Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရှိနံနံပင်ဈေးနှုန်းများကျဆင်း

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် နံနံပင်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး (၁၀)ပင်စည်း တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၂၀၀)ကျထတဖြည်းဖြည်း ကျဆင်းလာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့ အတွင်းရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညို၊ ဝက်ထီးကန်၊ ရွှေတောင်၊ ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်ယမျာမကားလမ်းဖြင့်လည်းကောင်း၊ ရထားများဖြင့်လည်းကောင်း ရက်ခြားဝင်ရောက် လာရောက် ရောင်းချကြကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ၁၀ ပင်စည်း တစ်စည်းကို (၂၀၀)ကျပ်နှင့် တစ်ပိဿာလျှငကျပ်(၂၀၀၀၀)နှုန်းများဖြင့် အသီးသီးရောင်းချလျက် ရှိကြောင်းသိရ ပါသည်။ ဈေးနှုန်းချိုသာသောကြောင့် စားသုံးသူပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးမှုများကြောင့် ရောင်းအားတက်လာကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်တွေ့ရခဲသောရှားရှားပါးပါး ကိုင်းဥဈေးကွက်

  ပြည်မြို့တွင် တွေ့ရခဲသော ကိုင်းဥကို ပြည်မြို့၊ မြို့မဈေးကြီးတွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ကိုင်းဥကို ရန်ကုန်မြို့နှင့် အခြားမြို့များတွင်သာ ထွက်ရှိရောင်းချနေကြပြီး ပြည်မြို့ အနေဖြင့် ရောင်းချခဲသော ရာသီပေါ်အသီးတစ်မျိုးဖြစ်ပါသည်။ ကိုင်းဥ၏ အရသာမှာ နို့အရသာနှင့် စိမ့်သော အရသာရရှိကြောင်း သိရှိရပါသည်။   ပြည်မြို့တွင် ကိုင်းဥကို နို့ဆီဗူးတစ်ဗူးလျှင် အကြီး (၅၀၀၀)ကျပ်၊ အသေး (၃၀၀၀)ကျပ်နှုန်း ရောင်းချကြောင်း သိရှိရပါသည်။                                                             

DOCA(ပဲခူး)

ပြည်မြို့၏ သံပုရာသီးဈေးကွက်

           သံပုရာသီးကို နွေသီးနှင့် မိုးသီးဟူ၍ နှစ်မျိုးရှိပြီး ယခုမိုးတွင်းကာလတွင် သီးသော အသီးမှာ လှိုင်လှိုင်ထွက်ပြီး အသီးအလုံးလည်းကြီးကာ အရည်လည်း ရွှမ်းသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်လိုက်လျှက်ရှိပါသည်။ ယခင်က နွေရာသီတွင် ထွက်ရှိသော အသီးများမှာ အလုံး သေးပြီး အရည်နည်းကာ အထွက်နည်းသောကြောင့် တစ်လုံးလျှင် ၂၀၀ ခန့်ထိဈေးမြင့်ခဲ့သော်လည်း ယခု ဩဂုတ်လတွင်တော့ သံပုရာသီးအရည်ရွှမ်း၊ အလုံးကြီး တစ်လုံးကို (၈၀ - ၁၀၀)ကျပ်ခန့် ရောင်းချကြောင်း သိရှိရပါသည်

DOCA(ပဲခူး)

နတ်တလင်းခရိုင်ရှိ ဩဂုတ်လအတွင်းဖြစ်ပေါ်လျက်ရှိသော မတ်ပဲဈေးနှုန်းများ 

                ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော  မတ်ပဲဈေးနှန်းများမှာ  ယခင်ဇူလိုင်လတွင်  ရောင်းဝယ်ခဲ့သော  ဈေးနှန်း နှင့်  ယခုဩဂုတ်လဈေးမှာ  ကွာဟမှု့မရှိသည်ကို တွေ့ရှိရပါသည်။  ယခင်ဇူလိုင်လ စတုတ္ထပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင်(၉၆၅၀၀ကျပ်မှ၉၇၅၀၀)ကျပ်ဈေးဖြင့် ဈေးပိတ်ခဲ့ပါသည်။ယခုဩဂုတ်လ ပထမပါတ် အဖွင့်ဈေးမှာ (၉၇၅၀၀ကျပ်မှ၉၇၀၀၀)ကျပ် အတွင်းသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး  ဒုတိယပါတ်တွင် ဈေးနှုန်းများ ပြန်လည်  ကျဆင်းလျှက်  ရှိပြီး (၉၇၀၀၀ကျပ်မှ ၉၆၅၀၀ကျပ်)အတွင်းသာ ရောင်းဝယ်ခဲ့ပါသည် ယခုတတိယပါတ်တွင် အရောင်းအဝယ် ဖြစ်နေသော ဈေးနှန်းမှာ ဆတ်လက် ကျဆင်းလျှက်ရှိပြီး ပိဿာ(၂၀)တစ်တင်းကို (၉၆၀၀၀ကျပ်မှ၉၆၅၀၀ကျပ်)ဈေးဖြင့်သာအရောင်း   အဝယ် ဖြစ်နေသည်ကို လေ့လာသိရှိရပါသည်။ အရောင်းအဝယ် ဖြစ်မှု့အခြေအနေမှာ တောင်သူများမှ ရောင်းချမှု့ အနည်းငယ်သာရှိပြီး လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တညင်းကုန်းဈေးမှ ပီလောပီနံများဝင်ရောက်လာ

