Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကင်ပွန်းချဉ်စိုက်ပျိုးဝင်ငွေးတိုး”

       မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အညာဒေသဖြစ်သည့်အတွက် ရာသီပေါ်ဟင်းသီး ဟင်းရွက်သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ မိုးတွင်းကာလတွင် ကင်ပွန်းချဉ်ပင်များမှ အရွက်အညွန့်များ တလူလူနှင့်စတင်ထွက်ရှိပြီး ကင်ပွန်းချဉ်ပင်များကိုအိမ်နောက်ဖေး မြေပိုမြေလွတ်များတွင် စနစ်တကျစိုက်ပျိုး ထားကြပါသည်။ ပူပြင်းသော ရာသီဥတုအချိန်အခါများတွင်ကင်ပွန်းချဉ်ကို ဟင်းအရံအနေဖြင့် ဟင်းချိုအရေကျဲလေးချက်ပြုတ်၍ စားသုံးခြင်းဖြင့် အပူဒဏ်ကိုလျော့စေပြီး ခံတွင်းမြိန်စေပါသည်။ ကင်ပွန်းချဉ်အရွက်သာမက ကင်ပွန်းဥ၊ကင်ပွန်းသီးပါ အသုံးဝင်းသည့်အပြင် ကင်ပွန်းချဉ်ပင်သည် ဆေးအနေဖြင့်လည်းသုံး၍ရပါကြောင်း၊ အရွက်ကိုကြိတ်ပြီး အသည်းရောင်အသားဝါရောဂါသည်တွေကို တိုက်ရင်သက်သာစေပြီး၊ အသည်းရောင်နေတဲ့နေရာကို လိမ်းပေးခြင်ဖြင့် အရောင်ကျစေပါကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် လေနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေပြီး ဝမ်းကိုလည်းပျော့စေကြောင်း၊ ကျောက်ကပ်ကို အားပေးတဲ့အတွက် သောက်သုံးလျှင် ဆီးရွှင်စေပါကြောင်း၊ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး ငှက်ဖျားရောဂါသည်တွေ သောက်သုံးခြင်း ဖြင့်ပျောက်စေပါကြောင်း စသည့်ရောဂါများ သက်သာစေသည်ဟုလေ့လာ သိရှိရပါသည်။ ကင်ပွန်းချဉ် ဈေးကွက်အနေဖြင့် ကင်ပွန်းချဉ်(၁၀)ကျပ်သားလျှင် (၇၀၀)ကျပ် ၊ (၁)ပိဿာလျှင်   (၆၀၀၀)ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကုန်းစိမ်းရောင်းသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ မြုပ်သခွားသီး စိုက်ပျိုးဝင်ငွေတိုး”

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် တောင်သူများသည် မိသားစုအပိုဝင်ငွေရအောင် သီးထပ်သီးညှပ်များနှင့် အလွယ်တကူခူးဆွတ်၍ ဝင်ငွေရအောင် စားသုံးသီးနှံများကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ၎င်းသီးနှံများအနက် မြုပ်သခွားသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ မြုပ်သခွားသီး(၁)ဧက စိုက်ပျိုးမှုအနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း(၆၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ မြုပ်သခွားသီးနှံကို အရွယ်အစား(၃)မျိုးခွဲ၍ ဈေးထဲသို့ ဖောက်သည်ပေးရောင်းချရကြောင်း၊ မြုပ်သခွားသီးအကြီး တစ်လုံး လျှင်(၇၀၀)ကျပ်၊မြုပ်သခွားသီး အလတ်တစ်လုံး လျှင်(၅၀၀)ကျပ်၊ မြုပ်သခွားသီးအသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းများဖြင့်ရောင်းချကြောင်း၊ တစ်ရက်ခြားခူးဆွတ်ရကြောင်း၊ တစ်ရက်ခြားခူးဆွတ်ရသောအလုံးအရေအတွက်မှာ အကြီး၊ အလတ်၊ အသေး အလုံးပေါင်း(၅၀၀/၆၀၀)ထွက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀)ကျပ်ဝန်း ကျင်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေကို အလွယ်တကူရရှိနိုင်သော မြုပ်သခွားသီး သီးနှံများကိုစိုက်ပျိုးသင့်ပါကြောင်း မြုပ်သခွားသီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“ကင်းပုံသီးဈေးနှုန်းဈေးကွက်အခြေအနေ”

        ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကင်းပုံသီးအပင်သည် နေရာအနှံအပြားမှာ သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုးခြင်းသော်လည်းကောင်း ပေါက်ရောက်ကြပါသည်။ ကင်းပုံပင်သည် အများသောအားဖြင့် အလေ့ကျပေါက်လေ့ရှိပြီး အိမ်ခြံစည်းရိုးနှင့် တောတောင်များ၏ ခြုံနွယ်ဘုတ်များတွင် နွယ်တက်ပြီး ပေါက်ရောက်လေ့ရှိပါသည်။ ကင်းပုံသီးအပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး အသီးသည် ရှည်မျှောမျှော ပုံစံဖြစ်ပြီး ကင်းပုံသီးသည်  အချို၊ အခါးဟူ၍ နှစ်မျိုးရှိပါသည်။ ကင်းပုံသီးအခါးသည်ရှားပြီး ကင်းပုံသီးအချိုကိုများသောအားဖြင့် ဈေးသည်တိုင်းလိုလို ရောင်းချကြပါသည်။ ကင်းပုံသီးအချိူနှင့်အခါးကိုအမျိုးမျိုး လုပ်စားနိုင်ပါ ကြောင်း၊  ကင်းပုံသီးကို ပုဇွန်ခြောက်နှင့်ရော၍ချက်စားသလို မျှစ်ဖြင့်လည်းကြော်စားရကြောင်း၊ နွားနို့နှင့်လည်းချက်စားရပါကြောင်း၊ ကင်းပုံသီးအပင်၏အရွက်များကိုလည်း ကြော်ချက်စားနိုင်သလို ဟင်းချိုရည်ချက်ရာတွင် ထည့်၍စားသုံးနိုင်ပါသည်။ ဈေးများအတွင်းတွင် ကင်းပုံသီးအချို၊ အခါး (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၃၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်း ကုန်စိမ်းရောင်းချသောဈေးတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

“လယ်ယာထွက်ကုန်သီးနှံများ၏စျေးနှုန်းစျေးကွက်အခြေအနေ”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံနှင့်ပဲမျိုးစုံများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။ ၄င်းသီးနှံ များမှာ ခရိုင်အတွင်း ရိတ်သိမ်းပြီးစီးပြီဖြစ်၍ ယခုအချိန်တွင် သီးနှံများမှာစျေးနှုန်း ကျဆင်းရာမှ အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း သိရှိရပါသည်။ ကုလားပဲV2 တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၁၀၃၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၈၂၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၈၅၀၀၀/-)ကျပ် သို့လည်းကောင်း၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၉၀၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၇၅၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၇၉၀၀၀/-)ကျပ်သို့ လည်းကောင်း၊  နှမ်းဖြူ တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၁၂၆၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၁၀၅၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၁၁၄၀၀၀/-)ကျပ်သို့လည်းကောင်း၊ နှမ်းညို တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၀၃၀၀၀/-) ကျပ်ရှိရာ သြဂုတ်လဆန်းတွင် (၈၂၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လ ဒုတိယပတ်တွင် (၉၀၀၀၀/-)ကျပ်သို့လည်းကောင်း ၊ ပဲတီစိမ်း တစ်တင်းလျှင် ပေါ်ခါစ အချိန်တွင် (၁၂၃၀၀၀/-)ကျပ်ရှိရာ သြဂုတ်လဆန်းတွင်(၁၀၀၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လ ဒုတိယပတ်တွင် (၁၀၃၀၀၀/-)ကျပ်သို့လည်းကောင်း၊ စျေးနှုန်းများ အနည်းငယ်ပြန်လည် မြင့်တက်လာကြောင်း၊ သီးနှံများမှာ ရိတ်သိမ်းပြီးဖြစ်၍ တောင်သူလက်ဝယ်၌သာ ကျန်ရှိပြီး စျေးနှုန်းများအနည်းငယ် မြင့်တက်လာသောကြောင့် တောင်သူအနည်းငယ်သာ ပွဲရုံများသို့ လာရောက်ရောင်းချပြီး အချို့မှာ တက်စျေးကိုမျှော်ပြီး တောင်သူများလက်ဝယ်၌ သိုလှောင်ထားရှိကြောင်း၊ မြို့ပေါ်ရှိ သီးနှံပွဲရုံများတွင်လည်း အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပုသိမ်မြို့တွင် ပေါများလာပြီဖြစ်သော ပုစွန်ဈေးကွက်

       ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ပုစွန်ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းတွေ့ရှိရပြီး ထိုသို့ကျဆင်းရခြင်းမှာ မိုးတွင်းကာလတွင် ရေသေရက်များတွင် ပုစွန်အရနည်းပြီး၊  ရေထရက်များတွင် ပုစွန်များပေါများစွာရရှိခြင်း ယခု ဩဂုတ်လ တတိယအပတ်တွင် ပုစွန်ဈေးနှုန်းမှာ အလတ်စား ဂျော့ပုစွန် (၁) ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ရေချို ပုစွန်ထုပ် အသေး (၁) ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ရေချိုပုစွန်ထုပ် အလတ် (၁) ပိဿာလျှင် (၄၅၀၀၀) ကျပ်စသည့်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ဈေးနှုန်း (၁) ပိဿာလျှင် (၁၀၀၀၀) ခန့် ကျဆင်းသွားကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

