉.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၇၂၀၀၀) ကား (၉၆) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၂၃၆၀၀၀) ကား (၃၂) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၄၈၆၀၀)  ကား (၃၉) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဩဂုတ်လ (၂၇) ရက်နေ့ မှ စက်တင်ဘာလ () ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပုပ္ပါး၊ ပြည်မှ ဩဇာသီး တစ်သေတ္တာ(သေး) ကျပ် ၁၀၀၀၀၊ ခြင်း(သေး) ကျပ် ၂၂၀၀၀၊  မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၅၀၀/၅၀၀၀၊ သီပေါမှ နာနတ်သီး တစ်လုံး ကျပ် ၂၀၀၀/၃၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၂၅၀၀၀၊  ဘီးလင်း မှ ကျွဲကော သီး ကျပ် ၃၀၀၀/၅၀၀၀၊ အောင်ပန်းမှ လိမ္မော်သီးတစ်လုံး  ကျပ် ၈၀၀၊ ချောင်းဦး မှ ဖရဲသီး(211) အလုံးကြီး ကျပ် ၃၀၀၀/၅၀၀၀/၇၀၀၀၊  တိုက်ကြီးမှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၃၅၀၀၀/ ၈၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၈၀၀၀၀/၁၆၀၀၀၀၊ ရပ်စောက် မှ သရက်သီး တစ်သေတ္တာ ကျပ်  ၄၀၀၀၀/၅၀၀၀၀၊ တောင်ငူ မှ ဒူးရင်းသီး ကျပ် ၁၀၀၀၀/၂၀၀၀၀/၃၀၀၀၀ ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း