              ကမ္ဘာပေါ်တွင် လူတို့အဟာရအတွက် အဓိကထား စားသုံးသော သီးနှံ (၄)မျိုးအနက် ပီလောပီနံသည် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပီလောပီနံသည် စိုက်ပျိုးရလွယ်ကူသော  သီးနှံမျိုးဖြစ်ပါသည်။ ဓာတုဆေးဝါးသုံးစွဲမှု အနည်းငယ်သာ ရှိသောကြောင့် ဓာတ်ကြွင်း အာနိသင်နည်းပြီး စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးကြောင်းသိရပါသည်။

         ပီလောပီနံမှ စားသောက်ကုန်ပစ္စည်းများ အပြင်လူသုံးကုန်ပစ္စည်းများ၊ အဖျော်ယမကာ၊ ဇီဝလောင်စာ၊ အလှကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများနှင့် တိရစ္ဆာန်အစားအစာများ ထုတ်လုပ်ရောင်းချကြောင်း သိရပါသည်။ ယခု ဇူလိုင်လတွင်  ရန်ကုန် တညင်းကုန်းဈေးမှ နတ်တလင်းမြို့နယ် မြို့မဈေးကွက်အတွင်းသို့ ပီလောပီနံများ ဝင်ရောက်လာရာ ဇူလိုင်လ တတိယပတ်တွင် ပီလောပီနံ တစ်ပိဿာ (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိ သံပုရာသီးဈေးနှုန်း၊ ဈေးကွက်   

          နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်၌ ဟင်းသီးဟင်းရွက်နှင့် သီးနှံများကိုစိုက်ပျိုး ထွက်ရှိလျှက်ရှိရာ ယခု မိုးရာသီ ဖြစ်သောကြောင့် သံပုရာသီးများ အနည်းငယ် ပေါများ နေပါသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုပေးပါသည်။ ကျန်းမာရေးအတွက် ကောင်းကျိုးများ ကတော့ သွေးတိုးရောဂါလည်း ကာကွယ်ပေးပါသည်။ ကင်ဆာရောဂါများလည်း ကာကွယ် ပေးပါတယ်။ ကိုယ်အလေးချိန်လည်း ထိန်းညှိပေးပါသည်။ ကယ်လ်စီယမ် အနည်များကို ပျော်ဝင်စေနိုင်တာ ကြောင့်လည်း ကျောက်ကပ် ၊ ကျောက်တည်ခြင်း များကိုလည်း ကာကွယ်ပေးပါသည်။ သံပုရာရည်ဖျော်သောက်ခြင်းသည် မောပန်းနွမ်းနယ်မှုကို လည်းပျောက်ကင်းစေပါသည်။ ဒါကြောင့် သံပုရာသီးသည် မရှိမဖြစ် လိုအပ်သော  သီးနှံတစ်မျိုး လည်းဖြစ်ပါသည်။

               သံပုရာသီးဈေးနှုန်း များကတော့ သီးနှံဒိုင်များတွင် သံပုရာသီး (၁)လုံးလျှင် လက်ကားဈေး (၁၈)ကျပ်မှ (၂၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်နေပြီး မြို့မဈေးကွက်အတွင်း လက်လီ (၁)လုံးကို (၅၀)ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

 