 

ကန်ကြီးထောင့်မြို့မဈေးတွင် ရောင်းချနေသော ကွမ်းသီးကွမ်းရွက် ဈေးနှုန်းများ

          ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့မဈေးတွင် ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများအနေဖြင့်  ကွမ်းသီး(ရှယ်) တစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ ကွမ်းရွက် (ရှယ်) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့စား တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့်လည်းကောင်း ပယ်ရွက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

မြင်းခွာရွက်၏ အသုံးဝင်ပုံများ

               မြင်းခွာရွက်သည် အာရုံကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်တိုးစေခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ သွေးထဲမှ သကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးနိုင်ခြင်း စသည့်ရောဂါများ ကုသပေးနိုင်ပါသည်။ ထို့အတွက်ကြောင့် မြင်းခွာရွက်သည် ကလေး၊ လူကြီးမရွေး စားသုံးသင့်ပါသည်။ အိမ်များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချ၍ ဝင်ငွေရရှိလျက်ရှိပါသည်။ ဇူလိုင်လ တတိယပတ်တွင် ကန်ကြီးထောင့်မြို့အတွင်းရောင်းချလျက်ရှိသော  မြင်းခွာရွက်ဈေးနှုန်းမှာ (၁) စည်းလျှင် (၃၀၀) ကျပ် (၂) စည်းလျှင် (၅၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဖြစ်ပေါ်နေသော  ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့မဈေးအတွင်းဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ရာသီစာ ဒညှင်းသီး (၁) လုံးလျှင် ၂၀၀ ကျပ်၊ ရုံးပတေသီး (၁၀) ထောင့်ပါ တစ်စည်းလျှင် (၃၀၀) ကျပ်၊ ပဲတောင့်ရှည် (၁၀) တောင့် တစ်စည်းလျှင် (၅၀၀) ကျပ်၊ ကန်စွန်းရွက် (၁) စည်းလျှင် (၂၀၀) ကျပ်၊ တရုတ်နံနံပင် (၁) စည်းလျှင် (၅၀၀) ကျပ်၊ ချဉ်ပေါင်ရွက် (၂) စည်းလျှင် (၅၀၀) ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

 

 

“ခရီးသွားဝင်ရောက်မှုနှင့်အတူ ရောင်းဝယ်မှုအားကောင်းလာသော ၂၁ မိုင် ပဲစိမ်းကြော်”

           ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၈ ပေတွင်တည်ရှိပြီး အေးမြသောရာသီဥတုရှိပြီး ပြည်တွင်းခရီးသွားဧည့်သည်များအတွက် စိတ်ပါဝင်စားမှုရှိသော တောင်ပေါ်မြို့လေး ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်း ပန်းပွဲတော်မှစ၍ ခရီးသွားများလာရောက်ခဲ့ရာ ၂၀၂၅ ခုနှစ် မေလ၊ ဇွန်လ၊ ဇူလိုင်လများမှာတော့ ခရီးသွားများပိုမိုဝင်ရောက်မှုများလာကာ မြို့နယ်အတွင်းရှိ ဟော်တယ်၊ တည်းခိုခန်းများပင် နေရာအပြည့်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုလို မြို့နယ်တွင် ခရီးသွားဝင်ရောက်မှုများလာသလို ဒေသထွက်ပစ္စည်းများလည်း ရောင်းလိုအားကောင်းလာကာ စီးပွားရေးအရအကျိုးအမြတ်ရရှိလာပြီး ထိုအထဲတွင်မှ “၂၁ မိုင် ပဲစိမ်းကြော်” ဟု နာမည်ကြီးသော ပဲစိမ်းကြော်သည်လည်း ခရီးသွားဧည့်သည်များလည်း ဒေသထွက်အပြန်လက်ဆောင်မပါမဖြစ် ဝယ်ယူကာ ဝယ်ယူသူများနှင့်စည်ကားလှသော ပဲစိမ်းကြော် ဈေးဆိုင်တန်းကြီးကိုတွေ့ရှိပြီး ခရီး တစ်ထောက်နားကာ အပန်းဖြေလျက်ရှိပါသည်။ ၂၁ မိုင် ကျေးရွာသည် မန္တလေးမြို့မှ ပြင်ဦးလွင်သို့ လာလျှင်လမ်းခုလတ် (၂၁)မိုင်ရောက်လျှင် ရောက်ရှိပြီးသော ပြည်သူများအနေဖြင့် မိရိုးဖလာ တောင်သူလုပ်ငန်းအပြင် ပဲစိမ်းကြော်လုပ်ငန်းများကိုပါ မိသားစုတစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် လုပ်ငန်းကြီးလုပ်ကိုင်ကာ လုပ်ငန်းရှင် (၄၅)ဦးဖြင့် ကြော်လှော်ရောင်းချလျက်ရှိပါသည်။ ပဲစိမ်းကြော် တွင် အဓိကပါဝင်ပစ္စည်းအဖြစ် စားတော်ပဲ၊ စားသုံးဆီ၊ ကောက်ညှင်းတို့ အသုံးပြုရပြီး ကုန်ကြမ်း ပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူကာ ဆောင်ရွက်နေကြောင်း၊ ယခင်နှစ်များဆီက ပဲစိမ်းကြော် လုပ်ငန်းအနည်းအကျဉ်းရှိကာ၊ လုပ်ငန်းရှင်တစ်ဦးလျှင် စားတော်ပဲ (၃) ပြည်မှ (၇)ပြည်သာ အများဆုံးကြော်ရပြီး ယခုလုပ်ငန်းရှင်များလည်း တိုးလာကာ “၂၁ မိုင် ကျေးရွာကြီးသည် ၂၁ မိုင် ပဲစိမ်းကြော်ရွာကြီးဖြစ်လာနေကြောင်း၊ ယခုချိန် ပဲစိမ်းကြော်လုပ်ငန်းရှင် မိသားစုတစ်နိုင်တစ်ပိုင် ဆိုလျှင် (၈)ပြည်ခန့် ကြော်နေပြီး၊ စီးပွားဖြစ်လုပ်ကိုင်နေသော ဆိုင် (၁၀)ဆိုင်ခန့်သည် (၁)တင်းမှ (၂) တင်း နေ့စဉ်ကြော်နေပြီး စားတော်ပဲ (၁)ပြည်လျှင် စားအုန်းဆီ (၁)ပိဿာ သုံးစွဲရပြီး (၂၄) ရက်အတွက် စားတော်ပဲ တင်းပေါင်း (၇၀၀)တင်း၊ စားသုံးဆီ (၁၁၃) ပေပါဖြင့် ကြော်နေလျက်ရှိပြီး အကျိုးအမြတ်များရရှိကာ လူနေမှုအဆင့်အတန်းသည်လည်း တိုးတက်မြင့်မားနေကြောင်း၊ လက်ရှိ ပဲစိမ်းကြော် ရောင်းဝယ်မှုအနေဖြင့် လက်ဝိုင်းအသေးထုတ် (၄)ခုပါ (၈)ထုတ် ပါကင်တစ်ခုလျှင် ဖောက်သည် (၂၀၀၀/-)၊  ဆိုင်ရောင်း (၃၀၀၀/-)၊ အဝိုင်းသေး (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၇၀၀/-)၊ ဆိုင်ရောင်း (၁၀၀၀/-)၊ အဝိုင်းလတ် (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၈၀၀/-)၊ ဆိုင်ရောင်း (၁၃၀၀/-) အဝိုင်းကြီး (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၁၁၀၀/-)၊ ဆိုင်ရောင်း (၁၇၀၀/-)၊ အဝိုင်းကြီး ရှယ် (၇)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၁၅၀၀/-)၊ ဆိုင်ရောင်း (၂၀၀၀-၂၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပခုက္ကူဆီထွက်သီးနှံဈေးကွက်တွင် နှမ်းမျိုးစုံဈေးကျဆင်းနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ဩဂုတ်လဆန်းမှစ၍ နှမ်းမျိုးစုံဈေးကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ဩဂုတ်လ(တတိယပတ်)တွင် မိုး(နှမ်း)သီးနှံများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသောနှမ်းသီးနှံများ အဓိကဝင်ရောက်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် (၅၀၀-၇၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၄၀၀၀၀-၂၃၀၀၀၀-၂၂၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၉၅၀၀၀-၉၃၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၉၂၀၀၀-၉၁၅၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၉၃၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် (၃၀၀၀၀)ခန့်၊ ကျန်နှမ်းအမျိုးအစားများမှာ တစ်တင်းလျှင် ကျပ်(၂၀၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်သို့ ရေစကြိုဒေသထွက် နှမ်း(ဖြူ)များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ ရောက်ရှိသည့်နှမ်းများကို မြို့ပေါ်ရှိဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ လည်းတင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း