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိပြောင်းဖူးစျေးကွက်

        နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ တောင်သူထံတွင်ရောင်းချနေသော ပြောင်းဖူး ဈေးနှုန်း များမှာ ပြောင်းဖူးပေါ်ချိန် ဖြစ်သောကြောင့် ပြောင်းဖူးများသည် အနည်းငယ်ပေါများ နေပါသည်။ ၂၀၂၅ခုနှစ်ဩဂုတ်လ တတိယပတ်တွင် နတ်တလင်းမြို့မဈေးကွက်အတွင်း  ပြောင်းဖူး (၁)ဖူးလျှင် လက်ကားဈေး (၄၀၀)ကျပ်မှ (၅၀၀)ကျပ်ဈေးဖြင့် လည်းကောင်း လက်လီ တစ်ဖူးမှာ (၇၀၀)ကျပ်နှုန်းဖြင့် ရောင်းခနေကြောင်းသိရပါသည်။ ပြောင်းဖူးသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါသည်။ ပြောင်းဖူးကို အဖူးလိုက်ပြုတ်စားလို့ရသလို၊ အစေ့ကိုခြွေပြီး တော့ပြုတ်စား လဲရပါသည်။ ပြောင်းဖူးကိုထောင်းပြီးတော့လည်း ကြော်စားလို့ရပါသည်။ ကျန်းမာရေးအနေ ဖြင့်ကောင်းကျိုးများ ကတော့ ဗီတာမင် B 12 သံဓာတ်၊ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာ ပါဝင်နေသောကြောင့် ပြောင်းဖူးစားပေးတာက သွေးအားနည်ရောဂါကို ကာကွယ်ပြီး သားဖြစ်စေပါသည်။ သွေးတွင်းကို လက်စထရော  ကျဆင်းစေပါသည်။ ပရိုတင်းဓာတ်ကြွယ်ဝခြင်း ပြောင်းဖူးတွင် Protein (အသားဓာတ်)ကြွယ်ဝစွာ ပါဝင်တာမို့ ကြွက်သားတွေကိုသန်မာစေပြီး နေ့စဉ်ခွန်အားပြည့်ဝစေမှာ ဖြစ်ပါသည်။ထို့ကြောင့် ပြောင်းဖူးသည် လူတိုင်းအတွက် စားသုံးလို့ရသောသီးနှံ တစ်မျိုး လည်းဖြစ် ကြောင်းသိရပါသည်။

 DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိအသီးအနှံဈေးနှုန်း/စျေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြို့မဈေးအတွင်း ဩဂုတ်လ တတိယပတ်တွင် ရောင်းချနေသော သီးနှံဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ နဂါးမောက်သီး တစ်လုံး (၂၀၀၀-၂၅၀၀)ကျပ်၊ ဆန်းကစ်သီး တစ်လုံး (၄၅၀၀)ကျပ်၊ ပန်းသီးတစ်လုံး လျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ နာနတ်သီး တစ်လုံး (၃၀၀၀-၃၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံး (၅၀၀၀)ကျပ်၊ သရက်သီးမှည့် တစ်လုံး (၁၅၀၀)ကျပ်၊ ထောပတ်သီးတစ်လုံး (၂၀၀၀)ကျပ်၊ ဒညင်းသီး အလုံးချော (၁၀)လုံး (၂၅၀၀)ကျပ်၊ မာလကာသီးတစ်လုံး (၁၀၀၀-၁၅၀၀)ကျပ်၊ ငှက်ပျောသီးမှည့်ဖီးကြမ်း တစ်ဖီး(၂၀၀၀-၃၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံး (၄၀၀၀-၅၀၀၀)ကျပ် နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိ ငါးအမျိုးအစားအချို့ဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိ

                  နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ်    ဩဂုတ်လ  တတိယပတွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၂၀၀၀၀)ကျပ်၊  ၊ ငါးကြင်းခြစ် တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ ငါးဖယ်ခြစ် တစ်ပိဿာ (၄၅၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၃၀၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး ငါးမြင်း တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခင်ဇူလိုင် လ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါး  ဈေးနှုန်းများကတော့ အနည်းငယ် မြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြက်ဥဈေးများတက်လျက်ရှိ

         ကြက်များကို ပြင်ဦးလွင်ဒေသ၊ ကျောက်ဆည်၊  စဉ်ကိုင်တို့တွင် အများအပြားစီးပွားဖြစ် မွေးမြူကြသည်။ ယခင်ကတစ်နိုင်တစ်ပိုင်အဖြစ်မွေးမြူကြပါသည်။ ကြက်ဥများကို မန္တလေးနှင့် အနီးတစ်ဝိုက်ရှိ မြို့ကလေးများသို့ တင်ပို့ရောင်းချလျက်ရှိကြပါသည်။ ပြင်ဦးလွင်ထွက် ကြက်ဥများကို CANDAR ကားများဖြင့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်ကားဆိုင်များမှတဆင့် လက်လီဈေးဆိုင်များ၊ ရပ်ကွက်ဆိုင်များ၊ မန္တလေးမြို့အနယ်နယ်အရပ်ရပ်ရှိ ဈေးများတွင် ရောင်းချကြပါသည်။ ယခင်နှစ်က ကြက်ဥတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်ရှိပြီး ကြက်ဥတစ်လုံးလျှင် (၃၈၀-၄၀၀-၅၀၀)ကျပ် တို့ဖြင့်ရောင်းချခဲ့ကြပါသည်။ ယခုနှစ်တွင်ကြက်ဥများ စတင်ဈေးတက် လာလျက်ရှိပါသည်။ ယခုလ ကြက်ဥတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်ရှိပြီး တစ်လုံးလျှင် (၄၈၀-၅၀၀-၅၅၀)ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ကြက်ဥများကို ကြက်ဥပူတင်း၊ ဂျုံဖြင့်ပြုလုပ်သောမုန့်များနှင့် ဟင်းလျာများအဖြစ် အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်သောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း